Joints and Weather Changes ရာသီဥတုနှင့် အဆစ်နာ
ဒူလာကို မြန်မာလို ဘာသာပြန်ကြတာ မတူကြပါ။ တယောက်တမျိုး။
ဥတုအပြောင်းအလဲနဲ့ ရာသီအပြောင်းအလဲတွေမှာ လေဖိအားပြောင်းတယ်။ Barometric pressure ဘာရိုမက်ထရစ် ဖိအားလို့ ခေါ်ပါတယ်။ ကမာ္ဘမြေကြီးရဲ့မျက်နှာပြင်ပေါ်ကို ဖိနေတဲ့အားပြောင်းတာကိုပြောတာ။ အဲလိုအပြောင်းအလဲကနေ သက်ရှိတွေရဲ့ကျန်းမာရေးကို သက်ရောက်စေနိုင်တယ်။ တချို့မှာရောဂါရှိတာ ဆိုးစေနိုင်တယ်။ လူတွေရဲ့ အရေပြားမှာ အာရုံကြောလေးတွေရှိလို့ အဲတာလေးတွေကို သက်ရောက်ခံရတယ်။ သိသာတာကတော့ အရိုးအဆစ်။ တချို့ဆိုရင် ကျွန်တော်နဲ့ ကျွန်တော့်ဇနီးအပါအဝင် မိုးရွာမလား သိတယ်။ အပြင်မှာအေးနေတာကို အိမ်ထဲကနေသိတယ်။
Arthritis အဆစ်နာရောဂါ synovium ခေါ် အရွတ်ဖုံးလွှာနဲ့ ligaments ခေါ် အရွတ်ကြောတွေပါသက်ရောက်ခံရတယ်။ ဥတုအပြောင်းမှာ အဲတာတွေမှာရှိတဲ့အာရုံကြောလေးတွေ သက်ရောက်ခံရတယ်။
သုတေသနရလဒ်တွေက မတူတာတွေရှိပေမဲ့ Pain ဂျာနယ်လေ့လာမှုတခုအရ နာတာရှည်အဆစ်နာရောဂါရှိသူ ၃ ပုံ ၂ ပုံဟာ ရာသီဥတုအပြောင်းအလဲမှာ ပိုပြီးနာတာခံစားကြရတယ်လို့ဆိုပါတယ်။ Migraines မိုင်ဂရင်ရောဂါရှိသူတွေလည်း အဲလိုပဲ။
ရာသီဥတုပြန်မှန်ရင် ရောဂါဆိုးခဲ့တာ သက်သာလာပြန်တယ်။ မြန်မာပြည်သားတွေ ရာသီဥတုသင့်မျှတာနဲ့သာ တွေ့ကြပါစေသတည်း။
ဒေါက်တာတင့်ဆွေ
၁၇-၁၀-၂၀၁၈

Comments
Post a Comment