Posts

Showing posts from January, 2025

Be Healthy အားလုံးကျန်းမာ

Image
ဆရာဝန် (၁) = အားလုံး ကျန်းမာ ၂၀၂၅ မှာ ဆရာဝန် (၂) = အားလုံးကျန်းမာ သက္ကရာဇ် ၂၀၀၀ မှာကိုသတိရ။ ကျွန်တော်တို့ ဆရာဝန်ဖြစ်ကြတာ ၁၉၇၃-၇၄ ခုနှစ်ကစတယ်။ ၁၉၉၀ မတိုင်ခင်မှာ ၂၀၀၀ ခုနှစ်ကိုဦးတည်ပြီး ကျန်းမာရေးစီမံကိန်းတွေကို အကောင်အထည်ဖေါ်ကြရတယ်။ အခု ၂၀၂၅ ရောက်ပြီ။ ကျန်းမာကြပါရဲ့လား။ အပြစ်ကိုသာ ပြောလိုတာ မဟုတ်ပါ။  ဆရာဝန်တွေက အကောင်းသဘောအမြင်နဲ့ အတတ်နိုင်ဆုံး ကြိုးစားခဲ့ကြပါတယ်။ မဆလ ခေတ်မှာ အရာရာ ပါတီ ပါတီ ပါတီ။ WHO နဲ့ UNICEF တို့ကပေးတဲ့ အထောက်အကူတွေလည်း ပါတီအောက်မှာ။ ၂၀၂၅ ခုနှစ်မှာလည်း ဘယ်အရေးအရာကိုမဆို အပြုသဘောနဲ့သာ လုပ်ကိုင်ကြိုးပမ်းကြရမှာသာ ဖြစ်ပါတယ်။ အားလုံးကျန်းမာ ခုနှစ်တိုင်းမှာ။ The Difference Between Healthy & Being Fit ဒေါက်တာတင့်ဆွေ

Dolfenal ဆေးရဲ့ ဘေးထွက်သက်ရောက်မှုများ

Image
ဆရာ မင်္ဂလာပါရှင့် Dolfenal 500mg ဆေးကို ရာသီလာတိုင်း တလတလုံးသောက်နေကြပါရှင့် သောက်တာများလာရင် နှလုံးရောဂါဖြစ်တက်တယ်ဖတ်မိလို့ သိချင်လို့ပါ ဆရာရှင့်  ဆေးတိုင်းမှာ ဘေးထွက်သက်ရောက်မှုတွေ ရှိတယ်။ အနာအကိုက်သက်သာဆေးတွေမှာလည်း သတိထားစရာတွေ ရှိတယ်။ Dolfenal ဆေးရဲ့ ဘေးထွက်သက်ရောက်မှုတွေ စာရင်းချရေးပါမယ်။  Dolfenal (Mefenamic acid) More common Side Effects Bloody urine bloody, black, or tarry stools decreased frequency or amount of urine heartburn increased bleeding time increased blood pressure increased thirst indigestion itching, skin rash loss of appetite lower back or side pain nausea pale skin severe stomach pain, cramping, or burning stomach bloating swelling of the face, fingers, feet, or lower legs trouble breathing unusual bleeding or bruising unusual tiredness or weakness vomiting vomiting of material that looks like coffee grounds, severe and continuing weight gain weight loss ၃၁-၇-၂၀၂၄ နေ့ကသတင်းအရ ဒီဆေးကြောင့် နှလုံးအတက်ရခြင်းနဲ့ ဆထုပ် (လေဖြတ်) ခြင်း အခွင့်အလမ်း ပိုများနိုင...

Mediterranean Food မြေထဲပင်လယ်စာ

Image
၁။ Mediterranean diet ranks healthiest for 8th year. Here's what the 3 top diets entail. မြေထဲပင်လယ်အစားအသောက်တွေက ကျန်းမာရေးအတွက် အကောင်းဆုံးအဖြစ် ၈ နှစ်ဆက်တိုက် သတ်မှတ်ခံရပါတယ်။ ၃-၁-၂၀၂၅ နေ့က ထွက်တဲ့သတင်း။ ၂။ Mediterranean and MIND diets reduced signs of Alzheimer’s in brain tissue, study finds မြေထဲပင်လယ်အစားအသောက်တွေက အယ်လ်ဇိုင်းမားရောဂါကို သက်သာစေ၏။ ၈-၃-၂၀၂၃ နေ့ထွက်တာ။  ၁၈-၁၀-၂၀၁၈ နေ့လည်း တခုထွက်လို့ ကိုးကား ရေးထားပါသေးတယ်။ - မြေထဲပင်လယ်စာကဘယ်လိုမျိုးလဲဆရာ သိခွင့်ရှိရင်သိပါရစေ ဗဟုသုတရအောင်လို့ပါဆရာ။ - မြေထဲပင်လယ်အရပ်ဒေသအစားအစာဆိုတော့ အများအားဖြင့် အာရပ်တွေရဲ့အစားအသောက်တွေ ထင်ပါတယ်။ မဟုတ်ပါ။ - သံလွင်ဆီကို ဘယ်လိုစားသုံးသင့်ပါသလဲဆရာ။ သူတို့က ဆီတမျိုးတည်းလိုလိုသုံးတယ်။ သူတို့အစားအစာမှာ ဆီပါတာ နည်းတယ်။ - ပင်လယ်စာမဟုတ်ဘဲ၊ မြေထဲပင်လယ်စာဆိုတော့ ရွာလည်သွားပြီဆရာရေ။ ဒီစာရေးလိုက်မယ်။ မြေထဲပင်လယ်စာဆိုတာ ဂရိ၊ ခရိနဲ့ ပြင်သစ်တောင်ပိုင်းနဲ့ အီတလီ တစိတ်တပိုင်းတို့နဲ့ဆိုင်တယ်။ အသီးနဲ့ ဟင်းသီး ဟင်းရွက်တွေကို အခြေခံတဲ့အစားအစာမျိုးဖြစ်တယ်။ အစေ့အဆံတွေနဲ့ သံလွင်ဆီပါတယ်။ ကြက်သားနဲ့ ပင်လယ်စာတွေကို ကင်...

Smoking ဆေးလိပ်နဲ့ ကျန်းမာရေး

Image
ဆရာရှင့် ကျွန်မအဖေ အသက် ၆၄နှစ် အခုထိဆးလိပ်သောက်ပါတယ် အရက်မသောက်တာတော့ ၂နှစ်လောက်ရှိပါပြီ medical checkup လုပ်ပေးချင်တာဆရာ ရှင်းပြပေးပါဆရာ Smoking Causes 12 Different Kinds of Cancers ဆေးလိပ်သောက်တာကနေ ကင်ဆာ ၁၂ မျိုးကိုဖြစ်စေနိုင်တယ် https://doctortintswe.blogspot.com/2015/06/smoking-causes-12-different-kinds-of.html Smoking and Cancer ဆေးလိပ် နဲ့ ကင်ဆာ https://doctortintswe.blogspot.com/2015/02/smoking-and-cancer.html အဆုပ်ကင်ဆာလက္ခဏာ (၁၀) ခု 1. Coughing ချောင်းဆိုးခြင်း၊ 2. Pain in your chest ရင်ပတ်နာခြင်း၊ 3. Catching your breath အသက်ရှူနေတာကိုသတိထားမိနေခြင်း၊ 4. Changes in your voice အသံပြောင်းလာခြင်း၊ 5. Sore Torso ကိုယ် (ရှေ့-နောက်) တွေနာခြင်း၊  6. Breast tissue growth ရင်သားကြီးလာခြင်း (ယောက်ျား)၊ 7. Odd shoulder pain ပခုံးနာခြင်း၊ 8. Swelling of hands and fingers လက်ချောင်းတွေရောင်ခြင်း၊ 9. Tired မောပန်းခြင်း၊ 10. Additional ailments တခြားအဆုပ်ရောဂါ (နူမိုးနီးယား၊ လေပြွန်ရောင်) ရောဂါတွေရှိနေခြင်း။ ၁၅-၆-၂ဝ၁၅ ဇွန်လလယ်ထုတ် (တိုင်းမ်) မဂ္ဂဇင်းပါ ဆေးပညာဆောင်းပါးဖြစ်ပါတယ်။ လေ့လာမှ...

Trans Fats ထရန့်စ်ဖက်

Image
(၉-၄-၂၀၀၉ နေ့ကရေးတဲ့စာ) တချိန်က ဗမာပြည်ဟာ တကယ်ကို ဆီကိုရေချိုး၊ ဆေးရိုးမီးလှုံအဆင့်မှာ ရှိခဲ့တာပါ။ ဆီဆုံခေတ်ကနေ ဆီစက်ခေတ် ရောက်တော့ အမျိုးမျိုးအထွေထွေသော ဆီဆိုတာတွေ ပေါ်လာတယ်။ မြေပဲထဲ၊ နှမ်းထဲ တခြားအစေ့အဆံတွေ ရောရတော့တဲ့ခေတ် ရောက်လာတယ်။ ဒီနောက်တော့ ဆီကိုရေချိုးဘို့ နေနေသာသာ လက်ဖက်ကိုဆမ်းဘို့တောင် မလောက်တော့ပါ။ နိုင်ငံရေးလဲ စိတ်ဝင်စားတဲ့ဆရာဝန်မို့ ယှဉ်ပြောရရင် ဆီကောင်းသုံးနိုင်ခဲ့တာက ပါလီမာန်ဒီမိုကရေစီခေတ်၊ ဆီအရောသုံးရတာက (မဆလ) ခေတ်။ ဒိနောက်ခေတ်မှာ ဘာတွေပိုဆိုးလာသလဲ၊ ဆီတခုတည်းသာ ကြည့်ပါလေ။  အရင်က တိရစ္ဆာန်အဆီထက် အသီးအနှံဆီက ပိုကောင်းတယ်လို့ ပြောခဲ့ကြတယ်။ အခုအဲလိုပြောတာ မတိကျပါ။ ကျန်းမာရေးနဲ့ မသင့်တဲ့ ဆီတွေဆိုတာ အင်္ဂလိပ်လို Trans fats (ထရန့်ဆီ)၊ Trans fatty acids (ထရန့်ဖက်တီးအက်စစ်) လို့ ခေါ်တယ်။ (ထရန့်ဆီ) ဟာ ဝါစေ့ဆီ၊ ပဲပုတ်စေ့ဆီတွေကနေ ထုတ်တာပါ။ လူတွေ သမားရိုးကျစားသုံးခဲ့ကြတဲ့ဆီကို လူတွေကဘဲ ပြုပြင်ပြီး၊ (ထရန့်ဆီ) လုပ်ကြတာပါ။ သမားရိုးကျဆီကို ဟိုက်ဒရိုဂျင် ထပ်ပေါင်းထည့်လိုက်တာတဲ့။ စလုပ်ခဲ့သူက ဂျာမန်လူမျိုး။ ၁၉၀၂ က။  အဲလိုလုပ်လိုက်တော့ ဆီကပြစ်သွားတယ်။ ပြစ်တော့ ဘာပိုကောင်းလာလဲဆိုတေ...

Mental Health စိတ်ကျန်းမာရေး

Image
ဆရာ ကျမညီမက စိတ်ရောဂါခံစားရတယ်လို့ သူများတွေပြောတယ်။ သူခံစားရတာက တခါတခါငိုတယ်။ မငိုရင် ရယ်တယ်။ သူ့စိတ်က ကယောင်ခြောက်ခြားဖြစ်နေတယ်။ အဲ့ဒါ ဘယ်လို့ကူရမလဲ ဘာဆေး ပေးရမလဲဆရာ။ တချက်လောက် ပြောပြပေးပါလား။ စိတ်ဝေဒနာလူနာကိုယ်တိုင်မေးရင် မေးခွန်းအရှည်ကြီး။ မဖတ်ခင်ကတည်းက မှန်းသိနိုင်တတ်တယ်။ မကြာမကြာရတယ်။ မနှစ်က မိတ်ဆွေတယောက်ကနေ သတင်းဖြတ်ပိုင်းလေးတခု လှမ်းပို့ပါတယ်။ မြန်မာနိုင်ငံမှာ စိတ်ဝေဒနာ ခံစားနေကြရသူပေါင်းဟာ လူဦးရေရဲ့ ၁၀%ခန့်ရှိသတဲ့။ ဖတ်နေရင်း မန္တလေးဆေးကျောင်းမှာ အတူစာသင်ခဲ့ကြတဲ့ အရင်းနှီးဆုံးသူငယ်ချင်းနှစ်ယောက် လက်ဖက်ရည်သောက်ကြတဲ့ပုံ။ တယောက်က စိတ်ဆေးပညာအထူးကု။ နောက်တယောက်က မူးယစ်ဆေးအထူးကု။ အဲဒီတိုက်ဆိုင်မှုဟာ ကျွန်တော်တို့တိုင်းပြည်ရဲ့ စိတ်အခြေအနေပါပဲ။ မူးယစ်ဆေး၊ အရက်နဲ့ စိတ်ရောဂါ ဆက်စပ်မှု ရှိတဲ့နေရာမှာ ရှိတယ်။ မေးခွန်းတခုက အော်တဇင်ရောဂါအကြောင်းနှင့် ကလေးများတွင် ထိုရောဂါ ဖြစ်၊ မဖြစ် မည်သည့်ဖြစ်စဉ်၊ မည်သည့် အချက်များကို ကြည့်ပြီး သတ်မှတ်ရမလဲဆိုတာ သိချင်လို့ ရေးသားတင်ပြပေးပါရှင်။ အော်တဇင် နှင့် ဟိုက်ပါအက်ရှင် ရောဂါကို မည်ကဲ့သို့ ခွဲခြားရမလဲ သိချင်ပါတယ်ရှင့်။ ကျွန်မရဲ့သားက ငယ်ကတည်းက သူများတွေက...

Know Your Place ကိုယ့်နေရာကို သိပါ

Image
ပါးစပ်နာစာအောက်မှာ ကွန်မင့်တခုက ဆေးနည်းပေးတယ်။ အဲတာကို ၁-၂ ယောက်က မေးတယ်။ ဖြေတယ်။ ပို့စ်အောက်မှာ မမှန်ကန်တဲ့ ကိုယ်ပိုင်ဆေးနည်းတွေ လာရေးတာမှန်သမျှကို ဖျက်ပါတယ်။ ဆောရီး။ ကင်ဆာနေရာတွေမှာတော့ ဘယ်သူက ဘာရေးရေး တင်ထားကြတယ်။ အဟုတ်မှတ်ပြီး ရှာဝယ်သူတွေကလည်း များတယ်။ - အောက်မည်းညိုတဲ့။ အမည်လည်း မှန်အောင်မရေးတတ်။ - ဆေးအိုးပုတ်တဲ့။ ကင်ဆာလူနာကို အိုးပုတ်နဲ့ ကစားခိုင်းနေတာ။ - လောက်သေရွက်တဲ့။ ဖတ်တာနဲ့ကို ရွံစရာကောင်းတယ်။ - ငှက်သိုက်ကတော့ ကင်ဆာ ၉၆ မျိုးနဲ့ ကိုဗစ် ၉၆ ပါး။ - ဘီးစတ်ရွက်တဲ့။ အရွက်အမည်မှန်က ဘီးစပ်။ ဆေးနည်းကတော့ သွက်သွက်ခါ မှားတယ်။ - သများနီဆိုတား၊ သမြားနီဆိုတာ၊ သမျှားနီဆိုလား။ - တစ်မာရွက်တဲ့။ အညာမှာတော့ မရှိပါ။ နေပြည်တော်မှာ ရှိနိုင်တယ်။ ဒေါက်တာတင့်ဆွေ ၃-၁-၂၀၁၉

Anemia and Women အမျိုးသမီးနဲ့ သွေးအားနည်းရောဂါ (၂)

Image
ဆရာမင်္ဂလာပါရှင့် သမီးကိုတခုလောက်မေးခွင့်ပြုပါ အသက်သုံးဆယ် အပြင်လိပ်ခေါင်းရောဂါရှိသူ အိမ်ထောင်မရှိ သွေးအားနည်းသူပါဆရာ ငါးကြီးဆီသောက်လို့ရလား ဗီတာမင်စီနေ့တိုင်းသောက်လို့ရလား သိချင်လို့ပါရှင့် ငါးကြီးဆီနဲ့ ဗီတာမင်စီတို့က သွေးအားနည်းမဆိုင်ပါ။ သွေးအားနည်းရောဂါ အမျိုးမျိုးရှိတယ်။ သွေးစစ်ရင် ဘာအမျိုးအစားလဲ သိမယ်။ အများဆုံးဖြစ်ကြတာက သံဓါတ်နည်း သွေးအားနည်းရောဂါ။ သံဓါတ်ဆေးသောက်ရမယ်။ Anemia သွေးအားနည်းရောဂါ https://dr-tint-swe.blogspot.com/2021/09/anemia.html Iron Deficiency Anemia သံဓါတ်နည်း သွေးအားနည်းရောဂါ https://dr-tint-swe.blogspot.com/2020/12/iron-deficiency-anemia.html Anemia and Women အမျိုးသမီးနဲ့ သွေးအားနည်းရောဂါ https://dr-tint-swe.blogspot.com/2020/12/anemia-and-women.html Macrocytic Anemia မက်ခရိုဆစ်တစ် သွေးအားနည်းရောဂါ https://dr-tint-swe.blogspot.com/2022/05/macrocytic-anemia.html Normocytic normochromic anemia ခေါ် သွေးအားနည်းခြင်း https://dr-tint-swe.blogspot.com/2023/05/normocytic-normochromic-anemia.html ဖြည်စွက်စာဆိုတာတွေကို ချင့်ယုံရမယ်။ ရောင်းကောင်းအောင် ရေးတင်နေကြတာ ပိုတွ...

Side effects ဘေးထွက်သက်ရောက်မှုများ

Image
Side effects ကို အရင်က ကျွန်တော့်စာတွေမှာ ဘေးထွက်အကျိုးများလို့သာသုံးခဲ့ပါတယ်။ အခုတော့ ဘေးထွက်သက်ရောက်မှုများလို့ နိုင်သလောက် လိုက်ပြင်နေပါတယ်။  • Alprazolam Side effects ဆေး၏ ဘေးထွက်အကျိုးများ • Carbimazole လည်ပင်းကြီးဟော်မုန်းများခြင်းအတွက်ဆေး၏ ဆိုးကျိုးများ • Emergency contraception side effects အရေးပေါ်တားဆေးရဲ့ ဘေးထွက်ဆိုးကျိုးများ • High Blood Pressure Medications Side Effects သွေးကျဆေး ဘေးထွက်ဆိုးကျိုးများ • HIV medicines Side effects (1) ART ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးများ • HIV medicines Side effects (2) ART ဆေး ဘေးထွက်ဆိုးကျိုးတွေ နည်းအောင်နေခြင်း • Pills and Side effects တားဆေးရဲ့ ဘေးထွက်ဆိုးကျိုး ရှောင်နည်း • Radiotherapy side effects ကင်ဆာအတွက်ဓါတ်ကင်ရခြင်း ဘေးထွက်ဆိုးကျိုးများ • Side Effects of Otrivin Nasal Spray နှာခေါင်းဆေး ဘေးထွက်-ဆိုးကျိုးများ • TB Medicines Side Effects (တီဘီ) ဆေးတွေ နဲ့ ဘေးထွက်ဆိုးကျိုးတွေ ဘယ်အရာမဆို လိုချင်တဲ့အာနိသင်သာမက တခြားအစွမ်းတွေလည်း ရစေပါတယ်။ ဆေးတွေသာမဟုတ်ပါ၊ အစားအသောက်တွေကနေလည်း ရစေတယ်။ တက်စာဆိုပြီး အရပ်ပြော ပြောကြတဲ့အစာတွေ။ ဝမ်းလွယ်တဲ့...

China Faces New Virus Outbreak တရုပ်ပြည်မှာ ဗိုင်းရပ်စ်ရောဂါ ကူးစက်မှုဖြစ်နေပြန်

Image
၂-၁-၂၀၂၅ နေ့ သတင်းဖြစ်ပါတယ်။ Human Metapneumovirus (HMPV) လို့ ခေါ်တယ်။ ရောဂါလက္ခဏာတွေက တုပ်ကွေးနဲ့ ကိုဗစ် တို့နဲ့ ဆင်တူတယ်။ ကူးစက်မြန်တယ်။ https://www.ndtv.com/world-news/china-faces-new-virus-outbreak-five-years-after-covid-crisis-7385802 ဒေါက်တာတင့်ဆွေ

Cancer Story ရင်သားကင်ဆာ ဝတ္တုတပုဒ်

Image
ဇာတ်လိုက်အမည် ချယ်ရီ။ ချယ်ရီမှာ ရင်သားကင်ဆာအဆင့် (၄) ရှိနေပြီ၊ အသက် (၂) နှစ်သာရှင်နိုင်တော့မယ်လို့ ခန့်မှန်းချက်ရှိထားတယ်။ အသက် ၃၉ နှစ်ရှိပြီဖြစ်တဲ့ (ချယ်ရီ ရုစ်) ဟာ ကလေးသုံးယောက်အမေပါ။ အဲလို ဆရာဝန်တွေကပြောထားပြီးနောက် သူအသက်ရှင်နေတာ (၉) နှစ်ရှိပါပြီ။ သူ့ကင်ဆာကိုလည်း ခုခံတွန်းလှန်နေသလို သူလိုအမျိုးသမီးတွေအတွက်လည်း ကူညီနေပါသေးတယ်။ ရင်သားကင်ဆာကို အစာဆုံးသိကြအောင်သတိနဲ့နေကြဘို့ ကင့်ပိန်းလုပ်နေပါတယ်။  ၂၀၀၇ ခုနှစ်က ညာဖက်ရင်သားမှာ ပဲစေ့လေးလောက်အကျိတ်ကိုစတွေ့တယ်။ မိသားစုထဲမှာလည်း ကင်ဆာရာဇဝင် မရှိပါ။ ကလေးသုံးယောက်ကိုပြုစုနေရတာနဲ့ စစ်ဆေးမှုကိုအာရုံမစိုက်နိုင်ပါ။ ကြီးလာတာတော့သိလာတယ်။ နာလည်းမနာ အနေရလည်းမခက်ပါ။ (၄) လနေတော့ နာလာပြီ။ ပိုကြီးလာပြီ။ စစ်ဆေးမှုတွေလုပ်တော့ အဆင့် (၄) ရောက်နေပြီ။ သိတာနဲ့ တနေကုန်ငိုရပါတော့တယ်။  နောက်တနေ့မှာတော့ ကိုယ့်ကိုယ်ကိုပြန်ထိန်းပါတယ်။ ဝမ်းနည်းဘို့မလိုဘူး။ ခိုင်မာတဲ့ယုံကြည့်ချက်တခုရှိတယ်။  ဘာမဆို အကြောင်းရှိလို့သာဖြစ်လာတာ။ ကင်ဆာကိုပြန်ခံတိုက်မယ်ဆိုရင် ငါဟာ ငါ့ဘဝရဲ့နေ့တိုင်းမှာ ကင်ဆာကို ပြန်တိုက်နေနိုင်ရမယ်။ အခုတော့ ကျမဟာ ကျမတယောက်တည်းအတွက် ခံတိုက်နေသူမဟုတ...

Dietary Supplements အားဆေးနဲ့ ဖြည့်စွက်စာဆိုရင် FDA က တားတာ မရှိပါ

Image
ဆရာ ကျနော်လည်း သိချင်ပါ၏ ဆရာဝန်ညွှန်ကြားမူ့ (ညွှန်ကြားမူ) မပါပဲ CVS တို့မှာဝယ်ယူပြီး တနေ့ ဘယ်နှစ်ကြိမ်သောက်သင့်သလည်း(သလဲ)ဆိုတာ ညွှန်ကြားပေးပါအုံး ခင်ဗျ ကျေးဇူးပါ။ ပို့စ် တင်လိုက်မယ်။ ဘယ်ဆေးကို မေးသလဲ မသိ။ Magnesium glycinate စာအောက်ကတော့ ဖြစ်တယ်။ ဒါပေမဲ့ ဆရာဝန်ဆိုတာ တိတိကျကျမသိဘဲ ရမ်းမဖြေရ။ အဲလိုဆေးမျိုးတွေက ဖြည့်စွက်စာအုပ်စုထဲကဖြစ်တယ်။ ဗီတာမင်၊ အားဆေးနဲ့ ဖြည့်စွက်စာဆိုရင် FDA က တားတာ မရှိ။ အဲဒါကြောင့် အလွယ်ဝယ်လို့ရတယ်။ အဲလိုဆေးမျိုးတိုင်းမှာ အညွှန်းတွေပါတယ်။ ကြော်ငြာတွေလည်း ကောင်းလေ့ရှိတယ်။ ဗီတာမင် ဘီ၊ စီတို့၊ ကယ်လ်စီယမ်၊ သံဓါတ်တို့လို တကယ်လိုသူတွေ မသောက်မဖြစ်တာမျိုးနဲ့ အခုဆေးမျိုးတွေက မတူပါ။ သောက်လိုသူ သဘောအတိုင်းသာ ဖြစ်ပါတယ်။  ဆေးသောက်လို့ ဘေးထွက်ဆိုးကျိုး မများတာ၊ မရှိလောက်တာဆိုရင် FDA က ခွင့်ပြုလေ့ရှိတယ်။ ဆေးပုလင်း၊ ဆေးဗူးတွေပုံစံ သိသာတယ်။ အားမနာ ပါးမနာလည်း ထည့်ဦးမယ်။ အဲလိုဆေးမျိုးတွေမှာ သတိထားသင့်တာတွေလည်း ရှိတယ်။ Popular Dietary Supplements Contain Hidden, Harmful Substances ဒေါက်တာတင့်ဆွေ

ဆရာဝန်ကို မေးတာမဟုတ်

Image
ဖေ့စ်ဘွတ်မှာ ဖြေချင်သူဖြေ မေးထားတာ။ Magnesium glycinate သောက်ချင်တာ တစ်နေ့(တနေ့) ဘယ်နှလုံး(နှစ်လုံး) သောက်ရမလဲရှင့် ဘယ်အချိန်သောက်ရမလဲရှင့် ဆေးသောက်ချင်သူ ကလေး၊ လူကြီး၊ ကျား၊ မ မသိ။  ရှင့်ဆိုတိုင်းလည်း အမျိုးသမီး ဟုတ်ချင်မှ ဟုတ်တာ။ တချို့က သူတို့ခင်ပွန်းအတွက် မေးပေးကြတာ။ ဘာလို့သောင်ချင်သလဲ မသိ။  ဆေးဆိုတာ သွားရည်စာလို မဟုတ်။  စားချင်တိုင်း မစားရ။ ဆာလို့လည်း မသောက်ရ။ အဲလိုဟာမျိုးတွေ နေ့တိုင်းလိုလို တွေ့တယ်။ ဖြည့်စွက်စာတဲ့။ ရောင်းကောင်းပါစေတည်း။ ဒေါက်တာတင့်ဆွေ

ဖတ်လို့ကောင်းသော ရသစာများ

Image
- ဆရာဝန်တွေက ၃ လဘဲနေရတော့မယ်ဆိုတဲ့ ကင်ဆာ  ဘလာ ဘလာ ဘလာ - တနှစ်အတွင်း  ဘာ ဘလာ ဘလာ - အိုးခြမ်းပဲ့ကို ဖနောင့်နဲ့ ၃ ချက်သာပေါက်လိုက် ဘလာ ဘလာ ဘလာ - အောင်ပြီ အောင်ပြီ ဘလာ ဘလာ ဘလာ ဖေ့စ်ဘွတ်ပေါ်မှာ ချမ်းသာ၊ အောင်မြင်၊ အနာရောဂါကင်းပျောက်နေကြသူများ ကိုယ်သာမက စိတ်ပါ ကျန်းမာကြပါစေသတည်း။ Be Healthy Be Happy: Little, A: 9798411366105: Amazon.com: Books ဒေါက်တာတင့်ဆွေ

Allergy Links အလာဂျီ လင့်များ

1. Allergic skin အရေပြား အလာဂျီ https://dr-tint-swe.blogspot.com/2021/08/allergic-skin.html 2. Allergies Treatment (အလာဂျီ) ကိုကုသခြင်း https://dr-tint-swe.blogspot.com/2021/01/allergies-treatment.html 3. Allergy Relief Kit အလာဂျီရှေးဦးသူနာပြု ဆေးအိတ် https://dr-tint-swe.blogspot.com/2020/12/allergy-relief-kit.html 4. Allergy testing အလာဂျီ စစ်ဆေးခြင်း https://dr-tint-swe.blogspot.com/2020/12/allergy-testing.html 5. Allergy Triggers အလာဂျီရစေတတ်တဲ့ အကြောင်းတရားများ https://dr-tint-swe.blogspot.com/2021/08/allergies.html 6. Anti-Itch အယားသက်သာဆေး https://dr-tint-swe.blogspot.com/2021/06/anti-itch.html 7. Cetirizine တညတပြား အလာဂျီဆေး https://dr-tint-swe.blogspot.com/2021/01/cetrizine.html 8. Cosmetic allergy ကော့စမက်တစ် အလာဂျီ https://dr-tint-swe.blogspot.com/2021/08/cosmetic-allergy.html 9. EPI Pen အလာဂျီထိုးဆေး https://dr-tint-swe.blogspot.com/2021/07/allergy-relief-kit.html 10. Hives အင်ပြင်ထွက်ခြင်း https://dr-tint-swe.blogspot.com/2020/12/hives.html အလာဂျီ ဖြစ်စေတဲ့ အကြောင်းရင်းကို ...

EPI Pen အလာဂျီထိုးဆေး

Image
၁။ ဆရာခင်ဗျား အသက် ၅၂ နှစ်၊အမျိုးသားပါ covic ဖြစ်ပြီးတလပါခင်ဗျ Penicillin, sulfur, asprin ကို allergy ပါခင်ဗျ covic ကာကွယ်ဆေးထိုးသင့်မထိုးသင့်သိလိုပါတယ်ခင်ဗျ၊ ၂။ အသက် ၅၂နှစ် မ ၁၉၉၀ ခုနှစ် နှစ်ကုန်ပိုင်းလောက်က ဆေးမှားလို့အလာဂျီဆိုးဆိုးဝါးဝါးဖြစ်ဘူးပါတယ်။ ကိုဗစ်ကာကွယ်ဆေး ထိုးရ မရ သိချင်ပါတယ်ရှင့်။ ၃။ ဆရာရှင့် သမီးအမ လွန်ခဲ့တဲ့ ၃ နှစ်က gastroenteritis ဖြစ်‌ပြီး ဆေးရုံရောက်တော့ဆေးရုံက levofloxacin ထိုးမယ်ဆိုပြီး skin test လုပ်ပါတယ်ဆရာ skin testနဲ့တင်  Anaphylactic shock ရခဲ့ပါတယ် Burmeton Hydrocortisone Adrenaline ထိုးပြီး ICU တရက် HDU2 ရက်ဝင်ခဲ့ရပါတယ် အဲ့တုန်းက symptoms‌ေတွက‌ေတာ့ itching, rapid heart beat, swollen lip, periorbital oedema, vomiting, diarrhea, cramp, convulsions, abdominal pain, low palpable blood pressure, weak and rapid pulseဖြစ်ပါတယ် အသက်ရှူလို့ရတယ်ဆရာ ဆေးရုံပေါ်ဖြစ်လို့လားတော့မသိဘူးစတာနဲ့ oxygen ပေးလိုက်တော့ difficult breathing မဖြစ်ဖူး sodium, potassiumတွေ imbalance ဖြစ်တာတွ ICU တက်နေရစဉ်မှာ ဖြစ်ပါတယ် အဲ့နောက်ပိုင်း ဆေးရုံဆင်းပြီး တလအတွင်းမှာ  ထောပတ်သီးစား Pan...

Betnovate (ဘက်နိုဗိတ်) လိမ်းဆေးများ

Image
၁။ ဆရာရှင့် မင်္ဂလာပါ Betamethasone Valerate တင်းတိတ်အတွက် သုံးလို့ရလားရှင့် ၂။ မင်္ဂလာပါဆရာခင်ဗျား ကျန်တော့်အသက် ၂၉ နှစ်ပါ။ ပုံပါဆေးကို မျက်နှာမှာ ၃ ရက် ၄ရက်လောက် လိမ်းရင် သိသိသာသာဖွေးလာပြှး ဝက်ခြံလဲပျောက်သွားပါတယ်ဆရာ။ အဲ့ဒါ အဲ့ဒီဆေးကိုစွဲလိမ်းရင် အသားအရေ ပျက်စီးတာမျိူး ဖြစ်တတ်ပါလား။ မျက်နှာမှာလိမ်းရင် အန္တာရယ်ရှိနိုင်ပါလားခင်ဗျ ၃။ ဆရာရှင့် အမည် - (မ)။ အသက် ၃၆ နှစ်။ အိမ်ထောင် ရှိ။ သားသမီး မရသေးပါ။ Betnovate ကို မျက်နှာမှာ လူးရင် ဘာဖြစ်နိုင်ပါသလည်းရှင်။ Betnovate ကိုလိမ်းတာ နှစ်တော်တော်ကြာပြီ မျက်နှာကချောပြီး အဖုမရှိပါ။ ထိုဆေးကို၂–၃ ရက်လောက်မလိမ်ရင် အဖုများ နဲနဲစီထွက်ပြီး မျက်နှာကို ယားယံစေပါတယ်။ ထိုဆေးကို ဆက်လူးသင့်မလူးသင့် ဖြေကြားပေးပါရန်။ မျက်နှာရှိ အဖုများ၊ ယားယုံခြင်းများ မဖြစ်စေရန် မည်သည့်ဆေးကို သုံးသင့်ကြောင်း ဖြေကြားပေးပါရန် ၄။ သမီးရဲ့ ရင်သားဘေးမှာ အပူလောင်သလို အကောင်ကိုက်သလို အရည်ကြည်ဖု သေးသေးလေးတွေဖြစ်လို့ ဆေးလိမ်းလိုက်တာ ပျောက်သလိုရှိပါတယ်။ အကင်းတော့ မပျောက်သေးပါဘူး။ Venovate-n လိမ်းဆေးလိမ်းနေပါတယ်။ ဆရာဝန်လဲ မပြရဲဘူးဆရာရယ်။ Betnovate (ဘက်နိုဗိတ်) လိမ်းဆေးတွေဟာ ဆေးဆိုင်တွေမှာ...