Ovarian cancer မျိုးဥအိမ်ကင်ဆာ
ကျမရဲ့ မိခင်က သားဥအိမ်ကင်ဆာဖြစ်နေတာပါ လွန်ခဲ့တဲ့ ၃လပိုင်းတုန်းက အကျိတ်တွေ့လို့ ခွဲထုတ်ခဲ့ပြီးပါပြီး၊ ပြီးတော့ ကင်ဆာဆေးချိတ်ခိုင်းလို ၆ကြိမ်လည်း ချိတ်ခဲ့ပြီးပါပြီ၊ ဆေးချိတ်ပြီး လက်ရှိကို ကင်ဆာဆေးစားနေခဲ့တာ ၄လလောက်ရှိပါပြီ၊ အခု အကျိတ်က ထပ်ဖြစ်နေလို့ပါ၊ ဆရာဝန်ကို ပြတော့ ထပ်ပြီးခွဲစိတ်ရမယ်လို့ပြောပါတယ်၊ အကျိတ်က ဘာလို့ထပ်ဖြစ်နေရတာလဲရှင့်၊ ဘာဆက်လုပ်ရင် အဆင်ပြေနိုင်မလဲ လမ်းညွှန်ပေးကြပါဦးရှင့် ဆရာဝန်ကို မေးတာတော့ မဟုတ်ပါ။ ကင်ဆာမေးခွန်းကို ဆရာဝန် မမေးကြပါ။ ဖေ့စ်ဘွတ်အကောင့်ရှိသူတိုင်းကို ကင်ဆာအထူးကုလို့ ယူဆသူက များတယ်။ မြန်မာပြည်မှာ။ အဲလိုဖြစ်လာတာ ၁-၂ နှစ်သာ ရှိသေးတယ်။ Zoom ကနေ ကင်ဆာဆေးသွင်းပေးလို့ရတဲ့ခေတ်၊ မက်စင်ဂျာကနေ ဓါတ်ကင်ပေးလို့ရတဲ့ခေတ် ရောက်လာမလား မပြောတတ်။ ဆရာရှင့် ကျမက လွန်ခဲ့တဲ့ ၅နှစ်က ဘယ်ဘက်သားဥအိမ်မှာ အလုံးဖြစ်လို့ ခွဲစိပ်ပြီး သားဥအိမ်တဖက် ဖြတ်ထားပါတယ် ကီမို 4 cycle complete ဖြစ်ပြီးကုသခဲ့ပါတယ် ခု ညာဘက်သားဥအိမ်မှာ အလုံးထပ်ဖြစ်လို့ ခွဲစိပ်ပြီး သားဥအိမ်ရော သားအိမ်ပါထုတ်ထားပါတယ် ခွဲစိပ်ပေးတဲ့ OG ကတော့ ဆီးအိမ်ဘက်နားပြန့်နှံနေလို့ Stage 2B လိုသတ်မှတ်ပါတယ် Biopsy အဖြေကတော့ Stage 1C2 လို့ပြ...