Posts

Chances of passing G6PD on to kids ဘယ်နှစ်ယောက်ပါလာနိုင်သလဲ

ဆရာ ကျွန်မ သားဦးက မိန်းခလေးပါ။ သူကတော့ မွေးကတည်းက ခုထိ G6PD လက္ခဏာမပြပါ။ ဒုတိယကလေးက ယောက်ျားလေးပါ။ သူကတော့မွေးကတည်းက G6PD လက္ခဏာတွေ့ရှိပါတယ်။ ကလေးဆရာဝန် ကတော့ အမေ B သွေး၊ အဖေက O သွေးဆိုရင် မွေးလာတဲ့ ယောက်ကျားလေးဆိုရင်ဖြစ်တယ်။ မိန်းခလေးဆိုရင် ဖြစ်နိုင်ခြေနည်းတယ်လို့ ပြောပါတယ်။ သားက % နည်းတယ်လို့တော့ပြောပါတယ်။ သူက မကြာခဏဖျားတတ်ပါတယ်။ ဆရာဝန်တွေက paracetamol အရည်ဘဲပေးပါတယ်။ သူလဲ ဘာမှတော့မဖြစ်ပါ။ ဆက်လက်တိုက်ကျွေးသင့်ပါသလား ဆရာ။ နောက်တစ်ခုက သမီးဦးကိုလဲ G6PD ရှိမရှိ စစ်ဆေးသင့်ပါသလား။ ကျေးဇူးပြုပြီးဖြေပေးပါ။ အခုလို ကျန်းမာရေး ဗဟုသုတတွေတင်ပေးတဲ့ဆရာ့ကို ကျေးဇေူးအထူးတင်ပါတယ်ရှင်။ မွေးလာမယ့်ကလေးတွေမှာ G6PD ဘယ်နှစ်ယောက်ပါလာနိုင်သလဲ (က) ဖခင် (ဘာမှမရှိ) + မိခင် (G6PD သယ်ဆောင်သူ)။ • သမီး ၂ ယောက်ထဲက ၁ ယောက်မှာ G6PD သယ်ဆောင်သူဖြစ်မယ်။ • သား ၂ ယောက်ထဲက ၁ ယောက်မှာ G6PD ပါလာမယ်။ (ခ) ဖခင် (G6PD ရှိသူ) + မိခင် (ဘာမှမရှိသူ) • သမီးအားလုံး G6PD သယ်ဆောင်သူ။ • သားအားလုံးမှာ ဘာမှမရှိ။ (ဂ) ဖခင် (G6PD ပါသူ) + မိခင် (G6PD သယ်ဆောင်သူ) • သမီး ၂ ယောက်ထဲက ၁ ယောက်မှာ G6PD ပါသူ။ • သမီး ၂ ယောက်ထဲက ၁ ယောက်မှာ G6PD သယ်ဆောင်သူ...

Foods for Healthy Hair ဆံပင် အာဟာရ

Image
ဘယ်လောက် ကောင်းပါတယ်ဆိုတဲ့ ခေါင်းလျှော်ရည်နဲ့ (ကွန်ဒီရှင်နာ) တွေ သုံးပေမဲ့လဲ ဆံပင်အတွက် မပြည့်စုံသေးပါ။ အမြှုပ်ထအောင်လုပ်ပါ၊ လျှော်လိုက်ပါ၊ ထပ်ပြီးလုပ်ပါဆိုတာ ကောင်းတဲ့ ခေါင်းလျှော်နည်း အကြံပြုချက် ဖြစ်ပေမဲ့ ခေါင်းလျှော်ရည်နဲ့ (ကွန်ဒီရှင်နာ) တွေချည်းနဲ့တော့ ဆံပင် ကျန်းမာရေးအတွက် မပြည့်စုံသေးပါ။ ဆံပင်တွေဟာ တလမှာ ၁/၄ လက္မကနေ ၁/၂ လက္မအထိ ရှည်လာရမယ်။ အသားအရေ၊ ကေသာ နဲ့ ခြေသည်း-လက်သည်းတွေ ကောင်းမွန် ကျန်းမာနေအောင် အာဟာရ ပြည့်ဝပြည့်ဝ စားသုံးတတ်ကြဘို့ လိုသေးတယ်။ 1. Salmon (ဆယ်လ်မွန်) ငါး (အိုမီဂါ-သရီး) ကြွယ်ဝတဲ့ (ဆော်လ်မွန်) ငါးမှာ အရည်အသွေးမီ (ပရိုတင်း) လဲ များတယ်။ ဗီတာမင် ဘီ ၁၂ နဲ့ သံဓါတ်လဲ ပါတယ်။ (အိုမီဂါ-သရီး) က ဆံပင်ကို ကောင်းစေတယ်။ ဒီဓါတ်နည်းနေရင် ဆံပင်မွဲခြောက်ခြောက်နေမယ်။ အသားမစားသူဆိုရင် Ground flaxseed နှမ်းဆီ ၁-၂ ဇွန်းစားရမယ်။ 2. Dark Green Vegetables စိမ်းစိုလတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေ ဆံပင်ကောင်းချင်လို့ မဟုတ်ပေမဲ့ အားရှိချင်တဲ့ Popeye the Sailor သင်္ဘောသား (ပေါ့ပိုင်) က Spinach ဟင်းနုနွယ်ရွက် စားတယ်။ အလားတူ Broccoli and Swiss chard စတဲ့ စိမ်းမှောင်နေအောင် အရောင်ရှိတဲ့ ဟင်းသီးဟင်...

Pregnancy and HPV Vaccination သားအိမ်ဝကင်ဆာ ကာကွယ်ဆေးနဲ့ ကိုယ်ဝန်ဆောင်

Image
  ဆရာရှင် HPV vaccine နောက်ဆုံးအလုံးထိုးရမှာနဲ့ ကိုယ်ဝန်ရှိလာတာနဲ့တိုက်နေပါတယ်ရှင့်။ ကိုယ်ဝန်နဲ့ ထိုးလို့ရပါသလားရှင့်။ အနည်းငယ်ရှင်းပြပေးပါဆရာ။ ကျေးဇူးတင်ပါတယ်ရှင့်။ HPV vaccines ကာကွယ်ဆေးဟာ Cervical cancer သားအိမ်ဝကင်ဆာနဲ့ တခြား HPV (Human Papillomavirus) ကြွက်နို့ကြောင့်ဖြစ်တဲ့ ကင်ဆာတွေကို ကာကွယ်ပေးတယ်။ ကင်ဆာမဟုတ်တဲ့ Genital warts လိင်လမ်းကြွက်နို့လဲ ပါတယ်။ နှစ်တိုင်း အမေရိကားမှာ သားအိမ်ဝကင်ဆာ လူနာသစ်ပေါင်း ၁၁၀၀၀ တွေ့ရှိနေတယ်။ ၄၀၀၀ က ဒီရောဂါနဲ့ ကွယ်လွန်ကြရတယ်။ အရွယ်ရှိသူ လူ ၁၀၀ မှာ ၁ ယောက်က လိင်လမ်းကြွက်နို့ တခါမဟုတ်တခါ ပေါက်နေကြတယ်။ FDA က လိုင်စင်ပေးထားတဲ့ ကာကွယ်ဆေး ၂ မျိုးက Cervarix (GlaxoSmithKline) နဲ့ Gardasil (Merck) ဖြစ်ကြတယ်။ ဆေး ၂ မျိုးကဆင်တယ်။ ဗိုင်းရပ်စ်အမျိုးအစား ၁၆ နဲ့ ၁၈ ကို ကာကွယ်တယ်။ စိတ်လဲချရတယ်။ ၃ ခါ ထိုးရတာလဲ အတူတူဘဲ။ Gardasil ဆေးကတော့ HPV အမျိုးအစား ၆ နဲ့ ၁၁ တွေကိုပါ ကာကွယ်တယ်။ ယောက်ျားတွေထိုးဘို့လဲ Gardasil ဘဲဖြစ်တယ်။ သားအိမ်သာမက မိန်းမကိုယ်၊ ဗဂျိုင်းနား နဲ့ စအိုကင်ဆာတွေကိုပါ ကာကွယ်စေနိုင်တယ်။ ကာကွယ်ဆေးတွေကို မိန်းကလေး အသက် ၉ နှစ်ကနေ ၂၆ နှစ်ရှိသူတွေကို ထိုးသင...

G6PD မွေးရာပါရောဂါ အမေး-အဖြေ

Image
၁။ ဆရာရှင့် ကျမရဲ့ ညီမလေးမှ မွေးသောကလေး၏ကျန်းမာရေးနှင့်ပတ်သတ်ပြီး မေးမြန်းလိုပါသည်။ လူနာရှင် ကလေး မိခင်အသက်၂၅ နှစ်မှ ဗဟိုအမျိုးသမီးဆေးရုံတွင် သားယောက်ျားလေးကို ( - ) နေ့မှာ မွေးဖွားခဲ့ပါသည်။ မွေးဖွားမည့်ရက်ထက် ၃ ပတ်စောပြီး  မွေးဖွားခြင်းဖြစ်ပါသည်။ ရိုးရိုးမွေးဖွားခြင်းဖြစ်ပါသည်။ ကလေးမှာ မွေးဖွား ပြီးပြီးချင်း အသားဝါပြီး G6PD ရောဂါ ဖြစ်သောကြောင့် မီးပြရပါသည်။ အစားအသောက်ဆောင်ရန်ရှောင်ရန် နှင့်ပတ်သတ်သည့် စာရွက်လာပေးပါသည်။ အီးမေးလ်တွင် တွဲပေးလိုက်ပါသည်။ ကလေးမှာ အသံထွက်ငိုနည်းပြီး အသံသေးသေးနှင့်သာ အော်ပြီး အလွန်မှိန်းပါသည်။ နို့အနည်းငယ်သာစို့ပြီး တနေ့သေး ၂ ကြိမ်သာ ပေါက်ပါသည်။ သာမန်ထက်ပိုပြီး မှိန်းအိပ်နေသောကြောင့် အာရုံကြောများကို စိုးရိမ်မိပါသည်။ ဆေးရုံမှာ ဆရာဝန်မများမှ ခေါ်ယူပြီး G6PD ရောဂါနှင့် ပတ်သတ်ပြီး ဆောင်ရန်ရှောင်ရန်များနှင့် ကလေးမှာ တသက်တာ ဦးနှောက်အာရုံကြော မကောင်းဖြစ်နိုင်သည်ဟု သတိပေးပြောကြားခံရသဖြင့် စိတ်မကောင်းဖြစ်ရပါသည်။ သို့ပါသဖြင့် လူနာရှင်ကလေးကို မည်ကဲ့သို့ ပြုစု စောင့်ရှောက်ရမည်နည်းနှင့် ကလေးကျန်းမာရေးနှင့်ပတ်သတ်ပြီး ထိုရောဂါ G6PD နှင့် ပတ်သတ်ပြီး ဗဟုသုတရရန် ရှင်းပြပေး...

GARDASIL 9 သားအိမ်ဝကင်ဆာ ကာကွယ်ဆေး

Image
 ‌ ဆရာရှင့် ရောဂါကတခုဖြစ်ပြီးသားလူဘဲထပ်ဖြစ်နေသလားမသိပါဘူးရှင့်။ ခုလဲ သားအိမ်မှာ hpv16/18 က negative ပေမယ့် other high risk hpv တွေတွေ့လို့ပါ။ သားအိမ်ခေါင်းကင်ဆာဖြစ်စေသောအကြောင်းသိထားချင်လို့ပါ။ ခုလဲ ogနဲ့ပြနေပေမယ့် မြန်မာပြည်က ဆရာဝန်တွေက အချိန်လုဆေးခန်းပတ်ပြေးရတဲ့အတွက် ကိုယ်မေးချင်တာမေးခွင့်သိပ်မရလို့ပါရှင့်။ Other High-Risk HPV Types သားအိမ်ဝကင်ဆာ ဖြစ်နိုင်ခြေများ Pap smear and HPV test စစ်ဆေးတဲ့အခါ HPV 16 နဲ့ 18 တွေ့ရင် cervical cancer သားအိမ်ဝကင်ဆာ ဖြစ်နိုင်ခြေများတယ်။ တခြားအမျိုးအစားတွေလည်း ရှိသေးတယ်။ HPV 31, HPV 33, HPV 45, HPV 51, HPV 52, HPV 56, HPV 58, HPV 59, HPV 66 နဲ့ HPV 68 တွေဖြစ်တယ်။ အဲဒါတွေတွေ့သူတွေထဲက % ဘယ်လောက်မှာ ကင်ဆာဖြစ်သလဲ သုတေသနလေ့လာမှုတွေ ဆက်လုပ်နေပါတယ်။ Prevention ကာကွယ်နည်း အသက် ၂၆ နှစ်အထိဆိုရင် (HPV vaccine protects against HPV 16, 18, 31, 33, 45, 51, 52, 56, 58, 59, and 66) ကာကွယ်ဆေး ထိုးထားပါ။ ယူအက်စ်အေမှာ Gardasil 9 ကာကွယ်ဆေး  HPV types 6, 11, 16, 18, 31, 33, 45, 52, and 58 တွေကို ကာကွယ်မယ်။ အသက် ၉ နှစ်ကနေ ၂၆ နှစ်အထိ ထိုးနိုင်တယ်။ ၄၅ နှစ်အထိလည်း ထိ...

Manufacturing hospital-grade alcohol ဆေးရုံသုံး အရက်ပျံထုတ်လုပ်နည်း

Image
အရက်ပျံအကြောင်း တင်ပြတိုင်းမှာ တောအရက်ချက်နည်းလို ပေါင်းခံရည် ပြန်ကျတာလို့ ထင်သူတွေက အရက်ပြန်လို့ပြောကြတယ်။ မဟုတ်ပါ။ ချက်အရက်ကိုသာ တဆေး + ဆန်တမျိုး + အပူပေး + အငွေ့ပျံ + အအေးခံ နည်းသုံးပါတယ်။ အငွေပျံခြင်းကို ပြန်နဲ့ မရေးရပါ။ အဲဒါက စာလုံးပေါင်းအမှား။ လုပ်နည်းအမှန်တင်ပြမယ်။ အကုန်တော့ ဘာသာမပြန်အားပါ။ ဒီစာလုံးထဲက ပြန် ကို ပျံ လို့ မရေးရ။ ဆေးရုံသုံး အရက်ပျံထုတ်လုပ်နည်း ၁။ Formulation 1 (Ethanol-based) အက်သနော အရက်ပျံ This formula is for producing 1,000 mL of an 80% v/v ethanol solution. Ingredients ပါဝင်သည်များ 833.3 mL of 96% ethanol 41.7 mL of 3% hydrogen peroxide 14.5 mL of 98% glycerol Sterile distilled water or cold boiled water to top off the flask to the 1000 mL mark  ၂။ Formulation 2 (Isopropyl alcohol-based) အိုင်ဆိုပရိုပိုင်း အရက်ပျံ This formula is for producing 1,000 mL of a 75% v/v isopropyl alcohol solution. Ingredients ပါဝင်သည်များ 751.5 mL of 99.8% isopropyl alcohol 41.7 mL of 3% hydrogen peroxide 14.5 mL of 98% glycerol Sterile distilled water or cold boiled water to to...

Hemoglobin test ဟီမိုဂလိုဘင်စစ်ဆေးခြင်း

Image
Hemoglobin test ဟီမိုဂလိုဘင်စစ်ဆေးခြင်း ကျမအသက် ၃၀ ရာသီသွေးက ၁၅ ရက်နေ့ကပြီးတယ်ရှင့် အခု HB level 11.2 ရှိတာ နည်းလားရှင့်။ (အဖြေခင် ပြောဦးမယ်။ ရှင့် လို့သုံးတာ သင့်မှန် ယဉ်းကျေးတယ်။ အခုခေတ်မှာ သင့်မှန် ယဉ်းကျေးတာတွေ ပျောက်ကုန်ပြီ။ နော် တဲ့။ စင့် တဲ့။) ဓါတ်ခွဲသုံး ယူနစ်တွေ နည်းနည်း မတူ။ ဆေးစစ်ချက်မှာ ပုံမှန်မဟုတ်တာကို ထူးခြားပြီး ဖေါ်ပြထားပါမယ်။ ဥပမာ (၁) ယောက်ျား 13.5 to 17.5 grams per deciliter မိန်းမ 12.0 to 15.5 grams per deciliter ဥပမာ (၂) ယောက်ျား 14.0 and 17.5 (gm/dL) မိန်းမ 12.3 and 15.3 (gm/dL) ဥပမာ (၃) ယောက်ျား 13.8 to 17.2 (g/dL) or 138 to 172 (g/L)  မိန်းမ 12.1 to 15.1 g/dL or 121 to 151 g/L အဖြေစာရွက်ပါဆရာ  မေးတဲ့သူမှာ 11.2 g/dl (76%) ရှိတယ်။ ပုံမှန်ရှိရမှာက 11.5 – 14 ဖြစ်တယ်။ ဒေါက်တာတင့်ဆွေ ၂၅-၉-၂၀၁၉