Posts

ကြက်ဟင်းခါးသီး

Image
ကြက်ဟင်းခါးသီး လက်လီ လက်ကားဆိုင်မှပေးသော ကင်ဆာကုသနည်း ဒေါက်တာတင့်ဆွေ

ပထမတန်း မြန်မာဖတ်စာ

Image
မြန်မာဘတ်စာသစ်−ပထမတန်း−ဒေါင်းတံဆိပ် ပထမတန်း မြန်မာဖတ်စာ သူတပါး မဦးရပါ။ ဆုတခု ပေးပါ။ ရသေ့တပါး ဤနေရာ၌ နေ၏။ ဖျာချောတခု ယူခဲ့။ တသီးတခြား နေ၏။ သားမြေး တစု။ တမြိုံ့မြိုံ့ စားနေသည်။ ရှိုရိုး တခု။ ဆပ်သွားဖူးရုံ အကြောင်း (ဆပ် ရှင် လိင် ပန်း တြိချိုး) ပျိုလေးတို့ငန်းဦး ဆပ်သွားဖူးတဲ့ တရုံနှစ်ရုံ ကျေးတွေကအုံ မအုံပါနှင့် ကိုရွှေကျေး ပျိုတို့မောင် ရှင်လိင်ပြန်တော့ နားပန်ဘို့လေး။ ဒေါက်တာတင့်ဆွေ

ပါဠိသက် စကားလုံးများ

Image
တယောက်က မှားနေတဲ့စာတခုကို ထောက်ပြတယ်။ ကျေးဇူး။ ကဏ္ဍရေးချင်တာထင်တယ် ကဏ္ဌဆိုတာ ကဏ္ဌဇ ပဲရှိပုံရတယ်။ ကဏ္ဍ ပုံသဏ္ဌာန် သဒ္ဒဗေဒ သဒ္ဒါကျမ်း သဒ္ဒါရုံ သဒ္ဓါတရား သိဒ္ဓိတင် ဘုန်းတော်ကြီးတပါးက ရေးပါတယ်။ ကျေးဇူးပါဘုရား။ (စ) ရှေးတုန်းက အခဏ်း အခုတော့ အခန်း။ ရှေးက သဘွယ်နဲ့ ယခု သဖွယ်။ တ နဲ့ တစ် ကတော့ ပြောစရာမလိုတော့။ အခဏ်းနဲ့ ပက်သက်လို့ ဦးဇင်း တွေးမိတာလေး အရင်ပြောပါရစေ။  အခဏ်းကို ပါဠိသက်ဝေါဟာရလို့ထင်ပါတယ်။ မြန်မာ မူရင်း အခန်း ရှိ မရှိတော့ အသေချာမသိပါဘူး။ ပါဠိသက်မှန်ရင်တော့ ဏ် ရှိသင့်တယ်လို့ ထင်ပါတယ်။ ပါဠိမှာ တနဲ့ ဋ၊  န နဲ့ ဏ တချို့နေရာမှာ ထူးပါတယ်။ ဥပမာ ကဏ္ဍ၊ ခဏ္ဍ-အပိုင်း၊ အခဏ်း၊ တဖြတ်ရပ်နားမှု။ ခန္ဓ-အစိတ်ပိုင်း၊ ခန္ဒ-ခန္ဒနတ်=ဗိဿနိုးနတ်။ ဝတ္ထ အဝတ်၊ ဝဋ္ဋ-လည်ပတ်ခြင်း၊ (ဝုဋ္ဌနဲ့ ဝုတ္ထ ကျတော့ တူပါတယ်) အဲဒါကြောင့် ပါဠိသက်လို့ ယူဆရင်တော့ အခဏ်းက မှန်မယ်ထင်ပါတယ်။ မြန်မာ ဝေါဟာရ စစ်စစ်ဆိုရင်တော့ မပြောတတ်ပါ။ သဘွယ် နဲ့ သဖွယ် တဘက်နဲ့ တဖက် အကြောင်းလည်း မသိပါ။ စာအုပ်က ရွှေဥဒေါင်းရဲ့ အိုင်ဗင်ဟို ကပါ။ (ဆုံး) ဇာလီပျော်တဲ့ ကျောင်းသင်္ခမ်း၊ လူလေး သွားချင်စမ်း။ (ဇော်ဂျီ) မြန်မာစာမှာသုံးနေတဲ့ မာဂဓဘာသာကို အခြေခံတဲ့ မ...

အူကျတာမှာ ၂ မျိုးရှိတယ်

Image
(ကန်တော့) ဆရာခင်ဗျား ကျနော် အသက် ၆၀နှစ် ၄ လရှိပါပြီ၊ taxi driver ပါ ကျနော်အူကျ ရောဂါခံစားနေရပါသည်၊ ဆီးခုံအထက်အစပ် ဘယ်ဖက်တွင် အမြှောင်းငယ်တခုလည်းပေါ်နေပါသည်၊ တခါတရံ ဆီးစပ်တလျောက်အောင့်ပါသည် ရေခဲကပ်ပါက မုတ္တရောဆီးစပ်ကအမြှောင်းပါပိန်သွားပြီး လမ်းလျှောက်ခြင်းကားမောင်းခြင်းပြုသောအခါ မုတ်ပြန်ဖေါင်းလာပါသည်၊ မည်ကဲ့သို့ကုသရမည် ဆောင်ရန်ရှောင်ရန်တို့ကိုသိလိုပါသဖြင့် ရိုသေလေးစားစွာမေးမြန်းပါသည်ခင်ဗျား၊ အစာအိမ်သွေးကြောပေါက်သည့်အခံရှိပါသဖြင့် kodecel  b1 propranol10 စွဲသောက်နေရပါသည်၊ Hydrocele မုတ်ရောဂါ https://dr-tint-swe.blogspot.com/2020/12/hydrocele.html Hernia အူကျရောဂါ https://dr-tint-swe.blogspot.com/2021/01/hernia.html ကျေးဇူးပါခင်ဗျာ ဆရာ ခွင့်ပြုပါ ကျနော် အူကျရောဂါကြောင့် ၂၆-၃-၂၂ နေ့မှာ အိမ်နီးနားကပုဂ္ဂလိကဆေးရုံကိုရောက်ပါတယ်၊ အရေးပေါ်ခွဲမှရမည်၊ သိန်းနှစ်ဆယ်ကျမည် မတတ်နိုင်ရင် သင်္ဃန်းကျွန်းစံပြဆေးရုံသွားပါ လွှဲစာရေးပေးမည် အမြန်ဆုံးသွားပါ အူကပြန်မတက်တော့ဘူး၊ ကြာလျှင်ပုပ်မည်ဆိုတော့ ဝေဒနာပြင်းထန်စွာခံစားနေရပေမည့် စံပြဆေးရုံကိုရောက်ခဲ့ပါတယ်၊ ဆေးရုံမှာက ဆရာဝန် သူနာပြုအင်အားနဲပါတယ် ပေါင်းငါးယေ...

Leg Edema ခြေထောက်နဲ့ခြေချင်း၀တ်ဖောရောင်တာဟာဒီရောဂါတွေရဲ့ရှေ့ပြေးလက္ခဏာဖြစ်နိုင်

ခြေထောက်နဲ့ ခြေချင်း၀တ် ဖောရောင်တာမျိုးကို ကြုံဖူးကြမှာပါ။ တခါတလေ ထိုင်တာ အရမ်းများတာ ဥပမာ ကားစီး တာ၊ လေယာဉ်စီးတာ အရမ်းကြာသွားတဲ့ အခါမျိုးတွေမှာ ခြေထောက်က သွေးကျတာများပြီး ဖောရောင်တာမျိုး လည်းရှိတတ်ပါတယ်။ အဲ့ဒီလိုမှ မဟုတ်ပဲ ထူးထူးခြားခြား ဘာအကြောင်းရယ်မှ မရှိပဲနဲ့ ခြေထောက်နဲ့ ခြေချင်း၀တ် ဖာရောင်နေပြီဆိုရင်တော့ လုံး၀မပေါ့ဆလိုက်ပါနဲ့။ ဒါဟာ အောက်မှာ ဖော်ပြထားတဲ့ ရောဂါတွေရဲ့ ရှေ့ပြေးလက္ခ ဏာတွေ ဖြစ်နိုင်ပါတယ်။ (၁) သွေးကြော တွေ ပိတ်ဆို့ နေတာ ခြေထောက်နဲ့ ခြေချင်း၀တ်အရမ်းဖောရောင်နေပြီဆိုရင်တော့ ဒါဟာ သင့်ရဲ့ ခန္ဓာကိုယ်မှာရှိတဲ့ သွေးကြောလေးတွေ ပိတ်ဆို့ နေတာကိုပြနေတဲ့ ရောဂါလက္ခဏာ ဖြစ်နိုင်ပါတယ်။ သွေးကြောတွေ ပိတ်ပြီး ခြေထောက်ကို သွေးမဆင်းတော့ ဖောရောင်လာတာပါ။ အသက်ရလာတာနဲ့အမျှ အဆို့ရှင်တွေဟာ အလုပ်လုပ်တာ တဖြည်းဖြည်းနှေးကွေး လာတတ်ပါတယ်။ ခြေထောက်မှာ သွေးတွေကို သွားစုနေတာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သွေးကြောပိတ်တာဟာ ခြေထောက် ဖောရောင်ရတဲ့ အကြောင်းအရင်းတွေထဲက တခုပါ။ ခြေထောက်ကနေ နှလုံးဆီကို သွားမယ့် သွေး တွေကို သွေးခဲတွေက ပိတ်မိသွားတာပါ။ခြေထောက်မှာ အရည်တွေအဖြစ် သွားစုနေတာပါ။ ကုသမှု အချိန်မီ မလုပ်ရင် အသက်အန္တရ...

ချိုတဲ့သရက်သီး

Image
မိုး နှင့် သရက် အိုး နှင့်ကြွက်သို့ တိမ် နက်ရေတူ လေးမျိုးလူကို မှတ်ယူရိပ်မြွက် သိနိုင်ခက်၏။ (မန်လည်ဆရာတော်ကြီး မဃဒေဝ) တောင်ကလာမှ မိုး၊ ဒေါင်ဒေါင်မြည်မှ အိုး။ သရက်သီးဆိုတာ ချိုမလိုလိုနဲ့ ချဉ်တတ်တယ်။ ကြွက်တွင်းကို ဘယ်ကစလို့ ဘယ်မှာဆုံး မသိနိုင်။ ခုခေတ်မြန်မာပြည်မှာတော့ ချိုတဲ့သရက်သီးကို ရွေးတတ်လာကြပြီ။ တခြားတိုင်းပြည်တွေမှာရတဲ့သရက်သီးတွေကတော့ မဃဒေဝလင်္ကာထဲကအတိုင်းပဲ။  ခုခေတ်မြန်မာပြည်မှာ လူကြွက်တွင်းတွေ ပိုများလာတယ်ထင်တယ်။ ရေအိုးကောင်းသုံးသူတော့ နည်းလာတယ် ထင်တယ်။  မိုးကောင်းပါစေသတည်း။ ချိုတဲ့သရက်သီး စိုက်ပျိုးစားသုံးနိုင်ကြပါစေသတည်း။ (တစ်)လုံးတွေ (တစ်)ငုံတွေနဲ့ ဝေးကြပါစေသတည်း။ ဒေါက်တာတင့်ဆွေ ၂၉-၄-၂၀၂၀

ထပ်တရာ

Image
သဘာဝတွင်းထွက် ထပ်တရာ စားစရာထပ်တရာ ပန်းထပ်တရာ သီချင်းထပ်တရာ ကဗျာထပ်တရာ အားလုံးထပ်တရာမှန်၏။ ကွန်ဂရက်ကျူလေးရှင်း။ ဒေါက်တာတင့်ဆွေ