အသက် ၄၀ အရွယ်များ
နှလုံးသွေးကြောဆိုင်ရာနှင့် ဇီဝြဖစ်ပျက်မှု ကျန်းမာရေးသွေးတိုးရောဂါ
သွေးကြောမျှင်များမှာ ပျော့ပြောင်းမှု အားနည်းလာကာ လေဖြတ်ခြင်း သို့မဟုတ် နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေကို မြင့်တက်စေသည်။
ကိုလက်စထရော မြင့်မားခြင်း
အသက် ၄၀ ဝန်းကျင်တွင် မြင့်တက်လာလေ့ရှိပြီး နှလုံးသွေးကြောဆိုင်ရာ ဖြစ်နိုင်ခြေကို စောင့်ကြည့်ရန် ပုံမှန်သွေးစစ်ဆေးမှုများ ပြုလုပ်ရန် လိုအပ်သည်။
အမျိုးအစား (၂) ဆီးချိုရောဂါ (Type 2 Diabetes)
အသက် ၄၀ မှစတင်၍ ပုံမှန်သွေးတွင်းသကြားဓာတ်နှင့် HbA1c စစ်ဆေးမှုများကို ပြုလုပ်ရန် အရေးကြီးစေကာ လူလတ်ပိုင်းတွင် အင်စူလင်ကို ခံနိုင်ရည်ရှိမှု ပိုမိုများပြားလာတတ်သည်။ အမျိုးသမီးများသည်
ဟိုမုန်းနှင့် မျိုးပွားမှုဆိုင်ရာ အပြောင်းအလဲများသားဥကြွေလွန်ဆဲကာလ
မကြာခဏ အီစထိုဂျင်နှင့် ပရိုဂျက်စတီရုန်း ဟိုမုန်းအပြောင်းအလဲများ ကြုံတွေ့ရပြီး ရာသီမမှန်ခြင်း၊ ရင်တုန်ခြင်း၊ အိပ်စက်မှု အနှောင့်အယှက်ဖြစ်ခြင်းနှင့် စိတ်ခံစားချက် ပြောင်းလဲခြင်းတို့ ဖြစ်ပေါ်တတ်သည်။
အမျိုးသားများသည် အန်ဒရောပေါ့စ် ခေါ် အမျိုးသားဟိုမုန်းကျဆင်းခြင်း (Andropause / Testosterone Decline) တက်ကြွမှု၊ စိတ်ခံစားချက်နှင့် ကြွက်သားပြန်လည်ကောင်းမွန်လာမှုအပေါ် သက်ရောက်မှုရှိနိုင်သည့် တက်စတိုစတီရုန်း ဟိုမုန်း တနှစ်လျှင် ၁ ရာခိုင်နှုန်းခန့် တဖြည်းဖြည်း ကျဆင်းမှုကို ခံစားရသည်။
အမျိုးသားများတွင် လိင်ပိုင်းဆိုင်ရာ အားနည်းလာနိုင်ပြီး (တခါတရံ သွေးကြောဆိုင်ရာရောဂါ၏ ရှေ့ပြေးလက္ခဏာတခုအဖြစ် လုပ်ဆောင်တတ်သည်)။
အမျိုးသမီးများတွင် ဟိုမုန်းကျဆင်းမှုကြောင့် ခြောက်သွေ့ခြင်း သို့မဟုတ် လိင်စိတ်ဆန္ဒ လျော့နည်းခြင်းတို့ ဖြစ်ပေါ်နိုင်သည်။
အရိုးအဆစ်နှင့် ရုပ်ပိုင်းဆိုင်ရာ အပြောင်းအလဲများအရိုးအဆစ်ရောင်ရောဂါ (Osteoarthritis) အဆစ်များရှိ အရိုးနုများ ယိုယွင်းပျက်စီးလာကာ အစောပိုင်း တောင့်တင်းခြင်းနှင့် အဆစ်အမြစ် ကိုက်ခဲခြင်းတို့ကို ဖြစ်စေသည်။
ကြွက်သားထုထည် လျော့နည်းခြင်း (Sarcopenia / Muscle Loss)
သဘာဝကြွက်သားထုထည်နှင့် အရိုးသိပ်သည်းဆ စတင်ကျဆင်းလာပြီး ခွန်အားဖြစ်စေမည့် လေ့ကျင့်ခန်းလုပ်ရန် အရေးကြီးလာစေသည်။
အနီးမြင်ဝါးခြင်း (Presbyopia)
မျက်စိမှန်ဘီလူးများ ပျော့ပြောင်းမှု ဆုံးရှုံးလာကာ အနီးကပ်ကြည့်ရန်နှင့် စာဖတ်မျက်မှန်သုံးရန် ပိုမိုလိုအပ်လာသည်။
စိတ်ကျန်းမာရေးနှင့် လူနေမှုဘဝစိုးရိမ်ပူပန်ခြင်းနှင့် စိတ်ကျရောဂါ (Anxiety and Depression) အိုမင်းလာသော မိဘများနှင့် အရွယ်ရောက်လာသော ကလေးများကို ကြည့်ရှုစောင့်ရှောက်ခြင်း တို့နှင့်အတူ ဟိုမုန်းအပြောင်းအလဲများကို မျှတအောင် လုပ်ဆောင်ရခြင်း စသည့် လူလတ်ပိုင်း၏ ဖိစီးမှုများသည် စိတ်ခံစားချက် သို့မဟုတ် အိပ်စက်ခြင်းဆိုင်ရာ စိန်ခေါ်မှုများကို မကြာခဏ ဖြစ်ပေါ်စေသည်။
ကိုယ်အလေးချိန်နှင့် စွမ်းအင် အပြောင်းအလဲများ
မိုက်တိုကွန်ဒြီးယား စွမ်းဆောင်ရည် ကျဆင်းလာပြီး ကယ်လိုရီလောင်ကျွမ်းမှု နှေးကွေး သွားခြင်းကြောင့် ဝမ်းဗိုက်တဝိုက်တွင် အဆီပိုများ ပိုမိုမြန်ဆန်စွာ စုပုံလာတတ်သည်။
အသက် ၄၀ တွင် လုပ်ဆောင်ရန် အကြံပြုထားသော ပုံမှန်စစ်ဆေးမှုများ
သွေးပေါင်ချိန်စစ်ဆေးခြင်း (ဆေးခန်းသွားတိုင်း သို့မဟုတ် အနည်းဆုံး တနှစ်တကြိမ်)
ကိုလက်စထရောနှင့် အဆီဓာတ်ပါဝင်မှု စစ်ဆေးခြင်း
ဆီးချိုရောဂါ ဖြစ်နိုင်ခြေ ဆန်းစစ်ခြင်း / သွေးတွင်းသကြားဓာတ် စစ်ဆေးခြင်း
အနီးမြင်ဝါးခြင်းနှင့် မျက်စိကျန်းမာရေးအတွက် ပြည့်စုံသော မျက်စိစစ်ဆေးမှု
ကင်ဆာရောဂါ စစ်ဆေးမှုများ
အမျိုးသမီးများအတွက် ရင်သားကင်ဆာ မက်မိုဂရမ်စစ်ဆေးခြင်း၊ အရေပြားကင်ဆာ စစ်ဆေးခြင်းနှင့် အူမကြီးကင်ဆာ ဖြစ်နိုင်ခြေကို ဆွေးနွေးခြင်း။
ကျန်းမာကြစေသတည်း။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment