Pineapple နာနတ်သီး
နာနတ်သီးသည် ကိုယ်ခံအား၊ အစာခြေစနစ်၊ ရောင်ရမ်းမှုထိန်းချုပ်ခြင်းနှင့် အထွေထွေ ကျန်းမာရေးကို အထောက်အကူပြုသော အာဟာရဓာတ်ကြွယ်ဝသည့် အပူပိုင်းဒေသသီး တမျိုးဖြစ်ပါသည်။
အာဟာရဓာတ်
ပါဝင်မှု
နာနတ်သီးတွင်
ကယ်လိုရီပါဝင်မှု နည်းပါးသော်လည်း မရှိမဖြစ်လိုအပ်သော အာဟာရဓာတ်များ ကြွယ်ဝစွာ
ပါဝင်ပါသည်။ နာနတ်သီးအတုံး တခွက်စာ (၁၆၅ ဂရမ်) တွင် ကိုယ်ခံအားစနစ်၊ ကော့လဂျင် ထုတ်လုပ်မှုနှင့်
အောက်စီဒေးရှင်းဆန့်ကျင်ပစ္စည်း ထောက်ပံ့မှုတို့ကို အထောက်အကူပြုသည့် ဗီတာမင်စီ
အမြောက်အမြား ပါဝင်သည့်အပြင်၊ အရိုးဖွံ့ဖြိုးမှု၊ အာဟာရဓာတ်လောင်ကျွမ်းမှုနှင့်
အောက်စီဒေးရှင်းဆန့်ကျင် ကာကွယ်မှုတို့အတွက် အရေးပါသော မဂ္ဂနီးစ်ဓာတ်လည်း
ပါဝင်ပါသည်။ ထို့ပြင် အမျှင်ဓာတ်၊ ဗီတာမင်ဘီအုပ်စုများ (သိုင်ယာမင်း၊ နီယာစင်၊
ဘီ၆၊ ဖောလိပ်) နှင့် ကြေးနီဓာတ်၊ ပိုတက်စီယမ်၊ မဂ္ဂနီစီယမ်တို့ကဲ့သို့
သတ္တုဓာတ်များ ပါဝင်သဖြင့် စွမ်းအင်ထုတ်လုပ်မှု၊ အာရုံကြော ကျန်းမာရေးနှင့်
ကြွက်သားလုပ်ဆောင်ချက်များကို အကျိုးပြုပါသည်။
အစာခြေစနစ်
ကျန်းမာရေး
နာနတ်သီးတွင်
ပရိုတင်းများကို ဖြိုခွဲပေးပြီး အာဟာရဓာတ်စုပ်ယူမှုကို ကောင်းမွန်စေကာ
အစာကြေလွယ်စေသည့် ဘရိုမီလိန်း (bromelain) ခေါ် အစာခြေအင်ဇိုင်းအုပ်စု ပါဝင်ပါသည်။
ဘရိုမီလိန်းသည် ဗိုက်အောင့်ဗိုက်ဖောင်းခြင်းကို လျှော့ချပေးနိုင်ပြီး
အူလမ်းကြောင်းကျန်းမာရေးကို အထောက်အကူပြုသဖြင့် နာနတ်သီးသည် အစားအစာများ၊
အထူးသဖြင့် ပရိုတင်းပါဝင်မှုများသော အစားအစာများနှင့်အတူ တွဲဖက်စားသုံးရန် သင့်တော်ပါသည်။
ရောင်ရမ်းမှုဆန့်ကျင်ခြင်းနှင့်
ကိုယ်ခံအား အဓိကထောက်ပံ့မှု
နာနတ်သီး၌
ပါဝင်သော ဘရိုမီလိန်းတွင် ရောင်ရမ်းမှုကို လျှော့ချပေးနိုင်သည့် သတ္တိရှိသဖြင့်
ရောင်ရမ်းခြင်းကို သက်သာစေပြီး တစ်ရှူးများ ပြန်လည်ကောင်းမွန်ရေးကို
အကူအညီပေးပါသည်။ နာနတ်သီးတွင် ပါဝင်သည့် ဗီတာမင်စီနှင့်
အခြားအောက်စီဒေးရှင်းဆန့်ကျင်ပစ္စည်းများက အောက်စီဒေးရှင်းဒဏ်ကို ခုခံပေးသဖြင့်
နှလုံးရောဂါနှင့် အချို့သော ကင်ဆာရောဂါများကဲ့သို့ နာတာရှည်ရောဂါများ
ဖြစ်ပွားနိုင်ခြေကို လျှော့ချပေးနိုင်ပါသည်။ ပုံမှန်စားသုံးပေးပါက
သွေးဖြူဥထုတ်လုပ်မှုကို လှုံ့ဆော်ပေးပြီး ကိုယ်ခံအားတုံ့ပြန်မှုကို
ပိုမိုအားကောင်းစေနိုင်ပါသည်။
ပြန်လည်ကောင်းမွန်ရေးနှင့်
တစ်ရှူးပြင်ဆင်မှု
နာနတ်သီး၏
အာဟာရဓာတ်များနှင့် ဘရိုမီလိန်းသည် ခွဲစိတ်ကုသပြီးနောက် ပြန်လည်ကျန်းမာရေးနှင့်
တစ်ရှူးများ ကျက်သရေကို ကူညီပေးနိုင်ပါသည်။ ဘရိုမီလိန်းက နာကျင်မှုနှင့်
ရောင်ရမ်းမှုကို လျှော့ချပေးနိုင်ပြီး ဗီတာမင်စီက ကော့လဂျင်ဖြစ်ပေါ်မှုနှင့်
ဒဏ်ရာကျက်သရေကို အထောက်အကူပြုပါသည်။
ဝိတ်ထိန်းခြင်းနှင့်
ဗိုက်ဝစေခြင်း
နာနတ်သီးတွင်
ပါဝင်သော အမျှင်ဓာတ်သည် ဗိုက်ဝသည့်ခံစားချက်ကို တိုးပွားစေသဖြင့်
အစားသောက်ထိန်းခြင်းနှင့် ဝိတ်ထိန်းခြင်းကို ကူညီပေးပါသည်။ ယင်း၏ သဘာဝအချိုဓာတ်သည်
သကြားပါသော မုန့်များအစား စားသုံးရန် ပိုမိုကျန်းမာရေးနှင့် ညီညွတ်သော ရွေးချယ်မှု
တခုဖြစ်ပါသည်။
လက်တွေ့အသုံးချရန်
အကြံပြုချက်များ
·
နာနတ်သီးကို
လတ်လတ်ဆတ်ဆတ် စားနိုင်သလို၊ ကင်၍လည်းကောင်း၊ ဖုတ်၍လည်းကောင်း၊ ဖျော်ရည် (smoothies)
ပြုလုပ်၍လည်းကောင်း
စားသုံးနိုင်ပါသည်။
·
ပုံမှန်
၁၀ဝ မှ ၁၆၅ ဂရမ် ပမာဏ စားသုံးပေးပါက သကြားဓာတ် လွန်ကဲစွာ မပါဝင်ဘဲ လိုအပ်သော
အာဟာရဓာတ်များကို လုံလောက်စွာ ရရှိစေပါသည်။ နာနတ်သီး ၁၀ဝ ဂရမ်တွင် သကြားဓာတ် ၁၁.၄
ဂရမ်ခန့်သာ ပါဝင်သဖြင့် ငှက်ပျောသီး သို့မဟုတ် ဧပယ်သီးများထက် ပမာဏနည်းပါသည်။
·
ယေဘုယျအားဖြင့်
ဘေးကင်းသော်လည်း လွန်ကဲစွာ စားသုံးပါက ဘရိုမီလိန်း၏ အင်ဇိုင်းလုပ်ဆောင်ချက်ကြောင့်
ပါးစပ်အတွင်း အနည်းငယ် စပ်ဖျင်းဖျင်း ဖြစ်စေနိုင်ပါသည်။
အနှစ်ချုပ်အားဖြင့်
နာနတ်သီးကို မိမိ၏ နေ့စဉ် အစားအသောက်တွင် ထည့်သွင်းစားသုံးပေးပါက အစာခြေစနစ်၊
ကိုယ်ခံအား၊ ရောင်ရမ်းမှုထိန်းချုပ်ခြင်းနှင့် အထွေထွေကျန်းမာရေးတို့ကို
အထောက်အကူပြုသဖြင့် နေ့စဉ် စားသုံးရန် အလွန်ပင် သင့်တော်သော သစ်သီးတမျိုး
ဖြစ်ပါသည်။
ပမာဏကို
စနစ်တကျ ထိန်းချုပ်ပြီး သွေးတွင်းသကြားဓာတ် ထိန်းနိုင်ရန် ပရိုတင်း သို့မဟုတ်
အဆီဓာတ်များနှင့် တွဲဖက်စားသုံးပါက နာနတ်သီးကို ဆီးချိုရောဂါသည်များအတွက်
ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်စာရင်းတွင် ထည့်သွင်းနိုင်ပါသည်။
အာဟာရဓာတ်
ပါဝင်မှုနှင့် သွေးတွင်းသကြားဓာတ်အပေါ် သက်ရောက်မှု
နာနတ်သီးသည်
အလတ်စားမှ အမြင့်ပိုင်း အရောင်ပြညွှန်းကိန်း (GI 58–66) ရှိသော အပူပိုင်းဒေသသီး ဖြစ်ပြီး
လတ်ဆတ်သော အတုံးတခွက်စာတွင် သကြားဓာတ် ၁၆ မှ ၁၉ ဂရမ်ခန့်နှင့် အမျှင်ဓာတ် ၂ မှ ၃
ဂရမ်ခန့် ပါဝင်ပါသည်။ ယင်း၏ သဘာဝသကြားဓာတ်များသည် သွေးတွင်းဂလူးကို့စ်ကို
မြင့်တက်စေနိုင်သော်လည်း ပါဝင်သော အမျှင်ဓာတ်က အစာခြေနှုန်းကို နှေးကွေးစေပြီး
အတက်ကို ထိန်းညှိပေးပါသည်။ ထို့ပြင် နာနတ်သီးတွင် ဗီတာမင်စီ၊ မဂ္ဂနီးစ်နှင့်
ရောင်ရမ်းမှုဆန့်ကျင်၍ အစာခြေစနစ်ကို အကျိုးပြုသည့် ဘရိုမီလိန်း အင်ဇိုင်းတို့
ပါဝင်ပါသည်။
စားသုံးရန်
ပမာဏ အကြံပြုချက်
ဆီးချိုရောဂါရှိသော
လူကြီးများအတွက် ခွက်တဝက်စာ ပမာဏ (ကာဘိုဟိုက်ဒရိတ် ၁၀ မှ ၁၅ ဂရမ်ခန့်) စားသုံးရန်
ယေဘုယျအားဖြင့် အကြံပြုပါသည်။ နာနတ်သီးကို ဤပမာဏအတိုင်း အထူးသဖြင့် ပရိုတင်း
သို့မဟုတ် ကျန်းမာရေးနှင့်ညီညွတ်သော အဆီဓာတ်တမျိုးမျိုးနှင့် တွဲဖက်စားသုံးပေးပါက
သွေးတွင်းသကြားဓာတ် ရုတ်တရက် တက်သွားခြင်းကို လျှော့ချပေးနိုင်ပါသည်။
သကြားရည်စိမ်ဘူးများ၊ သစ်သီးဖျော်ရည်များ သို့မဟုတ် အသီးခြောက်များထက် လတ်ဆတ်သော
နာနတ်သီးကို စားသုံးခြင်းက ပိုမိုသင့်တော်ပါသည်။
သွေးတွင်းသကြားဓာတ်
ထိန်းချုပ်ရေး နည်းလမ်းများ
·
ကာဘိုဟိုက်ဒရိတ်
တွက်ချက်ခြင်း: သွေးတွင်းဂလူးကို့စ် ပမာဏ မှန်မှန်ရှိစေရေးအတွက်
နေ့စဉ် ခွင့်ပြုထားသော ကာဘိုဟိုက်ဒရိတ် ပမာဏ (ပုံမှန်အားဖြင့် တနပ်လျှင် ၄၅ မှ ၆၀
ဂရမ်၊ သရေစာအတွက် ၁၅ မှ ၂၀ ဂရမ်) တွင်း၌ နာနတ်သီးကို ထည့်သွင်းတွက်ချက်ပါ။
·
အစားအစာ
တွဲဖက်စားသုံးခြင်း: စုပ်ယူမှုနှုန်း နှေးကွေးစေပြီး
အစားစားပြီးချိန် သွေးတွင်းသကြားဓာတ် ရုတ်တရက် တက်ခြင်းကို လျှော့ချရန်
နာနတ်သီးကို ပရိုတင်း (ဥပမာ - ဒိန်ချဉ်၊ အစေ့အဆံများ) သို့မဟုတ် အဆီဓာတ် (ဥပမာ -
အစေ့အဆံထောပတ်) တို့နှင့် တွဲဖက်စားသုံးပါ။
·
စောင့်ကြည့်စစ်ဆေးခြင်း: သွေးတွင်းဂလူးကို့စ်
အဆက်မပြတ် တိုင်းတာစက် (CGM) အသုံးပြုသူများသည်
နာနတ်သီး တခွက်အပြည့် စားသုံးပြီးနောက် သကြားဓာတ် ၄၀ မှ ၇၀ mg/dL ထိ မြင့်တက်လာသည်ကို
တွေ့ရနိုင်သဖြင့် ပမာဏနည်းနည်းစီ စားသုံးခြင်းက ပိုမိုဘေးကင်းပါသည်။
အနှစ်ချုပ်
နာနတ်သီးသည်
ဆီးချိုရောဂါရှိသူများအတွက် လုံးဝ မစားရမည့် အသီးမဟုတ်ပါ၊ သို့သော်
ချန်ချန်ချင်ချင် စားသုံးခြင်းနှင့် စနစ်တကျ တွဲဖက်စားသုံးခြင်းတို့က အဓိကကျပါသည်။
သီးစုံ ခွက်တဝက်စာ နာနတ်သီး (လတ်ဆတ် သို့မဟုတ် အေးခဲ) ကို ပရိုတင်း သို့မဟုတ်
အဆီဓာတ်နှင့် တွဲဖက်စားပေးပါက သွေးတွင်းသကြားဓာတ် လွန်ကဲစွာ မတက်ဘေ အာဟာရနှင့်
အရသာကို ရရှိစေနိုင်ပါသည်။ သစ်သီးဖျော်ရည် သို့မဟုတ် သကြားရည်စိမ် စသည့်
ပြုပြင်ထားသော ပုံစံများကို ရှောင်ကြဉ်ပါ၊ နာနတ်သီးကို မိမိ၏ နေ့စဉ်
ကာဘိုဟိုက်ဒရိတ် စာရင်း၌ အမြဲ ထည့်သွင်းစဉ်းစားပါ။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment