Jumping to Conclusions မသိဘဲ အဆိုး အကောင်း ဝေဘန်တာ မလုပ်ပါ
ရပ်ကွက်ထဲ နို့ကင်ဆာဆိုပြီး နို့တဖက်ဖြတ်တယ် နောက်ဆရာက မဟုတ်ဘူးပြောတယ် ရှင်းပြပါ
ပြန်စာ
ဖြစ်တဲ့သူ အသက်၊ ဆေးစစ်ချက်၊ အဖြစ်အပျက်ကို မသိရဘဲတော့ အဆိုး အကောင်း ဝေဘန်တာ မလုပ်ပါ။
ကျန်းမာရေး မေးခွန်းတွေကို ဖြေနေတာ ၁၅ နှစ်ရှိပြီ။ မေးခွန်းပေါင်း ထောင်သောင်း။
ဆရာဝန်ကိုမေးတာမဟုတ်တဲ့ တင်ထားသူတွေရေးတာကိုလည်း ဖတ်ပါတယ်။
- တချို့က တရွာလုံးဖြစ်နေပြီ
- တချို့က တရပ်လုံး ကူးစက်ကုန်ပြီ
- တချို့က ဒီအရွက် ဒီမြက် ကင်ဆာပျောက်သတဲ့
- တချို့က ဒီအကို ဒီအပျို ဆီးချိုပျောက်သတဲ့
- အရမ်းအရမ်းကောင်းသတဲ့
- အဲလိုစာတွေက ခုနစ်ရက်မခံ။
- ခုနစ်ရက်နေတော့ တခါပြန်လာတယ်။
- အမှတ်သည်းခြေ နည်းကြကုန်၏။
- လေ့လာမှု ကင်းကြကုန်၏။
- ရောင်းကောင်း၏။
- လူကြိုက်များ၏။
- တခဏအတွင်း ဆဲလီ ဘွဲ့ရကြကုန်၏။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment