Heart Disease နှလုံးရောဂါ

ရောဂါလက္ခဏာများ၊ ဖြစ်ပွားရသည့် အကြောင်းအရင်းများ၊ ရောဂါအမည်တပ်ခြင်း၊ ကုသခြင်း နှင့် ကာကွယ်ခြင်း

နှလုံးသွေးကြောကျဉ်းရောဂါ (CAD) ၏ ရောဂါလက္ခဏာများ

- ရင်ဘတ်အောင့်ခြင်း/ရင်ဘတ်နာခြင်း (ရင်ဘတ်အတွင်း နာကျင်ခြင်း၊ တင်းကျပ်ခြင်း၊ ဖိစီးမှုခံစားရခြင်း သို့မဟုတ် မသက်မသာဖြစ်ခြင်း)

- မောပန်းခြင်း / အသက်ရှူရခက်ခဲခြင်း

- ပင်ပန်းနွမ်းနယ်စွာ လှုပ်ရှားဆောင်ရွက်ချိန်၌ လွန်စွာ မောပန်းနွမ်းနယ်ခြင်း

- ခေါင်းမူးဝေခြင်း

- မေးရိုး၊ လည်ချောင်း၊ လည်ပင်း၊ ဝမ်းဗိုက်အထက်ပိုင်း သို့မဟုတ် ကျောဘက်တို့၌ နာကျင်ခြင်း

နှလုံးခုန်နှုန်း မမှန်သည့်ရောဂါ (Arrhythmias) ၏ ရောဂါလက္ခဏာများ

- ရင်တုန်ခြင်း သို့မဟုတ် နှလုံးခုန်တချက် တုံ့ခနဲ ရပ်သွားသလို ခံစားရခြင်း

- နှလုံးခုန် မြန်လွန်းခြင်း (Tachycardia)

- နှလုံးခုန် နှေးလွန်းခြင်း (Bradycardia)

- ရင်ဘတ်နာကျင်ခြင်း သို့မဟုတ် မသက်မသာဖြစ်ခြင်း

- မောပန်းခြင်း / အသက်ရှူရခက်ခဲခြင်း

- ခေါင်းမူးခြင်း သို့မဟုတ် ခေါင်းမူးဝေခြင်း

- မေ့လဲခြင်း / သတိလစ်ခြင်း

- မောပန်းနွမ်းနယ်ခြင်း

မွေးရာပါ နှလုံးရောဂါ (Congenital Heart Disease) ၏ ရောဂါလက္ခဏာများ

- နှလုံးခုန်နှုန်း မမှန်ခြင်း

- မောပန်းခြင်း / အသက်ရှူရခက်ခဲခြင်း

- အရေပြား၊ နှုတ်ခမ်းနှင့် လက်သည်းများ ညိုပြာနှမ်းခြင်း

- လျှင်မြန်စွာ မောပန်းလွယ်ခြင်း

- ခန္ဓာကိုယ် တသျှူးများ သို့မဟုတ် အင်္ဂါအစိတ်အပိုင်းများ ရေဖောယောင်ခြင်း

နှလုံးကြွက်သားရောဂါ (Cardiomyopathy) ၏ ရောဂါလက္ခဏာများ

- မောပန်းနွမ်းနယ်ခြင်း

- ပင်ပန်းစွာ လှုပ်ရှားချိန်၌ဖြစ်စေ၊ နားနေချိန်၌ဖြစ်စေ မောပန်းခြင်း

- နှလုံးခုန်နှုန်း မမှန်ခြင်း

- ခေါင်းမူးခြင်း၊ ခေါင်းမူးဝေခြင်း နှင့် မေ့လဲခြင်း

- ခြေထောက်၊ ခြေကျင်းဝတ်နှင့် ခြေဖဝါးများ ရောင်ရမ်းခြင်း

နှလုံးရောဂါ ဖြစ်ပွားရသည့် အကြောင်းအရင်းများနှင့် စိစစ်ရန် အချက်များ

- မွေးရာပါ ပါလာသော နှလုံးချို့ယွင်းချက်များ

- သွေးတိုးရောဂါ

- နှလုံးလုပ်ဆောင်ချက် ပျက်စီးခြင်း (Heart failure)

- ဆီးချိုရောဂါ

- ဆေးလိပ်နှင့် ဆေးရွက်ကြီး သုံးစွဲခြင်း

- ကဖိန်းဓာတ် သို့မဟုတ် အရက်သေစာ အလွန်အကျွံ သောက်သုံးခြင်း

- မူးယစ်ဆေးဝါး သုံးစွဲခြင်း

- စိတ်ဖိစီးမှု

တွဲဖက်ရှိနေတတ်သော ကျန်းမာရေးပြဿနာများ သို့မဟုတ် နေထိုင်မူ အလေ့အထများ

- သွေးတိုးရောဂါ

- သွေးတွင်း ကိုလက်စထရော မြင့်မားခြင်း

- ကိုယ်အလေးချိန် လွန်ကဲခြင်း သို့မဟုတ် အဝလွန်ခြင်း

- ဆေးလိပ်နှင့် ဆေးရွက်ကြီး သုံးစွဲခြင်း

- ဆီးချိုရောဂါ သို့မဟုတ် ဆီးချိုမဖြစ်မီ အကြိုအဆင့်

- ခန္ဓာကိုယ် လှုပ်ရှားဆောင်ရွက်မှု နည်းပါးခြင်း

- ကျန်းမာရေးနှင့် မညီညွတ်သော စားသောက်နေထိုင်မှု

- မိသားစုအတွင်း နှလုံးရောဂါ ရာဇဝင်ရှိခြင်း

- ကိုယ်ဝန်ဆောင်စဉ် ကိုယ်ဝန်ဆိပ်တက်ဖူးသည့် ရာဇဝင်ရှိခြင်း

- အမျိုးသမီးများတွင် အသက် ၅၅ နှစ်နှင့်အထက်၊ အမျိုးသားများတွင် အသက် ၄၅ နှစ်နှင့်အထက် ဖြစ်ခြင်း

နှလုံးရောဂါအား စမ်းသပ်စစ်ဆေး၍ ရောဂါအမည်တပ်ခြင်း

- လျှပ်စစ်စက်ဖြင့် နှလုံးခုန်နှုန်း တိုင်းတာခြင်း (ECG)

- လေ့ကျင့်ခန်းလုပ်ခိုင်း၍ နှလုံးစမ်းသပ်ခြင်း (Stress Tests)

- တာရာသံလှိုင်းသုံး နှလုံးဓာတ်မှန်ရိုက်ခြင်း (Echocardiogram)

- အချိန်ပြည့် နှလုံးခုန်နှုန်း မှတ်တမ်းတင်ကိရိယာတပ်ဆင်ခြင်း (Holter Monitors)

- ကွန်ပျူတာဓာတ်မှန် ရိုက်ကူးခြင်း (CT Scans)

- သံလိုက်ဓာတ်မှန် ရိုက်ကူးခြင်း (MRI)

- နှလုံးသွေးကြောထဲ ပိုက်ထည့်၍ စစ်ဆေးခြင်း (Cardiac Catheterization)

နှလုံးရောဂါအတွက် ကုသမှု နည်းလမ်းများနှင့် ဆေးဝါးများ

ဆေးဝါးများ

- သွေးခဲတားဆေးများ သို့မဟုတ် သွေးကျဲဆေးများ (Anticoagulants)

- သွေးဥမွှား စုခဲမှုတားဆေးများ (ဥပမာ - အက်စပရင်)

- အင်ဂျီယိုတန်းဆင်း တူး ရီဆက်ပတာ ဘလော့ကာများ (ARBs)

- ဘီတာ ဘလော့ကာများ (Beta-blockers)

- ကယ်လ်ဆီယမ် ချန်နယ် ဘလော့ကာများ (Calcium channel blockers)

- ဒစ်ဂျစ်တာလစ် ဆေးဝါးများ (Digitalis)

- သွေးကြောကျယ်ဆေးများ (Vasodilators)

- ဆီးဆေးများ (Diuretics)

- စတက်တင် (Statins) ကဲ့သို့သော သွေးတွင်း ကိုလက်စထရော လျှော့ချပေးသည့် ဆေးများ

ခွဲစိတ်ကုသမှုများ

- သွေးကြောချဲ့ခြင်း (Angioplasty)

- သွေးကြောထဲ ပိုက်စက္ကူ/စတန့် ထည့်သွင်းခြင်း (Stent Placement)

- နှလုံးအဆို့ရှင်တု လဲလှယ်ခွဲစိတ်ခြင်း (Artificial Heart Valve Surgery)

- နှလုံးသွေးကြော အစားထိုး ခွဲစိတ်ခြင်း (Bypass Surgery)

- ရေဒီယိုလှိုင်းသုံး၍ နှလုံးခုန်ပုံမမှန်သည့် ဆဲလ်များကို ဖျက်ဆီးကုသခြင်း (Radiofrequency Ablation)

- ကျောကြွက်သားဖြင့် နှလုံးကြွက်သား အားဖြည့်ပေးခြင်း (Cardiomyoplasty)

- နှလုံးအစားထိုး ခွဲစိတ်ခြင်း (Heart Transplant)

- လေဆာရောင်ခြည်သုံး၍ နှလုံးကြွက်သား သွေးလှည့်ပတ်မှု ပြန်လည်ကောင်းမွန်စေခြင်း (Transmyocardial Revascularization)

နှလုံးရောဂါ မဖြစ်အောင် ကာကွယ်ခြင်း

- ကိုယ်လက်လေ့ကျင့်ခန်း ပြုလုပ်ခြင်း

- ယောဂကျင့်စဉ် ကျင့်ကြံခြင်း

- ကျန်းမာရေးနှင့် ညီညွတ်သော စားသောက်မှုပုံစံအတိုင်း စားသောက်ခြင်း

နှလုံးကျန်းမာစေသည့် လူနေမှုဘဝအတွက် အခြားဆောင်ရန်များ

- သင့်တော်သော ကိုယ်အလေးချိန်ကို ထိန်းသိမ်းခြင်း

- ဆေးလိပ်သောက်ခြင်းမှ လုံးဝရှောင်ကြဉ်ခြင်း

- အရက်သောက်သုံးမှုကို ကန့်သတ်ခြင်း

- စိတ်ဖိစီးမှုကို လျှော့ချနိုင်မည့် နည်းလမ်းများ ရှာဖွေဆောင်ရွက်ခြင်း

နှလုံးရောဂါ၏ နောက်ဆက်တွဲ ဆိုးကျိုးများ

- ရုတ်တရက် နှလုံးရိုက်ရပ်ခြင်း / နှလုံးဖောက်ခြင်း (Heart attack)

- လေဖြတ်ခြင်း (Stroke)

- နှလုံးလုပ်ဆောင်ချက် ပျက်စီးခြင်း (Heart failure)

- သွေးကြောမကြီး ဖောင်းကားယိုစိမ့်ခြင်း (Aneurysm)

- ရုတ်တရက် နှလုံးခုန်ရပ်တန့်သွားခြင်း (Sudden cardiac arrest)

သုတေသနနှင့် ကိန်းဂဏန်း အချက်အလက်များ

- အမေရိကန်နိုင်ငံသား ၁၂၈ သန်းခန့်တွင် အမျိုးအစား တခုခုသော နှလုံးရောဂါ ခံစားနေရပါသည်။

- နှလုံးနှင့် သွေးကြောဆိုင်ရာ ရောဂါများသည် ကမ္ဘာတဝန်းတွင် သေဆုံးမှု အများဆုံး အကြောင်းအရင်းအဖြစ် တည်ရှိနေဆဲ ဖြစ်ပါသည်။

- နှစ်စဉ်နှစ်တိုင်း အမေရိကန်နိုင်ငံသား ၆၉၅,၀၀၀ ခန့်သည် နှလုံးရောဂါကြောင့် သေဆုံးနေရပြီး၊ သေဆုံးမှု ၅ ခုတွင် ၁ ခုမှာ နှလုံးရောဂါကြောင့် ဖြစ်ပါသည်။

နှလုံးရောဂါနှင့် ဆက်စပ်နေသော ရောဂါများနှင့် အကြောင်းအရင်းများ

- သွေးတိုးရောဂါ (Hypertension)

- သွေးတွင်း ကိုလက်စထရော မြင့်မားခြင်း (High cholesterol)

- အမျိုးအစား (၂) ဆီးချိုရောဂါ (Type 2 diabetes)

- အိပ်ပျော်စဉ် အသက်ရှူခဏရပ်သည့် ရောဂါ (Sleep apnea)

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Herpes Simplex ရိုးရိုး ရေယုံ