ဆရာဝန်ဆီစာရေးတာ မှန်မှန်ကန်ကန် ရေးသင့်တယ်

မေးခွန်းတခု = အဲ့အဖြေလေးသိ့ချင်လို့ပါဆရာ

လူနာက အရင်မေးခွန်းထဲကတယောက်လား နောက်တယောက်လား မသိ။

ပြန်ဖြ = နောက့်တစ်ယောက့်ပါဆရာ လူနာကအသက် ၅၀ပါဆရာ အမျိုးသမီးပါဆရာ လူနာက အသံဝင်တာ ၂လရှိလို့ ဆေးခန်းကအဆုတ့်ကိုဓာတ့်မှန်ရိုက့်တာအဆုတ့်မှာအလုံးတွေ့တယ်လို့ပြောပါတယ်ဆရာ

ပြန်စာ

အဆုတ်မှာ ရောင်ရမ်းမှုလား တခြားနေရာကနေပြန့်လာတဲ့ ကင်ဆာလား သံသယရှိ။

မှတ်ချက်

အဲလိုပဲ အရင်မေးခွန်းမှာ ဖြစ်သူတယောက်။ နောက်တခါတယောက် မေးကြတယ်။ ခဏခဏလာတယ်။ အရင်နဲ့နောက် ကျား မ မတူ။ ကလေး လူကြီး မတူ။

နောက့်တစ်ယောက့်လို့ရေးတာမှာ မလိုတဲ့ အပိုတွေပါနေတယ်။ နောက်တယောက်လို့သာ ရေးရတယ်။ အဆုတ့်ကိုဓာတ့်မှန်ရိုက့်လို့ရေးတာမှာ မလိုတဲ့ အပိုတွေပါနေတယ်။ အဆုတ်ကိုဓာတ်မှန်ရိုက်လို့ရေးရတယ်။

လူကြီးမင်းတို့ရဲ့ ဖရင်းတွေဆီတော့ ကြိုက်သလိုရေးပါ။ 

ဆရာဝန်ဆီကို ကင်ဆာရောဂါမေးတာမှာတော့ မှန်မှန်ကန်ကန် ရေးသင့်တယ်။

တမင်တကာမှားမှား၊ မသိလို့မှားမှား စာရေးမှားတဲ့ရောဂါကိုတော့ ဆရာဝန်မ ကုမရနိုင်။

ဒေါက်တာတင့်ဆွေ

၁၇-၁၀-၂၀၁၉

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Herpes Simplex ရိုးရိုး ရေယုံ