How to get motivated when you're feeling depressed
(၁)
စိတ်ဓာတ်ကျဆင်းမှုလက္ခဏာများကို ခံစားနေရချိန်တွင် လုံလောက်စွာ အိပ်စက်ခြင်း၊ ခန္ဓာကိုယ်အတွက် အာဟာရပြည့်ဝစွာ စားသောက်ခြင်း သို့မဟုတ် ပုံမှန် လှုပ်ရှားမှုပြုလုပ်ခြင်းကဲ့သို့သော နေ့စဉ်အလေ့အထများက သင့်စိတ်ခံစားချက်နှင့် စွမ်းအင်ကို အထောက်အကူပြုပေးနိုင်ပါသည်။ သို့သော် အခက်အခဲမှာ စိတ်ဓာတ်ကျခြင်းသည် လှုံ့ဆော်တက်ကြွမှု နည်းပါးခြင်းနှင့်အတူ ဒွန်တွဲလေ့ရှိပြီး ယင်းက ထိုအလေ့အထများကို စတင်လုပ်ဆောင်ရန်ပင် ခက်ခဲစေနိုင်ပါသည်။ အချိန်ကြာလာသည်နှင့်အမျှ ယင်းသည် သင့်ကို ပိတ်မိနေသလို ခံစားရစေပြီး မိမိကိုယ်ကို "ပျင်းရိနေသလား" ဟု သံသယဝင်စေခြင်း သို့မဟုတ် အဘယ်ကစ၍ စတင်ရမှန်း မသိဖြစ်စေနိုင်ပါသည်။
ဤသည်မှာ သင့်အတွက် ရင်းနှီးကျွမ်းဝင်သော ခံစားချက်ဖြစ်ပါက သင်တဦးတည်း မဟုတ်သည်ကို သိစေချင်ပါသည်။ လူအများအပြားသည် ဤသံသရာကို ခံစားရလေ့ရှိပြီး ယင်းသည် သင့်တွင် တစုံတခု မှားယွင်းနေသည်ဟု အဓိပ္ပာယ်မရပါ။ စိတ်ဓာတ်ကျခြင်းသည် ဆန်းကြယ်သောအရာမဟုတ်ဘဲ ကုသ၍ရနိုင်သော အခြေအနေတခုဖြစ်ပြီး မှန်ကန်သောအထောက်အပံ့ဖြင့် သင့်စွမ်းအင်၊ တက်ကြွမှုနှင့် မိမိကိုယ်ကို ယုံကြည်မှုတို့အား ပြန်လည်ချိတ်ဆက်နိုင်ရန် ဖြစ်နိုင်ပါသည်။
လှုံ့ဆော်တက်ကြွမှု နည်းပါးခြင်း၏ အဓိပ္ပာယ်နှင့် စိတ်ဓာတ်ကျခြင်းနှင့် ပတ်သက်ဆက်နွှယ်ပုံ
စိတ်ဓာတ်ကျခြင်းဆိုသည်မှာ သင့် နေ့စဉ်ဘဝတွင် ခံစားချက်၊ တွေးခေါ်မှုနှင့် လုပ်ဆောင်နိုင်စွမ်းတို့ကို ထိခိုက်စေသည့် စိတ်ကျန်းမာရေး အခြေအနေတခု ဖြစ်ပါသည်။ ယင်းသည် စွမ်းအင်၊ အိပ်စက်မှု၊ အာရုံစူးစိုက်မှု သို့မဟုတ် တက်ကြွမှုဆိုင်ရာ အပြောင်းအလဲများနှင့်အတူ ဝမ်းနည်းမှု၊ စိတ်ထဲဟာလာဖြစ်မှု သို့မဟုတ် မူလက နှစ်သက်ခဲ့သော အရာများပေါ် စိတ်ဝင်စားမှု လျော့နည်းခြင်းတို့ကို စွဲမြဲစွာ ခံစားရလေ့ရှိပါသည်။ စိတ်ဓာတ်ကျခြင်းသည် ဖြစ်လေ့ဖြစ်ထရှိပြီး ကုသ၍ရနိုင်သလို စိတ်ကုထုံး (Therapy) ကလည်း လူများ ၎င်းတို့ခံစားနေရသည်များကို နားလည်စေရန်နှင့် ပိုမိုကောင်းမွန်လာမည့် နည်းလမ်းများ ရှာဖွေနိုင်ရန် ကူညီပေးနိုင်ပါသည်။
တက်ကြွမှု နည်းပါးခြင်း (သို့မဟုတ်) ပျောက်ဆုံးခြင်းသည် စိတ်ဓာတ်ကျနေချိန်တွင် လူတို့ ကြုံတွေ့ရကြောင်း သတင်းပို့သည့် အတွေ့ရအများဆုံး အရာများထဲမှ တခုဖြစ်သည်။ စိတ်ဓာတ်ကျခြင်းသည် စိတ်ခံစားချက်ကိုသာ ထိခိုက်စေသည်မဟုတ်ဘဲ သင့်စွမ်းအင်၊ အာရုံစူးစိုက်မှုနှင့် နေ့စဉ်လုပ်ငန်းဆောင်တာများကို စတင်နိုင်စွမ်းတို့အပေါ်ပါ လွှမ်းမိုးနိုင်ပါသည်။ ဤသို့ အပြောင်းအလဲများ ဖြစ်ပေါ်လာသောအခါ တချိန်က ရိုးရှင်းသည် သို့မဟုတ် ပျော်စရာကောင်းသည်ဟု ခံစားခဲ့ရသော အရာများပင် ခက်ခဲလာနိုင်ပါသည်။
တက်ကြွမှုနည်းပါးသောအခါ ခန္ဓာကိုယ်ပင်ပန်းနွမ်းနယ်ခြင်း သို့မဟုတ် လေးလံထိုင်းမှိုင်းခြင်း၊ စိတ်ထဲ ဝေဝါးနေခြင်း သို့မဟုတ် သင် ပုံမှန်နှစ်သက်သော လှုပ်ရှားမှုများပေါ် စိတ်ဝင်စားမှု လျော့နည်းခြင်းတို့ကို ခံစားရနိုင်ပါသည်။ အားထုတ်မှုလိုသော လုပ်ငန်းဆောင်တာများ (ဥပမာ- အလုပ်ပရောဂျက်တခု စတင်ခြင်း၊ အစားအစာ ချက်ပြုတ်ခြင်း သို့မဟုတ် မက်ဆေ့ချ်များကို ပြန်လည်ဖြေကြားခြင်း) သည် လွှမ်းမိုးခံရသလို ခံစားရစေပြီး ရွှေ့ဆိုင်းထားရန် ပိုမိုလွယ်ကူနေတတ်ပါသည်။ တခုခုကို စတင်လိုက်သည့်တိုင် အာရုံစူးစိုက်ရန် သို့မဟုတ် ဆက်လက်ပါဝင်ရန် ပုံမှန်ထက် ပိုမို အားထုတ်ရနိုင်ပါသည်။
ဤအပြောင်းအလဲများသည် သင့်တွင် ပျင်းရိခြင်း သို့မဟုတ် စည်းကမ်းမရှိခြင်းဟု အလိုအလျောက် အဓိပ္ပာယ်မသက်ရောက်ပါ။ ယင်းတို့သည် စိတ်ဓာတ်ကျခြင်းက ဦးနှောက်နှင့် ခန္ဓာကိုယ်အပေါ် မည်သို့သက်ရောက်နိုင်သည်ကို ပြသနေလေ့ရှိသည်။ ထို့ပြင် စိတ်ဓာတ်ကျခြင်းသည် တက်ကြွမှုနည်းပါးရခြင်း၏ ဖြစ်နိုင်သော အကြောင်းရင်းများထဲမှ တခုသာ ဖြစ်သည်။ စိတ်ဖိစီးမှု၊ အလုပ်ပရပိုင်နက်ကြောင့် ပင်ပန်းနွမ်းနယ်မှု (Burnout)၊ ဘဝ၏ အဓိက အပြောင်းအလဲများ၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးစိုးရိမ်မှုများနှင့် အိပ်စက်ရခက်ခဲမှုတို့ကလည်း အခန်းကဏ္ဍတခုမှ ပါဝင်နေနိုင်သည်။
တက်ကြွမှု နည်းပါးခြင်းနှင့် အနုတ်လက္ခဏာဆောင်သော အတွေးများကို အားပေးနေသည့် အကြောင်းအရင်းများကို နားလည်ရန် အချိန်ယူခြင်းက အခြေအနေကို ပိုမို ကြင်နာစွာ ချဉ်းကပ်နိုင်ရန်နှင့် သင့်စွမ်းအင်နှင့် သုခချမ်းသာကို အထောက်အကူပြုမည့် မဟာဗျူဟာများကို ရှာဖွေနိုင်ရန် ကူညီပေးနိုင်ပါသည်။
(၂)
စိတ်ဓာတ်ကျနေချိန်တွင် တက်ကြွမှု (Motivation) ပြန်လည်ရရှိရန် လုပ်ဆောင်ရမည့် အဆင့်များ
တက်ကြွမှု မရှိသလို ခံစားနေရပါသလား။ သာမန် နေ့စဉ်အလေ့အထလေးများကို အနည်းငယ် ပြုပြင်ပြောင်းလဲပေးခြင်းဖြင့် သင့်ပန်းတိုင်များဆီသို့ လှမ်းတက်နိုင်ရန်နှင့် မိမိကိုယ်ကို ပိုမိုသက်တောင့်သက်သာရှိစေမည့် လှုပ်ရှားမှုများကို စတင်လုပ်ဆောင်နိုင်ရန် အထောက်အကူပြုနိုင်ပါသည်။
အလွန်သေးငယ်သော အလုပ်များမှ စတင်ပါ: အချို့သောအချိန်များတွင် စတင်လိုက်ရန်ပင် အခက်ခဲဆုံးဟု ခံစားရလေ့ရှိသည်။ သေးငယ်ပြီး ပြီးမြောက်နိုင်သော အလုပ်တခုကို ရွေးချယ်ခြင်းက နောက်ထပ် အရှိန်ရလာစေပြီး ဆက်လက်လုပ်ဆောင်ရန် ပိုမိုလွယ်ကူသွားစေသည်။ အကယ်၍ သင်သည် အိမ်သန့်ရှင်းရေးလုပ်ရန် ခက်ခဲနေပါက ပန်းကန်တခု ဆေးကြောခြင်း သို့မဟုတ် သိမ်းဆည်းခြင်းကဲ့သို့သော အသေးငယ်ဆုံးသော အလုပ်မှ စတင်လိုက်ပါ။
ကြီးမားသော အလုပ်များကို စီမံနိုင်သော အဆင့်များအဖြစ် ခွဲထုတ်ပါ: စိတ်ဓာတ်ကျနေချိန်တွင် ကြီးမားသော ပရောဂျက်များသည် မလုပ်နိုင်လောက်အောင် ဝန်ထုတ်ဝန်ပိုးဖြစ်နေတတ်သည်။ ကြီးမားသော အလုပ်များကို သေးငယ်သော အဆင့်များအဖြစ် ခွဲထုတ်လိုက်ခြင်းက ပိုမိုစီမံရလွယ်ကူစေပြီး စတင်ရန် တုံ့ဆိုင်းစေသည့် ဦးနှောက်၏ ဝန်ထုတ်ဝန်ပိုးကို လျှော့ချပေးသည်။ ဥပမာ - ကျောင်းစာတမ်းတခုကို ပြီးအောင်ရေးရမည်ဆိုပါက ယင်းကို အချိန်ယူ၍ ပြီးမြောက်နိုင်မည့် သေးငယ်သော အဆင့်များ (အကြောင်းအရာကို ရှာဖွေခြင်း၊ အကြမ်းဖျင်း ရေးဆွဲခြင်း၊ အက္ခရာဒါန နိဒါန်းရေးခြင်း စသည်ဖြင့်) ခွဲထုတ်လိုက်ပါ။ ထိုအလုပ်များကို ပြီးမြောက်ရန် မိမိကိုယ်ကို အချိန်ပေးခြင်းက အရှိန်အဟုန်ကို တည်ဆောက်ပေးပြီး တိုးတက်မှုကို ခံစားရစေကာ အဆင့်တဆင့်ချင်းစီ အရှေ့သို့ လှမ်းနိုင်ရန် ပိုမိုလွယ်ကူစေသည်။
ရိုးရှင်းသော အလေ့အထများကို ဖန်တီးပါ: သေးငယ်ပြီး ခန့်မှန်းရလွယ်ကူသော အလေ့အထများသည် အလုပ်များကို စတင်ရန် လိုအပ်သည့် ဦးနှောက်စွမ်းအင်ကို လျှော့ချပေးနိုင်သည်။ အဝတ်အစားလဲပြီးသည်နှင့် သွားတိုက်ခြင်း သို့မဟုတ် မနက်ခင်း ကော်ဖီသောက်ပြီးနောက် လမ်းလျှောက်ခြင်းကဲ့သို့သော သင့်နေ့စဉ်ဘဝ၏ သော့ချက်အပိုင်းများကို အလိုအလျောက် ပုံမှန်ပြုလုပ်ပေးခြင်းက တက်ကြွမှုကို ထိခိုက်စေသည့် ဆုံးဖြတ်ချက်ဝေခွဲရမှု မောပန်းခြင်း (Decision Fatigue) ကို လျှော့ချပေးသည်။ အချိန်ကြာလာသည်နှင့်အမျှ ဤသို့ အကြိမ်ကြိမ် ပြုလုပ်သော အသေးစား အပြုအမူများသည် တက်ကြွမှုကို ပြန်လည်တည်ဆောက်ပေးပြီး အာရုံစူးစိုက်မှုနှင့် စွမ်းအင်ကို ပိုမိုတည်ငြိမ်စေသည်။
အလင်းရောင်၊ လှုပ်ရှားမှု သို့မဟုတ် လေကောင်းလေသန့် ရယူပါ: ထိုင်းမှိုင်းနေသည်ဟု ခံစားရပါက အလုပ်တခုကို စတင်ရန် ခက်ခဲစေသည်။ လေ့ကျင့်ခန်းပြုလုပ်ခြင်းက သင့်စိတ်နှင့် ခန္ဓာကိုယ်ကို ညင်သာစွာ ပြန်လည်လန်းဆန်း (Reset) စေနိုင်သဖြင့် အဆင်မပြေဖြစ်နေပါက ခန္ဓာကိုယ်အကြောလျှော့ခြင်း သို့မဟုတ် အပြင်ထွက်၍ လေကောင်းလေသန့် ရှူရှိုက်ခြင်းများကို စမ်းသပ်လုပ်ဆောင်ကြည့်ပါ။
တိုးတက်မှုကို အားပေးရန် သေးငယ်သော ဆုလာဘ်များကို အသုံးပြုပါ: ဆုလာဘ်များသည် အလုပ်တခုပြီးမြောက်ပြီးနောက် မျှော်လင့်စရာတခု ဖန်တီးပေးခြင်းဖြင့် တက်ကြွမှုကို အထောက်အကူပြုသည်။ သေးငယ်သော ပန်းတိုင်တခုကို သတ်မှတ်ပြီး ရရှိနိုင်မည့် ဆုလာဘ်တခုနှင့် တွဲဖက်ထားပါ။ ဥပမာ - လမ်းတလျှောက် လမ်းလျှောက်ပြီးသည့်အခါ သင်နှစ်သက်သော ဇာတ်လမ်းတွဲ၏ အပိုင်းတခုကို ကြည့်ရှုနိုင်သည်။ သို့မဟုတ် ကုန်စုံပစ္စည်းဝယ်ယူပြီးနောက် အပြင်ကော်ဖီတခွက် ဝယ်သောက်နိုင်သည်။
အကူအညီပေးနိုင်သည့် လူများနှင့် ချိတ်ဆက်ပါ: အထောက်အပံ့ပေးသည့် မိတ်ဆွေအသိုင်းအဝိုင်းသည် သင့်အား ပန်းတိုင်များအတွက် တာဝန်ယူမှုရှိစေရန် ကူညီပေးပြီး လိုအပ်သည့်အခါ ကူညီမည့်လက်တစုံကို ပံ့ပိုးပေးနိုင်သည်။ ညစာချက်ပြုတ်ရန် ဝန်လေးနေပါက သင့်ထံသို့ သူငယ်ချင်းတဦးကို ဖိတ်ခေါ်၍ အတူတကွ ချက်ပြုတ်ပြီး အစားအစာကို အတူတကွ သုံးဆောင်ပါ။ သူငယ်ချင်းတဦးနှင့်အတူ ရှိနေချိန်တွင် အလုပ်များသည် ဝန်ထုတ်ဝန်ပိုး ပိုမိုနည်းပါးလာကာ (ပို၍ပင် ပျော်စရာကောင်းလာမည်ဖြစ်သည်)။
မိမိကိုယ်ကို ကြင်နာပါ: စိတ်ဓာတ်ကျနေချိန်တွင် အလုပ်များအတွက် တက်ကြွမှု စုစည်းရခြင်းသည် ကြီးမားသော အပြောင်းအလဲတခုကဲ့သို့ ခံစားရနိုင်သည်။ တိုးတက်မှုနှေးကွေးသည်ဟု ခံစားရပါက မိမိကိုယ်ကို ညှာတာပါ။ အသေးစား အောင်မြင်မှုများကို အသိအမှတ်ပြုပါ၊ ထို့အပြင် အစီအစဉ်အတိုင်း ဖြစ်မလာသည့်အခါ ရှေ့ဆက်သွားနိုင်ရန် ကြိုးစားပါ။ လူတိုင်းတွင် စိတ်ဓာတ်ကျသည့်နေ့များ ရှိတတ်ပြီး ယင်းမှာ ပုံမှန်ပင် ဖြစ်သည်။
အဖော်ပြုပေးမည့် မိတ်ဆွေ (Motivation Buddy) အပေါ် မှီခိုပါ: စိတ်ဓာတ်ကျခြင်းကြောင့် စတင်ရန် ခက်ခဲနေချိန်တွင် အရာရာကို တယောက်တည်း လုပ်ဆောင်ရခြင်းမှာ အထူးသဖြင့် ပိုမိုခက်ခဲစေသည်။ သူငယ်ချင်းတဦးထံ ဆက်သွယ်ပြီး သင့်အား အဖော်ပြုပေးရန် တောင်းဆိုခြင်း (ဥပမာ - သန့်ရှင်းရေးလုပ်နေစဉ် ဖုန်းပြောခြင်း၊ အဝတ်အစားများ အတူတကွ ခေါက်ခြင်း သို့မဟုတ် အလုပ်များပြီးစီးမည့်နေ့အဖြစ် စီစဉ်ခြင်း) တို့သည် အလုပ်များကို ပိုမိုစီမံရလွယ်ကူစေသည်။ အခြားသူတဦး ဘေးတွင်ရှိနေပြီး အတူတကွ လှုပ်ရှားနေရုံဖြင့်ပင် စတင်ရန် လိုအပ်သော အရှိန်အဟုန်ကို ရရှိစေနိုင်ပါသည်။
(၃)
သီးသန့်ပန်းတိုင်များအတွက် တက်ကြွမှု (Motivation) ရရှိအောင် ပြုလုပ်နည်း
တက်ကြွမှုဆိုသည်မှာ လူတိုင်းအတွက် ပုံသေနည်းတမျိုးတည်း သုံး၍မရပါ။ သင့်ကို လှုပ်ရှားတက်ကြွလာစေရန် ကူညီပေးသည့်အရာသည် သင်၏ သီးသန့်ပန်းတိုင်အပေါ် မူတည်လေ့ရှိသည်။ အောက်တွင် တက်ကြွမှုနည်းပါးလေ့ရှိသည့် အများဆိုင်ရာ နယ်ပယ်များတွင် အရှိန်အဟုန် တည်ဆောက်နိုင်မည့် လက်တွေ့ကျသော နည်းလမ်းများကို ဖော်ပြပေးထားပါသည်။
လေ့ကျင့်ခန်းလုပ်ရန် တက်ကြွမှု ရရှိအောင်ပြုလုပ်နည်း: လေ့ကျင့်ခန်းလုပ်ခြင်းသည် စိတ်ကျန်းမာရေးနှင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် များစွာ အထောက်အကူပြုသော်လည်း စတင်ရန်မှာ ကြီးမားသော အလုပ်တခုလို ခံစားရစေနိုင်သည်။ ကိုယ်လက်လှုပ်ရှားမှုကို ပိုမိုလွယ်ကူစေမည့် မည်သည့်အရာမဆို ကူညီပေးနိုင်ပါသည်။ အကယ်၍ သင်သည် အားကစားရုံ (Gym) သို့ သွားရန် ခက်ခဲနေပါက အိပ်မရာမဝင်မီ သင့်ဖိနပ်နှင့် အားကစားအိတ်ကို တံခါးဝတွင် အမြင်အာရုံ သတိပေးချက်အဖြစ် အဆင်သင့်ပြင်ထားပါ (ယင်းက မနက်ခင်းတွင် လုပ်ဆောင်ရမည့် အလုပ်တခုကို လျှော့ချပေးပါသည်)။ လေ့ကျင့်ခန်းလုပ်ခြင်းကို ဆုလာဘ်တခုနှင့် ယှဉ်တွဲထားခြင်းကလည်း ကူညီပေးနိုင်ပါသည်။ ဥပမာ - သင်အနှစ်သက်ဆုံး ကော်ဖီဆိုင်သို့ လမ်းလျှောက်သွားခြင်း သို့မဟုတ် ပြေးစက်ပေါ်တွင် ရှိနေစဉ် ဇာတ်လမ်းတွဲတခု ကြည့်ရှုခြင်းမျိုး ပြုလုပ်နိုင်သည်။
သူငယ်ချင်းများနှင့် တွေ့ဆုံရန် တက်ကြွမှု ရရှိအောင်ပြုလုပ်နည်း: စိတ်ဓာတ်ကျနေချိန်တွင် လူများနှင့် ခပ်ဝေးဝေးနေရန် လွယ်ကူလှသည်။ သူငယ်ချင်းများနှင့် အချိန်ဖြုန်းရန် တက်ကြွမှု မရှိသည့်အခါ ထိတွေ့ဆက်ဆံမှုကို ပိုမိုအလိုအလျောက် ဖြစ်ပေါ်စေမည့် အလေ့အထတခုကို ဖန်တီးကြည့်ပါ။ သားတပတ်လျှင် တကြိမ် သူငယ်ချင်းတဦးနှင့် ကော်ဖီသောက်ရန် သို့မဟုတ် တလလျှင် တကြိမ် သူငယ်ချင်းအုပ်စုကို အိမ်သို့ ညစာဖိတ်ကျွေးရန် စီစဉ်ထားနိုင်သည်။ ချိန်းဆိုမှုတခုသည် ပြက္ခဒိန်တွင် ရှိနှင့်ပြီးဖြစ်သောအခါ ယင်းကို ဖြစ်မြောက်စေရန် တက်ကြွမှုကို အများကြီး စုစည်းနေစရာ မလိုတော့ပါ။
အလုပ်လုပ်ရန် တက်ကြွမှု ရရှိအောင်ပြုလုပ်နည်း: စိတ်ဓာတ်ကျနေချိန်တွင် အလုပ်တာဝန်များသည် အထူးသဖြင့် လေးလံနေသလို ခံစားရစေပြီး စတင်ရန် သို့မဟုတ် အာရုံစူးစိုက်ရန် ခက်ခဲစေသည်။ ရိုးရှင်းပြီး ခန့်မှန်းရလွယ်ကူသော အလုပ်ပုံစံကို ဖန်တီးကြည့်ပါ — ဥပမာ- နံနက်တိုင်းကို သင့်အတွက် အရေးကြီးဆုံး တာဝန်ကို စတင်လုပ်ဆောင်ခြင်း သို့မဟုတ် အီးမေးလ်များ ပြန်လည်ဖြေကြားရန် ၁၀ မိနစ် မိနစ်ပေးစက် (Timer) စိန်ထားခြင်းဖြင့် စတင်ပါ။ ရှင်းလင်းသော စတင်ရာအမှတ်နှင့် တည်ငြိမ်သော ဖွဲ့စည်းပုံရှိခြင်းက စတင်ရန် လိုအပ်သည့် စွမ်းအင်ကို လျှော့ချပေးပြီး တနေ့တာ ကုန်လွန်သည်နှင့်အမျှ အရှိန်အဟုန် ရရှိစေရန် ကူညီပေးသည်။
နေ့စဉ် မိမိကိုယ်ကို စောင့်ရှောက်မှု (Daily Self-Care) အတွက် တက်ကြွမှု ရရှိအောင်ပြုလုပ်နည်း: စိတ်ဓာတ်ကျခြင်းကြောင့် တက်ကြွမှု နည်းပါးနေချိန်တွင် ရေချိုးခြင်း၊ သွားတိုက်ခြင်း သို့မဟုတ် အစားအစာ ပြင်ဆင်ခြင်းကဲ့သို့သော အခြေခံကျသော မိမိကိုယ်ကို စောင့်ရှောက်မှုများပင် လုပ်နိုင်စရာမရှိအောင် ဝန်ထုတ်ဝန်ပိုး ဖြစ်ရသည်။ အရာအားလုံးကို တပြိုင်နက်တည်း လုပ်ဆောင်ရန် အာရုံစိုက်မည့်အစား သေးငယ်သော အဆင့်တခုမှ စတင်ကြည့်ပါ။ ဥပမာ - အစားအစာများကို လုံးဝ မစားဘဲ နေမည့်အစား မျက်နှာသစ်ခြင်း၊ အဝတ်အစားသန့်သန့် လဲလှယ်ခြင်း သို့မဟုတ် အဆာပြေ မုန့်တခုခု စားလိုက်ခြင်းမှ စတင်နိုင်သည်။ အချိန်ကြာလာသည်နှင့်အမျှ ဤသေးငယ်သော လုပ်ဆောင်ချက်များသည် အလေ့အထများကို ပြန်လည်တည်ဆောက်ပေးပြီး သင့်စွမ်းအင်နှင့် သုခချမ်းသာကို ညင်သာစွာ အထောက်အကူပြုနိုင်ပါလိမ့်မည်။
စာကျက်ရန် တက်ကြွမှု ရရှိအောင်ပြုလုပ်နည်း: အကယ်၍ သင့်တွင် ပရောဂျက်တခု သို့မဟုတ် စာမေးပွဲ ရောက်ရှိလာတော့မည်ဆိုပါက ယင်းသို့ မရောက်မီ ရက်များတွင် နေ့စဉ် စာကျက်ရန် အချိန်အတိုင်းအတာတခု သတ်မှတ်ထားခြင်းက ကူညီပေးနိုင်သည်။ သင့်စာကျက်ချိန်ကို အခြားအလေ့အထတခုနှင့် ယှဉ်တွဲကြည့်ပါ။ ဥပမာ - ညစဉ် ညစာစားပြီးတိုင်း ကျောင်းစာအတွက် သုတေသနပြုလုပ်ရန် သို့မဟုတ် စာဖတ်ရန် ၁၅ မိနစ် သုံးစွဲနိုင်သည်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment