Cancer and Herbal Medicine ကင်ဆာနှင့် ဟာဗယ်ဆေး သတိပေး
ကင်ဆာပျောက်တယ်၊ ကောင်းတယ်ဆိုပြီး အင်္ဂလိပ်လိုရော မြန်မာလိုပါ ရေးနေကြတဲ့ ဟာဗယ် ခေါ် အသီးအရွက် ဆေးနည်းတွေရှိတယ်။ အမျိုးအစားကလည်း များတယ်။ ဆေးသုတေသနတွေလုပ်ပြီး သတိပေးချက် ထွက်လာပါတယ်။
ကင်ဆာလူနာတွေ သူတို့ဖါသာ ဟာဗယ်ဆေးတွေသောက်
နေတာရှိရင် ဆရာဝန်ကိုပြောပါတဲ့။ တချို့ ဟာဗယ်ဆေးတွေက အနာကျက်တာ နှေးစေတယ်လို့ ကင်ဆာကွန်ဖရင့်မှာ ပြောကြာလိုက်တာပါ။မြန်မာလိုအခေါ်တွေ မတူကြပါ။ အဲတာတွေက သွေးခဲမှုကို နှေးစေတယ်။
၁။ green chiretta — ဆေးခါးကြီးပင် (အန္ဒိယဆေးခါးကြီး)
၂။ feverfew — ဖီဗာဖျူး (ဒေစီပန်းမျိုးနွယ်ဝင် ခေါင်းကိုက်ပျောက်ဆေးဖက်ဝင်အပင်)
၃။ garlic — ကြက်သွန်ဖြူ
၄။ ginkgo — ဂင်ကို (ကမ္ဘာဦးပင် / ဦးနှောက်နှင့် မှတ်ဉာဏ်အားကောင်းစေသော အပင်)
၅။ ginseng — ဂျင်ဆင်း (ကိုရီးယား/တရုတ် ဆေးမြစ်)
၆။ hawthorn — ဟောသွန်းပင် (နှလုံးအားကောင်းစေသော ဆူးချုံပင်တစ်မျိုး)
၇။ horse chestnut — မြင်းသစ်အယ်သီးပင် (သွေးကြောထုံးခြင်းနှင့် သွေးလည်ပတ်မှုအတွက်သုံးသော အပင်)
၈။ turmeric — နနွင်း (နနွင်းတက်)
ဒေါက်တာတင့်ဆွေ
၁၆-၁၁-၂၀၁၉


Comments
Post a Comment