Boiled Rice ဆန်ပြုတ်သည် ဆေးတပါးဖြစ်သည်
• တနေ့မှာ ကယ်လိုရီ ၂၀၀၀ လိုသူအတွက် ၅% နဲ့ ညီတယ်။
• ဗီတာမင်တချို့နဲ့ဓါတ်ဆားတွေလည်းပါတယ်။
• ဆန်ဖြူထဲမှာ glycemic index များလို့ ဆီးချိုရှိသူတွေ များများဆိုရင်တော့ မသင့်ပါ။
ဆေး (တစ်) ပါးလို့ရေးရင်တော့ ရောဂါမရှိသူတွေလည်း မျိုကျမှာမဟုတ်။ဆန်ပြုတ်အမျိုးမျိုးသုတ
Boiled rice ဆိုရင် ဆန်ကိုရေနဲ့ပြုတ်ထားပြီး သောက်စရာ အရည်မပါတဲ့ပုံကိုသာပြတယ်။ မြန်မာလို ခေါ်ကြတဲ့ ဆန်ပြုတ်မဟုတ်ပါ။
၁။ ဆန်ပြုတ် Rice porridge
ဆန်ကို ရေ (သို့မဟုတ်) စွပ်ပြုတ်ရည်ဖြင့် ပျော့အိသွားအောင် ပြုတ်ထားသည့် ဆန်ပြုတ်။
ဥပမာ - Chicken rice porridge (ကြက်သား ဆန်ပြုတ်)
၂။ Congee (သို့မဟုတ်) Jook
အာရှနည်းဆန်ပြုတ် (ဆန်အစေ့များ ကြေမွပြီး အရည်ပျစ်ပျစ် အိအိဖြစ်အောင် ပြုတ်ထားတဲ့ ဆန်ပြုတ်) ကို သုံးနှုန်းတဲ့အမည်။
၃။ Rice soup
အရည်ကျဲကျဲနဲ့ သောက်စရာအရည် ပိုများတဲ့ ဆန်ပြုတ်မျိုး။
၄။ Rice gruel
ဆန်ကို ပျော့အိအောင် ပြုတ်ထားသည့် အရည်။ အများအားဖြင့် လူမမာများအတွက် ဆန်ပြုတ်ကျဲကျဲ။
၅။ ယာဂုဆွမ်း (Rice Gruel / Congee for Monks)
မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် ဘုရားအလောင်းတော်ကို သဌေးသမီး သုဇာတာ လှူဒါန်းတဲ့ နို့ဃနာဆွမ်း (နို့ထမင်း/ယာဂုဆွမ်း)။
အင်္ဂလိပ်လို Milk rice porridge သို့မဟုတ် Congee လို့သုံးနှုန်းကြပါတယ်။
ရဟန်းသံဃာတော်များအတွက် ယာဂုဆွမ်း (ဆန်ပြုတ် သို့မဟုတ် ဆန်ပြုတ်ရည်) ကပ်လှူခြင်းသည် အလွန်အကျိုးများသော ဒါနတပါးအဖြစ် လာရှိခဲ့ပါသည်။
စာပေလာအဆိုအရ ယာဂုသည် ရောဂါကို ငြိမ်းစေခြင်း၊ အစာကြေလွယ်ခြင်း၊ ခွန်အားကို ဖြစ်စေခြင်းစသည့် အကျိုး ၁၀ ပါး ရှိသည်။
၆။ သောက်စရာအရည်မကျန်ဘဲ ဆန်ကိုပြုတ်ထားတဲ့ အပျစ်အမျိုးအစားကို ထမနဲလို့ခေါ်ကြပါတယ်။ တပို့တွဲ ထမနဲလည်း မဟုတ်ပါ။ ဒေသသုံးအသုံးအနှုန်းဖြင့် "ထမနဲ" ဟု ခေါ်ဆိုကြတယ်။
Glutinous rice paste သို့မဟုတ် Sweet rice confection လို့ ဘာသာပြန်ဆိုနိုင်ပါတယ်။
ဒေါက်တာတင့်ဆွေ


Comments
Post a Comment