သက်သာပျောက်ကင်းခြင်း ဆိုသည်မှာ
ဖြစ်ပျက်ခဲ့သမျှကို မေ့ပစ်လိုက်ရခြင်း သို့မဟုတ် မနာကျင်ခဲ့သလို ဟန်ဆောင်နေခြင်းကို ဆိုလိုသည် မဟုတ်ပါ။
မိမိ၏
ရာဇဝင် (သို့မဟုတ်) ကြုံတွေ့ခဲ့ရသည်များက မိမိ ဘဝ၏ အစိတ်အပိုင်းတခု
ဖြစ်နိုင်သော်လည်း
မိမိ၏
ကဏ္ဍတိုင်းကို လွှမ်းမိုးချုပ်ကိုင်ခွင့် မရှိတော့ကြောင်း သင်ယူနားလည်လာခြင်း
ဖြစ်ပါသည်။
အချို့ရက်များတွင်
ပြန်လည် ထတ်ကြွ ရဲရင့်လာခြင်းက သတ္တိရှိမှုအဖြစ် ပေါ်လွင်ပြီး၊
အချို့ရက်များတွင်မူ အနားယူခြင်း၊ အကူအညီ တောင်းခံခြင်း၊ အတားအဆီးများ
သတ်မှတ်ခြင်း သို့မဟုတ် ထိုနေ့တနေ့ကို ပြီးဆုံးအောင် ရိုးရိုးရှင်းရှင်း
ဖြတ်သန်းကျော်လွှားလိုက်ခြင်းအဖြစ် ပေါ်လွင်ပါသည်။
အဓိပ္ပာယ်ရှိသော
အနာဂတ်တခုကို ဖန်တီးတည်ဆောက်ရန်အတွက် မိမိ၏ အတိတ်ကို အပြီးတိုင် ဖျက်ဆီးပစ်ရန်
မလိုပါ။
လွန်ခဲ့သော
နာကျင်မှုနှင့် နောက်ထပ် ရောက်ရှိလာမည့် မျှော်လင့်ချက် အခွင့်အလမ်း နှစ်ခုလုံးကို
သင် ယှဉ်တွဲ သယ်ဆောင်သွားနိုင်ပါသည်။
မိမိ
ကြုံတွေ့ခဲ့ရသော ဘဝဇာတ်ကြောင်းကို ကြံ့ခိုင်မှု၊ ပြေပြစ်သိမ်မွေ့မှု၊ အကူအညီ
ထောက်မမှုတို့နှင့်အတူ မည်သို့ အားမာန်ပါပါ သယ်ဆောင်ရင်ဆိုင်ရမည်ကို
သင်ယူလေ့လာခြင်း ဖြစ်ပါသည်။
Healing doesn’t mean forgetting what happened or
pretending it didn’t hurt.
— Empowered to Rise Coaching

Comments
Post a Comment