သခွားသီးစားသုံးခြင်း၏ ကျန်းမာရေး အကျိုးကျေးဇူး ၇ ချက်
7 Healthy Benefits of Eating Cucumbers
၁။ အစွမ်းထက်စွာ ရေဓာတ်ဖြည့်တင်းပေးခြင်း
သခွားသီးတွင် ရေဓာတ် ၉၆ ရာခိုင်နှုန်း ပါဝင်သောကြောင့် ရေဓာတ်ကို အလွန်အမင်း ဖြည့်တင်းပေးနိုင်ပြီး သင်၏ နေ့စဉ် ရေဓာတ်သုံးစွဲမှုတွင် အရေးပါသော အစိတ်အပိုင်းတခု ဖြစ်စေသည်။ ရေဓာတ်ပြည့်ဝနေစေရန် နောက်တနည်းမှာ သခွားသီးစိမ်ထားသော ရေကို သောက်သုံးခြင်း ဖြစ်သည်။ သင်မည်မျှ ရေဓာတ်လိုအပ်သည် ဆိုသည်မှာ သင်၏ ကိုယ်လက်လှုပ်ရှားမှုနှင့် ချွေးထွက်နှုန်းအပေါ် မူတည်သော်လည်း အမျိုးသမီးများသည် တနေ့လျှင် ခွက် ၉ ခွက် (၂.၁ လီတာ) နှင့် အမျိုးသားများသည် ခွက် ၁၃ ခွက် (၃ လီတာ) စီ သောက်သုံးသင့်သည်ဟူသော စံသတ်မှတ်ချက်ကောင်း ရှိပါသည်။
၂။ အာဟာရကြွယ်ဝခြင်း
သခွားသီးတွင် ဗီတာမင်စီ ၈ ဂရမ်၊ ဗီတာမင်ကေ ၄၉ မီဒီဂရမ်၊ မက်ဂနီဆီယမ်၊ ပိုတက်စီယမ်၊ ပရိုတင်းနှင့် အမျှင်ဓာတ်တို့ အပါအဝင် အရေးကြီးသော ဗီတာမင်နှင့် သတ္တုဓာတ်များစွာ ပြည့်နှက်နေပါသည်။ ပုံမှန်စားသုံးသည့် ပမာဏမှာ သခွားသီး၏ သုံးပုံတပုံခန့် ဖြစ်သည်။ အာဟာရဓာတ်များကို အပြည့်အဝရရှိစေရန်အတွက် သခွားသီးများကို အခွံမခွာဘဲ အသုံးပြုပါ။
၃။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ (Antioxidants) ပါဝင်ခြင်း
ဓာတ်တိုးဆန့်ကျင်ပစ္စည်းများသည် ဆဲလ်များကို ထိခိုက်ပျက်စီးစေနိုင်သော ဓာတ်တိုးဆခြင်းနှင့် ဖရီးရယ်ဒီကယ်များကို ဟန့်တားပေးသည့် အလွန်အရေးကြီးသော ရုက္ခဗေဒဆိုင်ရာ ဒြပ်ပေါင်းများ ဖြစ်ကြပါသည်။ ဖလေဗိုနွိုက် (flavonoids) နှင့် တာနင် (tannins) ပါဝင်သော သခွားသီးကဲ့သို့သော ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝသည့် အစားအစာများကို စားသုံးခြင်းက နှလုံးရောဂါ၊ ဆီးချိုရောဂါနှင့် ကင်ဆာရောဂါအချို့ အပါအဝင် နာတာရှည်ရောဂါ ဖြစ်ပွားနိုင်ခြေကို လျှော့ချပေးနိုင်ပါသည်။
၄။ အူလမ်းကြောင်းအတွက် ကောင်းမွန်ခြင်း
သခွားသီးတွင် ရေဓာတ်မြင့်မားစွာ ပါဝင်သောကြောင့် အူလမ်းကြောင်း ကျန်းမာရေးအတွက် ကောင်းမွန်ပါသည်။ ရေဓာတ်ခန်းခြောက်ခြင်းသည် ဝမ်းချုပ်ခြင်း၏ အဓိကအကြောင်းရင်း တခုဖြစ်သောကြောင့် ရေဓာတ်ပြည့်ဝနေခြင်းက ဝမ်းမှန်စေရန် ကူညီပေးနိုင်ပါသည်။ သခွားသီးတွင် ဝမ်းသွားခြင်းကို ထိန်းညှိရာတွင် အခန်းကဏ္ဍတခုမှ ပါဝင်သော ပျော်ဝင်နိုင်သည့် အမျှင်ဓာတ်တမျိုးဖြစ်သည့် ပက်တင် (pectin) လည်း ပါဝင်ပါသည်။ ပက်တင်သည် အူလမ်းကြောင်းရှိ အကျိုးပြုဘက်တီးရီးယားများကိုလည်း အာဟာရကျွေးပါသည်။ အူလမ်းကြောင်း ကျန်းမာရေးကို အမြင့်ဆုံးမြှင့်တင်ရန်အတွက် ပရိုဘောက်တ (probiotics) ကြွယ်ဝသော အချဉ်ဖောက်ထားသော သခွားသီးများကို စားသုံးပါ။
၅။ နှလုံးကျန်းမာရေးကို အားပေးခြင်း
သခွားသီးပါရှိသော ဖလေဗိုနွိုက်များသည် သင်၏ နှလုံးနှင့် သွေးကြောဆိုင်ရာ ကျန်းမာရေးကို အကျိုးပြုပါသည်။ အကြောင်းမှာ ဤဓာတ်တိုးဆန့်ကျင်ပစ္စည်းများသည် သွေးကြောများအတွင်း အဆီများ စုပုံလာခြင်းနှင့် သွေးခဲခြင်းတို့ကို ကာကွယ်ပေးသည့်အပြင် ဖရီးရယ်ဒီကယ်ကြောင့် ထိခိုက်ပျက်စီးခြင်းကိုလည်း ကာကွယ်ပေးသောကြောင့် ဖြစ်သည်။
၆။ သွေးတွင်းသကြားဓာတ်ကို ကျဆင်းစေနိုင်ခြင်းသခွားသီးသည် သွေးတွင်းသကြားဓာတ်ကို ကျဆင်းစေသော ဂုဏ်သတ္တိ (antihyperglycemic) ရှိသည်။ ဆိုလိုသည်မှာ ၎င်းတို့သည် သွေးတွင်းရှိ ဂလူးကို့စ် ပမာဏကို လျှော့ချပေးနိုင်ပါသည်။ ဤအရာသည် އင်ဆူလင်ကို ထိန်းချုပ်ရာတွင် ပြဿနာရှိပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းညှိရမည့် ဆီးချိုရောဂါရှိသူများအတွက် အလွန်အရေးကြီးပါသည်။ သခွားသီးစားသုံးခြင်းသည် ဆီးချိုရောဂါရှိသူများအတွက် သွေးတွင်းသကြားဓာတ် ပမာဏကို ထိန်းချုပ်ရန် ကူညီပေးသည့် လွယ်ကူသော နည်းလမ်းတခု ဖြစ်ပါသည်။
၇။ အရိုးကျန်းမာရေးကို အားပေးခြင်းသခွားသီးတွင် ဗီတာမင်ကေ မြင့်မားစွာ ပါဝင်မှုသည် အရိုးကျန်းမာရေးအတွက် အလွန်အကျိုးရှိစေပါသည်။ တခွက်စာ ပမာဏသောက်သုံးရုံဖြင့် နေ့စဉ် အကြံပြုထားသော ပမာဏ၏ ၁၀.၂ မီဒီဂရမ်ကို ရရှိစေပါသည်။ Medical News Today ၏ ဖော်ပြချက်အရ ဗီတာမင်ကေသည် ကယ်လ်ဆီယမ် စုပ်ယူမှုကို တိုးတက်ကောင်းမွန်စေရန်လည်း ကူညီပေးပါသည်။ ဤအရာသည် အရိုးထုထည် ဆုံးရှုံးခြင်းနှင့် လွယ်ကူစွာ ကျိုးပဲ့တတ်သော အရိုးနုခြင်းဝေဒနာ (osteoporosis) ခံစားနေရသူများအတွက် အထူးပင် အရေးကြီးပါသည်။
ဒေါက်တာတင့်ဆွေ





Comments
Post a Comment