Posts

Knee pain ဒူးဆစ်နာခြင်း

Image
ဆရာခင်ဗျာ အိမ်က ကျွန်တော့်အမျိုးသမီး အသက်ကငါးဆယ်ကျော်ပြီ သူ့မှာ ဘယ်ဖက်ဒူးဆစ်နေရာက ထိုင်ပြီးရင်ပြန်ထတဲ့အခါမျိုးတွေမှာ အခန့်မသင့်ရင် ပြန်ဆန့်ထုတ်မရ နာကျင်စွာခံစားရပါတယ် ဖြစ်နေတာ တလောက်ရှီပြီ အဲဒါဘာဆေးကိုသောက်ရမှာပါလဲဆရာ အကြံပြုပေးပါ ကျေးဇူးတင်ပါတယ် ကျွန်တော်အထင် အဆီများခမ်းနေလို့လားလို့ထင်မိတယ် အဲဒီအဆစ်နေရတွေမှာ ဒူးဆစ်နာရခြင်းအကြောင်းခံတွေ အမျိုးမျိုးရှိတယ်။ (က) Injuries ထိခိုက်မှုကနေဆက်ဖြစ်ခြင်း 1. Torn meniscus cartilage အရိုးနု 2. ACL (anterior cruciateligament) tear အရွတ် 3. Knee bursitis ကွတ်ရှင်အိတ် Types of ar(ခ) hritis အဆစ်နာအမျိုးမျိုး အဆစ်နာအမျိုးအစား ၁၀၀ ကျော်ရှိတယ်။ အဖြစ်များတာတွေကတော့ - 1. Osteoarthritis အသက်နဲ့ အလုပ်အကိုင်ကြောင့် ဖြစ်လာတာမျိုး။ 2. Rheumatoid arthrtis လေးဘက်နာ 3. Gout ဂေါက် 4. Pseudogout ဂေါက်နဲ့ဆင်တဲ့အဆစ်နာခြင်း 5. Septic arthritis ပိုးဝင်ခြင်း စမ်းသပ် စစ်ဆေးမှသာ ဘာ့ကြောင့်ဖြစ်သလဲ သိနိုင်တယ်။ အဆစ်နာမှန်သမျှ ယေဘုယျ အနာသက်သာဆေးတခုခု သောက်ရ၊ လိမ်းရတယ်။ ဥပမာ Paracetamol/Tylenol/Ibuprofen စားဆေး Voltarem Cream လိမ်းဆေး Penetrex Cream လိမ်းဆေး Hemp Cream လိမ်းဆေး...

Triglycerides ထရိုင်ဂလစ်စရိုက် အဆီများခြင်း

Image
အသက် ၃၁။ ဆေးတွေသောက်လည်း အမြဲတမ်းအောက်ပိုင်းများညောင်းကိုက်နေပါတယ်။ ဆေးတွေသောက်ရင် အရမ်းအိပ်ချင်ပါတယ် အိပ်လို့ကိုမဝနိုင်ပါ။ ဆေးတွေနဲ့ ရောဂါနဲ့လွဲနေသလား မထူးခြားလို့ပါ။ ဆေးသောက်တာ၆လရှိပါပြီ။ မသောက်ဘဲနေတာနဲ့ သောက်တာနဲ့ သိပ်မထူးပါ။ ဘာဆက်လုပ်ရမှန်းမသိပါ ကျေးဇူးပြု၍ညွှန်ပြပါဦးဆရာ။ ကျန်းမာပါစေ။ Triglycerides ထရိုင်ဂလစ်စရိုက် ၁၅ဝ အောက်သာရှိသင့်တာမှာ ၂၅၈ ရှိနေလို့ များနေတယ်။  Cholesterol ကိုလက်စထောမှာ Low-Density Lipoprotein (LDL) ဆိုတာကမှ မကောင်းတာပါ။ High-Density Lipoprotein (HDL) ကကောင်းတယ်။ Cholesterol ဟာ ဆဲလ်နံရံတွေ ဆောက်ဘို့၊ ဟော်မုန်းတွေလုပ်ဘို့ အသုံးဝင်တယ်။ သိပ်နည်းနေသူဟာ စိတ်ကျရောဂါ ဖြစ်နေတတ်တယ်။ ဒိထက် ပိုသိချင်ရင် Triglycerides ထရိုင်ဂလစ်စရိုက်လို့ မှတ်လိုက်ပါ။ ကိုလက်စထောများနေတာထက် ထရိုင်ဂလစ်စရိုက်များနေတာက ရောဂါရမှာကို ပိုပြီးတိကျစေတယ်။ ထရိုင်ဂလစ်စရိုက် နဲ့ HDL အချိုးဟာ နှလုံးကိုထိခိုက်တော့မယ်ဆိုတာသိဘို့ အရေးကြီးတဲ့ ညွှန်းကိန်းဖြစ်တယ်။ သွေးထဲမှာ ထရိုင်ဂလစ်စရိုက် များနေတာနဲ့ Atherosclerosis သွေးလွှတ်ကြော မာတာ ပိတ်တာ ဆက်စပ်နေတယ်။ ဆက်ပြီးလဲ Heart disease နှလုံး-ရောဂါ နဲ့ Stroke စထ...

အဲလောက်တော့ မဟုတ်ပါ

Image
မြန်မာပြည်သူများ ဂရုစိုက်ကြပါ တရုတ်ပြည်မှာ K ဗိုင်းရပ်စ်ကြောင့် လူတွေအစုလိုက် အပြုံလိုက်ဆုံးပါနေ တဲ့။ ခြိမ်းခြောက်စာမှာ ဆုံးပါးလို့ရေးတာလည်း မမှန်။  ပိုဆိုးတာက အချက်အလက် မှားနေတယ်။ သတင်းကို သေချာအောင် အတော်လိုက်ရှာရတယ်။ သတင်းက ၁၁-၁၂-၂၀၂၅ ကတည်းက ထွက်တယ်။ K ဆိုတာ တုပ်ကွေးဗိုင်းရပ်စ် မျိုးသစ်တခုဖြစ်ပါတယ်။ China’s ‘K-Type’ Influenza Sparks Alarm as Entire Families Report Falling Ill By Vision Times News Published: December 11, 2025 K ဗိုင်းရပ်စ်ကြောင့် တရုပ်ပြည်မှာ သေဆုံးသူရှိသလား Yes, reports from China in December 2025 indicated that the "K-type" strain of influenza (H3N2) resulted in fatalities, including at least one pediatric death.  ရှိပါသတဲ့။ အနည်းဆုံး ကလေး ၁ ယောက်ဆုံးတယ်။ ၃ နှစ်သားလေး Henan's Puyang City မြို့မှာတဲ့။ ဟောင်ကောင်မှာတော့ ၂ နှစ်သမီးလေးတယောက် H3N2 ကြောင့်သေဆုံးတယ်။ ကောက်ချက် အဲလိုဖြဲခြောက်တဲ့ သတင်း အမှားတွေ အလိမ်အညာတွေဆို သဘောကျသူကလည်း များတယ်။ ဒေါက်တာတင့်ဆွေ

Unit ယူနစ် ခေါ် တန်ဖိုး

Image
- ကျေးဇူးတင်ပါတယ် ဆရာ ဒီနေ့သွေးပေါင်ချိန်တာ အပေါ်သွေး 118 အောက်သွေး  76 ပါ ဆရာ နှလုံးခုန်နှုန်းတော့ မမှတ်မိလိုက်ပါဘူးရှင့်။ သွေးဖိအား ၁၁၈/၇၆ ပုံမှန်။  သွေးပေါင်ချိန်လို့ရေးတာ မမှန်ပါ။ အလေးချိန် ပေါင်၊ အောင်စနဲ့ တိုင်းရတာ မဟုတ်ပါ။ ယူနစ် ခေါ် တန်ဖိုးက mmHg ဖြစ်တယ်။  အဲဒီအတိုင်း မရေးတော့ဘဲ ဖိအားဆို ရပါပြီ။ သွေးတိုးဂဏန်းကို တမျိုးတည်းသာ ရေးပြသူတွေများတယ်။ ၂ မျိုးရေးရတယ်။ အထက်ဂဏန်းနဲ့ အောက်ဂဏန်း။ တချို့လည်း ဂဏန်းတခုတည်း ရေးလာတယ်။ ဘာလဲ မသိ။ သွေးဖိအားလား၊ ကိုယ်အပူချိန်လား၊ ကိုယ်အလေးချိန်လား ဘာလား မသိရ။ အလေးချိန်ဆိုရင် ပေါင်၊ ကေဂျီနဲ့ ပိဿာ။ အရပ်အမြင့်ဆိုရင် ပေ၊ လက္မ။ တချို့က ယူနစ် ခေါ် တန်ဖိုး မပါဘဲ မေးကြတယ်။ အသက် ၂ ရှိပြီတဲ့။ ၂ ရက်၊ ၂ လ၊ ၂ နှစ် ဘာကိုပြောသလဲ ပြန်မေးရတယ်။ တချို့က ကလေးအသက် 2 နှစ်တဲ့။ တူးနှစ်လို့ ဖတ်ရတယ်။ နေမကောင်းတာ 4 ရက်တဲ့။ ဖိုးရက်လို့ ဖတ်ရတယ်။ ဒေါက်တာတင့်ဆွေ

Fasting For Blood Pressure အစာမစားဘဲနေခြင်း နှင့် သွေးတိုး

Image
သွေးတိုးကျအောင် အစာမစားဘဲနေကြည့်သူတွေ ရှိတယ်။ လျှော့စားနည်းလည်း စမ်းကြတယ်။ ဆေးသုတေသအရ တင်ပြပါမယ်။ သွေးဖိအား ကျစေတယ်။ ၂၀၂၂ ခုနှစ်လေ့လာမှုတခုကဆိုပါတယ်။ ၁၆ နာရီ အစာမစားဘဲနေကြတယ်။ သွေးဖိအား ကျတယ်။ နောက်လေ့လာမှုတခု ၂၀၂၁ ကပြုလုပ်တယ်။ တရက်ခြား မစားဘဲနေတယ်။ သွေးဖိအား ကျတယ်။ အစာမစားဘဲနေရင် ကျန်းမာရေးအကျိုးတချို့ ရနိုင်တယ်။ အဆီဓါတ်ကျမယ်။ သကြားဓါတ် ကျမယ်။ 3-12 ပတ်ကြာရင် ကိုယ်အလေးချိန် 3-8%ကျမယ်။ Decreased inflammation ရောင်ရမ်းမှု ကျမယ်။ အဲဒီအကျိုးတွေဟာ နှလုံးသွေးကြောကျန်းမာရေးအတွက်ပါ ကောင်းစေတယ်။ သတိပြုရန်များ ရေဓါတ်ခန်းခြောက်ခြင်း ခေါင်းကိုက်ခြင်း ဓါတ်ဆားနည်းခြင်း အာဟာရဓါတ်နည်းခြင်း အားနည်းခြင်း အားကုန်ခြင်း အာရုံစူးစိုက်မှုနည်းခြင်း နှလုံးခုန်ု မမှန်ခြင်း စိတ်တိုခြင်း၊ စိတ်မူပြောင်းခြင်း အခြေခံကျန်းမာရေး သတိပြုရန် နှလုံးရောဂါအခံရှိသူတွေ ကိုယ်ဝန် အသက် ၁၂ နှစ်အောက်နဲ့ ၇၀ အထက် အစားအသောက်ဆိုင်ရာရောဂါခံ ခုခံအားမကောင်းသူ ဆီးချို လိုအပ်ရင် ဆရာဝန်ကို တိုင်ပင်ပါ။ ဒေါက်တာတင့်ဆွေ

Beans contain purines ပဲထဲမှာ ပြူရင်း ဓါတ်ပါ

Image
ပြူရင်းဓါတ်ဆိုတာ ဂေါက်ရောဂါနဲ့ဆိုင်တယ ်။ uric acid ယူရစ်အက်စစ ် များစေတယ ်။ Purine content of Legumes ပဲအမျိုးမျိုးတွင်ပါဝင်သော ပြူရင်းဓါတ ် Lentils ပဲရာဇာ ( ပဲနီလေး ) ( ~84mg) အများဆုံး။ White beans ပဲဖြူလေး ၊ ပဲထောပတ် ( ~75mg) Chickpeas ကုလားပဲ ( ~54mg) Soybeans ပဲပုပ် ( ~34mg) Tofu တိုဟူး ( ~29mg) Red/Kidney beans ဗိုလ်စားပဲ ( ~16mg) အနည်းဆုံး။ ပဲအမျိုးများဟာ ပရိုတင်း၊ ဖိုက်ဘာ စတဲ့ အာဟာရဓါတ်တွေပါလို့ ကောင်းပါတယ်။ ဂေါက်ရောဂါရှိသူတွေကတော့ သတိထားပြီး စားသုံးရပါမယ်။ လုံးဝမစားရ မဟုတ်ပါ။ ဒေါက်တာတင့်ဆွေ

Foamy urine ဆီးအမြှုပ်ထခြင်း

Image
( ကန်တော့) ၁။ မင်္ဂလာပါဆရာခင်ဗျ ယောကျာ်းလေးပါ အသက်က ၄၀ပါခင်ဗျ ကျနော် သိချင်တာ တခုရှိလို့ပါ ဆီးသွားတဲ့အခါ ဆီးအမြှ ုတ်တွေထနေလို့ပ ါ ဆရာဝန်းပြတော့လည်း ဆီးစစ်ကြည့်တော့ကောင်းပါတယ်လို့ပြောတယ် လက်​​ချောင်းထိပ်ကို ဖောက်ပြီးသွေးစစ်ကြည့် တော့လည်း 100 အောက်ပဲရှိလို့ ဆီးချိုလည်းမရှိနိုင်လောက်ဘူးလို့ပြောပါတယ်ခင်ဗျ ပထမတခါသောက်ဆေးပေးတယ် ၁၅ရက်စာ မသက်သာဘူး နောက်တခါ ပြန်ပြတော့လည်း တအားမဆိုးရိမ်(စိုးရိမ်)ပါနဲ့လို့ပြောပြီး ဆေးနှစ်မျိုးပေးလိုက်ပါတယ် Kataria ဆိုတဲ့ဆေးအမှုန့်တမျိုး ၁၀ရက်သောက်နဲ့ Uro K တလသောက် ခုထိဆီးသွားရင်အမြှ ုတ်ထတာ မသက်သာလို့ပါ တခြားရောဂါကြီးကြီးမားမားများရှိနေနိုင်မလားစိတ်ပူလို့ပါခင်ဗ ျ Kataria ဆေးထဲမှာ sodium citrate ပါတယ်။ ဆီးကို အက်စစ်ဓါတ်နည်းစေမယ်။ စိုးရိမ်စရာ မရှိလောက်ပါ။ ၂။ ဆရာရှင့် ကျွန်မအမေအသက် ၆၅နှစ်က ဆီးသွားရင်အမြုတ်ပါနေပါတယ် အဲ့တာ ကျောက်ကပ်မကောင်းလို့လားဆရာ စိတ်ပူရလားဆရာ။ ၃။ ဆရာ ဆီသွာပြီး ဆီးအမြုံ့(အမြှုပ်)တွေ ၃ နာရီခန့်ကြာမှပြောက်တယ် ခါးနာတာကို ဆရာဝန်ပြတော့ခါးကြောညပ်တာပြောတယ် ဆရာ ဆီးအမြုံ့ ဘာကြောင့်မပေါက်လဲ ဆရာ ဖြစ်တဲ့သူ ကလေး လူကြီး မသိ။ ကျား မ မသိ။ အသက...