Posts

Showing posts from December, 2024

Online Dream အွန်လိုင်း မိုဘိုင်း အိပ်မက်

Image
(၂၀၁၃ ခုနှစ်က နေ့ခင်အိပ်မက်) ကျွန်တော် ရွေ့လျားဆေးခန်းအိပ်မက် မက်ခဲ့ဘူးတယ်။ Yamuna Online Mobile Clinic လို့ နာမည်ပေးထားခဲ့တယ်။ မမွေးသေခင် ကလေးနာမည် ရွေးထားသလိုပေါ့။  နယူးဒေလီမှာ အခမဲ့ယမုန်နာဆေးခန်းလေး ၁၂ နှစ်တိတိဖွင့်ခဲ့တယ်။ မွေးလူနာလက်ခံတာ ၈ နှစ်။ အွန်လိုင်းကနေ ကျန်းမာရေးနဲ့ ဆေးပညာစာတွေ ရေးနေတာ ၇ နှစ်။ မေးသမျှ အွန်လိုင်းကနေ ဖြေပေးနေတာ ၅ နှစ်ကြာပြီ။ နောက်တဆင့် တက်ချင်လာတယ်။ အိပ်မက်ထဲမှာ မြန်မာပြည်တလွှား အရှေ့-အနောက်-တောင်-မြောက် မြို့မရွေး-ရွာမရွေး ရွေ့လျားပြီး၊ ဆေးကုပေးနေတယ်။ ကျန်းမာရေး-ဆေးပညာ သင်တန်းလဲပေးတယ်၊ မေးတာတွေလဲဖြေနေတယ်။ လောဘကြီးတယ်။  ကားကြီးကြီးလိုမယ်။ အသေအချာတပ်ဆင်၊ ပြင်ဆင်ထားတဲ့ ကားခေါင်မိုးမှာ ဆိုလာပြားကြီးရှိမယ်။ ဆေးသိုလှောင်စရာ ရေခဲသေတ္တာကြီးကြီးပါမယ်။ မီးဖို၊ ရေအိမ်သာစတာတွေ။ ဆေးတွေကလဲ Generic ဆေးတွေ ဖြစ်စေရမယ်။ ဘယ်ကနေ ဘယ်လိုဝယ်မလဲ စဉ်းစားနေတယ်။ စောင့်ထိန်းလိုက်နာစရာ စည်းကမ်းကျင့်ဝတ်တွေ။ ငွေရေးကြေးရေးပွင့်လင်းမှု လိုမယ်။ စာရင်းကိုင်၊ စာရင်းစစ်တွေ အကူအညီတောင်းရမယ်။ လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်းလိုမယ်။ မှတ်ပုံတင်တာ၊ ခွင့်ပြုချက် ယူတာတွေ လိုမယ်။ ကိုယ့်မှာတော့ ဆမ အသိ...

Blind Men And An Elephant မျက်မမြင်ခြောက်ယောက်

Image
မျက်မမြင်ခြောက်ယောက်နဲ့ ဆင်ပုံပြင်ကို လူတိုင်းကြားဖူး ဖတ်ဖူးကြမှာပါ။ မျက်မမြင်ပုဏ္ဏားခြောက်ယောက်လို့သာ သိကြမယ်ထင်တယ်။ မှန်နိုင်ပါတယ်။ ဒါမှမဟုတ် နီးစပ်တယ်။ ပုံပြင်မူရင်းက အိန္ဒိယတိုက်ငယ်ကနေလာတယ်။ ဟင်ဒူဘာသာ၊ ဗုဒ္ဓဘာသာ၊ ဂျိန်းဘာသာ၊ ဘဟိုင်းယီးဘာသာတွေမှာလည်း မူကွဲပုံပြင်ကိုယ်စီ ရှိကြတယ်။ နောက်မှာ ဥရောပထိ ရောက်တယ်။ ၁၉ ရာစုမှာ အမေရိကန်ကဗျာဆရာ (ဂျွန် ဂါ့ဖရိ ဆက်ဆီး) ကနေ သူ့ကိုယ်ပိုင်မူနဲ့ဖွဲ့တယ်။ သူကစရေးတာ မဟုတ်ပါ။ တနှစ်က ကျွန်တော်စာကူသင်နေတဲ့ကျောင်းမှာ အဲဒီပုံပြင်ကိုသင်တယ်။ အဲတာမှာ ဆင်လို့မရေးပဲ အကောင်ကြီးလို့ ရေးထားတယ်။ ပုဏ္ဏားတွေလည်းမဟုတ်ပါ၊ တောင်းစားသူတွေ။ မျက်မမြင်တွေ စမ်းတွေ့ကြတဲ့ အင်္ဂါအစိတ်အပိုင်း ခြောက်မျိုးကတော့ တူပါတယ်။ နားရွက်ဟာ (ဖင်န်) နဲ့ တူတယ်ဆိုတော့ ပန်ကာမှတ်တဲ့ကျောင်းသားက မှတ်တယ်။ ပုံပြင်မှာ ဆင်မဟုတ်ပေမဲ့ သင်္ခန်းစာပေးတာတော့ သဘောကျတယ်။ မျက်မမြင်တွေ တယောက်နဲ့တယောက် သူတို့ စမ်းတွေ့တာကိုသာ အမှန်ယူပြီး ငြင်းခုန်ရန်ဖြစ်ကြတယ်။  အဲလိုပဲ တကယ့်ဘဝမှာ မျက်စိကောင်းကောင်းမြင်သူတွေဟာလည်း ကိုယ်မှန်တယ်ထင်တာကို အလျော့မပေးပဲ ငြင်းခုန်ကြတယ်။ ရန်ဖြစ်ကြတယ်။ စစ်ဖြစ်ကြတယ်။ ကျွန်တော် နေမကောင်းသူတွ...

Hypertension Links သွေးတိုးရောဂါ

Image
မင်္ဂလာပါဆရာ။ သွေးတိုးရောဂါနဲ့လူငယ်များရဲ့ဘဝ ဒါလေးနဲ့ပတ်သက်ပြီး မေးခွင့်ပြုပါဆရာ။ အခုနောက်ပိုင်း သွေးတိုးရောဂါဟာ လူကြီးလူငယ်မရွေး ဖြစ်လာတာကိုတွေ့ရပါတယ်ဆရာ ရောဂါရဲ့ လက္ခဏာက ဘာမှမပြတာကြောင့် အချို့သော လူတွေမှာ သွေးတိုးနေသော်လည်း သွေးတိုးနေမှန်း မသိရပါဆရာ။ သွေးတိုးဟာများသောအားဖြင့် ကိုယ်အလေးချိန်များသောလူတချို့နဲ့ အစားအသောက်အနေအထိုင် မဆင်ခြင်သော လူတွေမှာဖြစ်လေ့ရှိတယ်လို့သိရပါတယ်ဆရာ။ ယခုခေတ်လူငယ်တွေဟာ ကေဖင်းအသောက်များတာ၊ဆေးလိပ်သောက်သုံးတာ၊ပြည့်ဝဆီများစွာပါဝင်သော အသား၊အဆီ၊နို့၊ခရင်မ် စတာတွေနဲ့ အသင့်ပြင်ထားသော အစားအစာတွေကို များသောအားဖြင့် စားသုံးခြင်းကြောင့် သွေးတိုးရောဂါ ဖြစ်လာကြပါတယ်ဆရာ။ သွေးတိုးရောဂါဟာ ပျောက်ကင်းအောင် ကုသလို့မရသည့် နာတာရှည်ရောဂါ ဖြစ်သောကြောင့် သွေးတိုးရှိသောလူငယ်များမှာ သွေးတိုးရောဂါကြောင့် စိတ်အဆင်မပြေမှုများစွာ ဖြစ်ရပါတယ်ဆရာ။ သွေးတိုးဟာအသံတိတ်လူသတ်သမားဟု ဆရာဝန်များက ပြောသောကြောင့် ပို၍ စိုးရိမ်ကြောက်လန့်ရပါတယ်ဆရာ။ ဒါကြောင့်သွေးတိုးရှိသော လူငယ်များကို ဘဝမည်သို့ဖြတ်သန်းရမည်ဆိုတာ အကြံပေးစေလိုပါတယ်ဆရာ။  1. Bathing and Blood Pressure သွေးတိုး နဲ့ ရေချိုးခြင်း https://...

Biased Doctor ဘက်လိုက်တဲ့ ဆရာဝန်

Image
အနီရင့်ရင့် မောင် = ဆရာက အမျိူးသမီးတွေ ဦးစားပေးဖြေကြားသလား ကွန်မင့်ဖတ်ရလို့ ချက်ချင်း အီးမေးလ်ကနေလာတဲ့ မေးခွန်းတွေကို ဆန်းစစ်မှု ခပ်မြန်မြန်လေးလုပ်ရပါတယ်။ ဖေ့စ်ဘွတ် ချတ်နဲ့ မက်ဆင်ဂျာကို မလုပ်အားတော့ပါ။ 1. Thura Aung အမျိုးသား (no subject) - ကျွန်တော် အသက် 28 နှစ်ပါ ကျွန်တော် 19 oct 2016 က သူငယ်ချင်းပေါင်းမှားပြီး  2. Aung, me (3) အမျိုးသား ကျန်းမားရေး အကြောင်း မေးမြန်းခြင်း - ဆေးတိုင်းမှာ ဘေးထွက်သက်ရောက်မှု ရှိတယ်။  3. Nant, me (2) အမျိုးသမီး ဆရာရှင့် သမီးအသက် ၃၀ ရှိပါပြီ။ အိမ်ထောင်ကျတာ ၄ နှစ်ရှိပါပြီ။  4. Phyo, me (2) အမျိုးသား ကျန်းမာရေးဆိုင်ရာ - သည်အတိုင်းတော့ ရောဂါတခုခုနဲ့တော့ မတူသေးပါ။ နားထောင် စစ်ဆေးမှသာ သိပါမယ်။  5. သိမ့်, me (3) အမျိုးသမီး ဆရာရှင့် ကျွန်မအသက်၃၆နှစ်ရှိပါပြီ။  6. Myo, me (2) အမျိုးသား မေးခွန်းမေးခွင့်ပြုပါဆရာခင်ဗျား  7. chothae, me (5) အမျိုးသမီး (no subject) - font size လို့ရေးရတယ်။  8. Rose, me (2) အမျိုးသမီး (no subject) - ပြန်ထုတ်ထားပါတယ်လို့ ရေးရတယ်။  9. Phay, me (5) အမျိုးသမီး Dr. ရှင့် သည်းခြေ ကျောက်တည်တဲ့ရောဂါအကြောင်...

6 general scientific predictions လာမည့် နှစ်သစ်အတွက် အထွေထွေဆေးသိပ္ပံပညာ အလားအလာ ၆ ခု

Image
1. nutrient metabolism အာဟာရ မက်တာဘော်လဇင် တိုးတက်လာမည်။ calorie ကယ်လိုရီအကြောင်း ပိုသိလာမည်။ ကိုယ်အလေးချိန် ဘာ့ကြောင့်တိုးလာကြသနည်း ပိုသိရှိလာမည်။ 2. artificial intelligence အေအိုင်နည်းပညာအကူအညီဖြင့် အာဟာရအကြောင်းတွေ ပိုသိလာမည်။ biomedical data ဒေတာသစ်တွေရလာမည်။ personalized approach to patient care လူနာတဦးချင်းစီအတွက် စောင့်ရှောက်ပေးနိုင်မှုတွေ ပေါ်လာမည်။ အုပ်ချုပ်မှုနှင့် စီမံခန့်ခွဲမှုဝန်ထုပ်ဝန်ပိုးတွေ နည်းလာမည်။ လူနာကို ပိုပြီးအာရုံစိုက်နိုင်လာမည်။ 3. generative artificial intelligence language models (chatbots) အေအိုင် ဘာသာရပ်သစ် ပေါ်ထွက်လာမည်။ လူနာနဲ့ ဆက်သွယ်ရေး ပိုမိုလွယ်ကူလာမည်။ preliminary diagnostic test reports ပဏာမစစ်ဆေးမှု အဖြေများ လွယ်လာမည်။ လူနာမှတ်တမ်းတွေ ပိုကောင်းလာမည်။ 4. drones ဒရုမ်းတွေအကူအညီနဲ့ home the center of care လူနာနေအိမ်မှာ ကျန်းမာရေးစောင့်ရှောက်ပေးမှု ဖြစ်လာနိုင်သည်။ primary care ပဏာမစောင့်ရှောက်မှု၊ urgent and emergency care အရေးပေါ် နှင့် အမြန်စောင့်ရှောက်မှုများသာမက public health ပြည်သူ့ကျန်းမာရေးကိုပါ ပိုမိုကောင်းမွန်လာစေမည်။ 5. technologies နည်းပညာသစ...

5 cardiology predictions လာမည့် နှစ်သစ်အတွက် နှလုံးရောဂါများ အလားအလာ ၅ ခု

Image
1. bad cholesterol ခေါ် မသင့်တဲ့ ကိုလက်စထောအတွက် new medications that target lipoprotein ဆေးသစ် ပေါ်လာနိုင်သည်။ more targeted treatment options နည်းများအတွက် ကြိုးစားရဦးမည်။ 2.  Cardiac critical care အရေးတကြီး နှလုံးရောဂါများ စောင်ရှောက်ရေးနည်းနာများအတွက် Molecular biomarkers တွေ ပေါ်လာနိုင်သည်။ ကာကွယ်နည်းလည်း ဖြစ်ကောင်းဖြစ်လာနိုင်သည်။ 3. women's health research အမျိုးသမီးများ၏ ကျန်းမာရေး သုတေသနများကြောင့် နှလုံးရောဂါသည်များ quality of life နေရချိန်ကာလတွေမှာ ပိုမိုပြီး သက်သောင်သက်သာ ရှိလာနိုင်သည်။ 4. artificial intelligence-facilitated algorithms အေအိုင်နည်းပညာသစ်အကူအညီဖြင့် နှလုံးသွေးကြောရောဂါများအား စောစာသိရှိလာနိုင်မည်။ ဖြစ်မလာစေအောင် ကာကွယ်နည်းလည်း ဖြစ်လာနိုင်သည်။ atherosclerotic heart disease, valvular heart disease နဲ့ heart failure တွေအတွက် အကျိုးရှိမည်။ personalized health care လူနာတဦးချင်းအတွက် နည်းသစ်များပေါ်လာနိုင်သည်။ 5. cardio-kidney-metabolic health နည်းနာဖြင့် new patient-centered models လူနာဦးတည် မော်ဒယ်သစ်များ ဖြစ်ပေါ်လာနိုင်သည်။ မြန်မာပြည်သူများ ဆေးပညာတိုးတက်မှုမျ...

6 neurology predictions လာမည့် နှစ်သစ်အတွက် အာရုံကြောရောဂါများ အလားအလာ ၆ ခု

Image
1. Brain neurons ဦးနှောက်အကျိတ် artificial intelligence (AI) နည်းပညာဖြင့် ရောဂါအမည်တပ်ခြင်း၊ ကိုသခြင်းတွေမှာ ပိုမိုကောင်းမွန်လာနိုင်သည်။ 2. non-invasive brain stimulation နည်းအားဖြင့် ရောဂါခံစားနေရသည်များကို ရက်တိုတိုသာ ခံစားလာရနိုင်သည်။  personalized protocols နည်းကနေ လူနာတွေ ကိုယ့်နေအအိမ်ကနေ လုပ်ဆောင်ပေးလာနိုင်သည်။ 3. ultrasound technology နည်းပိုမိုကောင်းမွန်လာမည်။ blood-brain barrier ကိုဖြတ်ကျော်ပြီး non-invasive, targeted, and temporary opening ကုသနည်းဖြစ်ပေါ်လာနိုင်သည်။  4. transcranial magnetic stimulation နည်းသစ်နဲ့ depression စိတ်ကျရောဂါကို ကုသပေးနိုင်လာမည်။  5. dementia, stroke and depression ရောဂါတွေကို ကာကွယ်နည်းသစ် ပေါ်လာနိုင်သည်။ 6. dementia care ရောဂါစောင့်ရှောက်ပေးမှု ပိုမိုကောင်းမွန်လာနိုင်သည်။ မြန်မာပြည်သူများ ဆေးပညာတိုးတက်မှုများကို လက်လှမ်းမီကြပါစေသတည်း။ Researchers expect that 2025 will include an "important step in further personalizing breast cancer care and reducing long-term side effects." (iStock) ဒေါက်တာတင့်ဆွ

5 cancer predictions လာမည့် နှစ်သစ်အတွက် ကင်ဆာ အလားအလာ ၅ ခု

Image
1. immunotherapy for cancer အင်မြူနိုသာရာပီ အသစ်ဖြစ်ထွန်းလာနိုင်သည်။ autoimmune diseases အော်တိုအင်မြူးရောဂါတွေ ကုသရေးလည်း တိုးတက်လာနိုင်သည်။ 2. early cancer detection and prevention ကင်ဆာတွေကို စောစောသိလာနိုင်ခြင်းနဲ့ ကာကွယ်ရေး ဖြစ်လာနိုင်သည်။ ကင်ဆာကုသရေးလည်း ပိုကောင်းလာနိုင်သည်။ 3. triple-negative breast cancer clinical stage 2 or 3 တွေအတွက် surgery မခွဲစိတ်မီ chemotherapy + immunotherapy ပေးပြီးကုသနည်းဟာ ခီမိုသာရာပီ တမျိုးတည်းထက် များစွာကောင်းလာမည်။ 4. single-cell technologies သုတေသနကြောင့် ကင်ဆာအကြောင်း cancer progression and resistance ပိုမိုသိရှိလာနိုင်သည်။ 5. long-term impacts of multiple disease-causing factors အားဖြင့် non-hereditary diseases (non-hereditary cancer) အယူအဆလွဲနေတာကိုပြင်ပြီး ပိုမိုကောင်းမွန်လာနိုင်သည်။ မြန်မာပြည်သူများ ဆေးပညာတိုးတက်မှုများကို လက်လှမ်းမီကြပါစေသတည်း။ Heading into the New Year, medical experts from Mass General Brigham are predicting many new medical advances for 2025. (iStock) ဒေါက်တာတင့်ဆွေ

Blood Glucose Meter ဆီးချိုတိုင်းစက်

Image
မင်္ဂလာပါဆရာ ဆီးချိုတိုင်းတဲ့စက်အကြောင်းလေး မေးခွင့်ပြုပါရှင့် ကျွန်မတို့အိမ်က ဆီးချိုတိုင်းတဲ့စက်ကို thada တစိတ်နဲ့ သုံးပါတယ် ဘေးအိမ်ကတော့ g doctor လို့ပြောပါတယ် အဲ့ဒါ သူ့စက်က နေဆီးချို တိုင်းတာ ၁၀၁ လောက်ပဲပြနေပြီ ကျွန်မတို့အိမ်က စက်နဲ့တိုင်းတော့ 149 လို့စက်က ပြနေပါတယ် သူ့စက်နဲ့တိုင်းပြီးနာရီဝက် လောက်ကြာမှ ကျွန်မတို့အိမ်က စက်နဲ့တိုင်းတာပါ အဲ့လိုတိုင်းတဲ့အချိန်ကြားထဲ ဘာမှမစားပါဘူး မတိုင်းခင်လဲ မစားထားပါဘူး အဲ့ဒါကို ကွာနေလို့ ဘယ်စက်က အဖြေမှန်မလဲ မသိပဲ အဲ့လိုပဲ ဖြစ်တတ်တာလား ဆီးချိုစက်တွေကို ယုံသင့်ရဲ့လား မသေချာလို့ဆရာဆီကို မေးကြည့်တာ ပါကျေးဇူးပြုပြီးဖြေပေးပါဦးနော် ဆီးချိုဆိုတာ အချိန်တိုင်း ပြောင်းလဲနေတယ်။ စက်ကရိယာတွေက မတူကြပါ။ သွေးဖိအားတိုင်းတာတွေမှာလည်း မတူကြပါ။ ဆောရီး။ Accuracy and Use of Blood Glucose Meters BGMs provide accurate blood glucose (blood sugar) readings. In fact, the Food and Drug Administration (FDA) requires all BGMs to be accurate within about 15–20% above or below the actual reading. ဓါတ်ခွဲခန်းမှာစမ်းလိုရတဲ့အဖြေနဲ့ ကိုယ့်အိမ်သုံးစက်ကအဖြေဟာ ၁၅-၂၀% သာကွာသင့်တယ်လို့ FDA...

2016 Diseases Archive ၂၀၁၆ ရောဂါများ

Image
(လွန်ခဲ့တဲ့ ၈ နှစ်တိတိက ရေးထားတာ။) ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်အတွင်း WHO မှတ်တမ်းဝင် ဖြစ်ပွါးခဲ့တဲ့ရောဂါတွေစာရင်း 27 December 2016 Summary of poliovirus circulation in 2016 – ပါကစ္စတန် 23 December 2016 Human infection with avian influenza A(H7N9) virus – တရုပ် 19 December 2016 Human infection with avian influenza A(H7N9) virus – တရုပ် 19 December 2016 Human infection with avian influenza A(H7N9) virus – တရုပ် 19 December 2016 Middle East respiratory syndrome coronavirus (MERS-CoV) – ဆော်ဒီအာရေးဗီးယား 19 December 2016 Middle East respiratory syndrome coronavirus (MERS-CoV) – ဆော်ဒီအာရေးဗီးယား 8 December 2016 Middle East respiratory syndrome coronavirus (MERS-CoV) – အိုမန် 7 December 2016 Human infections with avian influenza A(H5N6) virus – တရုပ် 5 December 2016 Middle East respiratory syndrome coronavirus (MERS-CoV) – ဆော်ဒီအာရေးဗီးယား 28 November 2016 Middle East respiratory syndrome coronavirus (MERS-CoV) – ဆော်ဒီအာရေးဗီးယား 24 November 2016 Rift Valley Fever နိုက်ဂျာ 18 November 2016 Den...

Acidic Urine ဆီး အက်စစ်ဓါတ်များနေခြင်း

Image
(ကန်တော့) ၁။ ဆရာ မင်္ဂလာပါရှင့် apple cider vinegar သောက်တာတို့ extra virgin coconut oil သောက်တာတို့က ဆိုးကျိုးရှိလား သောက်သင့်လား ဖြေပေးပါဦးရှင့် ဆိုးကျိုးတော့ မရှိ။ ထိရောက်မှု သေချာ မပြောနိုင်။ သောက်မဲ့သူ ကျား-မ-အသက်-ရောဂါ မသိ။ မ ၂၁နစ် ရောဂါမရှိ ၂။ မင်္ဂလာပါဆရာ။ ကျမအသက်က ၃၆ နှစ်ပါ။ ခြောက်လအရွယ်သားလေးရှိပါတယ်။ ကိုယ်ဝန်မရှိခင်တုန်းက PH level က (7) ပါ။ ကိုယ်ဝန်ဆောင်နေစဉ်အတွင်း သွေး၊ ဆီး စသည်ဖြင့် လိုအပ်တာတွေစစ်ပါတယ်။ အဲဒီတုန်းက PH level က (6) ပါ။ အခုစစ်ကြည့်တော့ (6.5) ပါ။ PH level (7) က အကောင်းဆုံးအနေအထားအဖြစ်သိထားပါတယ်ဆရာ။ ကျမသိချင်တာက PH level 7 ဖြစ်အောင် ဘယ်လိုပြုမူနေထိုင်ရပါမလဲဆရာ။ ဘယ်လိုအစားအသောက်မျိုး စားသုံးရမှာပါလဲ။ PH level ကွာခြားနေဟာ ဘယ်အရာတွေပေါ်မူတည်ပြီး အတက်အကျကွာခြားနေပါသလဲဆရာ။ PH level အနည်းအများကွာခြားချက်ဟာ တခြားမည်သည့်ရာတွေကို အကျိုးသက်ရောက်စေပါသလဲဆရာ။ ဆရာ ရွှင်လန်းချမ်းမြေ့ပါစေ။ ၃။ ဆရာ ကျွန်တော်နေပူထဲသွားမိရင် ဆီးအောင့်ပါတယ်။ နေပူထဲကြာကြာနေမိလေ ပိုဆိုးလေပါပဲ။ ဆီးတစက် သွားဖို့အရေး တော်တော်ကြိုးစားရတယ်။ သွားမိရင်လည်းအတော်ကျင်တယ်။ ရေနွေးတွေများထွက်လာသလို ခံစားရတယ်ဆရာ။ န...

The Most Dangerous Times on the Road လမ်းပေါ်မတော်တဆဖြစ်မှု အဆိုးဆုံးကာလများ

Image
(၉ နှစ်တိတိကစာ) အရက်သောက်ရင်း ကားမောင်းလို့ လမ်းပေါ်မှာ မတော်တဆဖြစ်မှုတွေ ဆိုးဆိုးဝါးဝါးဖြစ်စေတယ်။ ၂၀၀၁ ကနေ ၂၀၀၅ အတွင်း NHTSA မှတ်တမ်းတွေအရ တနေ့မှာပျမ်းမျှ ၃၆ ယောက်သေဆုံးခဲ့တယ်။ ခရစ်စမတ်နေ့မှာ နေ့စဉ် ပျမ်းမျှ လူ ၄၅ ယောက်သေဆုံးတယ်။ နှစ်သစ်ကူးနေ့မှာ ၅၄ ယောက်သေဆုံးခဲ့တယ်။ နွေရာသီမှာသက်သာတယ်။ ဆယ်ကျော်သက်တွေအတွက် အဆိုးဆုံးရက် ၁၀၀ ရှိတယ်။ အောက်မေ့ဘွယ်နေ့နဲ့ လေဘာဒေးကြားရက်တွေဖြစ်တယ်။ မေလနဲ့ သြဂုတ်လအတွေင်း ဟိုင်းဝေးလမ်းမတွေပေါ်မှာ ၁၀ ယောက်ဖြစ်တာ ၉ ယောက်သေဆုံးတယ်။ အဆိုးဆုံးက ဟောလီးဒေးတွေမှာဖြစ်တယ်။ ဥပမာ ဇူလိုင်လ (၄) ရက် အမေရိကန်လွတ်လပ်ရေးနေ့။ ပျမ်းမျှ ၄၄ ယောက်သေတယ်။ ခရစ်စမတ်နဲ့ နှစ်သစ်ကူးရက်ကြားမှာ သေဆုံးနှုန်း ၃၄% တိုးလာတယ်။ ၄၅ ယောက်သာ သေရာကနေ ၅၄ ယောက်အထိသေးလာတယ်။ စက်တင်္ဘာ (၂) နဲ့ သြဂုတ်လ (၁၃) ရက်တွေက ဒုတိယနဲ့ တတိယ လိုက်တယ်။ ဇူလိုင် (၁၅)၊ မေ (၂၀) နဲ့ နိုဝင်္ဘာ (၁၁) တွေက ဆက်လိုက်တယ်။ နှစ်သစ်ကူးအကြိုနေ့ ဒီဇင်္ဘာ (၃၁) ရက်က နံပါတ် (၇) လိုက်ပြီး၊ ၁၃၀ ပျမ်းမျှသေဆုံးတယ်။ ဒီလေ့လာဆန်းစစ်မှုက ယူအက်စ်အေမှာပါ။ ကျွန်တော်တို့တိုင်းပြည်အတွက်လည်း အသုံးကျတယ်။ အားလပ်ရက်တွေ မတူကြပေမဲ့ အဲလိုရက်တွေမှာ မတော်တဆဖြစ်...

Dr. Norman Bethune ဒေါက်တာနော်မန်ဗက်သွန်း

Image
ရေးထားတာ ၉ နှစ်ကကျော်ပြီ။ ကျော်အောင်ဘာသာပြန်စာအုပ် တွေ့လို့။ ငယ်ငယ်ကတော့ ဖတ်ဖူးတယ်။ မေ့ကုန်ပြီ။ ကျွန်တော်က တခြားကနေဖတ်ပြီး ရေးတာပါ။ မြန်မာပြည်ကစာဖတ်သူတိုင်း နော်မန်ဗက်သွန်းကိုသိကြပါတယ်။ အများစုက တရုပ်ပြည်မှာ စွန့်စွန့်စားစား စေတနာ အပြည့်နဲ့ သွားရောက်ကူညီတဲ့ ကနေဒါဆရာဝန်လို့သိကြမှာပါ။ ဒေါက်တာဗက်သွန်းက သူ့ရဲ့ ကမာ္ဘကျော်သမိုင်းတွင်တဲ့ လူမှုရေးဆေးကုသမှုကို စပိန်ပြည်တွင်းစစ်ကတည်းကစခဲ့တာပါ။ ဖက်စစ်ဖန့်ကျင်ရေးသမားဖြစ်တယ်။ စစ်သားတွေကိုရော ရွာသူရွာသားတွေကိုပါ ဆေးကုပေးပါတယ်။  ဒိနောက်မှာ ဒုတိယ တရုပ်-ဂျပန်စစ်ပွဲမှာ ခေတ်မီဆေးပညာနဲ့ တရုပ်ပြည်တောပိုင်းကို သွားရောက်ကုသပေးခဲ့ပါတယ်။ သူရဲ့ ကိုယ်ကျိုးမဖက် တရုပ်ဆင်းရဲသားတွေကို ဆေးပညာနဲ့အကူအညီပေးလို့ တရုပ်ခေါင်းဆောင် မော်စီတုန်းကစပြီး ကနေ့ တရုပ်နိုင်ငံသားတိုင်းကပါ ဒေါက်တာဗက်သွန်းကို လေးစားချစ်ခင်နေကြပါတယ်။  သူကပဲ စပိန်ပြည်တွင်းစစ်မှာ မိုဘိုင်းသွေးသွင်းကုသမှုကို ရှေ့တန်းစစ်မျက်နှာမှာစခဲ့ပါတယ်။ သူကိုယ်တိုင်ကတော့ သွေးအဆိပ်သင့်လို့ ၁၂-၁၁-၁၉၃၉ ကွယ်လွန်ခဲ့ရပါတယ်။ သူဟာ တီဘီရောဂါသည်လည်းဖြစ်ခဲ့တယ်။ အဲဒီ ၁၉၂ဝ ကျော်ကာလတွေမှာ တီဘီကို ထိရောက်အောင်မကုနိုင်သေးပါ။...

New Year Healthy Life Choices နှစ်သစ်အတွက် အကြံပြုချက်

Image
(ရေးထာတာ ၇ နှစ်တိတိကဖြစ်ပါတယ်။) • ကင်ဆာ (၁၀) မျိုးထဲက (၄) မျိုးဟာ လူနေမှုပုံစံပြင်တာနဲ့ ကာကွယ်နိုင်တယ်လို့ (ယူကေ) နိုင်ငံ ကင်ဆာ သုတေသန အသင်းရဲ့နောက်ဆုံးတွေ့ရှိချက်က ဆိုပါတယ်။ • ၂၀၀၇ ကနေ ၂၀၁၁ အတွင်း လူနာပေါင်း ၃ သိန်းကို ၅ နှစ်တာ လေ့လာမှုအရ ဆေးလိပ်ဖြတ်ခြင်းကနေ ကင်ဆာကို ရှောင်ရှားနိုင်စေတယ်။ • ကင်ဆာကိုရှောင်ဘို့ နောက်တနည်းက ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက် ရွေးချယ်တတ်မှုဖြစ်ပါတယ်။ လူပေါင်း ၁၄၅၀၀၀ မှာ ပြုပြင်ထားတဲ့အစားအသောက်နဲ့ ကင်ဆာဆက်စပ်နေကြတယ်။ • အရက်ကိုဆင်ခြင်ဘို့နဲ့ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ဘို့လဲ ပါဝင်တယ်။ ၆၂၂၀၀ ယောက်မှာ ကင်ဆာနဲ့အရက် ဆက်စပ်နေကြတယ်။ • ၈၈၀၀၀ ယောက်မှာ အဝလွန်တာနဲ့ ကင်ဆာဆက်စပ်နေကြတယ်။ • နေလောင်ခံရတာလဲ ကင်ဆာနဲ့ဆက်စပ်တယ်။ • ဆေးလိပ်၊ အရက်၊ အစားအသောက်၊ အဝလွန်တာနဲ့ နေလောင်ခံရတာတွေက ကင်ဆာဖြစ်စေတဲ့ (၅) ချက်ဖြစ်တယ်။ • လူဦးရေ ၆၁ သန်းရှိတဲ့ (ယူကေ) မှာ အဲလို ကာကွယ်နိုင်မဲ့သူပေါင်း ၆ သိန်းရှိတယ်။ • သန်း ၅၀ ကျော်တဲ့ မြန်မာပြည်မှာ လူဦးရေ ၅ သိန်းကို ကင်ဆာဖြစ်မှာကနေ ကာကွယ်နိုင်စရာရှိတယ်။ • ၂၀၂၅ နှစ်သစ်မှာ ဒီအကြံပြုချက်ကို လိုက်နာကြပါလို့ အကြံပြုလိုက်ပါရစေ။ Tips For A Healthy New Year ဒေ...

GLP-1 ဆီးချို ဆေးသစ်

Image
GLP-1 generic ဆေးသစ်ကို Type 2 diabetes ဆီးချိုအမျိုးအစား ၂ အတွက် FDA က ၂၄-၁၂-၂၀၂၄ နေ့ကစပြီး အသိအမှတ်ပြုလိုက်ပါတယ်။ အသက် ၁၀ နှစ်အထက် ဆီးချိုရှိသူတွေ နေ့စဉ်ထိုးရတဲ့ဆေး။ Victoza အမည်နဲ့ ရောင်းချပါမယ်။  ယူအက်စ်အေမှာ ဈေးချိုတဲ့အမျိုးအစားလည်း ရှိသေးပါသတဲ့။ ထုံးစံက ဆေးအမည်ရင်းနဲ့ရောင်းတာတွေက ဈေးချိုတယ်။ ဥပမာ ပါရာစီတမောဆိုတာ ဆေးအမည်ရင်း မဟုတ်ပါ။ ဘားပလက်စ် လည်း အမည်ရင်း မဟုတ်ပါ။ ဆီးချိုထိုးဆေးသစ်တွေကို ကိုယ်အလေးချိန်ချရာမှာလည်း သုံးလာကြတယ်။ Victoza® (liraglutide) injection 1.2 mg or 1.8 mg for Type 2 Diabetes ဒေါက်တာတင့်ဆွေ

Vegetables for Health အသီးအနှံ အသီးအရွက်များအကြောင်း

Image
ကောင်းတဲ့အချက် မဟုတ်တာတွေကို ရေးမှာဖြစ်ပါတယ်။ - ကျွဲကောသီး - ကိုလက်စထောကျဆေးတမျိုး သောက်နေသူ ဆေးနဲ့တွဲမသောက်သင့်။ - ကြက်သွန်နီ - တချို့က အလားဂျစ် ဖြစ်တယ်။ - ချယ်ရီသီး - အချိုဓါတ် များတယ်။ - ခရမ်းချဉ်သီး - များရင် လေနာရောဂါရှိသူ မသင့်။ - ခရမ်းသီး - အဆီဓါတ်နဲ့ ဆိုဒီယမ်ဓါတ် မနည်းလှပါ။ - ငရုတ်ပွ ခေါ် ငရုတ်ချိုသီး - နှလုံးရောဂါ၊ ဆီးချိုရောဂါနဲ့ ကင်ဆာရှိသူတွေ အသင့်အတင့်သာစားသင့်။ - ငှက်ပျောသီး၊ လိမ်မော်သီး - ပိုတက်ဆီယမ်များလို့ ကျောက်ကပ်မကောင်းသူတွေနဲ့ မသင့်။ - စည်သွတ်ဗူးအသီးများ - အချိုဓါတ်များတယ်။ ဖိုက်ဘာ နည်းတယ်။ - စပျစ်သီး - သကြားဓါတ် များတယ်။ - စွန်ပလွန်သီးယို၊ သရက်သီးခြောက်၊ လိုင်ချိစ်သီး - အချိုဓါတ်များလို့ ဆီးချိုရှိသူတွေ ဆင်ခြင်စားသုံးရမယ်။ - စောင်းလျားသီး - နာတာရှည်ကျောက်ပ်မကောင်းသူနဲ့ မသင့်။ - နံနံပင်အမျိုးမျိုး - အာဟာရဓါတ်တော့ မရပါ။ - နာနတ်သီး - အချိုဓါတ်များလို့ ဆီးချိုရှိသူတွေ ဆင်ခြင်စားသုံးရမယ်။ - ပဲညှောက်ပေါက် - ဘက်တီးရီးယားတွေ ပေါက်ပွားမှုကိုအားပေးတယ်။ - ပဲလုံးစိမ်း - ကောင်းပေမဲ့ ကလိုရီနဲ့ ကာဗွန်ဟိုင်ဒရိတ် များတယ်။ - ပဲအမျိုးမျိုး - ဆီးချိုရှိသူတွေနဲ့ ကိုယ်အလေးချိန်များသူတွေ...

Ear ring နားဖောက်တာ

Image
ဆရာ မင်္ဂလာပါ ကျွန်မအသက် ၂၃ရှိပါပီ(ပါပြီ) နားဖောက်တာ ၁၀ရက်ရှိပါပီ(ပါပြီ) ကြက်သားမစားပါဘူးဆရာ နားမှာ အသီးထွက်လာပါတယ် နားသီးကကြီးလာတက်(တတ်)ပါသလားဆရာ ဘယ်လိုလုပ်သင့်ပါသလဲဆရာ ကြက်သားမစားတာနဲ့ ဖြစ်တာ မဆိုင်ပါ။  တက်ပါသလား မဟုတ်။ တတ်ပါသလားလို့ ရေးရတယ်။ တက်ဆိုတာ အပေါ်တက်တာ။ အတက်ရောဂါ။ တတ်ဆိုတာ တတ်မြောက်တာ။ ဖြစ်တတ်တာ။  ပါပီဆိုတာ ခွေးကလေးကိုခေါ်တယ်။ ပါပြီလို့ရေးမှသာ နားလည်စေမယ်။  နားဖေါက်ရာကနေ အနာရင်းတတ်တယ်။ ရင်းတယ်ဆိုတာ ရောင် နီ ရဲ နာ ဖြစ်တာကိုခေါ်တယ်။  ဆေးထည့်သင့်။ Betadine cream လိမ်းဆေး။ အနာအရောင်သက်သာဆေးလိုနိုင်။Paracetamol/Ibuprofen တခုခု။ တချို့ ပိုသေဆေးပါလိုတယ်။ Amoxicillin  Clindamycin Doxycycline Trimethoprim-sulfamethoxazole ဆေး တမျိုးမျိုးသုံးနိုင်။ ဒေါက်တာတင့်ဆွေ

Fetal Heart Rate သန္ဓေသားနှလုံးခုန်နှုန်း

Image
ဆရာရှင့် ကျမ အသက် ၂၆ နှစ်ပါ အိမ်ထောင်သက် ၈ လ ရှိပါပြီ 17.7.2018 နေ့မှာ ကျွန်မ ဆီးလမ်းကြောင်း ပိုးဝင်လို့ နေမကောင်းဖြစ်ခဲ့ပါတယ် အဲဒီနေ့မှာ အန်ထွာဆောင်း ရိုက်တော့ ကလေး နှလုံးခုန်နှုန်း၁၈၀ ဖြစ်နေပါတယ်  22.7.2018 တွင် ၁၄ ပတ် ရှိပြီဖြစ်တဲ့ ကိုယ်ဝန်အား ကလေးနှလုံးခုန်ရပ်လို့ သားအိမ်ခြစ်ခဲ့ရပါတယ် သန္ဓေသားရဲ့ နှလုံးခုန်နှုန်း အမှန်က ဘယ်လောက်ရှိသင့်ပါသလဲရှင့် မိခင်ရဲ့ နှလုံးခုန်နှုန်းကရော ပျမ်းမျှ ဘယ်လောက်ရှိသင့်ပါသလဲရှင့်။ ကိုယ်ဝန်မှာ အထဲကကလေးနှလုံးခုန်နှုန်း ၁၂၀ ကနေ ၁၆၀ အထိရှိတာပုံမှန်။ ကိုယ်ဝန် ၆ ပတ်ရရင် စပြီး တိုင်းတာနိုင်။ ၁၀ ပတ်ရရင် ၁၇၀ အထိရှိလာနိုင်။ မွေးကာနီးမှာ ၁၃ဝ ရှိတတ်။ ၃ ပတ်ဆိုရင် သန္ဓေသားနှလုံးစလှုပ်နေပြီ။ ၆ ပတ်ထက်မစောမှသာ အာထွာဆောင်းကနေသိနိုင်တယ်။ တမိနစ်မှာ ၁၀၀၊ ၁၂၀ ကနေ ၁၆၀ ရှိမယ်။ ၁၀ ပတ်ဆိုရင် ၁၇၀ အထိတိုးလာမယ်။ ၁၄ ပတ် ၁၅၀၊ ၂၀ ပတ် ၁၄၀ နဲ့ မွေးကာနီးတော့ ၁၃၀ ဖြစ်မယ်။  ကလေးတွေရဲ့နှလုံးခုန်နှုန်း မွေးကာစ = 125 beats/min (70 to 190 beats/min) တနှစ်အောက် = 120 beats/min (80 to 160 beats/min) ၃-၄ နှစ်အရွယ် = 110 beats/min (80 to 130 beats/min) ၆ နှစ်အရွယ် = 100 beats/min (75 to ...

OD တနေ့တကြိမ်

Image
(၂၀၁၈ ခုနှစ်က ဒီလိုနေ့မှာ ရေးထားတာကို ဖြည့်စွက်ချက်နဲ့ တင်ပြပါတယ်။) ဆရာဝန်တွေက ဆေးစာရေးရင် အတိုကောက်စာလုံးတွေကို သုံးတယ်။ တကမ္ဘာလုံးကဆရာဝန်တွေက သုံးပါတယ်။ ဆေးဆိုင်တွေကလည်း ဖတ်တတ်တယ်။ မြန်တယ်။ တိကျတယ်။ OD တနေ့တကြိမ် BD/BID တနေ့နှစ်ကြိမ် TDS တနေ့သုံးကြမ် QID တနေ့လေးကြိမ် PRN/SOS လိုအပ်တဲ့အချိန် HS/BT အိပ်ရာဝင်ချိန် CM မနက်အိပ်ရာထချိန် စိတ်ကျရောဂါဆေး၊ အလာဂျီဆေး၊ ရင်ပူဆေးတွေကို တနေ့မှာ တကြိမ်တည်းသာ သောက်ရတယ်။  စိတ်ကျဆေးကို မနက်မှာသောက်ပါ။  အရိုးအားနည်းရောဂါဆေးကို မနက်မှာသောက်ပါ။  ရင်ပူသက်သောစေတဲ့ဆေးကို ညစာစားချိန်မှာသောက်ပါ။  အလာဂျီဆေးကို ညစာစားချိန်မှာသောက်ပါ။  ကိုလက်စထောကျဆေးကို အိပ်ရာဝင်ချိန်မှာသောက်ပါ။  သွေးတိုးကျဆေးကို အိပ်ရာဝင်မှာသောက်ပါ။  ရီဖမ်ပစ်စင် ခေါ် တီဘီဆေးကို အစာမစာမီသောက်ပါ။  ကိုယ်ဝန်တားဆေးကို နေ့စဉ် အချိန်မှန်သောက်ပါ။ ကယ်လ်စီယမ်ဆေး အစာစားပြီးသောက်ပါ။ သံဓါတ်အားဆေး အစာမရှိချိန်သောက်ပါ။ ဗီတာမင် အေ၊ ဒီ၊ အီး၊ ကေဆေးတွေကို အဆီပါတဲ့အစားအစာနဲ့အတူသောက်ပါ။ ဗီတာမင်ဘီအုပ်စုဆေး မနက်တကြိမ် ညနေတကြိမ်သောက်ပါ။ ဗီတာမင်စီကို မနက်တကြိမ် ညနေတကြိမ်သောက်ပါ။ င...

2025 Predictions

Image
၂၀၂၅ အတွက် ကြိုတင်မှန်းဆချက် စီးပွားရေးတို့၊ စွမ်းအင်တို့၊ နိုင်ငံရေးတို့ စတဲ့ တခြားမှန်းဆချက်တွေကို အသာထားပါမယ်။ ကျန်းမာရေးနဲ့ ဆေးပညာ တိုးတက်ကောင်းမွန်လာပါတယ်။ personalised medicine ခေါ် လူနာတဦးချင်းနဲ့ ကိုက်ညီတဲ့ဆေးပေးနည်းတွေ ပေါ်ထွက်လာမယ်။ AI-powered healthcare အေအိုင် နည်းပညာအကူအညီနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ဖြစ်လာမယ်။ dementia ရောဂါနဲ့ chronic diseases နာတာရှည်ရောဂါတွေအတွက် ကုသနည်းသစ်တွေ ပေါ်ထွက်လာမယ်။ မြန်မာပြည်သူတွေ လက်လှမ်းမီကြပါစေသတည်း။ Provide Your Healthcare & Health IT Predictions for 2025! | Healthcare IT Today ဒေါက်တာတင့်ဆွေ

Stroke Emergency Treatment ဆထုပ် အရေးပေါ်ကုသခြင်း

Image
(Blog ပျက်သွားလို့ Blog အသစ်ရေးရတာဖြစ်ပါတယ်။) ဦးနှောက်သွေးကြောပိတ်၍ လေဖြတ်သည့်လူနာများအား နာရီပိုင်းအတွင်း ပျောက်ကင်းသက်သာစေမည့် ထိုးဆေးဖြင့် ကုသပေးခြင်းကို ရန်ကုန်ဆေးရုံကြီးတွင်စတင်နေပြီဆိုတာ ဖေ့စ်ဘွတ်မှာတွေ့ပါတယ်။ အသေအချာသိစေရအောင် ဒီစာကိုရေးပါတယ်။ ထိုးဆေးဆိုတာ Tissue Plasminogen Activator (TPA) ဖြစ်ပါတယ်။ You Tube မှာလည်းကြည့်နိုင်တယ်။ https://www.youtube.com/watch?v=fW8tPrqaeNU ဦးနှောက်ကို ရုတ်ရက် သွေး (အောက်စီဂျင်) မဝဖြစ်တာကို (ဆထုပ်) လို့ခေါ်တယ်။ လေဖြတ်တာဆက်ဖြစ်နိုင်တယ်။ အရေးပေါ်ကုသမှုလိုတယ်။ ဦးနှောက်မှာ အဲလို မတော်တဆဖြစ်မှုမှာ ၂ မျိုးရှိတယ်။ Ischemic stroke သွေးကြောပိတ်တာနဲ့ Hemorrhagic stroke သွေးယိုထွက်တာ။ ဦးနှောက်ဆဲလ်တွေက သွေးမရတာနဲ့ မိနစ်ပိုင်းအတွင်း သေသွားမယ်။ Ischemic stroke ဖြစ်တာကပိုများတယ်။ (ဆထုပ်) ဖြစ်တော့မယ်ဆိုရင် - ကိုယ်တဖက်ခြမ်းမှာ မျက်နှာ၊ လက်၊ ခြေတွေထုံလာမယ်။ မျက်စိ (တဖက်-နှစ်ဖက်) အမြင်ဝေဝါးလာမယ်။ စကားပြော ဝါးလာမယ်။ ခေါင်းမူးမယ်။ ကိုယ်ကိုဟန်ချက်ညီအောင် မထိန်းနိုင်ဖြစ်လာမယ်။ လဲကျမယ်။ မျိုချရတာခက်လာမယ်။ ခေါင်းအတင်းကိုက်မယ်။ စိတ်ရှုတ်ထွေးမယ်။ အရေးပေါ်ကုသခန်းပို့ရမယ်။...

Estrogen မ, ဟော်မုန်း

Image
(ကန်တော့) အီစထိုဂျင်ကို အမျိုးသမီးဟော်မုန်းလို့လူသိများတယ်။ အမျိုးသမီးတွေမှာသာရှိတာတော့ မဟုတ်ပါ။ မိန်းကလေးတွေမှာ မိန်းမနဲ့ဆိုင်တဲ့ ဝိသေသလက္ခဏာတွေဖြစ်လာစေဘို့ အီစထိုဂျင်ဟော်မုန်းလိုတယ်။ မျိုးပွါးဘို့အတွက်လည်းလိုအပ်တယ်။ မျိုးဥအိမ်တွေကနေ Estrone, နဲ့ Estradiol အများဆုံးထုတ်တယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ Estriol ကို အချင်းကနေ ထုတ်ပေးတယ်။ ကျောက်ကပ်အထက်မှာရှိတဲ့ အဒရီနယ်လင်ဂလင်းကနေလည်းထုတ်ပေးတယ်။ အဆီတစ်ရှူးတွေကပါ ထုတ်ပေးတယ်။ ရင်သားနဲ့ သားအိမ်တွေကိုသာမက ဦးနှောက်၊ အသည်း၊ နှလုံးတွေကိုပါသက်ရောက်တယ်။ သူ့ကြောင့် ရာသီဖြစ်စဉ်မှာ သားအိမ်အတွင်းဆုံးလွှာကို ကြီးထွားလာစေတယ်။ Progesterone ပရိုဂျက်စတီရုန်းဟော်မုန်းနဲ့ မျှခြေညီနေရင် ကျန်းမာတယ်။ ရာသီမှန်မယ်။ မျိုးပွါးနိုင်တယ်။ ကိုယ်ဝန်တားဆေးတွေထဲမှာ ပါတယ်။ ဟော်မုန်းမူမမှန်ရင် တချို့ကို အိမ်ထောင်မရှိလည်း တားဆေးပေးရတယ်။ အရိုးပါးတာကို သက်သာစေတယ်။ ကယ်လ်စီယန်၊ ဗီတာမင်ဒီနဲ့ အီစထိုဂျင်တွေတွဲပြီး အရိုးကိုအားကောင်းစေတယ်။ အသက်ရလာတဲ့အမျိုးသမီးတိုင်း (၃၀ ကျော်) မှာ ဒီဓါတ်သုံးမျိုးလိုတယ်။ အထူးသဖြင့် သွေးဆုံးပြီးရင် လိုကြတယ်။ အီစထိုဂျင်နည်းရင် ဗဂျိုင်းနာအဖုံးလွှာပါးပြီး ခြောက်...

Review သမင်လည်ပြန်ကြည့်ခြင်း

Image
(၂၀၂၀ ခုနှစ်က ဒီလိုနေ့မှာ ရေးထားတာဖြစ်ပါတယ်။) တနှစ်ကုန်တိုင်း ပြီးခဲ့တဲ့နှစ်ကို ပြန်ပြီး သုံးသပ်ကြတယ်။ ကိုယ့်ကိုယ်ကို သုံးသပ်ကြတယ်။ တိုင်းပြည်ကို သုံးသပ်တယ်။ နှစ်ဆန်းရက်ဟာ လွတ်လပ်ရေး နှစ်ပတ်လည်နေ့နဲ့လည်း တိုက်ဆိုင်နေတယ်။ လွန်လပ်ရေးက ကျွန်တော့်ထက် ၈ လသာကြီးတယ်။ ဖဆပလ ခေတ်ကို အစအဆုံးမီတယ်။ ငယ်သေးတော့ သိတာ နည်းတယ်။ မှတ်မိတာလည်း နည်းတယ်။ မေ့မရတာတွေ မမေ့ပါ။ ဇာတိမင်းရွာမှာ သူပုန်တွေ ဓါးပြတွေပေါတယ်။ ပြည်တော်သာကျောင်းလေးတကျောင်းရတယ်။ ရွာက အရင်ကထက်တော့ တိုးတက်လာပါတယ်။ အေးချမ်းပါတယ်။ အနီ နဲ့ အဝါ နောက်ဆုံးရွေးကောက်ပွဲမှာ ပြိုင်ကြတော့ မုံရွာမှာ။ ဖဆပလ နှစ်ခြမ်းကွဲတော့ ၅ တန်း။ တော်လှန်ရေးကောင်စီက အာဏာသိမ်းတော့ ၈ တန်း။ မဆလ ၂၆ နှစ် အစအဆုံးမိတယ်။ ၁၉၈၈ အရေးအခင်းကြီးနေ့ဟာ အစိုးရခန့်ဆရာဝန် လုပ်သက် ၁၅ နှစ်ရဲ့ နောက်ဆုံးနေ့။ နဝတ ကနေ နအဖ မဖြစ်ခင် ပြည်ပရောက်သွားရတယ်။ လွတ်လပ်ရေး ၇၁ နှစ်ပြည့်ချိန် သမင်အိုကြီး မြင်နိုင်လောက် ကြည့်တယ်။ ရွာကို ကားနဲ့သွားလို့ရပြီ။ တောသူတွေ ဆိုင်ကယ်စီးနေကြတယ်။ မင်းရွာမှာ အရင်မူလတန်းကျောင်းပဲ ဆက်ရှိနေတယ်။ မုံရွာအထက်တန်းကျောင်းကလည်း အဆောက်အဦဟောင်းပဲ ဆက်ရှိနေတယ်။ ရှေးဟောင်းအမွေအနှစ် ထိန်...

Diarrhea in Children ကလေးဝမ်းသွားရင်

Image
(ကန်တော့) ၁။ ဆရာရှင့် ကလေးက၁နှစ်နဲ့၁လထဲမှာပါ ဒီလ၂ရက်နေ့ကစပြီး ဝမ်းပျက်ပါတယ်။ ၃ရက်ဝမ်းသွားလိုက် သက်သာလိုက် ၂ရက်လောက်နေရင် ဝမ်းပျက်လိုက်နဲ့ ကြားထဲမှာလဲဓာတ်ဆားနဲ့ probiotics အမှုန့်ကိုတိုက်ပါတယ်။ ၁၁ရက်လောက်ကြာနေလို့ဆေးခန်းသွားပြတာကလေးအထူးကုက ကလေးလန်းတယ် ချွဲမပါဘူးသွေးမပါဘူးဆိုတော့ သက်သာနေပြီ ဘာမှလုပ်ဖို့မလိုဘူးဆိုပြီး zinc အရည်ပဲ၁ဘူးတိုက်ခိုင်းပါတယ် အခုကလေးက အရှင်းသက်သာတာမျိုး မဟုတ်ဘဲ ပြန်ပြန်ဖြစ်နေလို့ပါ။ အခုက ဝမ်းသွားတာ အမြှုပ်၊ ချွဲပါနေလို့ပါ။ ဆေးခန်းပြရမလားရှင့် ဆေးခန်းက သွားရင်လဲ ၄သောင်း၅သောင်းဆိုတော့ ချိန်ဆနေရလို့ပါ။ ဓာတ်ဆား ဇင့်နဲ့  probiotics ပဲတိုက်ထားရမလားရှင့်။ဆီးသွားလဲနည်းပါတယ်။ ၂။ ဆရာရှင့် ကလေးက ၁နှစ်နဲ့ ၂လကျော်ပါပြီရှင့် ဒီနေ့နဲ့ဆိုဝမ်းသွားတာ ၆ရက်မြောက်ပါ ပထမ ၂ရက်လောက်က တရက်ကို ၄ခါ နောက်ရက်တွေက ၃ခါဆရာ ဘာဆေးလေးများတိုက်လို့ရနိုင်ပါလဲရှင် ကလေးငယ်လေးတွေမှာ ဝမ်းသွားတာများရင် အများအားဖြင့်ဆေးမလိုပါ။ ပိုးသေဆေးမလိုပါ။ ရေကျက်အေး ပိုတိုက်ပေးပါ။ ရှားရှားပါးပါး နို့ထဲမှာပါတဲ့ လက်တို့စ်နဲ့ မတည့်တာတော့ ဖြစ်တတ်တယ်။ ကလေးပါးစပ်ထဲကို ဗိုင်းရပ်စ်ဝင်ရာကနေ အများဆုံးဖြစ်တယ်။ အလာဂျီရလို့လဲဖြစ...

ဆရာဝန်တွေ ဘယ်လိုသေကြသလဲ

တင်ထားကြတာကို မကြာခဏတွေ့တယ်။ သုတေသနမဟုတ်လောက်လို့ သေချာတော့ ဖတ်မကြည့်ပါ။  ဆရာဝန်တွေ ဘယ်လိုအကြောင်းခံတွေနဲ့ သေဆုံးသလဲ။ AI Overview အေအိုင်ကတော့ ဒီလိုဆိုပါတယ်။ 1. Suicide မိမိကိုယ်ကို သတ်သေခြင်း၊ 2. COVID-19 ကိုဗစ်၊ 3. Peripheral arterial disease (PAD) အဖျားအနားသွေးကြောရောဂါ၊ 4. Arteriosclerosis သွေးလွှတ်ကြောမာခြင်းရောဂါ၊ 5. Diabetes ဆီးချို၊ 6. Cirrhosis of the liver အသဲခြောက်ရောဂါ၊ 7. Cerebrovascular disease နှလုံးသွေးကြောရောဂါ၊ 8. Accidents မတော်တဆထိခိုက်မှု၊ 9. Neoplastic disease ကင်ဆာ 10. Other diseases အခြားရောဂါများ။ ဒေါက်တာတင့်ဆွေ

Food Storage and Safety Guidelines အစားအသောက် သိုလှောင်ခြင်း

Image
(ရေးထားတာ ၁၁ နှစ်တိတိရှိပြီ။) ၁။ သမီး စိတ်ထဲမရှင်းတာလေး မေးချင်လို့ပါ။ အစားအသောက်တွေ အသားတွေ ချက်ထားတဲ့ဟင်းကို ရေခဲသေတ္တာထဲ ဘယ်နှစ်ရက် ထားသင့်ပါသလဲဆရာ။ သမီးသူငယ်ချင်းက တပတ်လောက်ဘပဲထားထား ဘာမှမဖြစ်ပါဘူးတဲ့။ သမီးကတော့ ၂ ရက်လောက်ဘဲထားသင့်တယ်။ အသားအစိမ်းဆိုရင်တော့တမျိုးပေါ့။ ချက်ပြီးသားဆိုရင် ၂ ရက်ထပ် ပိုထားရင် ကျန်းမာရေးအရမကောင်းပါဘူးလို့။ သူကအဲ့လိုမဟုတ်ပါဘူးရတယ်တဲ့။ အဲ့ဒါ စိတ်ထဲမရှင်းမလင်း ဖြစ်နေလို့ပါဆရာ။ ၂။ ဆရာရှင့် ရေခဲသေတ္တာသုံးခြင်းသည် ကျန်းမာရေးကို ထိခိုက်နိုင်စေပါသလားရှင်။ အသားငါးများ၊ အရွက်၊ အအေး၊ ဥ၊ နို့ လက်ဖက်တို့ကို ရေခဲသေတ္တာထဲတွင် ကြာရှည်ထားပြီး စားသောက်ခြင်းများသည် ကျန်းမာရေးကို သိသိသာသာ ထိခိုက်နိုင်ပါသလားရှင်။ ရေခဲသေတ္တာအသုံးပြုခြင်းသည် ကင်ဆာရောဂါဖြစ်ပွားခြင်းနှင့် ဆိုင်မဆိုင်ကိုလည်း ဖြေကြားပေးစေချင်ပါတယ်ရှင့်။ ၃။ မင်္ဂလာပါဆရာ ကျွန်တော်သိချင်တာလေး မေးပါရစေ။ အခုတော့ပြည်ပမှာဆိုတော့ တယောက်တည်းချက်စားပါတယ်။ တယောက်ထဲဆိုတော့ ဟင်းတခါချက်ရင် ၃ရက်စာလောက်ချက်ထားပြီး အပူပေးတဲ့စက်နဲ့ မနက်တခါ ညတခါ နွှေးနွှေးစားပါတယ်။ ၃ ရက်ဆိုတော့ ပြန်နွေးတဲ့အကြိမ်ရေက ၆ ကြိမ်လောက်ဖြစ်နေပါတယ်။ အသီးအရွက်တ...

Flaxseed နှမ်းနက်

Image
၁။ ဆရာရှင့် ကျွန်မအသက် 24 ပါရှင့် အိမ်ထောင်ရှိပါတယ်ရှင့် ပထမကလေးကလေးနှစ်ပါရှင် ဒုတိယသားလေး မွေးထားတာ တလရှိပါပြီရှင် ပုံမှာပြထားတဲ့ဆေးဟာ နို့တိုက်မိခင်သောက်လို့ရပါလားဆရာ ဘာအတွက်သောက်လို မသိ။ အစားအစာတမျိုးဖြစ်။ မတည့်မရှိ။ နှမ်းအနက်။ ဟုတ်ကဲ့ဆရာ နို့တိုက်မိခင်သောက်ရင် omega 3 6 9ကကလေးဆီရောက်တယ်ဆိုလို့ပါဆရာ ကလေးမိခင် weight လည်း ထိန်းပေးတယ်ဆိုလို့ပါဆရာ ၂။ ဆရာရှင့် ဒီဆေးက အသည်းအဆီဖုံးသူတွေသောက်လို့ရပါသလားရှင့် ကျွန်မက အသက် ၂၇ ပါ အိမ်ထောင်ရှိပါတယ် ကလေးမွေးပြီး အဝလွန်ပြီး ကိုလက်စရောလဲ များတယ် အသည်းလဲအဆီဖုံးတယ်ပြောပါတယ် ကိုလက်စထောနဲ့ အသည်းအဆီဖုံးခြင်းစာတွေ ပို့လိုက်မယ်။ Cholesterol ကိုလက်စထော https://dr-tint-swe.blogspot.com/2021/06/cholesterol.html Fatty Liver Disease (FLD) အသည်းအဆီဖုံးခြင်း https://dr-tint-swe.blogspot.com/2021/05/fatty-liver-disease-fld.html ၃။ ဆရာ ဒီဆေးကို နို့တိုက်မိခင်သောက်ရင် ကလေးကို ဆိုးကျိုးထိနိုင်လား။ ကျွန်မအရမ်းဝနေလို့သောက်မလို့ပါ။ ကလေးက ၇ လကျော်ပါပြီ။ Flaxseed ကို နှမ်းနက်လို့ဘာသာပြန်နိုင်တယ်။ နှမ်းကြတ်လို့လည်း ပြန်တယ်။ အဲဒီဆေးကို နှမ်းလို့ပဲသဘောထားပါ။ နှမ်းဆိုတာ လူ...

Specialist အထူးကု

Image
  ၂၀၀၈ ခုနှစ်ကတည်းက ရေးထာတာဖြစ်ပါတယ်။ ဆေးပညာဘွဲ့ရပြီးတဲ့နောက် သူငယ်ချင်းတချို့ ဘွဲ့လွန်တက်ကြရတယ်။ တချို့က တခြားနိုင်ငံသွားပြီးတောင် ဘွဲ့ထပ် ယူနိုင်ကြသေးတယ်။ သူတို့အားလုံး အတော်ကြိုးစားကြရတာပါ။ စာကြိုးစားတာ တခုတည်းတော့ ဘယ်ဟုတ်မလဲ၊ မရရအောင် လုပ်ရတဲ့ ကြိုးစားမှုတွေလဲ ပါရတာ။ ကံဆိုတာကလည်း လိုပြန်သေးတာ။ အားလဲကျပါရဲ့၊ ကိုယ်မဖြစ်ရလို့ အများကြီးတော့ စိတ်မပျက်ပါ။ ခံစားမှုတော့ ရှိတာပေါ့။ ကိုယ်မဖြစ်တဲ့အခါ ခေတ်ကို ယိုးမယ်ဖွဲ့ဖူးတယ်။ အစောပိုင်း ကာလတွေတုန်းကပါ။ အဲဒီခေတ်က ကြိုးစားသလောက် မပေါက်နိုင်တာ ဆေးလောကတခုတည်းတော့ မဟုတ်ပါ။ ပညာရေးလောက တခုလုံးလည်း မကဘူး။ ပိုပြီးသိသာတာက စီးပွါးရေးလုပ်တဲ့လူတွေ။ ကုန်ကုန်ရေးရရင် က်ိုယ့်လယ်လေး၊ ယာလေး စိုက်ပျိုးစားသောက်သူတွေရော အကုန်ပါဘဲ။ ဒီတော့ ဘာလုပ်ကြရသလဲ။ ဗမာလူမျိုးတွေမှာ ထူးခြားတာတွေ ရှိတယ်။ အမှန်က လူမျိုးတိုင်းမှာလဲ ရှိကြတာပါဘဲ။ တူတော့ မတူကြဘူးပေါ့။ ကမာ္ဘ့သမိုင်းမှာ တချို့က စစ်အင်အားအရာမှာ ခေတ်ကြီးတခေတ် ပြောင်းသွားစေအာင် စွမ်းနိုင်ခဲ့ကြတယ်။ ယဉ်ကျေးမှုသစ်ကြီးကို စတင်နိုင်သူတွေ ရှိတယ်။ တချို့က ကိုယ့်အသက်ကို စွန့်ရဲတာမျိုး။ လူမျိုးတွေလိုက် ထင်ရှားခဲ့ကြတယ်။ ဗမာပြည်...

Cardiomegaly နှလုံးကြီးခြင်း

Image
  enlarged heart အကြောင်းသိသလောက်တင်ပေးပါလားဗျ အဲလိုမျိုးအသုံးစကားနဲ့ မေးတာမျိုးတွေ လာတတ်တယ်။ သိရင်ဖြေပေးပါတဲ့။ ဆရာဝန်တိုင်း ဆေးပညာအကြောင်းသိကြတယ်။ မေးလို့ ရေးထာတာကြာပြီ။ ၂၀၁၃ ခုနှစ်ကတည်းက မေးလို့ Blog အဟောင်းမှာ တင်ထားတယ်။ အသစ်မှာလည်း ဖေါင့်ပြေင်းပြီး ပြောင်းတင်ထားတယ်။ Cardiomegaly နှလုံးကြီးခြင်း https://dr-tint-swe.blogspot.com/2021/12/cardiomegaly.html Congenital cardiomegaly မွေးရာပါနှလုံးကြီးခြင်း https://dr-tint-swe.blogspot.com/2022/12/congenital-cardiomegaly.html ဒေါက်တာတင့်ဆွေ

Dermi 5 Cream ဆေး

Image
(ကန်တော့) ဆရာ မင်္ဂလာပါ။ ပြန်ကြားပေးတဲ့အတွက် ကျေးဇူးပါရှင့်။ လက်ရှိ ဒီမှာဝယ်လို့ရတဲ့ Dermi5 cream ကို လိမ်းထားတာ နည်းနည်းသက်သာပါတယ်။ steroids ပါလို့ အန္တရာယ်ရှိနိူင်လားရှင့်။ ပြီးတော့ ပျို့အန်ချင်တာလဲဖြစ်တာမို့ သက်သာအောင် ဘာဆေးတွေ သောက်သင့်လဲရှင်။ စတီရွိုက်ပါ လိမ်းဆေးမျိုးက ယားတာ၊ ရောင်တာ၊ နီရဲတာစတဲ့ ခံစားနေရတာကို သက်သာစေတာဖြစ်တယ်။  Dermi 5 Cream ဆေးက ဘက်တီးရီးယားနဲ့ ဖန်းဂတ်စ်စ် ပိုးကိုလည်း သက်သာစေမယ်။ ကောင်းနိုင်ပါတယ်။ရောဂါကိုပျောက်ဖို့ကတော့ လင့်မှာပါတာတွေကို လိုက်နာရပါမယ်။ Vaginal itching မိန်းမကိုယ် ယားခြင်း https://dr-tint-swe.blogspot.com/2021/01/vaginal-itching.html ဒေါက်တာတင့်ဆွေ

Pregnancy and Conception သန္ဓေတည်ခြင်း၊ ကိုယ်ဝန်ဆောင်ခြင်း

Image
(ကန်တော့) ၂၀၁၂ ခုနှစ်ကတည်းကရေးထာတာဖြစ်ပါတယ်။ သမီးကို မေးခွန်းလေးနည်းနည်းမေးခွင့်ပြုပါဆရာ။ ၁။ ကိုယ်ဝန် ၁၈ ပတ်မှာ ကလေး ခြေလက်အင်္ဂါ စုံ၊ မစုံနှင့် မ၊ ကျား သိရပါပြီလားရှင့်။ ၂။ ကိုယ်ဝန် ၁၈ ပတ်မှာ ကလေးက ကိုယ်ဘက့်မှာ ဘယ်လောက် % လောက်ပါရှိပါပြီလဲရှင့်။ ၃။ ကိုယ်ဝန်ဘယ်နှစ်လလောက်ဆိုရင် ဗိုက်ပူတာကို သိရပါလဲရှင့်။ အရွယ်ရောက်ပြီး အရွယ်မလွန်သေးတဲ့ မိန်းကလေးတယောက်မှာ လစဉ်လတိုင်း ရာသီလ အလည်ရက် လောက်မယ် မျိုးဥအိမ် တဖက်ဖက်ကနေ မ-မျိုးဥတခုတိတိ ထွက်နေမယ်။ ဒါကို မျိုးဥထွက်ခြင်းလို့ ခေါ်တယ်။ ခန့်မှန်းခြေပြောရရင် ရာသီစလာတဲ့နေ့ရဲ့ နောက် ၂ ပတ်အကြာမှာဖြစ်မယ်။ မျိုးဥအိမ်ကနေ ရင့်မှည့်နေတဲ့ မျိုးဥထွက်လာတာနဲ့ သားအိမ်ပြွန်ထဲကို အဖျားမှာ လက်ဝါးလိုနေတဲ့ အပေါက်ဝကနေ ဝင်လာမယ်။ အဲဒီခရီးအတွင်းမှာ (ဗဂျိုင်းနား-သားအိမ်) ကနေဝင်လာမဲ့ ကျားသုက်ပိုးနဲ့ တွေ့လိမ့်မယ်။ ယောက်ျားတယောက်ကနေ ဆက်ဆံမှုဖြစ်စဉ် အဆုံးတိုင်းမှာ သုက်ရည်တွေ ထွက်တယ်။ တခါထွက်တာထဲမှာ သုက် အကောင်ရေ သန်း ၄၀ ကနေ ၁၅၀ ပါနေမယ်။ အမျိုးသမီး ဗဂျိုင်းနားထဲမှာ အဲလို စွန့်ထုတ်-ပန်းထွက်မှု ဖြစ်တာနဲ့ သုက်ကောင်တွေဟာ သားအိမ်ဝကနေ သားအိမ်ထဲကို ရေကူးသလို တက်လာကြမယ်။ သူတို့က မ-မျိုးဥက...