Posts

Questions

Image
ဆရာရှင့် သမီးရဲ့ဂျိုင်း အဆက်နားက ထိလိုက်ရင်နာနေတယ် စမ်းကြည့်တော့လည်း အကြိတ်(အကျိတ်)လိုတော့ မစမ်းမိဘူး အဲ့တာ ဘာဖြစ်လို့နာနေတာ ဖြစ်နိုင်လဲရှင့် ခိုက်မိတိုက်မိတာလည်းမဖြစ်မိဘူးရှင့် ဖြစ်တဲ့သူ ကလေး-လူကြီး-အသက်-ကျား-မ မသိပါ။ ဖြစ်နေတာ ဘယ်လောက်ကြာ မသိပါ။  ဖြစ်တဲ့သူက အရွယ်ရောက်အမျိုးသမီးဆိုရင် လစဉ်ရာသီ၊ အိမ်ထောင်ရေးနဲ့ ကိုယ်ဝန် စတာတွေလည်း သိမှသာ အဖြေမှန်လိမ့်မယ်။ မေးနည်းကို နေ့တိုင်းနေ့တိုင်း ပြန်တင်နေတာ အကြိမ် တထောင် (တစ်ထောင် မဟုတ်) ရှိပြီ။ အချိန် ၂ ဆ ကုန်စေတယ်။  တချို့က မေးနည်းပို့လိုက်လည်း အချက်အလက်က မစုံတော့ ၃-၄ ဆ ကုန်တယ်။ ရှင့်လို့ရေးပေမဲ့ တချို့က မေးသူက အမျိုးသမီး၊ ဖြစ်သူက အမျိုးသားလည်း လာတတ်တယ်။ တချို့က အရင်ကမေးဘူးတာက တယောက်၊ နောက်ဖြစ်တာက တယောက်။ ကျား-မ တူချင်မှ တူကြတယ်။ သမီး၊ သားလို့ရေးတာတွေကလည်း ခက်တယ်။ မေးခွန်းမေးသူရဲ့ သမီးလား ပြန်မေးရတတ်သေးတာ။ ဒေါက်တာတင့်ဆွေ

Liver cancer အသည်းကင်ဆာ

Image
၁။ ဆရာရှင့် အသည်း ကင်ဆာ သမားက ရှီးပတီးလို့ ဆေးမျိုး သောက် လို့ရပါသလားရှင် အရပ်ဆေး၊ ဓါတ်စာဆေး၊ ဖြည့်စွက်စာတွေ နားမယောင်သင့်။ ၂။ ဆရာရှင့် မေမေ အသည်းကင်ဆာဝေဒနာခံစား နေရပါတယ်ရှင့် မေမေ့ အသက် ၇၃နှစ် ဖြစ်ပါတယ် ။ အသည်းကင်ဆာလို့သိရတာ ၂၀၁၆ ခုနှစ် ၅ လပိုင်း လောက်ကပါရှင့်။ အသည်းကင်ဆာ ဆရာ၀န်ရယ်လို့ သီးသန့် ပြသခြင်း တော့ မရှိပါဘူးရှင့်။ မေမေကို ပါမောက္ခ ဆရာကြီး ဒေါက်တာ ( - ) နဲ့ ပြသပါတယ်ရှင့်။ ခုချိန်ထိလဲ ပြသနေဆဲဖြစ်ပါတယ်ရှင့်။ သူခံစားနေရတာ အသည်းကင်ဆာရယ်လို့ အသိမပေးထား ပါဘူးရှင့်။ သူသိထားတာ အသည်း ကြီးတယ်ရယ်လို့ပဲသိထားပါတယ်ရှင့်။ မေကြီး ခုခံစားနေရတာက အစာအဖတ်တွေ မစားနိုင်တော့ပါဘူးရှင့် ဖျော်ရည် လောက်သာ သောက်နိုင်ပါတယ်ရှင့် ခုချိန်ခံစား နေရတာက အစာအများကြီး မစားနိုင်ပဲ ရင်ပြည့်နေသလို လည်ချောင်းထဲ တစ်ဆို့နေပါတယ်။ ၀မ်းက ပုံမှန်မသွားပဲ နှစ်ရက် တခါလောက် ၀မ်းချူရပါတယ်ရှင့်။ ၀မ်းဗိုက်က ဖောင်းတက်လာပြီး မာမာအခဲကြီး ဖြစ်နေပါတယ်ရှင့်။ ကျွန်တော်ကျန်းမာရေး အသိနည်းသည့်အတွက် မေကြီးခံစားနေရတ့ဝေဒနာ သက်သာစေဖို့ လမ်းညွှန်ပေးဖို့ အကူအညီ တောင်းခံမိပါတယ်ဆရာရှင့်။ ရိုသေလေးစားစွာဖြင့်။ ခု ရာသီတုတ်ကွေး ကွေးပြီး အစားမ၀င်တာပါဆရ...

ကိုယ်ဝန်မှာ အပြုသဘောထားသင့်

Image
မင်္ဂလာပါဆရာရှင့် သမီးအသက်​က ၂၈နှစ်​ပါ အိမ်​​ထောင်​ရှိပါတယ်​ ခုပထမဆုံးကိုယ်​ဝန်​လွယ်​ထားရပါတယ်​ရှင့် ကိုယ်​ဝန်​က တလပါ အမျိုးသား​ဆေးရုံတက်​​နေရလို့ လိုအပ်​တာ​တွေလုပ်​ရင်​ အ​လေး မ​ ရတာ​တွေရှိပါတယ်​ မ ပြီးရင်​ ခါး​တေ (ခါးတွေ) နာလာပါတယ်​ အဲ့ဒါ အတွင်​းက က​လေးထိခိုက်​နိုင်​လားရှင့် ​ခြေလက်​မစုံဖြစ်​နိုင်​လားရှင်​ ​ကျေးဇူးပြုပြီး ပြန်​​ဖြေ​ပေးပါဆရာရှင့် အာထွာဆောင်းရိုက်မှသာ သိနိုင်။ ကိုယ်ဝန်မှာ အပြုသဘောထားသင့်။ မဖြစ်သေးတာ မဖြစ်တာအတွက် စိုးရိမ်တာကိုလည်း ထိန်းသင့်။ ဖြေပြီးပြီ ပြောဦးမယ်။ မိဘတွေက မြန်မာစာဖြစ်ဖြစ် အင်္ဂလိပ်လိုဖြစ်ဖြစ် မှန်အောင် ရေးတတ်ကြမှသာ သားသမီးတွေလည်း မှန်ကြမယ်။ ခုခေတ်မြန်မာစာဆရာတွေကတော့ သူတို့ငယ်စဉ်က ဖတ်ခဲ့ကြတဲ့ စာလုံးပေါင်းသတ်ပုံမှန်တွေကို ပစ်ပယ်ပြီး မှားအောင်သင်ပေးလာကြတယ်။ ခေတ်ပေါ်စာရေးဆရာတွေကလည်း ရွှေဥဒေါင်း၊ လူထုဦးလှ စာတွေ ဖတ်ရာကနေ ကြီးလာကြပေမဲ့ ကာပြန်ကြတယ်။ ကဗျာဆရာတွေကလည်း မင်းသုဝဏ်၊ ဇော်ဂျီကဗျာတွေနဲ့ လူဖြစ်လာကြပေမဲ့ ကလောင်ပြန်ကြတယ်။  ခေတ်ကလည်း မှားတဲ့သူတွေ အသာစီးရတဲ့ခေတ်။ ဒေါက်တာတင့်ဆွေ

Hydrogen peroxide ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်

Image
• နေရာအမျိုးမျိုးမှာသုံးတယ်။ Industrial စက်မှုလုပ်ငန်း၊ Medical ဆေးကုသမှု၊ Explosives ပေါက်ကွဲစေတတ်တဲ့ ပစ္စည်း နဲ့ တခြားနေရာတွေမှာသုံးတယ်။ ဆေးကုရာမှာလဲ  Disinfectant ပိုးသေဆေး၊ Cosmetic applications အလှအပသုံးနဲ့ Alternative medicine တခြားဆေးပညာနယ်ပယ်တွေမှာသုံးတယ်။ • ဗိုင်းရပ်စ်၊ ဗက်တီးရီးယားနဲ့ ဖန်းဂတ်စ် (မှို) ပိုးတွေကိုသေစေနိုင်တယ်။ ဆေးဆိုင်ကရောင်းတာကိုသာ သုံးရမယ်။  • ပါးစပ်ဆေးလို့လည်းရတယ်။ မျက်နှာပြင်တွေကိုသန့်ဘို့လည်း သုံးတယ်။  • အနာ၊ ဒဏ်ရာအတွက် 3% peroxide သုံးတယ်။ အမှန်က ပြည်တည်နာ၊ နားပြည်ယိုတာအတွက် ကောင်းတယ်။  • 50/50 solution ရေနဲ့ ဆတူရောတာကို ဆံပင်ချွတ်ဆေးအနေနဲ့သုံးတယ်။ ဒေါက်တာတင့်ဆွေ ၆-၆-၂၀၁၄

National Cancer Survivors Day ကင်ဆာကို ကျော်လွှားနိုင်သူများနေ့

Image
ယူအက်စ်အေမှာ National Cancer Survivors Day Foundation ကနေ ဦးစီးဆောင်ရွက်တယ်။ ယူအက်စ်အေမှာ ကင်ဆာကို အောင်မြင်စွာကျော်လွှားနိုင်ခဲ့သူပေါင်း ၁၇ သန်းရှိတယ်။ အဲဒါက မနှစ်ကစာရင်း။ ၂၀၃၀ ဆိုရင် ၂၂ သန်းထိရှိဘို့ မျှော်မှန်းထားပါသတဲ့။ အင်္ဂလိပ်လို နေရှင်နယ်နဲ့ ရေးပါတယ်။ ထုံးစံအတိုင်း ဘာသာပြန်ရင် နားလည်မှု မှားစေနိုင်တယ်။ အများစုက နေရှင်နယ်လ်ကို အမျိုးသားလို့ ဘာသာပြန်ကြတယ်။ ဒီအသုံးက ယူအက်စ်အေမှာ သူ့တိုင်းပြည်အတွက် သူ့နိုင်ငံနဲ့ဆိုင်တဲ့နေ့။ နိုင်ငံတကာနေ့ မဟုတ်ပါ။ သူတို့ဆီမှာ နှစ်စဉ် ကျင်းပကြတာနှစ်ပေါင်း ၃၀ ကျော်ပြီ။ ဇွန်လ ပဌမ တနင်္ဂနွေနေ့။ ၆-၆-၂၀၂၁ နေ့၊ ၅-၆-၂၀၂၂ နေ့၊ ၄-၆-၂၀၂၃ နေ့။  မြန်မာပြည်မှာလည်း ကင်ဆာကို အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့သူအရေအတွက် တိုးသည်ထက် တိုးများ လာပါစေသတည်း။ 25 Celebs with Breast Cancer ရင်သားကင်ဆာနဲ့ အသက်ရှင်သန်နေကြတဲ့ ဆယ်လဖ် (ဆလက်ဘ်) ၂၅ ယောက် https://dr-tint-swe.blogspot.com/2021/07/25-celebs-with-breast-cancer.html ဒေါက်တာတင့်ဆွေ

Multi-cancer blood test shows real promise in NHS study ကင်ဆာသွေးစစ်နည်းသစ် အလာအလာရှိ

Image
ကင်ဆာအမျိုးအစားပေါင်း ၅၀ ကျော်အတွက် သွေးစစ်နိုင်မယ်။ သုတေသနဟာ အလားအလာ ကောင်းတယ်လို့ အင်္ဂလန်နိုင်ငံ NHS trial လေ့လာမှုက ဆိုပါတယ်။ ကင်ဆာလို့ သံသယရှိသူပေါင်း စမ်းသပ်ခံသူ ၅၀၀၀ ထဲမှာ ကင်ဆာ ၃ မျိုးထဲက ၂ မျိုးကို အသေအချာ သိနိုင်တယ်။ သူတို့ထဲက ၈၅% တို့ရဲ့ ကင်ဆာကို တိတိကျကျဘယ်မှာလည်း သိနိုင်တယ်။ Galleri test လို့ ခေါ်တယ်။ ကင်ဆာအမျိုးမျိုါ်ကနေထွက်ပေါ်လာတဲ့ genetic code မျိုးဗီဇကုဒ်ကို စစ်ဆေးတာ ဖြစ်တယ်။ ကင်ဆာဆိုတာ စောစောသိလေ ကောင်းလေ။ စမ်းသပ်နည်းကို ပဌမအဆင့်အနေနဲ့ ကင်ဆာ အမျိုးပေါင်း ၅၀ အတွက် စစ်ဆေးပါတယ်။ လက်ရှိမှာ အကြောင်းခံမရှင်းလင်းဘဲ ကိုယ်အလေးချိန်ကျဆင်းလာတာမျိုးကို ကင်ဆာလား သိဘို့ အဆင့်ဆင့် စစ်ကြရတယ်။ စမ်းသပ်မှုမှာပါဝင်သူတွေထဲက ၃၅၀ ကျော်တို့ကို စကန်လုပ်နည်း၊ အသားစထုတ်ယူစစ်ဆေးနည်းတွေ ထပ်လုပ်တော့ ကင်ဆာကို သိလာရတယ်။ စစ်ဆေးမှုမှာ (+) ပြသူတွေထဲက ၇၅% မှာ ကင်ဆာရှိတာ သိလာတယ်။ စစ်ဆေးမှုမှာ (-) ပြသူတွေထဲက ၂့၅% မှာ ကင်ဆာရှိတာ သိလာတယ်။ ၁၀၀% တော မတိကျသေးပါ။ တိကျမှု ၈၅% ရှိခြင်းဟာ အားတက်စရာသတင်းကောင်းဖြစ်တယ်။ စမ်းသပ်လေ့လာမှုတွေ ဆက်လုပ်နေတယ်။ ဒေါက်တာတင့်ဆွေ

Prosure ပရိုရှူးဝါး တခွက် ဖျော်နည်း

Image
၁။ Prosure ဖျော်စပ်ပုံလေး သိချင်လို့ပါရှင့် အညွှန်းမှာ ရေအေး ရေနွေး မရေးထားလို့ မှားမှာစိုးလို့ပါ Prosure ဘယ်နှစ်ဇွန်းကို ရေပမာဏဘယ်လောက်ထည့်ရတာလဲရှင့် ပြောပေးပါဦးနော်  Prosure ပရိုရှူးဝါး တခွက် ဖျော်နည်း 240 ml = 1 US cup 240 ml = 8 US fluid ounces ရေ 95ml ကို ခွက်သန့်တခုထဲ ထည့်ပါ။ ရေထဲကို Scoop ခေါ် ဗူးမှာတွဲပါတဲ့ ခွက်ငယ် ၉ ဇွန်းပြင်ညီ ထည့်ပါ။ Prosure powder (75g) နဲ့ညီမျှတယ်။ သမအောင် မွှေပါ။ နောက်ထပ် ရေ 95ml ထည့်ပြီး မွှေပါ။  ရေဆိုတာ ရိုးရိုးရေသန့်။ ပိုပူရန် မလို။ ပိုအေးရန် မလို။  ရေပမာဏဟာ ခွက်တဝက်စီသဘောသာဖြစ်တယ်။ သောက်သုံးရန် အဆင်သင့်ဖြစ်ပြီ။ ၂။ ကင်ဆာသမားတွေကို ဘာအာဟာရအမှုန့်တိုက်ကြလဲရှင့် အမေကအစားနည်းလို့ အာဟာရမှုန့် / ကိုယ်ခံအားတက်တဲ့ အမှုန့်အဲ့လိုလေးတိုက်ချင်လို့ပါရှင်  ၃။ ကင်ဆာသမားတွေအတွက် prosure ရှိတယ် သက်ကြီးနာတာရှည်နလံထတွေကို ensure တိုက်ကြတယ် ဆီးချိုသမားဆို glucernaတိုက်ကြတယ် အာဟာရဆရာဝန်တချို့က အားလုံးကောင်းတယ် ဆီးချိုလဲမတက်ဘူး အာဟာရလဲဖြစ်တယ် ပြောတာကတော့ Formula 1 နဲ့ protein powder တိုက်ခိုင်းတယ် အာဟာရလဲရှိ ဆီးချိုလဲမတက်ဘူးလို့ပြောတယ် အဲ့၂ခုကတော့ ၁သိန်း...