Blood Pressure and Foods သွေးတိုးနှင့် မုံ့ဟင်းခါး
ခေါင်းစဉ်ကို နည်းနည်းတော့ ပြင်သင့်တယ်။
နှလုံးနဲ့ သွေးတိုးနဲ့ မသင့်တဲ့အစားအသောက်တွေဆိုတာ ဘာတွေလဲ။
ဒီစာရေးဖို့ သုတေသနရှာတာ ရှိတာတွေက ယူအက်စ်နဲ့ ဗြိတိန်ကများလို့ အဲတာကိုပဲ ကိုးကားပါမယ်။ မြန်မာလူမျိုးတွေ စားတာသောက်တာနဲ့ ဆိုင်တာတွေပါ ထည့်ရေးပါမယ်။၁။ Salt ဆား
ဆားခေါ် အငန်ဓါတ်က နံပတ်တစ်ဖြစ်တယ်။ ဆားထည့်ထားတဲ့အစားအသောက်ဆို အကုန်ပါတယ်။ မုန့်ဟင်းခါးမှာ ဆား ထည့်မယ်။ ငန်ပြာရည်ထည့်မယ်။ အချိုမှုံ့ထည့်မယ်ဆိုရင် ဆားပါတယ်။ နည်းသလား များသလားတွေ မတူနိုင်။ ဆား တနေ့မှာ 1,500 mg ထက်မပိုသင့်ပါ။ အမေရိကန်တွေက တနေ့ 3,400 mg စားနေကြသတဲ့။ ကျွန်တော်တို့ကော မသိပါ။
၂။ Deli meat အသား
သူတို့ဆီမှာ ပြုပြင်ထားတဲ့အသားတွေမှာ ဆိုဒီယမ်တွေများတယ်။ အဲတာလည်း ဆား။
၃။ Frozen pizza ပီဇာ
မြန်မာလူမျိုးအတွက် ရေးဖို့မလိုအပ်လောက်ပါ။ မုန့်ဟင်းခါးကို ဒီနေမှာထည့်ရင်သင့်မယ်။ မုန့်ဟင်းခါးထဲထည့်တဲ့ အကြော်၊ အီကြာကွေးမှာ ဆော်ဒါပါတယ်။ အဲတာလည်း ဆိုဒီယမ်။ ဘဲဥ အဝါမှာ ကိုလက်စထောပါတယ်။
၄။ Pickles တည်ချဉ်
အဲတာကတော့ ကျွန်တော်တို့လူမျိုးတွေက ပြေးမလွတ်။ အထားခံအောင် ဆားနိုင်နိုင်ထည့်ရတယ်။
၅။ Canned products စည်သွပ်ဗူးအစားအစာများ
၆။ Packaged foods ထုပ်ပိုးထားသည့်အစားအစာများ
၇။ Sugar သကြေား ခေါ် အချိုဓါတ်
၈။ Trans fats စားသုံးဆီများ
၉။ Alcohol အရက်
ချုပ်လိုက်ရင်
ဆိုဒီယမ် ခေါ် ဆားကိုသတိထားပါလေ။ နေ့တိုင်း အနပ်တိုင်းမှာ သတိထားပါ။ ဆီးချိုရှိသလားလည်း စစ်ပါ။ အချိုနည်းလေ ကောင်းလေ။ နှလုံးအတွက် ကိုလက်စထော ခေါ် မသင့်တဲ့အဆီများနေသူ စားစရာမှန်သမျှ သတိထားရတယ်။ နေ့တိုင်း အနပ်တိုင်းမှာ သတိထားပါ။ စာတွေရေးထားတယ်။ ကိုယ်အလေးချိန်ချနိုင်လေကောင်းလေ။ စားသုံးဆီ သန့်ပါစေ။ စာတွေရေးထားတယ်။
သွေးတိုးရောဂါအတွက် မြန်မာ့အစားအစာများ
အဓိကသတိပြုရမှာက ဆိုဒီယမ် (ဆားဓာတ်) ဖြစ်ပြီး၊ ထို့နောက်တွင် ပြည့်ဝဆီ သို့မဟုတ် အဆီအနှစ်များစွာပါဝင်သော ဟင်းချက်ဆီများကိုပါ ဆက်လက်ဂရုစိုက်သင့်ပါသည်။
သွေးဖိအားကို ရုတ်တရက် မြင့်တက်စေခြင်း သို့မဟုတ် နှလုံးသွေးကြောစနစ်ကို ဖိစီးမှု ဖြစ်စေနိုင်တယ်။
ငါးပိနှင့် ပုစွန်ခြောက်/ငါးပိချက်များ။
မုံ့ဟင်းခါးကို ငါးနိုင်နိုင်နဲ့ချက်ရင် အချိုမှုံ့၊ သကြား၊ ထန်းလျက် မပါသင့်။
လက်ဖက်ကို ဆားအလွန်အမင်း စိမ်ထားပြီး ဆီစိမ်ထားတာကို သတိထားပါ။ ချဉ်ငန်စပ်မှာ ဆားများတယ်။
လက်ဖက်ရွက်၊ လက်ဖက်အချိုခြောက်မှာပါတဲ့ ကဖင်းဓာတ်ကြောင့် သွေးဖိအားနဲ့ နှလုံးခုန်နှုန်းကို ခေတ္တခဏ မြင့်တက်စေနိုင်တယ်။
တာရှည်ခံအောင် ပြုလုပ်ထားတဲ့ စားစရာတိုင်းမှာ ဆားပမာဏအမြောက်အမြားကို အသုံးပြုထားတယ်။
အချဉ်စိမ်နှင့် အသီးအရွက်ချဉ်များ၊ မုန်ညင်းချဉ်နှင့် အခြားအချဉ်စိမ် ဟင်းသီးဟင်းရွက်တွေမှာ ဆားရည်စိမ်မှုကို အလွန်အကျွံ အသုံးပြုကြတယ်။
ဘူးသီးကြော်၊ ကြက်သွန်ကြော်၊ ပဲကြော်၊ အကြော်စုံတွေမှာ မုန့်ကြော်ဆိုဒါပါတယ်။ အဲတာလည်း ဆိုဒီယမ်။
လုံးဝဖြတ်တောက်ရန် မလိုသော်လည်း ပမာဏနှင့် စားသုံးတဲ့အကြိမ်ရေကို လျှော့ချသင့်တယ်။
ဒေါက်တာတင့်ဆွေ
၆-၁၀-၂၀၁၈
Comments
Post a Comment