"ရှုနာရှိုက်ကုန်း"
နေမကောင်းတဲ့ အများအားဖြင့်သက်ကြီးရွယ်အိုကို ခေါ်လေ့ရှိကြတယ်။
ရိုးရိုးအဓိပ္ပါယ်ဖွင့်ရင်တော့ ပိန်ချုံးချည့်နဲ့သူ၊ နာမကျန်းဖြစ်ကာ ရောဂါဝေဒနာတာရှည် ခံစားနေရသူ။
ဆေးပညာအလိုအရ ပိုပြီး အဓိပ္ပါယ်ပြည့်စုံပါတယ်။
ရှူနာဆိုတာ အသက်ရှူလမ်းကြောင်းရောဂါတခုခု၊ ဥပမာ ပန်းနာ၊ နာတာရှည်အဆုတ်ရောဂါ။
နာဆိုတာကတော့ အဆစ်တွေနာ၊ ခါးနာ၊ ဟိုးကနာ ဒီကနာ။
ရှိုက်ကလည်း ပင့်သက်ရှူနေရတာ။
ကုန်းကတော့ ခါးလည်းကုန်းလာပြီ။
အဲဒီရောဂါတွေအတွက် ကုသနည်းတွေရှိတယ်။
ကာကွယနည်းတွေကတော့ လူနေမှုပုံစံပြင်ခြင်း။
ဆရာဝန်တွေက ဘယ်လောက်ပြောပြော အစားအသောက်၊ အနေအထိုင်ကို ပြင်နိုင်သူ ရှားတယ်။
တသက်လုံးစွဲလာခဲ့တဲ့ အစားအစာနဲ့ အရသာကို မပြင်နိုင်ကြပါ။
ကိုယ့်ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအစာကို ရွေးမစားချင်ကြပါ။
ကိုယ်လက်ကြံခိုင်ရေး အလေးမထားနိုင်ကြပါ။
အိုလာတာကိုတော့ တားလို့မရပါ။ ဒါပေမဲ့ ရနိုင်တာတွေလည်း ရှိပါတယ်။
Quality of life ဆိုတာ အသက်ရှင်နေထိုင်ရသမျှ အရည်အသွေးပြည့်မီစွာနေထိုင်နိုင်ခြင်း။
ကျန်းမာကြစေသတည်း။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment