Pressurized Intraperitoneal Aerosol Chemotherapy (PIPAC)

ကုသလို့မရေနိုင်တဲ့ ဝမ်းတွင်း ကင်ဆာ ကုသနည်းသစ် စမ်းသပ်နေ

ဖလော်ရီဒါရှိ မေးယိုးဆေးခန်း (Mayo Clinic) သည် ဝမ်းဗိုက်ခေါင်းမြှေး (peritoneum) သို့ ကင်ဆာဆဲလ်များ ပြန့်နှံ့သွားပြီး ပုံမှန် ကုထုံးများဖြင့် ကုသရန် ခက်ခဲသော လူနာများအတွက် ဆန်းသစ်တီထွင်ထားသည့် ဖိအားပေး အမှုန်အမွှား ဝမ်းဗိုက်ခေါင်း ကင်ဆာဆေးသွင်းကုထုံး (PIPAC) ကို စိစစ်ဆန်းစစ်သည့် စမ်းသပ်ကုသမှုတွင် ပါဝင်ဆောင်ရွက်လျက် ရှိသည်။

PIPAC ဆိုသည်မှာ အဘယ်နည်း။

• အမှုန်အမွှားဖြင့် ဆေးသွင်းခြင်း - ပုံမှန် အရည်ဖြင့် ပွတ်တိုက်ဆေးကြောခြင်း သို့မဟုတ် သွေးကြောအတွင်းမှ ဆေးသွင်းခြင်းတို့နှင့် မတူဘဲ PIPAC သည် နာကျင်ဒဏ်ရာ အနည်းဆုံးဖြစ်စေသော ဝမ်းဗိုက်မှန်ပြောင်း ကြည့်မှန်ခွဲစိတ်မှုအတွင်း ကင်ဆာဆေးကို ဖိအားပေး အမှုန်အမွှားအဖြစ် ဝမ်းဗိုက်ခေါင်းအတွင်းသို့ တိုက်ရိုက် ဖြန်းပေးခြင်း ဖြစ်သည်။

• ပိုမိုနက်ရှိုင်းစွာ စိမ့်ဝင်ခြင်း - ဖိအားကြောင့် ဆေးဝါးသည် ဝမ်းဗိုက်ခေါင်းမြှေး ကင်ဆာတရှူးများအတွင်းသို့ ပိုမိုညီညာစွာနှင့် နက်ရှိုင်းစွာ စိမ့်ဝင်နိုင်စေသည်။

• ဝေဒနာသက်သာစေသည့် အခန်းကဏ္ဍ - PIPAC ကို ပုံမှန်အားဖြင့် ရောဂါလက္ခဏာများကို ထိန်းချုပ်ရန်၊ လူနာ၏ လူနေမှုဘဝ အရည်အသွေးကို မြှင့်တင်ရန် သို့မဟုတ် အူမကြီး၊ အူစွန်း၊ အူအတက်၊ အစာအိမ်နှင့် မျိုးဥအိမ်တို့တွင် ဖြစ်ပွားသော အဆင့်မြင့် ကင်ဆာများကို ထိန်းချုပ်ပေးရန် အသုံးပြုသည်။

• ကုသမှု အချိန်ဇယား - ဤကုထုံးသည် နာကျင်ဒဏ်ရာ အနည်းဆုံးဖြစ်စေသော ပြုလုပ်မှုတခုဖြစ်ပြီး လူနာများသည် တကိုယ်လုံးဆိုင်ရာ ပုံမှန် ကင်ဆာဆေးသွင်းကုထုံးကို ခံယူနေစဉ်အတွင်း ၆ သီတင်းလျှင် တကြိမ်ခန့် ပြန်လည်ပြုလုပ်နိုင်သည်။

သတိပြုရန်

မြန်မာလိုတင်တဲ့ ဆေးပညာစာတွေမှာ ဆေးသုတေသနအဆင့်တခုခုအောင်ပြင်တာကို ရပြီလို့ ရေးနေကြတယ်။

မနေ့ကလည်း သွေးတိုးဆေးသစ်ပေါ်တာကို သွေးတိုးပျောက်ဆေးလို့ ရေးနေကြတယ်။

ဘယ်အရာ ဘယ်သတင်းကိုမဆို တိတိကျကျ မလို မပိုသာ ရေးရမယ်။

ရပြီ၊ နိုင်ပြီ၊ ပျောက်ပြီ၊ အောင်ပြီဆိုတိုင်း မဟုတ်မမှတ်ပါနဲ့။

အထင်မှားအောင် မရေးပါနဲ့။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Herpes Simplex ရိုးရိုး ရေယုံ