တကိုယ်ရေသန့်ရှင်းရေး

၁။ နေ့စဉ် ပြုလုပ်ရမည့် တကိုယ်ရေသန့်ရှင်းရေး

အပျော့စား ဆပ်ပြာဖြင့် ရေချိုးပါ၊ ဂျိုင်း၊ ပေါင်ခြံနှင့် ခြေထောက်များကို အဓိကထား ဆေးကြောပါ။

နံနက်နှင့် ညအချိန်များတွင် မျက်နှာကို အပျော့စား သန့်စင်ဆေး (Cleanser) ဖြင့် ဆေးကြောပါ။

တနေ့ နှစ်ကြိမ် သွားတိုက်၍ တနေ့ တကြိမ် သွားပွတ်ကြိုး သုံးပါ၊ ဖလိုရိုက်ပါသော သွားတိုက်ဆေးကို အသုံးပြုပါ။

ခန္ဓာကိုယ် အနံ့အသက် ထိန်းချုပ်ရန် ချွေးနံ့ပျောက်ဆေး သို့မဟုတ် ချွေးထွက်သက်သာဆေး အသုံးပြုပါ။

အထူးသဖြင့် အစားမစားမီနှင့် အိမ်သာတက်ပြီးချိန်များတွင် လက်ကို မကြာခဏ ဆေးကြောပါ။

နေ့စဉ် အတွင်းဝတ်နှင့် ခြေအိတ်အသစ် အပါအဝင် သန့်ရှင်းသော အဝတ်အစားများကို ဝတ်ဆင်ပါ။

ရေချိုးပြီးနောက် အရေပြားကို အစိုဓာတ်ထိန်းခရင်မ် လိမ်းပေးပါ။

လက်သည်း ခြေသည်းများကို ညှပ်၍ သန့်ရှင်းစွာ ထားရှိပါ။

ချောင်းဆိုး/နှာချေလျှင် စံနစ်တကျ ပြုလုပ်ပါ (တံတောင်ဆစ် ကွေး၍ သို့မဟုတ် တိရှူးဖြင့် အုပ်ပါ)။

၂။ ခံတွင်း သန့်ရှင်းရေး

တနေ့ နှစ်ကြိမ်၊ တကြိမ်လျှင် နှစ်မိနစ်ခန့် သွားတိုက်ပါ။

နေ့စဉ် သွားပွတ်ကြိုး သုံးပါ။

သွားတိုက်တံကို ၃ လမှ ၄ လတကြိမ် လဲလှယ်ပါ။

၆ လတကြိမ် သွားဆရာဝန်ထံ ပြသပါ။

၃။ ဓမ္မတာနှင့် အင်္ဂါသန့်ရှင်းရေး

အင်္ဂါအစိတ်အပိုင်းများကို အပျော့စား ဆပ်ပြာဖြင့် နေ့စဉ် သန့်စင်ပေးပါ။

အိမ်သာသုံးပြီးပါက ရှေ့မှ နောက်သို့ သုတ်ပါ၊၊

မျိုးပွားအင်္ဂါ အစိတ်ပိုင်းများတွင် အမွှေးနံ့ပါသော ပစ္စည်းများ သုံးစွဲခြင်းမှ ရှောင်ကြဉ်ပါ။

၄။ ခြေထောက် သန့်ရှင်းရေး

ခြေထောက်ကို နေ့စဉ် ဆေးကြောပြီး ခြေချောင်းကြားများကို ခြောက်သွေ့အောင် သုတ်ပါ။

သန့်ရှင်းသော ခြေအိတ်များကို ဝတ်ဆင်ပါ၊ ဖိနပ်များကို တလှည့်စီ ပြောင်းစီးပါ။

၅။ အပတ်စဉ် ပြုလုပ်ရမည့် သန့်ရှင်းရေး လုပ်ငန်းများ

တပတ်လျှင် ၁ ကြိမ်မှ ၂ ကြိမ်အထိ အရေပြား ဆဲလ်ဟောင်း ချွတ်ပေးပါ။

လက်သည်း ခြေသည်းများကို တိုက်ချွတ် ညှပ်ရှီးပြီး အောက်မှ အညစ်အကြေးများကို ဖယ်ရှားပါ။

လိုအပ်ပါက မျက်နှာပေါင်းတင် ပစ္စည်းများ (Masks) ဖြင့် မျက်နှာအရေပြားကို အနှစ်သာရရှိစွာ သန့်စင်ပေးပါ။

၆။ အိမ်သုံးနှင့် ပုဂ္ဂလဆိုင်ရာ ပစ္စည်းများ

အိပ်ရာခင်းများနှင့် တဘက်များကို မှန်မှန် လဲလှယ် လျှော်ဖွပ်ပါ။

ပုဂ္ဂလဆိုင်ရာ ပစ္စည်းများ (တဘက်၊ မုတ်ဆိတ်ရိတ်ဓား၊ သွားတိုက်တံ) ကို မျှဝေသုံးစွဲခြင်းမှ ရှောင်ကြဉ်ပါ။

ဖုန်းနှင့် သော့များကဲ့သို့ မကြာခဏ ကိုင်တွယ်ရသော ပစ္စည်းများကို သန့်ရှင်းရေး ပြုလုပ်ပါ။

မှန်မှန်ပြုလုပ်သော သန့်ရှင်းရေး အလေ့အထသည် ကျန်းမာရေး၊ ယုံကြည်မှုနှင့် အထွေထွေ နေထိုင်ကောင်းမွန်ရေးတို့အတွက် အထောက်အကူ ပြုပါသည်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Herpes Simplex ရိုးရိုး ရေယုံ