Cool mat ကိုယ်ဝန်ဆောင်မေးခွန်း ဆရာဝန် နှင့် သင်ဖြူးဖျာ
အရင်ဆုံး ကလေးမရသေးလို့မေးတယ်။ ဖြေရတယ်။
အသက်ကြီးမှကလေးရရင်ကို
မေးတယ်။ ဖြေရတယ်။
• 1:29am ဆရာ
ကျမကိုယ်ဝန်ရပါပြီ။
• 1:33am ဟာ
ဟုတ်လား။ ကွန်ဂရက်ကျူလေးရှင်း။ ဘယ်နည်းကြိုးစားရလည်း။
• 1:36am အာထွာဆောင်းဆရာမက
ရိုက်တာစောလို့ဘာမှမမြင်ရဘူး။ သူ့ကိုအလုပ်လာရှုပ်တယ်လို့ပြောပါတယ်။ အိုဂျီ
ပြန်ပြဖို့က ၄ ရက်လိုသေးလို့ အခုရေးပေးတာဘာလို့ မဖတ်တတ်လို့ပါ။ ရှိတယ်လို့
အန်ထွာဆောင်း ဆရာမက မပြောလိုက်လို့ပါ။ ကလေးရဲ့နှလုံးခုန်သံတော့ကြားရမယ်ထင်ပြီး
မျှော်လင့်တကြီးသွားရိုက်မိတာပါ။ ကလေးလေးရဲ့
နှလုံးခုန်သံကိုဘယ်တော့မှကြားရမှာလည်းဆရာ။ လူကတော့ဘာမှမစားချင်ပါဘူး။
အိမ်မှာတယောက်ထဲနေရတော့ အားငယ်သလိုဖြစ်ဖြစ်နေလို့ပါ။
အဲ့တာနဲ့ဆရာ့ကိုသတိရလို့လှမ်းပြောမိတာပါ။
• 1:43am Pregnancy and Ultrasound ကိုယ်ဝန်ဆောင် (အာလ်ထွာဆောင်း)
ပို့လိုက်တယ်။
• 1:48am ဘယ်နည်းကြိုးစားလည်းဆိုတော့
မရခင်တခါမှဆေးမပြဖူးပါ။ ဆရာ့ဘလော့ကိုဖတ်ပါတယ်။ ရာသီလာရက်ကို မှတ်ထားပါတယ်။
မျိုးဥကြွေမယ့်ရက်ကို ကိုယ့်ဟာကိုမှန်းကြည့်ပြီးနေပါတယ် (ကန်တော့ပါ) ရာသီလာရက်ကို
လစဉ်မှတ်သားထားတာပါ။ လာရမယ့်ရက် ၂ ရက်ကျော်တာနဲ့ မနက်ပိုင်းဆီးကို စစ်ကြည့်တာပါ။
ဆေးဖြတ်တာ ၄ လမှာရတာပါ။ ပထမနေ့ဆီးစစ်တော့ မထင်ရှားဘူးဆရာ။ နောက်နေ့မနက်မှ
ထင်ထင်ရှားရှား ၂ ကြောင်းမြင်ရတာပါ။ နောက်နေ့ ဆေးခန်းပြတာပါဆရာ။ ကျေးဇူး
တင်ပါတယ်ဆရာ။ ကျမတို့နယ်ဖက်က သင်ဖျူးဖျာလေးပို့ပေးချင်ပါတယ်။
ဘယ်လိုများပို့ပေးရမလည်း ပြောပြပေးပါ။ ထိုင်ဖျာလေးတွေပို့ပေးချင်ပါတယ်။
လယ်တွေစိုက်ပြီးချိန် မိုးတွင်းဆိုရင် သင်ဖျာယက်ကြပါတယ်။ အဲ့အချိန် ဆရာ့အတွက်မှာ
ပြီးပို့ပေးချင်ပါတယ်။
• 1:56am ဟာ
အဝေးကြီးကို အဲတာမျိုးပို့ရင် ခက်မယ်။ နေပါစေ။ ကျေးဇူးတင်ပါတယ်။ ကိုယ်ဝန်ရတာအတွက်
ဆရာလည်း ထပ်တူဝမ်းသာတယ်။
• 1:56am ရေဆွတ်ပြီးခေါက်လို့ရတယ်ဆရာ။
ပြန်ဖြန့်ရင်ရေလေးတောက်ပြီး ဖြန့်ရင်ပြန့်ပါတယ်။ ကျေးဇူးတင်ပါတယ်ဆရာ။
• 2:03am စာပို့ခကဈေးမနည်းဘူးထင်တယ်။
နေပါစေ။ ဆရာ အခုပဲရလိုက်သလိုသဘောထားတယ်။
• 2:04am ဟုတ်ဆရာ။
အခါအခွင့်ကြုံရင်တော့ ပို့ချင်ပါတယ်။
OCT 26TH, 3:00PM
ဆရာ ကျမ
အသက် ၂၈ နှစ်၊ ကိုယ်ဝန် အခု ၃၉ ပတ် ၃ ရက်ပါ။ မိန်းကလေး သားဦးကိုယ်ဝန်ပါ။ Due
date က Oct 31 ပါ။ ရာသီလာရက်နဲ့ တွက်တာပါ။ အခု
အိုဂျီဆရာမက ကလေးလှုပ်တဲ့ အချိန်နဲ့ အကြိမ်ကို မှတ်ခိုင်းပါတယ်။ မနက်ပိုင်း
စမှတ်တဲ့အချိန်ကစပြီး ဆယ်ကြိမ်ပြည့်ရင် ရပြီပြောပါတယ်။ ဒီနေ့ မနက်ပိုင်း
ဆယ်ကြိမ်ပြည့်ပါတယ်။ ညဘက် အခု သိပ်မလှုပ်လို့ပါ။ ညမလှုပ်ရင် / အလှုပ်နည်းရင် ဆေးရုံ
သွားရတော့မှာလား သိချင်လို့ပါ။ Link လေးများရှိရင်လည်း ဖတ်ချင်ပါတယ်ရှင့်။ ည ၁၀ နာရီ
ကနေ အခု ၁ နာရီ ၃၀ ကျော်အထိ တကြိမ်ပဲ
လှုပ်သေးလို့ပါ။ ကျေးဇူး တင်ပါတယ်ဆရာ။
OCT 26TH, 4:27PM
လှုပ်နေရင်
ကောင်းပါတယ်။
OCT 27TH, 1:52AM
ဟုတ်ကဲ့
ကျေးဇူးတင်ပါတယ် ဆရာ။
အခုမိနစ်ပိုင်းမှာတော့
သည်လိုလာတယ်။ ကလေးဓါတ်ပုံလည်းပါတယ်။
1:06AM
ဆရာ ၉
ပေါင် ၃ အောင်စ။ အခုမနက်ခွဲမွေးလိုက်ပါတယ်။ မိန်းကလေးပါ။
ဆရာ
သင်ဖျာပေါ်ထိုင်ရင်း ဒီစာကိုရေးနေတယ်။ Smile!
သင်ဖြူးဖျာကို
Tropical matting အပူပိုင်းဒေသထွက်လို့လည်းခေါ်တယ်။
Lauhala matting လို့လည်း
ခေါ်တယ်။ Natural mat လို့လည်းခေါ်တယ်။
Handicraft mat လို့လည်းခေါ်တယ်။
မြန်မာပြည်မှာ အလွန်အသုံးဝင်တယ်။ ရာသီဥတုကပူလာချိန်မှာ သင်ဖျာလေးနဲ့အေးတယ်။
မန္တလေးမြို့မှာ သီတင်းသုံးကြတဲ့ ကျွန်တော့်ဦးလေးဘုန်းကြီးတွေက ဖယောင်းပုဆိုးခေါ်
စက်ရုံထုတ် သဘာဝမဟုတ်တဲ့ အခင်းမျိုး သဘောမကျကြတာကို သတိရတယ်။
"သင်ပင်"
သို့မဟုတ် ရုက္ခဗေဒအမည်အားဖြင့် Schumannianthus
dichotomus (ရှုမန်နီယန်သပ်စ်
ဒီချိုတိုမပ်စ်) ဟု ခေါ်ဆိုသည့် အပင်သည် Marantaceae (မရန်တေစီယေ) အပင်မျိုးရင်းဝင်
ဖြစ်ပြီး ဒေသအလိုက် အခေါ်အဝေါ် အမျိုးမျိုး ရှိကြောင်း သိရှိရပါသည်။
အင်္ဂလိပ်ဘာသာဖြင့်
- Cool mat
မြန်မာဘာသာဖြင့် - သင် (Thin)
ဒေါက်တာတင့်ဆွေ
၆-၁၁-၂၀၁၆
Comments
Post a Comment