နှလုံးကြီးခြင်း (Enlarged heart)

ဆရာခင်ဗျ ကျွန်တော့မှာ နှလုံကြီးရောဂါ(နှလုံးအားနည်းရောဂါ)ရှိပါတယ်ခင်ဗျ ဖြစ်တာ တစ်နှစ်(တနှစ်)လောက်ရှိပါပြီခဗျ အခုက ထမင်းကို ဝအောင်စားနေရင်း အသက်ရှူမဝဖြစ်နေပါတယ်ခဗျ ဖုန်းကြာကြာပြောနေရင်လည်း မောလာပါတယ်ခင်ဗျ စိတ်မကောင်းစရာအကြောင်းကြားရင်လည်း အသက်ရှူမဝသလို ခံစားရပါတယ်ခဗျ ကျန်းမာရေးကောင်းဖို့အတွက် နေထိုင်နည်းလေးနဲ့ ဆေးများသောက်ရင် သက်သာပျောက်ကင်းနိုင်ပါသလဲခဗျ အခုရောဂါက ပျောက်ကင်းနိုင်တဲ့ရောဂါလားခင်ဗျ သိချင်လို့ပါဆရာ ကျေးဇူးပြု၍ လမ်းညွှန်မှုလေးစာပြန်ပေးပါဦးခဗျ အရင်တုန်းက အရက်အရမ်းသောက်ခဲ့ပါတယ်ဆရာ အသက်ရူမဝမောတာစခံစားရကတည်းက အရက်ဖြတ်လိုက်ပါတယ်ခင်ဗျ တစ်နှစ်(တနှစ်)ပြည့်ပါပြီဆရာ အရက်မသောက်တော့တာ

နှလုံးကြီးခြင်း (Cardiomegaly) သည် သီးခြားရောဂါတစ်ခု မဟုတ်ဘဲ အခြားသော ကျန်းမာရေးအခြေအနေ သို့မဟုတ် ရောဂါတမျိုးမျိုး၏ လက္ခဏာရပ်သာ ဖြစ်သည်။

"Cardiomegaly" ဟူသော ဝေါဟာရသည် ရင်ဘတ် ဓာတ်မှန် (Chest X-ray) အပါအဝင် ပုံရိပ်ဖော် စစ်ဆေးမှုများ (Imaging tests) တွင် နှလုံးပမာဏ ကြီးမားနေသည်ကို တွေ့ရှိရခြင်းကို ညွှန်းဆိုသည်။ နှလုံးကြီးရသည့် အကြောင်းအရင်းကို ရောဂါအမည်တပ်နိုင်ရန် အခြားသော စစ်ဆေးမှုများ ဆက်လက် ပြုလုပ်ရန် လိုအပ်သည်။

ရောဂါလက္ခဏာများ အချို့သူများတွင် နှလုံးကြီးခြင်းသည် မည်သည့် လက္ခဏာမျှ မပြတတ်ပါ။ အချို့သူများတွင်မူ အောက်ပါ လက္ခဏာများ တွေ့ရတတ်သည် -

ပက်လက်အိပ်စက်သည့်အခါတွင် ပိုမိုသိသာသော အသက်ရှူရခက်ခဲခြင်း

အသက်ရှူကျပ်၍ နိုးလာခြင်း

နှလုံးခုန် မမှန်ခြင်း (Arrhythmia)

ဝမ်းဗိုက် သို့မဟုတ် ခြေထောက်များ ရေဖျင်းစွဲ၍ ရောင်ရမ်းခြင်း (Edema)

ဆရာဝန်နှင့် ပြသရန် အချိန် နှလုံးကြီးခြင်းကို စောစီးစွာ တွေ့ရှိပါက ကုသရ ပိုမိုလွယ်ကူနိုင်သည်။ သင့်နှလုံးကျန်းမာရေးနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများ ရှိပါက ကျန်းမာရေးစောင့်ရှောက်သူ (ဆရာဝန်) နှင့် တိုင်ပင်ပါ။

အကယ်၍ အောက်ပါ နှလုံးလေဖြတ်ခြင်း (Heart attack) ၏ လက္ခဏာများ ရှိပါက -

ရင်ဘတ်အောင့်ခြင်း/နာကျင်ခြင်း

လက်တဖက် သို့မဟုတ် နှစ်ဖက်စလုံး၊ ကျောကုန်း၊ လည်ပင်း၊ မေးရိုး သို့မဟုတ် ဝမ်းဗိုက် အပါအဝင် ခန္ဓာကိုယ်အထက်ပိုင်း နေရာများတွင် မသboundary မအီမသာ ဖြစ်ခြင်း

ပြင်းထန်စွာ အသက်ရှူရခက်ခဲခြင်း

မူးမေ့လဲခြင်း

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ