ပူပြင်းသောရာသီဥတုနှင့် ကျောက်ကပ်ကျန်းမာရေး

ပူပြင်းမှုကို ကျော်လွှားခြင်း - ပူနွေးလာသောကမ္ဘာကြီးတွင် ကျောက်ကပ်ကျန်းမာရေးကို ကာကွယ်ခြင်း

ရာသီဥတုပြောင်းလဲမှုကြောင့် အလွန်အမင်း ပူပြင်းသည့်ဖြစ်စဉ်များသည် ပိုမိုဖြစ်ပွားလွယ်လာပြီး၊ ပိုမိုပြင်းထန်လာကာ အချိန်ပိုမိုကြာရှည်လာသည်။ နိုင်ငံများအနေဖြင့် ယနေ့ရာသီဥတုဆိုင်ရာ ကတိကဝတ်များကို ဖြည့်ဆည်းနိုင်လျှင်ပင် ယခုရာစုနှစ်အကုန်တွင် ကမ္ဘာကြီးသည် ပိုမိုမြင့်မားသော အပူချိန်များဆီသို့ ဦးတည်နေဆဲဖြစ်သည်။ အပူချိန်သည် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်တခုတည်းသာ မဟုတ်ဘဲ လူ့အဖွဲ့အစည်းတခုလုံးနှင့် သက်ဆိုင်သည့် ကိစ္စရပ်တခုဖြစ်သည်။

ဤအစီရင်ခံစာတွင် အပူဒဏ်ဖိစီးမှုသည် ကျောက်ကပ်အပေါ် ဖိစီးမှု မည်သို့ဖြစ်လာနိုင်ပုံ၊ ဤပေါ်ပေါက်လာသည့် ကျန်းမာရေးဝန်ထုပ်ဝန်ပိုး၏ ပမာဏနှင့် ဖြန့်ကြက်မှု၊ အထူးသဖြင့် အန္တရာယ်အရှိဆုံးသူများကို လေ့လာဆန်းစစ်ထားသည်။ ၎င်းက ပူနွေးလာသောကမ္ဘာကြီးတွင် ကျောက်ကပ်ကျန်းမာရေးကို ကာကွယ်ရန် လိုအပ်သော မူဝါဒဆိုင်ရာ တုံ့ပြန်မှုများကိုလည်း အကဲဖြတ်ထားသည်။ ၎င်းတို့တွင် အစိုးရတရပ်လုံး၏ ဦးဆောင်မှုပါဝင်သော လုပ်ဆောင်ချက်များ၊ ကျန်းမာရေးစနစ်များ၊ ပြည်သူ့ကျန်းမာရေး အာဏာပိုင်များ၊ အလုပ်ရှင်များ၊ အလုပ်သမားများနှင့် သုတေသီများ၏ လုပ်ဆောင်ချက်များ ပါဝင်ပြီး ၎င်းတို့သည် အပူဒဏ်ကြောင့် ကျောက်ကပ်ကျန်းမာရေးအပေါ် သက်ရောက်မှုကို အတူတကွ လျှော့ချပေးနိုင်မည်ဖြစ်သည်။

အလုပ်သမားများသည်လည်း အဓိက အန္တရာယ်ကျရောက်နိုင်သည့် အုပ်စုတစုဖြစ်သည်။ အလယ်ပိုင်းအမေရိကနှင့် အာရှရှိ အချို့သော ဒေသများတွင် အပူနှင့်ဆိုင်သော ကျောက်ကပ်ရောဂါသည် ကျေးလက်ဒေသရှိ အမျိုးသားလုပ်သားများ၏ ၁၄ ရာခိုင်နှုန်းအထိ ထိခိုက်ခံစားနေရသည်။ အရိပ်ရရန်၊ ရေရရှိရန်၊ အနားယူချိန်ပေးရန်နှင့် အပူဒဏ်သတိပေးချက်များကို ကြိုတင်ထုတ်ပြန်ခြင်းကဲ့သို့သော ရိုးရှင်းပြီး ကုန်ကျစရိတ်သက်သာသော အစီအမံများသည် အသက်များကို ကယ်တင်ပေးနိုင်ပြီး အလုပ်သမားများ၏ ကုန်ထုတ်စွမ်းအားကို ကာကွယ်ပေးနိုင်ကာ ၎င်းတို့အတွက် ကုန်ကျစရိတ်ကို ပြန်လည်ကာမိစေလေ့ရှိသည်။

ဤစိန်ခေါ်မှုကို စနစ်တကျ ရင်ဆိုင်ဖြေရှင်းနိုင်ရန်အတွက် အဆိုပါအစီရင်ခံစာက မတူကွဲပြားသော လူ့အဖွဲ့အစည်းများအတွင်း အပူဒဏ်ထိတွေ့မှုနှင့် အပူနှင့်ဆိုင်သော ကျောက်ကပ်ထိခိုက်မှု အမျိုးအစားအားလုံးကို အသိအမှတ်ပြုရန် ဖယ်ထုတ်ခြင်းဖြင့် ရောဂါရှာဖွေခြင်းထက် ကျော်လွန်သော ကျယ်ပြန့်သည့် အပူ-ကျောက်ကပ် မူဘောင်တရပ်ကို ထောက်ခံတင်ပြထားသည်။ ဤပြဿနာသည် စီမံခန့်ခွဲရန် ပိုမိုခက်ခဲလာခြင်း သို့မဟုတ် နောက်ပြန်လှည့်မရနိုင်သော အခြေအနေသို့ မရောက်ရှိမီ အပူနှင့်ဆိုင်သော ကျောက်ကပ်အန္တရာယ် မြင့်တက်လာမှုကို ဟန့်တားနိုင်ရန် အစိုးရများ၊ ကျန်းမာရေးစနစ်များ၊ အလုပ်ရှင်များ၊ အလုပ်သမားများနှင့် သုတေသီများ ယခုပင် လက်တွဲဆောင်ရွက်ကြမည့် ချက်ချင်းလက်ငင်း ကဏ္ဍစုံမှ တုံ့ပြန်မှုတခု လိုအပ်နေပါသည်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Herpes Simplex ရိုးရိုး ရေယုံ