ပန်းနာရင်ကြပ်ရောဂါအတွက် ဒီပဲမိုခီးမက်ဘ် (Depemokimab for Asthma)

၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် အမေရိကန် အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဌာန (FDA) သည် အသက် ၁၂ နှစ်နှင့်အထက် ပြင်းထန်ရင်ကြပ်ရောဂါ အမျိုးအစားအချို့ ခံစားနေရသူများအတွက် နောက်ဆက်တွဲ ထိန်းသိမ်းကုသဆေးအဖြစ် ဒီပဲမိုခီးမက်ဘ် (အက်ခ်ဇ်ဒန်ဆာ) [Depemokimab (Exdensur)] ကို အတည်ပြုပေးခဲ့ပါသည်။ ယင်း ဇီဝဆေးဝါး (biologic medicine) သည် အီအိုစီနိုဖီးလ် (eosinophils) ဟုခေါ်သော သွေးဖြူဥပမာဏ မြင့်မားနေသည့် ပြင်းထန် ပန်းနာရင်ကြပ်ရောဂါသည်များတွင် ရောဂါလက္ခဏာ ရုတ်တရက် ရုတ်ခြည်းဆိုးရွားခြင်းနှင့် ဆေးရုံတက်ရောက်ရခြင်းတို့ကို လျှော့ချပေးနိုင်ကြောင်း ပြသခဲ့ပါသည်။ ထို့ပြင် တနှစ်လျှင် ခြောက်လတကြိမ်၊ စုစုပေါင်း နှစ်ကြိမ်မျှသာ ထိုးနှံကုသရန် လိုအပ်ပါသည်။

ဆေးဝါးသစ် ရှာဖွေတွေ့ရှိရေးနှင့် ဖော်ထုတ်ထုတ်လုပ်ရေးမှာ ရှည်လျားသော လုပ်ငန်းစဉ်တခုဖြစ်ပြီး၊ အလားအလာကောင်းသော ဆေးဝါးဒီဇိုင်း အယူအဆများနှင့် ဆေးဝါးလောင်း အများစုမှာ အဆုံးထိ မရောက်ရှိကြပါ။ စတင်သည့်အဆင့်တွင် အလားအလာရှိသော ကုသမှုနည်းဗျူဟာသစ်များနှင့် ဆေးဝါးလောင်းများကို ကြံဆဖန်တီးရန် အခြေခံသုတေသနပြုလုပ်ရပါသည်။ ဆေးဝါးသစ်တမျိုးကို လူတွင် လူတွေ့စမ်းသပ်မှု (clinical trials) မလုပ်မီ၊ ဓာတ်ခွဲခန်းနှင့် တိရစ္ဆာန်များတွင် ဦးစွာ များစွာ စမ်းသပ်စစ်ဆေးရပါသည်။ ထိုလေ့လာမှုများသည် ဆေး၏ အလုပ်လုပ်ပုံနှင့် လူများတွင် လုံခြုံစိတ်ချရမှု၊ ထိရောက်မှု ရှိမရှိ စိစစ်ပေးပါသည်။ ထို့နောက် အလားအလာရှိသော ဆေးဝါးလောင်းများကို မှန်ကန်သော ဆေးပမာဏ ရရှိစေရန်နှင့် ယင်း၏ ထိရောက်မှု၊ ဘေးကင်းမှုကို စမ်းသပ်ရန် လူတွေ့စမ်းသပ်မှုများ ပြုလုပ်ရပါသည်။ ဆေးဝါးတမျိုးမျိုးကို FDA က မအတည်ပြုမီ၊ သီးခြားရောဂါ သို့မဟုတ် ကျန်းမာရေးအခြေအနေ ခံစားနေရသူများအတွက် ယင်းဆေး၏ အကျိုးကျေးဇူးက ဘေးထွက်ဆိုးကျိုးအန္တရာယ်ထက် ပိုမိုများပြားကြောင်း လေ့လာမှုများက ပြသရမည် ဖြစ်ပါသည်။

• အဆင့် ၁ - ဆေးဝါး ဒီဇိုင်းရေးဆွဲခြင်း၊ ရှာဖွေတွေ့ရှိခြင်းနှင့် ဖော်ထုတ်ထုတ်လုပ်ခြင်း

• အဆင့် ၂ - ဓာတ်ခွဲခန်းအတွင်း ပရောဂဗေဒ စမ်းသပ်စစ်ဆေးခြင်း (Preclinical Testing)

• အဆင့် ၃ - လူတွင် စမ်းသပ်စစ်ဆေးခြင်း

• အဆင့် ၄ - ကျွမ်းကျင်သူများက စိစစ်သုံးသပ်ခြင်း

• အဆင့် ၅ - ကာလရှည် စောင့်ကြည့်လေ့လာခြင်း

နိဂုံးချုပ် သုံးသပ်ချက်

ဒီပဲမိုခီးမက်ဘ် (Depemokimab) သည် အသက် ၁၂ နှစ်နှင့်အထက် လူကြီးနှင့် လူငယ်များတွင် အီအိုစီနိုဖီးလ် သွေးဖြူဥများပြားသည့် ပြင်းထန်ရင်ကြပ်ရောဂါကို ကုသရန် FDA က အတည်ပြုပေးခဲ့သော ပထမဆုံး အာနိသင် အလွန်ရှည်ကြာသည့် ဇီဝဆေးဝါး (ultra-long-acting biologic) ဖြစ်ပါသည်။ ယင်းဆေးသည် အင်တာလူကင်-၅ (interleukin-5) ကို ပစ်မှတ်ထား လုပ်ဆောင်ခြင်းဖြင့် အီအိုစီနိုဖီးလ် ပမာဏ၊ ရင်ကြပ်ရောဂါ ရုတ်တရက် ဆိုးရွားခြင်း၊ အရေးပေါ်ဌာန ရောက်ရှိခြင်းနှင့် ဆေးရုံတက်ရခြင်းတို့ကို လျှော့ချပေးပါသည်။ ဆေး၏ ဘေးကင်းမှုနှင့် ထိရောက်မှုကို ဖော်ပြသည့် ပရောဂဗေဒ နှင့် လူတွေ့စမ်းသပ်မှု ရလဒ်များပေါ် မူတည်၍ FDA က ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် အတည်ပြုခဲ့ခြင်း ဖြစ်ပါသည်။ ပြင်းထန်ရင်ကြပ်ရောဂါအတွက် အတည်ပြုထားပြီး ဖြစ်သော အခြား IL-5 ပစ်မှတ်ထား ဇီဝဆေးဝါးများ (ဥပမာ - မယ်ပိုလီဇူးမက်ဘ် [mepolizumab]) နှင့်မတူဘဲ၊ ဒီပဲမိုခီးမက်ဘ် ကို တနှစ်လျှင် နှစ်ကြိမ်မျှသာ ကုသမှုခံယူရန် လိုအပ်ပါသည်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Herpes Simplex ရိုးရိုး ရေယုံ