စိုးရိမ်ပူပန်စရာများကို မည်သို့ ဖြေရှင်းကြမည်နည်း
တနေ့တာအတွင်း အနည်းငယ် စိုးရိမ်ပူပန်ခြင်းသည် သဘာဝကျသော်လည်း, မိမိတို့ ပုံမှန်စိုးရိမ်နေရသည့် အခြေအနေများ သို့မဟုတ် ဖြစ်ပေါ်တိုးတက်မှုများ ရှိလာပါက ထိုစိုးရိမ်ပူပန်မှုများကို တိုက်ရိုက်ရင်ဆိုင် ဖြေရှင်းရန် အဆင့်များကို စဉ်းစားဆောင်ရွက်သင့်ပါသည်။
မိမိကိုယ်ကိုနှင့် မိမိ၏လုပ်ငန်းကို စိုးရိမ်ပူပန်စေသည့် အဖြစ်အပျက်များမှ ကာကွယ်ရန် လုပ်ဆောင်နိုင်သော အဆင့်များ ရှိပါသည်။ အောက်ပါ အချက်များကို လုပ်ဆောင်ခြင်းအားဖြင့် စိုးရိမ်ပူပန်နေရသည့် အရာများကို ရင်ဆိုင်ဖြေရှင်းနိုင်ရန်နှင့် ဖြစ်နိုင်ခြေရှိသော ဖိစီးမှုများကို လျှော့ချနိုင်ရန် အထောက်အကူ ဖြစ်စေပါမည် -
စိုးရိမ်ပူပန်ရသည့် အကြောင်းရင်းများကို ရှာဖွေဖော်ထုတ်ပါ (Identify the Sources of Your Anxiety)
ပြန်လည်ဆင်ခြင်သုံးသပ်ပါ - သင့်စိုးရိမ်ပူပန်မှု၏ အဓိကအကြောင်းရင်းမှာ အဘယ်နည်း။ သင်သည် ငွေကြေးလုံခြုံမှု မရှိဟု စိုးရိမ်နေပါက သင့်စိုးရိမ်ပူပန်မှုကို ဖြေရှင်းရန် အဆင့်များကို လုပ်ဆောင်ပါ။ ဥပမာအားဖြင့် အရေးပေါ်ရန်ပုံငွေ (emergency fund) တရပ်ကို စတင်ထူထောင်နိုင်ပါသည်။ သင့်ဖိစီးမှု၏ အရင်းအမြစ်များကို ဖော်ထုတ်ခြင်းဖြင့် ၎င်းတို့ကို ပိုမိုကောင်းမွန်စွာ ဖြေရှင်းနိုင်မည် ဖြစ်ပါသည်။
အစီအစဉ်များ ချမှတ်ပါ (Put Plans in Place)
သင်ဘာကို စိုးရိမ်နေသည်ကို ရှင်းရှင်းလင်းလင်း သဘောပေါက်သွားပြီဆိုပါက၊ သင့်ကို စိုးရိမ်ပူပန်စေသည့် အကြောင်းရင်းများကို ကျော်လွှားနိုင်ရန် အစီအစဉ်များ ရေးဆွဲပြီး လိုက်နာလုပ်ဆောင်ပါ။ ဥပမာအားဖြင့် လာမည့်တင်ပြမှု (presentation) တခုအတွက် စိုးရိမ်နေပါက သင့်ခံစားချက်များကို ဖိနှိပ်မထားဘဲ စတင်ပြင်ဆင်ပါ။ ပရိသတ်ရှေ့တွင် ပြောမည့်စကားများကို လေ့ကျင့်ရန် အချိန်ယူပါ။ သူငယ်ချင်းများနှင့် မိသားစုများရှေ့တွင် လေ့ကျင့်ပါ။ တတ်နိုင်သမျှ ရှင်းရှင်းလင်းလင်းနှင့် တမင်ရည်ရွယ်ချက်ရှိရှိ ပြောဆိုနိုင်ရန် အသက်ရှူ လေ့ကျင့်ခန်းများနှင့် အသံပိုင်းဆိုင်ရာ လေ့ကျင့်ခန်းများကို လုပ်ဆောင်ပါ။ သင့်ကို စိုးရိမ်ပူပန်စေသည်မှာ မည်သည့်အရာပင်ဖြစ်ပါစေ၊ သင်၏စိုးရိမ်ပူပန်မှုများကို လျစ်လျူမရှုပါနှင့်။ အချိန်ကြာမြင့်စွာ ဖိစီးမှုဖြစ်ခြင်းသည် သင့်အာရုံစိုက်နိုင်စွမ်းကို အشتေအတားဖြစ်စေပြီး အကောင်းဆုံး လုပ်ဆောင်နိုင်စွမ်းကို လျော့ကျစေနိုင်သည်မှာ နားလည်နိုင်ပါသည်။
သင့်လျော်သော ကာကွယ်မှု ရယူပါ (Get Appropriate Protection)
သင့်လုပ်ငန်း၊ မိသားစု သို့မဟုတ် အိမ်၏ အနာဂတ်အတွက် စိုးရိမ်ပူပန်မှုများ ရှိနေပါသလား။ မိမိကိုယ်တိုင်အတွက် စိတ်အေးချမ်းသာမှု ရရှိလိုပါက မိမိနှင့် မိမိလုပ်ငန်းအတွက် သင့်လျော်သော အာမခံပေါ်လစီ (insurance policy) ကို ရှာဖွေကြည့်ရှုရန် စဉ်းစားပါ။ အခြေခံ ငွေကြေးဆိုင်ရာ ကာကွယ်မှုများသည် တနေ့တာအတွင်း သင်ကြုံတွေ့ရသည့် ဖိစီးမှုပမာဏကို လျှော့ချပေးရာတွင် များစွာ အထောက်အကူ ဖြစ်စေနိုင်ပါသည်။
သင့်ကိုယ်သင် ဂရုစိုက်ပါ! (Take Care of Yourself!)
ပုံမှန် ကိုယ်တိုင်ဂရုစိုက်မှု (self-care) ပြုလုပ်ခြင်းက ဖိစီးမှု ဖြစ်လာသည့်အခါ ၎င်းတို့ကို ဖော်ထုတ်ရန်နှင့် လျော့ပါးစေရန် အထောက်အကူ ပြုပါလိမ့်မည်။ တနေ့တာအတွင်း အာဟာရပြည့်ဝသော အစားအစာများဖြင့် သင့်စိတ်နှင့် ကိုယ်ခန္ဓာကို အားဖြည့်ပါ။ ညဘက်တွင် အိပ်ရေးဝဝအိပ်ခြင်းနှင့် တပတ်အတွင်း ကိုယ်လက်လှုပ်ရှားမှု ရှိခြင်းတို့က သင့်စွမ်းဆောင်ရည်အပေါ် သက်ရောက်မှု မရှိစေမီ ဖိစီးမှုကို ဖော်ထုတ်ပြီး ဖြေရှင်းနိုင်ရန် ပြင်ဆင်ပေးနိုင်ပါသည်။
အကူအညီ တောင်းခံပါ သို့မဟုတ် ဆက်သွယ်ပါ (Reach Out)
မိမိကိုယ်ကို စိုးရိမ်ပူပန်မှုလွန်ကဲနေသည်ဟု ခံစားရပါက သို့မဟုတ် အဆိုးမြင်အတွေးများဖြင့် ရှုပ်ထွေးနေပါက ယုံကြည်ရသော လမ်းပြဆရာ သို့မဟုတ် မိတ်ဆွေတဦးထံသို့ ဆက်သွယ်ပါ။ ၎င်းတို့သည် ၎င်းတို့၏ ရည်မှန်းချက်များဆီသို့ ဦးတည်လုပ်ဆောင်စဉ်အတွင်း ၎င်းတို့၏ စိုးရိမ်ပူပန်မှုများကို ဖြေရှင်းရာတွင် အထောက်အကူဖြစ်စေခဲ့သော အလေ့အထများနှင့် အဆင့်များကို သင့်အား ပြသပေးနိုင်ပါသည်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment