Canned fish ငါးသေတ္တာ
ငါးသေတ္တာသည် အစားအစာများကို ရေရှည်ထိန်းသိမ်းထားနိုင်ရန် လေလုံပိတ်ဆို့ခြင်းနှင့် အပူပေးပိုးသတ်ခြင်း (ဗူးသွပ်ခြင်း) နည်းပညာတို့ကို ပေါင်းစပ်အသုံးပြုထားပါသည်။
တာရှည်ခံအောင် မည်သို့ပြုလုပ်သနည်း
အပူချိန်မြင့်မားစွာဖြင့် ပိုးသတ်ခြင်း: ငါးတွင် အက်ဆစ်ဓာတ်နည်းပါးသောကြောင့် (pH Level ၄.၆ ထက်မြင့်မားသည်) ဘော့တူလစ်ဇင် (botulism) ရောဂါကို ဖြစ်စေသည့် Clostridium botulinum ကဲ့သို့သော အန္တရာယ်ရှိ ဘက်တီးရီးယားများ ပေါက်ဖွားနိုင်သည်။ ထိုစပေါ့ (spores) များနှင့် မိုက်ခရိုဘက်တီးရီးယားများကို ချေမှုန်းရန်အတွက် ငါးသေတ္တာများကို အပူချိန်မြင့်မားသော (ပုံမှန်အားဖြင့် ၁၁၃ ဒီဂရီ စင်တီဂရိတ်မှ ၁၆၀ ဒီဂရီ စင်တီဂရိတ် / ၂၃၅ ဒီဂရီ ဖာရင်ဟိုက်မှ ၃၂၀ ဒီဂရီ ဖာရင်ဟိုက်) အားမြှင့်ပေါင်းအိုး သို့မဟုတ် အပူပေးပေါင်းစက်အတွင်း ထည့်သွင်းဆူပွက်စေသည်။
လေလုံအောင် ပိတ်ဆို့ခြင်း: စတီးဗူး သို့မဟုတ် ဖန်ပုလင်းအတွင်း ထည့်သွင်းချက်ပြုတ်ပြီး လေလုံအောင် ပိတ်ဆို့လိုက်သည်နှင့် အပြင်မှ မိုက်ခရိုဇီဝရုပ်များ၊ အောက်ဆီဂျင်နှင့် ညစ်ညမ်းပစ္စည်းများ ဝင်ရောက်နိုင်ခြင်း မရှိတော့ဘဲ ဓာတုတာရှည်ခံဆေးများ သုံးစရာမလိုဘဲ ၁ နှစ်မှ ၅ နှစ်အထိ အပြင်မှာပင် ကြာရှည်ခံစေပါသည်။
ဖြည့်စွက်ပါဝင်ပစ္စည်းများ: အပူပေးပိုးသတ်ခြင်းသည် တာရှည်ခံစေသည့် ပင်မနည်းလမ်းဖြစ်သော်လည်း အရသာ၊ အိစက်မှုနှင့် အစိုဓာတ်တို့ကို ထန်းသိမ်းရန်အတွက် သံလွင်ဆီ၊ ရေ၊ ဆားရည် သို့မဟုတ် ခရမ်းချဉ်သီးဆော့စ်တို့ကိုလည်း ငါးနှင့်အတူ ထည့်သွင်းလေ့ရှိသည်။ အချို့အမျိုးအစားများကို အရသာပိုမိုကောင်းမွန်စေရန် ဗူးမပိတ်မီ ကျပ်တင်ခြင်း၊ ဆားနယ်ခြင်း သို့မဟုတ် ကြိုတင်ချက်ပြုတ်ခြင်းများ ပြုလုပ်ကြသည်။
(၂) FDA (အမေရိကန် အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးအဖွဲ့) သည် စီးပွားဖြစ် ငါးသေတ္တာထုတ်ကုန်များအတွက် ကြိုတင် အတည်ပြုချက် ("approval") ထုတ်ပေးခြင်းမရှိသော်လည်း အပူပေးဗူးသွပ်ခြင်းလုပ်ငန်းသည် ဥပဒေအရ မဖြစ်မနေ စက်ရုံမှတ်ပုံတင်ခြင်းနှင့် ထုတ်လုပ်မှုလုပ်ငန်းစဉ် တင်ပြခြင်းတို့ လိုအပ်သည့် တင်းကျပ်စွာ ထိန်းချုပ်ထားသော လုပ်ငန်းတခုဖြစ်ပါသည်။
စီးပွားဖြစ် ထုတ်လုပ်သော ငါးသေတ္တာများသည် အမေရိကန်ပြည်ထောင်စု၏ အဆဆင့် ကွပ်ကဲထားသော အစားအသောက်ဘေးအန္တရာယ် ကင်းရှင်းရေး စည်းမျဉ်းများအောက်တွင် ပါဝင်ပါသည်။
၁။ အက်ဆစ်နည်းပါးသော ဗူးသွပ်အစားအသောက် (LACF) စည်းမျဉ်းများ
ငါးသည် အက်ဆစ်ဓာတ် နည်းပါးသဖြင့် (pH ၄.၆ ထက်မြင့်မားသည်) အက်ဆစ်နည်းပါးသည့် ဗူးသွပ်အစားအသောက်အဖြစ် သတ်မှတ်ထားသည်။ 21 CFR Part 113 စည်းမျဉ်းအရ ထုတ်လုပ်သူများသည် ကုန်ပစ္စည်းမရောင်းချမီ ၎င်းတို့၏ စက်ရုံမှတ်တမ်းများ (FCE registration) နှင့် သိပ္ပံနည်းကျ စိစစ်ထားသော အပူပေးထုတ်လုပ်သည့် အဆင့်များ (SID filings) ကို FDA သို့ မဖြစ်မနေ တင်ပြရမည်ဖြစ်သည်။
၂။ မဖြစ်မနေ လုပ်ဆောင်ရမည့် ပင်လယ်စာ HACCP စနစ်များ
LACF စည်းမျဥ်းများအပြင် ပင်လယ်စာ ထုတ်လုပ်သူများ (ပြည်တွင်းနှင့် ပြည်ပ တင်သွင်းသူများပါမကျန်) သည် 21 CFR Part 123 အရ Hazard Analysis Critical Control Point (HACCP) အစီအစဉ်ကို စနစ်တကျ ကျင့်သုံးရမည်။ ဤစနစ်သည် ငါးသေတ္တာများတွင် ဖြစ်ပေါ်တတ်သော ဟစ်စတာမင်း (histamine) ဓာတ်ကဲ့သို့သော ပင်လယ်စာနှင့် သက်ဆိုင်သည့် ဇီဝဗေဒဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာနှင့် ဓာတုဘေးအန္တရာယ်များကို စောင့်ကြည့်ထိန်းချုပ်ရန် တောင်းဆိုထားသည်။
၃။ အမျိုးအစားသတ်မှတ်ချက် စံနှုန်းများ
FDA သည် 21 CFR Part 161 အရ ဗူးအတွင်း အမှန်တကယ် ပါဝင်ရမည့် ပစ္စည်းများနှင့် ပတ်သက်၍ တင်းကျပ်သော စံနှုန်းများကို ကျင့်သုံးသည်။ ၎င်းတွင် ခွင့်ပြုထားသော ငါးမျိုးစိတ်၊ သတ်မှတ်ထားသော အဆင်းအရောင်၊ လှီးဖြတ်သည့် ပုံစံများ (အတုံးလိုက်၊ အဖတ်လိုက် သို့မဟုတ် အမျှင်လိုက်) နှင့် ငါးသေတ္တာ၊ ဆယ်လ်မွန်နှင့် ပုစွန်ကဲ့သို့ အစားအသောက်များ၏ အနည်းဆုံးဖြည့်သွင်းရမည့် အလေးချိန်တို့ကို တိတိကျကျ သတ်မှတ်ထားသည်။
၄။ ကြိုတင်အတည်ပြုချက်ထက် လိုက်နာမှုစစ်ဆေးခြင်းကို ဦးစားပေးခြင်း
စတိုးဆိုင်စင်ပေါ် မရောက်မီ ကုန်အမှတ်တံဆိပ်တခုချင်းစီ၏ ဗူးများကို ကြိုတင်အတည်ပြုပေးမည့်အစား FDA သည် စက်ရုံများကို ပုံမှန် ဝင်ရောက်စစ်ဆေးခြင်းနှင့် စည်းမျဉ်းမလိုက်နာသော သို့မဟုတ် စာရင်းမသွင်းထားသော တင်သွင်းငါးသေတ္တာများကို နယ်စပ်တွင် တိုက်ရိုက်တားဆီးခြင်းဖြင့် စည်းမျဉ်းလိုက်နာမှုကို စောင့်ကြည့်သည်။ တရားဝင် FDA Seafood Guidance Documents မှတဆင့် စည်းမျဉ်းမူဘောင်တခုလုံးကို လေ့လာနိုင်ပါသည်။
(၃) စီးပွားဖြစ် ထုတ်လုပ်ထားသော ငါးသေတ္တာများသည် စားသုံးရန်အတွက် လွန်စွာ ဘေးကင်းပါသည်။ ပြင်းထန်သော အပူချိန်နှင့် ဖိအားမြင့်မားစွာဖြင့် ချက်ပြုတ်ထားသောကြောင့် ဘက်တီးရီးယားနှင့် စပေါ့များ (ဘော့တူလစ်ဇင် အပါအဝင်) အားလုံး လုံးဝ ပျက်စီးသွားပါသည်။ ဗူးခွံ သို့မဟုတ် ဖန်ပုလင်း ပျက်စီးခြင်းမရှိသမျှ ကာလပတ်လုံး အတွင်းရှိ အစားအစာသည် ပိုးမွှားကင်းစင်ပြီး နှစ်ပေါင်းများစွာ ဘေးကင်းစွာ ရှိနေမည်ဖြစ်သည်။
သို့သော်လည်း မစားသုံးမီ ဗူးခွံကို အမြဲမပြတ် စစ်ဆေးသင့်ပါသည်။ အောက်ပါ သတိပေးလက္ခဏာ တခုခုတွေ့ရှိပါက ငါးသေတ္တာကို မစားပါနှင့်။
ဖောင်းကြွနေသော သို့မဟုတ် ရောင်ရမ်းနေသော အဖုံးများ/ဗူးများ: ၎င်းသည် အတွင်း၌ ဘက်တီးရီးယားကြောင့် ဓာတ်ငွေ့များ ထွက်ပေါ်နေသည့် ပထမဆုံး လက္ခဏာဖြစ်သည်။
ယိုစိမ့်နေသော သို့မဟုတ် သံချေးတက်နေသော အဆက်ကြောင်းများ: သံချေးသည် လေနှင့် ဘက်တီးရီးယားများကို အတွင်းသို့ ပြန်လည်ဝင်ရောက်စေသည့် သေးငယ်သော အပေါက်များကို ဖြစ်ပေါ်စေနိုင်သည်။
ပြင်းထန်စွာ ချိုင့်ဝင်နေခြင်းများ: အထူးသဖြင့် အထက်၊ အောက် သို့မဟုတ် ဘေးအဆက်ကြောင်းများ အတိုင်း ချိုင့်ဝင်နေပါက လေလုံမှု ပျက်စီးသွားနိုင်သည်။
မကောင်းသော အနံ့ သို့မဟုတ် ပန်းထွက်လာသော အရည်များ: ဗူးဖွင့်လိုက်သည့်အခါ အရည်များ ပန်းထွက်လာပါက သို့မဟုတ် ပုံမှန်မဟုတ်သော အနံ့ဆိုးထွက်ပါက ချက်ချင်း စွန့်ပစ်ပါ။
ဗူး၏ ပုံပန်းသဏ္ဌာန်သည် ပုံမှန်အတိုင်းရှိပြီး (ဖန်ပုလင်းဖြစ်ပါက) နှိပ်လိုက်သည့်အခါ မြည်သံထွက်၍ ပုံမှန်ငါးအနံ့မျိုးရပါက စားသုံးရန် ဘေးကင်းပါသည်။
(၄)
မြန်မာနိုင်ငံမှာ ရနိုင်တဲ့ ငါးသေတ္တာ တွေကို သုတေသနပြုထားတာ မတွေ့မိသေးပါ။
မသိတာကို အဆိုး-အကောင်းမပြောအပ်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment