အောက်တိုဘာလသည် ရင်သားကင်ဆာ အသိပညာပေးလဖြစ်သည်

ရောဂါလက္ခဏာများကို သိရှိထားပါ

ရင်သား သို့မဟုတ် ချိုင်းကြားတွင် အကျိတ်အသစ် စမ်းမိခြင်း။

ရင်သား၏ အစိတ်အပိုင်းတခုခု ထူထဲလာခြင်း သို့မဟုတ် ရောင်ရမ်းလာခြင်း။

ရင်သားအရေပြား ယားယံခြင်း သို့မဟုတ် ချိုင့်ဝင်သွားခြင်း။

သီးခေါင်းဧရိယာ သို့မဟုတ် ရင်သားအရေပြား နီရဲလာခြင်း သို့မဟုတ် အဖတ်များကွာကျခြင်း။

သီးခေါင်း အထဲသို့ ချိုင့်ဝင်သွားခြင်း သို့မဟုတ် သီးခေါင်းဧရိယာ နာကျင်ခြင်း။

မိခင်နို့မှအပ သီးခေါင်းမှ အရည်များထွက်ခြင်း (ဥပမာ- သွေးထွက်ခြင်း)။

ရင်သား၏ အရွယ်အစား သို့မဟုတ် ပုံသဏ္ဌာန် ပြောင်းလဲမှု တစုံတရာ ရှိခြင်း။

ရင်သား၏ မည်သည့်နေရာမဆို နာကျင်ခြင်း။

သင်၌ ဤလက္ခဏာများထဲမှ တခုခုရှိနေပါက ဆရာဝန်နှင့် ချက်ချင်းပြသပါ။

ဒေါက်တာတင့်ဆွေ 

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Herpes Simplex ရိုးရိုး ရေယုံ