Should kids, teens have blood pressure checked?
ဆယ်ကျော်သက်တွေဆိုတာ အသက် ၁၃ မှ ၁၉ နှစ်အထိ။
အသက် ၁၁/၁၂ ကလေးတွေ BP ဘယ်လောက်ရှိရမလဲ ဆရာ။
ဆယ်ကျော်သက်များအတွက် သွေးဖိအား ပမာဏအဆင့်များ (အသက် ၁၃ နှစ်နှင့်အထက်)
ပုံမှန်အတိုင်းအတာ: ၁၂၀/၈၀ mm Hg ထက် နည်းပါမည်။
သွေးဖိအား အနည်းငယ်မြင့်တက်ခြင်း: အပေါ်သွေးဖိအား (Systolic) ၁၂၀–၁၂၉ ရှိပြီး အောက်သွေးဖိအား (Diastolic) ၈၀ mm Hg ထက် နည်းပါမည်။
သွေးတိုးခြင်း: ၁၃၀/၈၀ mm Hg သို့မဟုတ် ထိုထက် မြင့်မားပါမည်။
ဆရာဝန်များသည် တကြိမ်တည်း စစ်ဆေးတိုင်းတာရရှိသော ရလဒ်ဖြင့် သွေးတိုးရောဂါဟု အတည်မပြုဘဲ၊ သီးခြား လာရောက်ပြသသည့် ၃ ကြိမ်အထိ စစ်ဆေးပြီးမှသာ အတည်ပြုလေ့ရှိပါသည်။
လေ့လာဆန်းစစ်မှု အသစ်တခုအရ ကလေးများနှင့် ဆယ်ကျော်သက်များ၏ သွေးဖိအားကို စစ်ဆေးပေးခြင်း သို့မဟုတ် သွေးဖိအားမြင့်တက်နေသူများကို ကုသပေးခြင်းဖြင့် အရွယ်ရောက်ချိန်တွင် ဖြစ်ပွားနိုင်သော နှလုံးရောဂါ အန္တရာယ်များကို လျှော့ချပေးနိုင်သည်ဟု ခိုင်လုံသော အထောက်အထားများ မတွေ့ရှိရပါ။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment