ယမုန်နာဆေးခန်း

 



(တိုင်းပြည်ထွက်ပြေး နိုင်ငံရေးလုပ်သူတယောက် ဟိုရောက်ဒီရောက်)

တင်ထားတဲ့စာ = အခမဲ့ဆေးကုသခြင်း

ကွန်မင့်တခု = ၃၄၉ ယောက်ထဲမှာ ကျနော်တို့ သမီးလေးက ဘယ်နှစ်ယောက်မြောက်လဲဆရာ။

သမီးမွေးတုန်းက တပြားမှ မကုန်ခဲ့ဘူး၊ မြန်မာပြည်ပြန်ပြီး သားလေးမွေးတော့ ၂၀၁၃ ခုနှစ်က ၁၅ သိန်းလောက်ကုန်တယ်။ အဲ့အချိန်က တရုတ်က ဆိုင်ကယ်တစီး ၃/၄ သိန်းပဲ ဆရာ။

ပြန်စာ

သတိပေး ကျေးဇူး။

(၁)

အရင်ကတော့ ယမုန်နာဆေးခန်း အမည်နဲ့ ဘလော့ဂ် လုပ်ထားတယ်။

- နေ့စဉ်လူနာစာရင်း၊

- သားဖွားလူနာစာရင်း၊

- ခွဲစိတ်လူနာစာရင်းတွေကို ဇယားတွေ၊ ပုံတွေနဲ့ တင်ထားတယ်။

ဘလော့ဂ် ပျက်သွားတာ ကြာပြီ။ မှတ်တမ်းတွေ နှမြောတယ်။

(၂)

ကျွန်ုပ်သည်ကား လက်သည်ဖြစ်၏

၁၅-၅-၂ဝ၁၃ နေ့ နံနက် ၃ နာရီ ၄၅ မိနစ်မှာ မွေးလူနာနံပါတ် ၃၀၂ ကနေ ယမုန်နာဆေးခန်းမှာ သမီးလေးဖွါးမြင်တယ်။

၁၅-၅-၂ဝ၁၄ နေ့က ည ၉ နာရီ ၁၀ မိနစ်မှာ မွေးလူနာနံပါတ် ၃၄၁ ကနေ ယမုန်နာဆေးခန်းမှာ သမီးလေးဖွါးမြင်တယ်။

ကျွန်တော်သည် နေ့ခင်းပိုင်းမှာ ဒေလီမြို့က လမ်းမကြီးပေါ်လျှောက်ပြီး လက်သီးလက်မောင်းတန်းကာ စစ်အာဏာရှင် ဆန့်ကျင်ရေးတွေ အော်ဟစ်ခဲ့တယ်။

ညပိုင်းမှာ စစ်အာဏာရှင်လက်အောက်မှာ မနေရကြမဲ့ကလေးတွေကို မွေးပေးခဲ့တယ်။

ကျွန်ုပ်သည်ကား လက်သည်ဖြစ်၏။

ပုံထဲက ကလေးတွေ ၁၂ နှစ်နဲ့ ၁၃ နှစ်တိတိတိကြီးကြပြီ။ ဟက်ပီးဘာ့သ်ဒေး။

(၃)

ကျွန်တော် သားဖွါးဆရာဝန်

၁၄-၆-၂ဝ၁၄ ယမုန်နာဆေးခန်း၏ နံပါတ် ၃၄၃ ယောက်မြောက်ကလေး နံနက် ၅ နာရီ၊ ၄၉ မိနစ်ကဖွါးမြင်သည်။

၁၄-၆-၂ဝ၁၄ ယမုန်နာဆေးခန်း၏ နံပါတ် ၃၄၄ ယောက်မြောက်ကလေး နေ့လည် ၁ နာရီ၊ ၄၈ မိနစ်က ဖွါးမြင်သည်။

ကလေးမွေးမပေးရတာ ငါးနှစ်ရှိပြီ။ ကလေးအမေတွေ ကလေးတွေ နေကောင်းကြပါစေ။

၁၄-၆-၂၀၁၄

၁၄-၆-၂၀၁၉

(၄)

နယူးဒေလီမြို့ ယမုန်နာဆေးခန်းလေးကို ၂၀၀၂ သြဂုတ်လမှာ စတင်ဖွင့်ခဲ့တယ်။ အခမဲ့။

၂၀၀၂ မှာ မွေးလူနာတွေကို လက်ခံစောင့်ရှောက်၊ မွေးဖွားပေးခဲ့တယ်။ ကလေးစုစုပေါင်း ၃၄၉ ယောက်။

၁၄ နှစ်ကြာခဲ့တဲ့ ဆေးခန်းလေးဟာ ကျွန်တော့ နိုင်ငံရေးဘဝမှတ်တိုင်တွေထဲက ကွန်ကရစ်တိုင်တခု။

ကလေးမိခင်တွေ၊ ကလေးတွေနဲ့ ဆေးခန်းဆရာမတွေ နေကောင်းကြစေသတည်း။

အခမဲ့ဆေးကုသခြင်းစာ တင်ပြီးမှ ဒေါ်မြမြအေးက ပြောပါတယ်။

"ငါ အသက် ၅၀ ပြည့်ရင် လူနာတွေကို အခမဲ့ဆေးကုပေးမယ်" လို့

ကျွန်တော်က ပြောဘူးပါသတဲ့။

ကိုယ့်စကားကိုယ် မေ့နေတယ်။ လက်တွေ့တော့ လုပ်နိုင်ခဲ့တယ်။

(၂၀၀၂ - ၁၉၄၈ = ၅၄) အသက် ၅၄ နှစ်ကျမှ စနိုင်ခဲ့ပါတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Herpes Simplex ရိုးရိုး ရေယုံ