အဆုတ်ရောင်ရောဂါ (Pneumonia)
ရောဂါဟုတ် မဟုတ် စစ်ဆေးနည်းကို တင်ပြမယ်။ လင့်ကတော့ ကုသနည်း။
How Pneumonia Is Diagnosed အဆုတ်ရောင်ရောဂါကို မည်သို့ ရောဂါအမည်ခွဲခြား အတည်ပြုသနည်း
အဆုတ်ရောင်ရောဂါ (Pneumonia) ကို ရောဂါဖြစ်ပွားနေခြင်း ရှိမရှိ ဖော်ထုတ်ပေးနိုင်သော ရင်ဘတ် ဓာတ်မှန် (Chest X-ray) နှင့် ကွန်ပျူတာဓာတ်မှန် (CT scan) များကို အသုံးပြု၍ ရောဂါအမည်ခွဲခြား အတည်ပြုပါသည်။ ရောဂါထိရောက်စွာ ကုသနိုင်ရန်အတွက် အဆုတ်ရောင်ရောဂါ၏ အမျိုးအစားမှာ ဗက်တီးရီးယား၊ ဗိုင်းရပ်စ် သို့မဟုတ် မှို ကြောင့်ဖြစ်သည်ကို ခွဲခြားသိရှိရန် အလွန်အရေးကြီးပါသည်။
ခန္ဓာကိုယ် စမ်းသပ်စစ်ဆေးခြင်း (Physical Examination) ဖျားခြင်း၊ ချောင်းဆိုးခြင်းနှင့် အသက်ရှူရခက်ခဲခြင်းတို့သည် အဆုတ်ရောင်ရောဂါ လက္ခဏာများ ဖြစ်နိုင်ပါသည်။ သင့်အား ကျန်းမာရေးစောင့်ရှောက်သူက အသက်ရှူနှုန်း၊ သွေးဖိအား စသည့် အဓိက လက္ခဏာများကို စစ်ဆေးခြင်းနှင့် ဆေးရာဇဝင် ပြန်လည်သုံးသပ်ခြင်းတို့ဖြင့် စတင်ဆောင်ရွက်ပါလိမ့်မည်။
ဓာတ်ခွဲခန်း စစ်ဆေးချက်များနှင့် စမ်းသပ်မှုများ (Labs and Tests)
• သွေးဆဲလ်အပြည့်အစုံ စစ်ဆေးခြင်း (Complete Blood Count)
• ပရိုကယ်စီတိုနင် စစ်ဆေးခြင်း (Procalcitonin)
• သလိပ်ပိုးမွေးခြင်းနှင့် ဂရမ်ဆေးဆိုး စစ်ဆေးခြင်း (Sputum Culture and Gram Stain)
• ဆီးအတွင်း ပိုးမွှားအန်တီဂျင် စစ်ဆေးခြင်း (Urine Antigen Tests)
• သွေးကြည်ရည် စစ်ဆေးခြင်း (Serology)
• ပီစီအာရ်နှင့် အင်ဇိုင်းမိုင်းမူးနိုအက်ဆေး စစ်ဆေးခြင်း (PCR and Enzyme Immunoassays)
• ရင်ဘတ် ဓာတ်မှန် (Chest X-Ray)
• ကွန်ပျူတာဓာတ်မှန် (CT Scan)
• အသက်ရှူပြွန် ကြည့်မှန်ပြောင်းကြည့်ခြင်း (Bronchoscopy)
တူညီသော ရောဂါလက္ခဏာများအား ခွဲခြားစစ်ဆေးခြင်း (Differential Diagnosis) လေပြွန်ရောင်ရောဂါ (Bronchitis) သို့မဟုတ် နှလုံးပျက်စီး၍ ရေဝပ်သည့်ရောဂါ (Congestive heart failure) ကဲ့သို့သော အခြားရောဂါများသည်လည်း အဆုတ်ရောင်ရောဂါနှင့် ဆင်တူသည့် လက္ခဏာများ ရှိနိုင်ပါသည်။ ပန်းနာရင်ကြပ်၊ လေပြွန်ပြူးရောဂါ (Bronchiectasis) သို့မဟုတ် နာတာရှည် အဆုတ်လေပြွန်ကျဉ်းရောဂါ (COPD) ရှိသူများတွင်မူ ၎င်းတို့ မူလရှိရင်းစွဲ အဆုတ်ရောဂါ ရုတ်တရက် ထကြွလာခြင်းလည်း ဖြစ်နိုင်ပါသည်။ အဆိုးရွားဆုံး အခြေအနေတွင်မူ အဆုတ်ကင်ဆာ၏ သတိပေးလက္ခဏာတခုလည်း ဖြစ်နိုင်ပါသည်။
လူကြီးများတွင် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ (Pneumonia) https://dr-tint-swe.blogspot.com/2026/08/pneumonia_0737360966.html
ဒေါက်တာတင့်ဆွေ

Comments
Post a Comment