" ကင်ဆာ ၁၅ မျိုးကို ကုသနိုင်သည့် ဆေးထိုးကုထုံးအသစ်ကို အင်္ဂလန်တွင် တရားဝင် စတင်အသုံးပြု" ဆိုတဲ့သတင်းကို တယောက်ပြီးတယောက်က တင်နေကြပြန်တယ်။ အရင်ကလည်း အဲလိုဘဲ တယောက်ပြီးတယောက်က တင်ခဲ့ကြသေးတယ်။ ကျွန်တော်က ၆-၅-၂၀၁၅ နေ့ကတည်းက တင်ထားတယ်။ သတင်းစတင်ထွက်ခဲ့တာက ၁-၅-၂၀၂၅။ ပြန်လည်တင်ပြပါဦးမယ်။ မင်္ဂလာပါ ဆရာရှင့် ကျမက ရင်သားကင်ဆာဂရုရဲ့ admin ပါ Gp ထဲမှာ ကင်ဆာ ၁၅မျိုး ပျောက်တဲ့ဆေးဆိုပြီး share နေကျတာ တွေ့နေရပါတယ်၊ ဆေးရောင်းတဲ့သူကလည်း သူ့မှာရှိတယ်ဆိုပြီး ရောင်းနေပါတယ်၊ တချို့ လူတွေကတော့ ကင်ဆာဆေးဟာ ကိုက်ခဲပျောက်ဆေးလို ကိုယ့်သဘောနဲ့ ဝယ်သုံးလို့မရဘူးဆိုတာ သိကြပါတယ်၊ ကင်ဆာသမားအများစုကတော့ ကောက်ရိုးတမျှင်လည်း ဖမ်းဆွဲချင်တာမို့ ဒီဆေးကို ဝယ်သုံးချင်နေကြပါတယ ်၊ အမှားအယွင်းတွေ ဖြစ်ကုန်မှာ စိုးရိမ်လို့ပါ၊ ဆရာ့ကို ဒီဆေးအကြောင်းလေး ရေးပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်ရှင်။ မေးတဲ့အတွက် ကျေးဇူး။ - May 06, 2025 နေ့က တင်ထားသေးတယ်။ Nivolumab is a monoclonal antibody that binds to PD-1 (programmed death-1) on T-cells. The jab can be used to treat 15 cancer types, including skin cancer, bladder, and oesophagus, ...