Blood Sugar Levels in Adults

ဆီးချိုတိုင်းတာ ၁၄၀ ရှိနေလို့ပါဆရာ

ပုံမှန် သွေးချို/သကြားဓါတ် ပမာဏဆိုတာ ဆီးချိုရောဂါ ရှိမရှိနဲ့ နောက်ဆုံး အစာစားထားတဲ့ အချိန်တွေအပေါ် မူတည်တယ်။ ဂဏန်းပြောတာနဲ့ အခြေအနေမှန်ကို မပြောနိုင်ပါ။

ဆီးချိုရောဂါ မရှိသူများ၏ သွေးချို/သကြားဓာတ် ပမာဏများ

မနက်ထ အစာမစားမီ – 70 မှ 99 mg/dL

နေ့လယ်စာမစားမီ – 100 mg/dL အောက်

အစာစားပြီး ၂ နာရီအကြာ – 140 mg/dL အောက်

ပျမ်းမျှ သွေးချိုဓာတ် HbA1C (၃ လစာ ပျမ်းမျှ) – 5.7% အောက်

ရောဂါအမည်တပ် စစ်ဆေးခြင်းဆိုင်ရာ ပမာဏများ (အစာငတ်ခံခြင်းနှင့် စေတနာအလျောက် စစ်ဆေးခြင်း)

ပုံမှန် – အစာငတ်ခံချိန် 100 mg/dL အောက် | A1C 5.7% အောက်

ဆီးချိုအကြိုအဆင့် (Prediabetes) – အစာငတ်ခံချိန် 100–125 mg/dL | A1C 5.7%–6.4%

ဆီးချိုရောဂါ (Diabetes) – အစာငတ်ခံချိန် 126 mg/dL သို့မဟုတ် ထို့ထက်မြင့်မားခြင်း | A1C 6.5% သို့မဟုတ် ထို့ထက်မြင့်မားခြင်း

ကြုံကြိုက်ချိန် စစ်ဆေးခြင်း (လက္ခဏာများရှိချိန် စစ်ဆေးပါက) – 200 mg/dL သို့မဟုတ် ထို့ထက်မြင့်မားခြင်း

ဆီးချိုရောဂါရှိသူများ ထိန်းသိမ်းရန် ရည်မှန်းထားရမည့် ပမာဏများ

အစာမစားမီ (အစာငတ်ခံချိန် သို့မဟုတ် မနက်စာမစားမီ) – 80 မှ 130 mg/dL

အစာစားပြီး ၂ နာရီအကြာ – 180 mg/dL ထက် နည်းရမည်။

ပျမ်းမျှ သွေးချိုဓာတ် HbA1C – အများအားဖြင့် 7.0% ထက် နည်းရမည်။ (တဦးနှင့်တဦး ကွဲပြားနိုင်ပါသည်။)

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Herpes Simplex ရိုးရိုး ရေယုံ