Posts

Showing posts from October, 2025

Pickled Bamboo Shoots မျှစ်ချဉ်

Image
မျှစ်ချဉ်ရဲ့ ဘေးထွက်ဆိုးကျိုးလေးလည်း ရေးပေးပါဆရာ မျှစ်ချဉ်မှာ အာဟာရဓါတ်တွေပါလို့ စားကောင်းပါတယ်။ သတိထားရမှာက ပြုပြင်မှု မှန်ကန်ရပါမယ်။ လူနဲ့မသင့်တဲ့ အဆိပ်အတောက်တွေ မပါစေရ။ ဝယ်ယူတဲ့အမျိုးအစားရဲ့ ကျန်းမာရေးနဲ့ညီ မညီကိုတော့ သိရမယ်။ သေချာမသိဘဲ မျှစ်ချဉ်တိုင်း မကောင်း၊ မျှစ်ချဉ်တိုင်း ကောင်းလို့ မပြောအပ်ပါ။ Health benefits ကျန်းမာရေးအတွက် ကောင်းကျိုးများ ပရိုတင်းပါတယ်။ ဖိုက်ဘာပါတယ်။ ဗီတာမင်တွေနဲ့ potassium, vitamin B6, manganese ဓါတ်ဆားတွေပါတယ်။ ကယ်လိုရီ မများလို့ လူကို မဝစေပါ။ Important considerations for pickling မျှစ်ချဉ်လုပ်နည်း Removal of toxins အဆိပ်အတောက်တွေ ဖယ်ရမယ်။ cyanogenic glycoside called taxiphyllin လို့ခေါ်တာက လူတွေစားသုံးရန် မသင့်ပါ။ Traditional methods ရိုးရာ ခေါ် အိမ်သုံးနည်းတွေကနေလည်း မသင့်တာတွေကို နည်းစေအောင်လုပ်နိုင်ပါတယ်။ Sodium content ဆိုဒီယမ ် ခေါ် ဆားပါဝင်မှု အနည်းအများတော့ သတိထားရမယ်။ အာဟာရသုတေသနတွေထဲမှာ ဘေးထွက်ဆိုးကျိုး ရှာမတွေ့ပါ။ မြန်မာပြည်မှာတော့ တယောက် နှစ်မျိုးပြောကြတယ်။ မျှစ်ချဉ်ရောင်းတဲ့သူနဲ့ မတည့် သူတွေက မကောင်းတာတွေ ပြောကြလေ့ရှိပါတယ ်။ ဒေါက်တာတင့်ဆွေ

Tamoxifen ဆေးသောက်ချိန်

Image
ဆရာရှင့် ကျွ န်မက ရင်သာကင်ဆာဆေး Tamoxifen ဆေးသောက်နေဒါ ( နေတာ) ၂ နှစ်ခွဲရှိပါပီး(ရှိပါပြီ)ရှင့် အခုလက်ရှိ ဆေးကို မနက် ၉ နာရီ ပုံမှန်သောက်နေဒါ(နေတာ)ပါ ဆရာ ရေထားဒါ ကင်ဆာ ဆေးတွေ့ ကညဘက် ပိုအလုပ်လုပ်တယ်ဖတ်လိုက်ရတယ် အဲဒါ ညဘက် ပြောင်းသောက်ရင် အစဥ်ပြေ(အဆင်ပြေ)လားရှင့် ကင်ဆာ ဆရာမက ၅ နှစ် မဟုတ်ဘူး ၁၀ နှစ်သောက်ရမယ်ပြောထားပါတယ် Tamoxifen ဆေးသောက်ချိန် မနက်ခင်းမှာဖြစ်ဖြစ် ညပိုင်းမှာဖြစ်ဖြစ် သောက်နိုင်တယ်။ အရေးကြီးတာက ကိုယ်သောက်နေကျအချိန်အတိုင်း သောက်ရမယ်။ နေ့လား ညလားဆိုတာ ဆေးသောက်တဲ့သူရဲ့ တနေ့တာအချိန်ဇယားအပေါ်မူတည်ပြီး ကိုယ်တိုင်ဆုံးဖြတ်ပါ။ တသမတ်တည်းအချိန်မှာ ဆေးသောက်ပါ။ ဆေးပညာစာတွေကို ဖတ်တာ ကောင်းပါတယ်။ ကောက်ချက်ဆွဲ မလွဲသင့်ပါ။ မရှင်းလင်းရင် ဆရာဝန်ကိုမေးပါ။ မနေ့ကတင်တဲ့စာမှာ ကင်ဆာကြောင့် နာခြင်းအကြောင်း ဖြစ်တယ ်။ တချို့ကင်ဆာတွေက ညမှာနာတတ်လို့ Tamoxifen ဆေးကို ညသောက်ရမယ်လို့ထင်တာ မှားတယ်။ ကင်ဆာနဲ့ အစားအသောက်အကြောင်းစာတွေ မကြာခဏတင်ပြထားတယ်။ အရပ်ထဲမှာ ပြောချင်ရာပြောကြတာတွေကို မယုံပါနဲ့။ ဖေ့စ်ဘွတ်ကနေ ခြောက်ပြောတာတွေကို မယုံပါနဲ့။ ဆိုရှယ်မီဒီယာကနေ ဆေးရောင်းချင်၊ အသီးအရွက် အမြစ်တွေရောင်းချင်လို့ပ...

Vitamin B-12 ဗီတာမင် ဘီ-၁၂

Image
ဆရာခင်ဗျာ B12 နေ့စဥ် 1000 အားကိုတပါတ်ဆယ်ရက်သောက်တာက အိပ်မပျော်ခြင်းကိုဖြစ်စေတတ်လား၊ ဆိုးကျိုးဖြစ်စေသလား သိချင်ပါတယ်ဆရာ။ သုတေသနတချို့အရ ဗီတာမင် ဘီ-၁၂ အကျိုးကျေးဇူးများ နှလုံးနဲ့ သွေးကြောရောဂါရှိသူတွေမှာ homocysteine ဓါတ်များနေတာကို ဘီ-၁၂ ကနေ လျှော့ချပေးနိုင်လို့ အကျိုးရှိတယ်။ အားကစားလုပ်သူတွေအတွက်လည်း အင်နာဂျီပိုရစေတယ်လို့ ဆိုပါတယ်။ တိကျတဲ့အထောကအထား မတွေ့သေးပါ။ သေခြာတဲ့အချက်များ ဗီတာမင် ဘီ-၁၂ က ယေဘုယျစိတ်ချရတယ်။ လူအများစုဟာ ပုံမှန်စားသောက်နေရင် ဗီတာမင် ဘီ-၁၂ မနည်းကြပါ။ သက်သတ်လွတ်စားသူတွေမှာ နည်းနေမယ်။ Celiac disease or Crohn's disease ရောဂါရှိသူတွေလည်း စုပ်ယူနိုင်စွမ်းနည်းလို့ လိုအပ်တယ်။ ကိုယ်ဝန်ဆောင်တွေကို ပေးသင့်တယ်။ ဘေးထွက်သက်ရောက်မှုများ ညွှန်တဲ့အတိုင်းသောက်ရင် ဆိုးကျိုးမရနိုင်။ လူကြီး 2.4 mcg နဲ့ အသက်ကြီးသူတွေ 10 to 12 mcg လိုအပ်တယ်။ တချို့မှာ Headache ခေါင်းကိုက် Nausea ပျို့ Diarrhea ဝမ်းပျက် Weakness အားနည်း Tingling sensation in hands and feet ခြေလက်ထုံကျဉ် ဖြစ်နိုင်တယ်။ သိပ်များသွားရင် ကင်ဆာကို သတိထားရမယ်။ တင်ပါးဆုံးရိုးကျိုးတာ သတိထားရမယ်။ မေးခွန်းပါ အိပ်စက်ခြင်းနဲ့သက်...

Blood thinners and foods သွေးကျဲဆေးသောက်နေရသူများအတွက် အစားအသောက်

Image
ဆရာ ဆရာ့ကိုတခုလေးမေးချင်လို့ပါ သမီးသူငယ်ချင်းတယောက်ကပြောလို့ပါဆရာ သွေးကျဲဆေးသောက်နေတဲ့သူက Cranberries dry တို့ fresh တို့မတဲ့ဘူးမစားရဘူးလိူ့ပြောလို့ပါဆရာ ဟုတ်လားဆရာဒါကတော့ low potassium မို့ ကျွန်မ ဆေးတွေသောက်ပြီးတဲ့အခါ ၃ ၄စေ့ dry လေးတွေစားပါတဟ်ဆရာ ပြောပြပေးပါအုံးနော်ဆရာ ကျေးဇူးပါ ဆရာ။ မနက်ကျမှသာ ဖြေအားပါတော့မည်။ ဂွတ်နိုက်။ သွေးကျဲဆေးသောက်နေရသူများအတွက် အစားအသောက် စားနိုင်သည်များ ပန်းသီး၊ ငှက်ပျောသီး၊ လိမ်မော်သီး၊ ဘယ်ရီသီးများ ဘရိုကိုလီ ခေါ် မုန်လာပွင့်အစိမ်းရောင်၊ မုန်လာထုပ်၊ ဟင်းနုနွယ်ရွက်၊ ကညွတ် အဆီနည်းအသားများ အစေ့အဆန်များ အသင့် အတင်းစားနိုင်သည်များ ကညွတ် ဘရိုကိုလီ ခေါ် မုန်လာပွင့်အစိမ်းရောင် မုန်လာထုပ် အသေးစား ပန်းမုန်လာ ကြက်သွန်နီ Kale ကာလီရွက် နံနံပင် ဟင်းနုနွယ် Statins ဆေးသောက်နေရသူတွေ grapefruit ရှောက်ပန်းသီး ခေါ် ကျွဲကောသီး မသင့်။ Diuretic ဆီးဆေးသောက်နေရသူတွေ sodium ဆား မသင့်။ Alcohol အရက် Blood Thinners သွေးကျဲဆေးများ https://dr-tint-swe.blogspot.com/2021/08/blood-thinners.html ဒေါက်တာတင့်ဆွေ

Benzonatate ချောင်းဆိုးပျောက်ဆေး

Image
ယူအက်စ်အေမှာတော့ ဆရာဝန်လက်မှတ်နဲ့သာ ရောင်းပါတယ်။ Tessalon Perles, Tessalon, Zonatuss အမည်တွေနဲ့ ရောင်းတယ်။ Antitussives အမျိုးအစားဆေးဖြစ်တယ်။ မူးယစ်စေတဲ့အစွမ်း မပါ။ လည်ချောင်းနဲ့ အသက်ရှူလမ်းကို ထုံစေမယ်။ ဘေးထွက်သက်ရောက်မှုများ ခေါင်းကိုက် ခေါင်းမူး ပျို့ ဗိုက်မအီမသာဖြစ် ဝမ်းချုပ် အရေပြား ယား၊ အနီကွက်ထွက် နှာခေါင်းအနေရခက် ဆေးဘယ်လောက်သောက်မလဲ လူကြီး 100 mg to 200 mg တနေ့ ၃ ကြိမ် သို့မဟုတ် လိုအပ်သလို။ ဒေါက်တာတင့်ဆွေ

Parotitis တံတွေးထွက်အိတ်ရောင်ခြင်း (၂)

Image
ပါးချိတ်ရောင်တာက ပါးနဲ့ပါးရိုးအောက်ဖက်တွေကနဲနဲအရောင်ကျလာပြီးသက်သာသွားပေမဲ့ ညှပ်ရိုးနှစ်ခုကြား လည်ပင်းအလယ်နဲ့ ရင်ညွှန့်ရိုးအပေါ်ဆုံးနေရာလေးတွေမှာ ဖောင်းဖောင်းပျော့ပျော့လေးတွေထပ်ဖြစ်လာလို့ပါဆရာ အဲလိုပဲဖြစ်တတ်တာလားဆရာ။ နောက်ထပ်ရောဂါတစ်ခု ( တခု ) ထပ်ဖြစ်ပြန်တာလားဆရာ။ ပါးချိတ်ရောင်နေတာက မျက်နှာဘယ်ဖက်ရော ညာဖက်ပါအ ကြီးကြီးကိုရောင်တာပါဆရာ။ Parotitis တံတွေးထွက်အိတ်ရောင်ခြင်း https://dr-tint-swe.blogspot.com/2022/05/parotitis.html ကုသနည်းစာ ပို့ထားပြီး။ ကုသနည်းအတိုင်း လုပ်ရမယ ်။ ပျောက်ဖို့လည်း အချိန်ယူမယ်။ Treatment for Parotitis တံတွေးအိတ်ရောင်ခြင်း ကုသနည်းများ Viral Parotitis ဗိုင်းရပ်စ်ကြောင့်ဖြစ်တာအတွက် ဗိုင်းရပ်သေဆေး မရှိ။ ခံစားရတာကိုသာ သက်သောအောင ် လုပ်ရမယ ်။ နားပ ါ။ ရေသောက်မနည်းစေရ ။ အနာ အရောင်သက်သာဆေးသောက်ပ ါ။ Vaccination against mumps ကာကွယ်ဆေးထိုးထာပ ါ။ Bacterial Parotitis ဘက်တီးရီးယေားကြောင့် ဖြစ်ခြင်း Antibiotics ပဋိဇီဝဆေးပေးရမယ်။ Drainage of any abscesses ပြည်တည်နေရင် ထွက်စေအောင်လုပ်ရမယ်။ Sialolithiasis (Salivary Stones) ကျောက်တည်ခြင်း Removal of the stones through surger...

ကင်ဆာ ဘယ်အချိန်အခါမှာ နာလေ့ရှိသလဲ

Image
မေးခွန်းတခု = ဆရာရှင့် ဆေးပညာအကြောင်းနားမလည်ပေမယ့် ဖေဖေ ခံတွင်းကင်ဆာက နေ့ဘက်အကိုက်သက်သာပြီး ညနေ စောင်းပြီဆိုတာနဲ့ ကိုက်လာတာ အဲ့ဒါကြောင့်များလားရှင်။ ပယောဂ လို့တောင်ထင်မိပါတယ်။ ပြန်စာ ပယောဂဆိုတာ မရှိပါ။ နည်းနည်းလောက်ထူးဆန်းရင ်၊ သိပ်နားမလည်ရင်၊ အကြောင်းခံ မရှာတတ်ရင် အဲလိုထင်ကြတယ ်။ ကင်ဆာ ဘယ်အချိန်အခါမှာ နာလေ့ရှိသလဲ ကင်ဆာအမျိုးအစား၊ အဆင့်၊ လူနာတဦးစီအပေါ်မှာ မူတည်တယ်။ အရိုးကင်ဆာဆိုရင် ညမှာပိုနာတယ ်။ အာရုံကြောအပေ ါ် သက်ရော က် မှုရှိရင ် ညမှာပိုနာတယ ်။ တချို့ကင်ဆာက မနက်ပိုင်း မွန်းမတည့်ခင်မှာ ပိုနာတယ်။ breakthrough pain လို့ခေါ်တယ်။ ညမှာ ဘာ့ကြောင့်ပိုနာသလဲ ညအချိန်မှာ နေ့ခင်းတုန်းကလို တခြားအာရုံတွေ နည်းတယ်။ ရောင်ခြင်းနဲ့ဆိုင်တဲ့ ဟော်မုန်းနည်းတယ်။ Cancer Pain ကင်ဆာကြောင့်နာခြင်း https://dr-tint-swe.blogspot.com/2022/05/cancer-pain.html ဒေါက်တာတင့်ဆွေ

မမှန် မှား လွဲ၏

Image
မက်ဆေ့ချ်တခု = ဒါလေးသိချင်လို့ပါရှင့် sharing လုပ်ပေးပါလားရှင့် ပို့ပေးတဲ့ပုံ = အူလမ်းကြောင်းသန့်ရှင်းရေး ဘလာ ဘလာ ဘလာ။ ဟုတ်။ တခါတင်ပြထားပါတယ်။ ခဏခဏ မတင်လိုပါ။ အဲလို အခြေအမြစ်မရှိ၊ ဆေးသုတေသနမပါဘဲရေးတာတွေကို လူတဝက်လောက်က ခေါင်းစဉ်နဲ့ ရုပ်ပုံကိုသာကြည့်ကြတယ်။ အချက်အလက် အမှန်အမှားအထိ မဖတ်ကြပါ။ ဆေးအတုဖြစ်ပါသည်လို့ ဖြေထာကို ဘယ်မှာဝယ်ရမလဲ မေးသူ တကယ်ရှိတယ်။ အစာအဟာရတွေအကြောင်း စာအမျိုးမျိုးကို အများကြီးတင်ပြထားပါတယ ်။ လူတိုင်းရဲ့ ဇီဝကမ္မစနစ်တွေကို ကိုယ်တိုင်တံမြက်စည်းလှည်းရန်၊ မြူနီစပယ်အမှိုက်သိမ်းသလိုလုပ်ရန် မလိုအပ်ပါ။ လူတချို့က ပုံကဆွဲဆောင်မှုရှိနေရင် ကြိုက်ကြတယ်။ စာအရေးအသားက တမျိုးတမည်ဖြစ်နေရင်လည်း အဟုတ်မှတ်ကြတယ်။ တည်တည်တန့်တန့် ခန့်ခန့်ထည်ထည်ဆိုရင် စိတ်မဝင်စားကြပါ။ မမှန်၊ အမှား၊ အလွဲ၊ အဆဲတွေကို အားမပေးသင့်ကြပါ။ ခေတ်မကောင်းပါ။ လူတိုင်းညံ့တာတော့ မဟုတ်ပါ။ ပုံအတွက် ပရဟိတ လူငယ်အသင်း၊ မန္တလေးမြို့ ရွှေကျီးမြင်ဘုရား အအေးကုသိုလ်နှင့် ဝေယျာဝစ္စကုသိုလ ် ကျေးဇူး။ ဒေါက်တာတင့်ဆွေ

Cockroach Diseases ပိုးဟပ် နဲ့ ရောဂါများ

Image
ဆရာရေ ကျွ န်တော်က ဂျပန်မှာနေပါတယ်။ တိုကျိုကပိုးဟပ်တွေကနာမည်ကြီးသလို့ အရမ်းများပါတယ်ဆရာ။ အခုလည်း နေနေတဲ့အခန်းမှာ ပိုးဟပ်တွေကအဆမတန်များနေပါတယ်တယ်။ သန့်အောင်ထားလည်းမရပါဘူး။ ရေကြိုက်တယ်ဆိုလို့ ဘေဆင်မှာတောင် ရေဆေးပြီးရင် ပြန်သုတ်ပါတယ်။ ပိုးဟပ်ဖြန်းဆေးဖိုးနဲ့တင်ထောင်းလှပါပြီ။ အကြီးကြီးတွေလည်းမဟုတ် သေးသေးလေးတွေ အများကြီးပါ။ ကြာရင်သူတို့မသေပဲ ကိုယ်ရင်ကြပ်ချောင်းဆိုးပါဖြစ်တော့မယ်ဆရာ။ ဆေးဖြန်း သေနေတဲ့နေရာတွေကအစကြမ်းတိုက်ပါတယ်။ အရက်ပျံပါတာရော ပိုးမွှားသန့်စင်တဲ့ဟာတွေရောပါတဲ့ ကြမ်းတိုက် wet tissue တွေနဲ့ကိုတိုက်တာပ ါ။ စားက ြွ င်းစားကျန်ကအစ ဘာမှမထား ၊ အမှိုက်တောင ် အကြာကြီးဖြစ်မှာဆိုးလို့ ၂ နာရီအပြင်မထားရဲပါဆရာ။ အိပ်နေရင်းနားထဲတေဝင်မှာလည်းအရမ်းစိုးရိမ်ပါတယ်ဆရာ။ အိပ်ကောင်းချင်းမအိပ်ရ စားကောင်းခြင်း မစားရတာပါပဲဆရာ ။ တိုကျိုပိုးဟပ်အကြောင်းကြားဖူးနေလို ့ ရောက်တည်းကပြင်ဆင်ပြီးမှ တက်နေတာပါဆရာ။ အခုတော့ ဒုက္ခကိုလှလှကြီးတွေ့နေရပါတယ ်။ ကူညီနိုင်မယ ့် နည်းလမ်းလေးရှိရင်ပြောပြပေးပါဆရာရယ ်။ မဖြေခင ် မေးခွန်းကို ပို့စ်မှာသုံးမှာဖြစ်လို့ (တွေ) လို့ရေးရမှာ ( တေ ) လို့သာရေးတာမှန်သမ ျှ ကို ပြင်လိုက်ပါတယ ်။ ...

Sleeping Links အိပ်စက်ခြင်းစာများ

Image
အိပ်လို့ ပျော်စေတဲ့ ဗဟုသုတလေး တင်ပေးပါအုံး ခဗျာ အိပ်စက်ခြင်းစာတွေကို ၅-၆ ခါ တင်ပြထားပါတယ်။ 1. Dream အိပ်မက်လှလှမက်ကြပါစေ https://dr-tint-swe.blogspot.com/2022/03/dream.html 2. Excessive daytime sleepiness နေ့ခင်းမှာ အိပ်ချင်နေခြင်း https://dr-tint-swe.blogspot.com/2023/11/excessive-daytime-sleepiness.html 3. Insomnia အိပ်မရခြင်း https://dr-tint-swe.blogspot.com/2021/10/insomnia.html 4. Melatonin and Cyproterone acetate အိပ်ဆေးများ https://dr-tint-swe.blogspot.com/2020/12/sleep-disorders.html 5. Melatonin မယ်လာတိုနင် https://dr-tint-swe.blogspot.com/2021/08/melatonin.html 6. Night terrors ဘီလူးစီးခံရခြင်း (၁) https://dr-tint-swe.blogspot.com/2021/06/night-terrors.html 7. Night terrors သရဲစီးခံရခြင်း https://doctortintswe.blogspot.com/2016/02/night-terrors.html 8. Nightmares အိပ်မက်ဆိုးများ http://doctortintswe.blogspot.com/2014/11/sleep-disorders.html 9. Pregnancy and Sleeping pills ကိုယ်ဝန်နဲ့ အိပ်ဆေး https://dr-tint-swe.blogspot.com/2021/06/pregnancy-and-sleeping-pills.html 10. Sleep ...

A rib fracture နံရိုးကျိုးခြင်း

Image
မေးခွန်း = ဆရာ ကျွန်တော်နံရိုးကျိုးထားလို့ ( fracture noted at Lt posterior 9th rib) အိမ်မှာ နားနေရင်းနဲ့ ဆေးခန်းက ပေးထားတဲ့ဆေး ( calcium & vitamin D3) သောက်နေတာ ၄၄ ရက်ရှိပါပြီ နံရိုးပြန်ဆက်ဖို့နှင ့် recover ဖြစ်ဖို ့ အချိန်ဘယ်လောက်ကြာနိူင်ပါသလဲဗျာ အသက်က ၄၃ အမျိုးသား အိမ်ထောင်မရှိပါဘူးဗျ။ ပြန်စာ အရိုးပြန်ဆက်ချိန် ၆-၁၂ ပတ်ကြာတယ်။ လူနာအသက်နဲ့ ဒဏ်ရာပြင်းထန်မှုအပေါ် မူတည်တယ်။ အသက်ငယ်လေ မြန်လေ။ နာတာကိုခံစားရမှုကတော့ ဒိထက်စောတယ်။ မကျိုးခင်ကလို ပြန်လည်လုပ်ကိုင်နိုင်မှုက အချိန်ပိုကြာနိုင်တယ်။ ကုသနည်းတွေထဲမှာ အနာသက်သောစေခြင်း၊ နောက်ဆက်တွဲရောဂါ (နူမိုးနီးယား) မဖြစ်အောင်ကာကွယ်ခြင်း လိုအပ်တယ်။ ကျိုးတဲ့နေရာကို အနားပေးနိုင်လေ ကောင်းလေ။ အစားအသောက် အရင်အတိုင်း ၁၀၀% စားသောက်နိုင်တယ်။ မေးတဲ့သူသောက်နေတဲ့ဆေးထဲမှာ Paracetamol လို အနာသက်သာဆေး မတွေ့ပါ။ ဖြည့်စွက်စာဆေးတွေ မလိုအပ်ပါ။ ဝယ်ထားတာကိုတော့ သောက်လို့ရတယ်။ ဒေါက်တာတင့်ဆွေ

Myocardial ischemia နှလုံးသား သွေးမဝခြင်း

Image
( အင်္ဂလိပ်စာလုံးတွေကို ကျော်ဖတ်နိုင်ပါတယ်။) လေးစားရပါသောဆရာရှင့် Myocardial ischemia အကြောင်းလည်း စာဖတ်သူတို့ကို ဝေမျှပေးစေလိုပါတယ်ရှင်။ နှလုံးသားသွေးမဝခြင်းဆိုတာ နှလုံးသွေးလှည့်စနစ်မှာ သွေးနည်းပါးလာရာကနေဖြစ်တယ်။ နှလုံးကြွက်သားတွေ အောက်စီဂျင်မဝဖြစ်လာမယ်။ Coronary arteries နှလုံးသွေးလွှတ်ကြောတခုခုမှာ အကုန်ဖြစ်ဖြစ် တစိတ်တပိုင်းဖြစ်ဖြစ် ပိတ်ဆို့ထာဖြစ်နိုင်တယ်။ အဲလိုဖြစ်တာနဲ့ သက်ဆိုင်ရာကြွက်သားပျက်စီးလာမယ်။ သူ့အလုပ်မလုပ်နိုင်တော့ပါ။ Heart attack ခေါ်တယ်။ နှလုံးခုန်မမှန်တာလည်းဖြစ်နိုင်တယ်။ တချို့မှာ မခံစားရသေးပေမဲ့ နှလုံးမှာဖြစ်နေတတ်တယ်။ ဖြစ်ရင ် ရင်ပတ်ဘယ်ဖက်ခြမ်းမှာ မခံမရပ်အောင်နာတာကို Angina pectoris ခေါ်တယ်။ တချို့မှာ လည်ပင်းနဲ့ မေးရိုးမှာနာတယ်။ ပခုဲးနဲ့ လက်လည်းနာတယ်။ နှလုံးခုန်မြန်မယ်။ အသက်ရှူမဝဖြစ်မယ်။ ပျို့အန်မယ်။ လှုပ်ရှာရင်ပိုဆိုးမယ်။ ချွေးပြန်မယ်။ အားကုန်မယ်။ ရောဂါအမည်ကို အတိအက ျ Coronary artery disease (atherosclerosis) ခေါ်တယ်။ သွေးကြောထဲမှာဖြစ်နေတာကို Plaques ခေါ်တယ်။ အများအားဖြင့် Cholesterol ကိုလက်စထောတွေဖြစ်တယ်။ Blood clot သွေးခဲလည်း ဖြစ်တတ်တယ်။ Coronary artery spasm ဆိုတာက ...

Rice ဆန်

Image
ဘယ်အတွက်ကောင်းပါသလဲ ။ ထူးခြားတဲ့အကျိုးကျေးဇူးရှိပါသလား။ ဆန်အမျိုးမျိုးအကြောင်း မကြာခဏ တင်ပြထားပါတယ်။ blog မှာ အမြဲရှိတယ်။ Types of Rice Grains ဆန်အမျိုးမျိုးနှင့် ရရှိသော ကယ်လိုရီ https://dr-tint-swe.blogspot.com/2025/10/types-of-rice-grains.html Storing Rice ထမင်းကို မသိုးအောင်ထားနည်း https://dr-tint-swe.blogspot.com/2022/10/storing-rice.html Rice ရိုးရိုးဆန် https://dr-tint-swe.blogspot.com/2021/10/rice.html Rice ဆ န်ဈေးhttps://dr-tint-swe.blogspot.com/2025/07/rice.html Brown Rice ဆန်လုံးညို https://dr-tint-swe.blogspot.com/2023/02/brown-rice.html Rice vs. Wheat ဆန်နဲ့ဂျုံ https://dr-tint-swe.blogspot.com/2021/09/rice-vs-wheat.html Riceberry ခရန်းရောင်ဆန် နဲ့ Chai seeds ချီးယားစေ့ https://dr-tint-swe.blogspot.com/2023/10/riceberry-chai-seeds.html Brown Bread ညိုသောပေါင်မုံ့ ညိုသောဆန် https://dr-tint-swe.blogspot.com/2022/10/brown-bread.html ဆန်အကြောင်း အဆက် https://dr-tint-swe.blogspot.com/2021/07/blog-post_909.html Arsenic in Rice ဆန် နှင့် အာဆင်းနစ် https://dr-tint-swe.b...

Corns and Calluses အသားမာ

Image
ဆရာခင်ဗျာ ကျွန်တော့်လက်မှာငါးမျက်စိတွေထွက်နေလို့ပါ ပျောက်နိုင်မယ့်ဆေးနည်းရှိရင်ညွှန်းပေးပါအုံးခင်ဗျာ ကျေးဇူးတင်ပါတယ်။ အသားမာဆိုတာ ထပ်ခါထပ်ခါ ထိမိတိုက်မရာကနေ ဖြစ်တယ်။ လုပ်တာကိုင်တာ၊ ဝတ်စားတာ အဆင်ပြေအောင်ပြင်ရမယ်။ ကုသနည်းများ Trimming away excess skin အသားမာ၊ အသားပိုကို ကိုယ်တိုင် လှီးဖြတ်ခြင်း ပိုးမဝင်အောင်လုပ်ရမယ်။ Medicated patches ဆေးကပ်ခွာလည်း သုံးနိုင်တယ်။ 40% salicylic acid ပါတဲ့ဆေး။ Clear Away, MediPlast စတဲ့အမည်တွေနဲ့ လာတယ်။ ကြီးတဲ့အသားမာအတွက် nonprescription salicylic acid in gel လိမ်းနိုင်တယ်။ Compound W, Keralyt လို့ခေါ်တယ်။ liquid လည်း လိမ်းနိုင်တယ်။ Compound W, Duofilm လို့ခေါ်တယ်။ လိုအပ်သူကို ဆရာဝန်ကလှီးဖြတ်ပေးမယ်။ Plantar Warts Treatment ခြေဖဝါး အသားမာ https://dr-tint-swe.blogspot.com/2021/06/plantar-warts-treatment.html Warts ကြွက်နို့ https://dr-tint-swe.blogspot.com/2020/12/warts.html Dr. တင့်ဆွေ

Headache ခေါင်းကိုက်ခြင်း

Image
၁။ ဆရာရှင့် သမီး မနေ့က ရေချိုးခေါင်းလျှော်ပြီး ဆံပင်ကိုခြောက်အောင်မသုတ်မိလို့ ခေါင်းဘယ်ဘက်ခြမ်းက တခါတခါ တဆစ်ဆစ် နာနေတာဆရာ စိုးရိမ်ရလားရှင့် သမီးဆိုသူ အသက်နဲ့ အမျိုးသမီးတိုင်းအတွက်လိုအပ်တဲ့ အခြေခံအချက်အလက်တွေ မသိပါ။ မေးနည်းကို အကြိမ်များစွာ တင်ထားပြီးပြီ။ ခေါင်းတခြမ်းနာတာနဲ့ ခေါင်းလျှော်တာ ဆက်စပ်မှု ရှိ မရှိ ရမ်းမပြောနိုင်ပါ။ ဘုန်းကြီးတွေ သီလရှင်တွေလည်း တခါတလေ ခေါင်းကိုက်တတ်ကြတယ်။ စိုးရိမ်ရလားသာမေးတယ်။ ကုသနည်းတော့ မမေးပါ။ မမေးတာကို ဖြေဦးမယ်။ ဆောရီး။ နာတာ + ကိုက်တာ + ကိုယ်ပူတာအတွက် Paracetamol/Ibuprofen တခုခု သောက်နိုင်တယ်။ တခါတခါနဲ့ တဆစ်ဆစ် ရေးတာတွေ မှန်။ ကွန်ဂရက်ကျူလေးရှင်း။ ခေါင်းကိုက်ခြင်းစာလည်း မကြာခဏ ပြန်ပြန်တင်ထားတယ်။ ၂-၃ မျိုးရှိတယ်။ Headache ဘယ်ဘက်ခေါင်းတခြမ်းကိုက်ပါတယ် ၂။ မင်္ဂလာပါဆရာ ကျမအသက်၂၅ပါ ရာသီပုံမှန်တလတခါလာပါတယ် အိမ်ထောင်ရှိပါတယ် ကလေးမရှိပါ ဘယ်ဘက်ခေါင်းတခြမ်းကိုက်ပါတယ် ဘယ်ဘက်တခြမ်းအကြောတင်းပါတယ် ဘယ်ဘက်လက်ထောက်လို့မရအောင်နာပါတယ် Different Types of Headaches ခေါင်းကိုက်ခြင်းအမျိုးမျိုး https://dr-tint-swe.blogspot.com/2025/09/different-types-of-headaches.html မည် Cluster ...

Drug Combo Boosts Prostate Cancer Survival by 40% ဆီးကျိတ်ကင်ဆာ ကုသဆေး

Image
ဆေး ၂ မျိုးတွဲကုသပေးသူတွေ အသက်ရှင်နေနိုင်နှုန်း ၄၀% တိုးတယ်လို့ ၂၁-၁၀-၂၀၂၅ နေ့ထွက်တဲ့သတင်းက ဆိုပါတယ်။ enzalutamide (Xtandi) နဲ့ leuprolide ဆေးအတွဲဖြစ်တယ်။ ဆေးတွေကနေ testosterone ဟော်မုန်းကို နည်းစေတယ်။ ဆေးပေးထာသူတွေထဲက 79% တို့ဟာ အခုထိအသက်ရှင်နေနိုင်ကြတယ်။ for enzalutamide တမျိုးတည်းပေးသူ 73% နဲ့ leuprolide တမျိုးတည်းပေးသူ 70% အသက်ရှင်နေနိုင်ကြတယ်။ ဒေါက်တာတင့်ဆွေ

မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ ကျန်းမာစေရမည်

Image
ကွန်မင့်တခု = လေးစားပါတယ်ဆရာခင်ဗျား။ မြန်မာလူမျိုးတွေကစာဖတ်တအားနည်းပါတယ်။ ဆေးပညာဗဟုသုတလွန်စွာမှအားနည်းပါတယ်။ ဒီထက်ပိုဆိုတာက ပဋိဇီဝဆေးတွေကို ဆရာဝန်မညွှန်ကြားဘဲ၊ ဆေးစာမပါဘဲကြားဘူနားဝနဲ့၊ သူများကသောက်လို့ သက်သာတယ်ဆိုရင် လိုက်ဝယ်သောက်တတ်ကြပါတယ်။ အဆိုးဆုံးကတော့ ဘာဖြစ်ဖြစ်အကောင်းဆုံးအပြင်းဆုံပဋိဇီဝဆေးတွေကိုတတ်ကျွမ်းနားလည်သူ( ဆရာဝန်) မညွှန်ကြားဘဲ၊ မိမိသဘောဆန္ဒနဲ့ သောက်ချင်သလိုသောက်တတ်ကြပါတယ်။ ဆေးတိုင်းမှာ ဘေးထွက်ဆိုးကျိုးတွေရှိတယ်ဆိုတာတောင် မသိသူများပါတယ်။ တခါတလေဆေးမတဲ့ခြင်း ( Drug allergy) သူနဲ့တဲ့ပေမဲ့၊ ကိုယ်နဲ့မတဲ့လို့ ပြင်းထန်တဲ့တုန့်ပြန်မှု( Shock) ရတတ်ပါတယ်။ အချို့ဆရာဝန်အများစုက လူနာ/လူနာရှင်ကိုသူပေးတဲ့ဆေးရဲ့ကောင်းကျိုး၊ ဆိုးပြစ်တွေကိုဘယ်တော့မှရှင်းပြလေ့မရှိပါဘူး၊ မသိစေချင်ဘူး။လူနာတွေကလည်း၊အထူးကုဆရာဝန်ပေးတဲ့ေဆးကိုသိသွားရင်( follow up) ပြန်လာမပြတာ့ဘဲ၊ ဆေးဆိုင်မှာဝယ်သောက်လိုက်ကြပါတော့တယ ်။ အတိုးအလ ျှ ော ့၊ ဘယ်တော့ရပ ်( adjustments/ omit) တွေမသိ ၊ ရမ်းသန်းသောက်နေလေ့ရှိပါတယ်။ ဆရာကသမားကောင်းပီသစွာ လူထုကိုဆေးဝါးနဲ့ပတ်သက်ပြီး ပညာပေးလေ့ရှိတဲ့အတွက် ကျွန်တော်ကအလွန်ဘဲလေးစားမိပါတယ်။ ဟုတ်။ ထောက်ပြတဲ...

Vegetarianism သက်သတ်လွတ် နှင့် ကျန်းမာရေး (၂)

Image
သတ်သတ်လွတ်စားရင ် အသက်ပိုရှည်တယ်ဆိုတာ ဟုတ်ပါသလားဆရာ။ သက်သတ်လွတ်စာခြင်းကြောင့် နှလုံးရောဂါနဲ့ ကင်ဆာတချို့ အဖြစ်နည်းနိုင်တယ်လို့ လေ့လာမှုတခုက ဆိုပါတယ်။ ဒါပေမဲ့ နှလုံးရောဂါနဲ့ ကင်ဆာကာကွယ်ရေးနည်းလည်းထဲမှာတော့ ထည့်သွင်းထားခြင်းမရှိပါ။ အစုံးစား (အသားငါးစား) သူတွေက အကျိုးပိုရနိုင်လာတည်း ရှိတယ်။ ပရိုတင်းဓါတ်နဲ့ သံဓါတ်တို့အပြင် ဗီတာမင် ဘီ-၁၂၊ ကယလ်စီယမ်၊ ဇင့်ဓါတ်တွေလည်း အသားစားမှ ပိုရမယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအသောက်ဆိုတာ အသီးအရွက်၊ အသီးတွေစားသုံးခြင်းပါဝင်တာ မှန်ပါတယ ်။ ဒါနဲ့ မလုံလောက်သေးပါ။ အစေ့အဆန်တွေ၊ ပဲတွေ၊ ပဲသီးတွေ၊ ကောင်းတဲ့အဆီ၊ အဆီနည်းအသား၊ ကြက်ဥ၊ ငါးနဲ့ နို့တွေ လိုအပ်ပါတယ်။ မြေထဲပင်လယ်စာက အကောင်းဆုံးလို့ ဆိုပါတယ်။ ငါး (ဆာမန်း) ပါတယ်။ သံလွင်ဆီပါတယ်။ လေ့လာမှုတခုအရ သက်သတ်လွတ်စားသူတွေဟာ အစုံးစားသူတွေထက် ၉့၆ နှစ်အသက်ပိုရှည်တယ်။ တခြားလေ့လာမှုတွေအရ ထူးမခြားနား။ Albert Einstein အဲလ်ဘတ် အိုင်းစတိုင်းက “ သက်သတ်လွတ်စားတာလောက ် ဆင့်ကဲပြောင်းလဲလာတာနဲ့အမျှ ကမ္ဘာပေါ်မှာ သက်သတ်လွတ်စားဖို့ အခွင့်အလမ်းတွေ တိုးမြင့်လာသလို လူသားတွေရဲ့ ကျန်းမာရေးကို အကျိုးပြုမယ့် အခွင့်အလမ်းလည်း မရှိဘူး” လို့ ဆိုပါတယ...

Cancer and Pregnancy ကင်ဆာ နှင့် ကိုယ်ဝန်

Image
မေးခွန်း = ဆရာရှင့် ကန်တော့ပါ... ကင်ဆာသမားတွေက ကိုယ်ဝန်ဆောင်လို့ရလားရှင့်။ လက်ရှိမှာ ကင်ဆာဆေး သောက်နေရပါတယ်။ အဖြေ ကင်ဆာကိုကုသမှုခံယူပြီးနောက် ကိုယ်ဝန်ဆောင်ဘို ့ အနည်းဆုံး ၆ လ စောင ့် သင ့် တယ ်။ အထူးသဖြင ့် ခီမိုသာရာပီ ရယူထားသူတွေ ။ တချို့ လေ့လာမှုတွေအရ ၂ နှစ်ကနေ ၅ နှစ်စောင်းခိုင်းပါတယ်။ ကိုယ်ဝန်ရှိနေစဉ ် ခီမိုသာရာပီ ယူဘို့လည်း ကိုယ်ဝန် ၁၄ ပတ်အထိ ကုသမှု မယူသင ့်ပါ။ အထဲက ကလေးကိုထိခိုက်စေနိုင်တယ်။ တချို့ ကင်ဆာကုစနည်းတွေက ကိုယ်ဝန်မရစေနိုင်ပါ။ ကင်ဆာဆဲလ်တွေကို အချင်းကနေဖြတ်ပြီး ကလေးကိုကူးစက်နိုင်မှု အလွန်ရှားပါးတယ်။ စစ်ဆေးမှုတွေတော့ လုပ်နေရပါမယ်။ ကိုယ်ဝန်နဲ့တွဲပြီး တွေရတဲ့ ကင်ဆာများ breast cancer ရင်သားကင်ဆာ cancer of the cervix သားအိမ်ဝကင်ဆာ melanoma အရေပြားကင်ဆာ lymphoma လင်ဖိုးမား acute leukaemia လူကီးမီးယား။ လူနာတဦးချင်းက ကင်ဆာအမျိုးအစာနဲ့ ကုသနည်းအတွက် ဆရာဝန်နဲ့ တိုင်ပင်ရပါမယ်။ ဒေါက်တာတင့်ဆွေ

Frozen shoulder အေးခဲသွားသောပခုံး

Image
၁။ ဆရာရှင့် ကျမရင်သားကင်ဆာကုသနေသူပါ အရိုးဆေးသွင်းတာ၁လရှိပြီဆရာ အဲဒါ ပခုံးကပ်လို ့ အရိုးအကြောဆရာဝန်က လက်မောင်းထဲဆေးထိုးရင်ပြောက်(ပျောက်)မြန်တယ်ပြောပါတယ် အဲဒါထိုးလို့ရလားရှင့် ၂။ အမျိူးသမီး အသက် ၄၀ ပါ အိမ်ထောင်မရှိ ဓမ္မတာပုံမှန် ညာဘက်လက်မောင်းထဲမှာမာခဲခဲနဲ့ယောင် (ရောင်) နေ (၆လခန့်ရှိပါပြီ) ဓာတ်မှန်ရိုက ် ဘာမှမပေ ါ်ပါ ဆေးထိုဆေးသောက်မသက်သာပ ါ မြန်မာဆရာနှင ့်ပြ အပူခဲလာလို့ပြော မသက်သာပါ မနာပါဆရာ ဆေးနည်းလေးရှိယင ် ( ရင ်) ပြောပြပေးပါဆရာ လက်အဆုံးထိလဲမ ြှ ောက်မရပါဆရာ ၃။ မင ်္ ဂလာပါဆရာ ကျမအသက်က ၃၈ နှစ်ပ ါ။ အိမ်ထောင်မရှိပါ။ ရာသီမှန်ပါတယ ်။ ကျမ ယခု ဘယ်ဘက်လက ် လက်မောင်းအရင်မှနာနေတာ ၁ နှစ်ကျော်ပါပြီ။ အရမ်းနာကျင်တာမျိုးမဟုတ်ဘဲ ဖိအိပ်မိတဲ့အချိန် လက်အမ ြှ ောက်အချလုပ်မိချိန ် လက်နောက်ပြန်အနေအထား အသုံးပြုမိချိန်တွေမှာ နာတတ်ပါတယ် ဖြစ်တာ (၁) နှစ်ကျော်ပါပြီ။ ၄။ ကျွန်တော့်အမေ အသက် ၅၀။ နေရပ် ရန်ကုန်။ အမေက fashion designer တယောက်ပါ။ လွန်ခဲ့တဲ့ ၆ လ လောက်ကစပြီး အခန့်မသင့်သလိုဖြစ်ပြီး လက်က အကျော ( အကြော)ညှပ်သလိုဖြစ်ပါတယ်။ နောက်ပိုင်း ညဘက်ရောက်ရင် အကျောတက်ပါတယ်။ ကျွန်တော်လည်းတက် (တတ်) သလောက် နင်းနှိပ်ပေးတ...

Baby Health Links ကလေးကျန်းမာရေး 'လင့်' များ

Image
Baby health ကလေးကျန်းမာရေး ၁။ ဆရာရှင့် လသားကလေးလေးနှာပိတ်ရင် ဘာဆေးလူးပေးလို့ရပါလဲရှင့် ၂။ ဆရာရှင့် ကလေးက ၂လနဲ့ ၇ရက်ပါ ညတိုင်း ၈ခွဲ ၉နာရီလောက်ဆို ဘယ်လိုမှချော့မရ နို့တိုက်လဲ အငိုမတိတ်ပဲ မရပ်မနား ငိုပါတယ်ဆရာ အဲ့လိုဖြစ်နေတာ ၃ရက်ဆက်တိုက်ရှိပါပီဆရာ ၁၀နာရီလောက်ဆို တိတ်သွားပြီး အိပ်သွားပါတယ်ဆရာ ဘာများဖြစ်လို့လဲ မသိလို့ပါရှင့် Baby Health Links ကလေးကျန်းမာရေး ' လင ့်' များ ၃။ စာတွေကဇော်ဂျီဖြစ်နေတယ ် ဆရာ ဟုတ်မယ်။ Blog အဟောင်းက Links တွေဖြစ်ပါတယ ်။ အသစ်ပြန်ရေးထားတယ ်။ ကလေးကျန်းမာရေးစာတွေ အများကြီး တင်ထားတယ ်။ စာအုပ်စာရှိတယ ်။ တိုင်းပြည်အခြေအနေဆိုးလို့ ပြင်တင်ထားပြီးသားစာအုပ ် မထုတ်ဖြစ်လိုက်ပ ါ။ Formula Feedings နို့မှုန့်တိုက်နည်း https://dr-tint-swe.blogspot.com/2022/09/formula-feedings.html CPR for newborn babies မွေးကာစကလေး CPR လုပ်ပေးနည်း https:// dr -tint- swe .blogspot.com/2021/06/cpr-for-newborn-babies-cpr.html Baby Colic ကလေးဗိုက်နာရင ် https://dr-tint-swe.blogspot.com/2021/06/baby-colic.html Baby's Medicine Cabinet ကလေးဆေးဘီရို https://dr-tint-swe.blogspot.com/2021/06/...

Adult ADHD လူကြီးများမှာဖြစ်တဲ့ အာရုံစူးစိုက်မှု မူမမှန်ခြင်းရောဂါ

Image
Attention-Deficit/Hyperactivity Disorder လို့ ခေါ်တယ်။ အများအားဖြင့် ကလေးတွေမှာဖြစ်တယ ်။ လူကြီးမှာဖြစ်ရင် ကလေးတွေမှာဖြစ်တာနဲ ့ ကွဲလွဲချက်တွေ ရှိတယ ်။ ပုံမှန်ထက ် တက်က ြွ နေခြင်းက အဓိက ။ လူကြီးတွေမှာဖြစ်ရင ် အတွင်းစိတ်မှာ ဂဏာမငြိမ်ဖြစ်တယ်။ တခုခုကိုအာရုံစူးစိုက်မှု မရနိုင်။ နောက်ဆက်တွဲဘာဖြစ်လာနိုင်သလဲကို စဉ်းစားမနေတော့ဘဲ လုပ်ဆောင်တယ်။ သူ့ဟာသူ မာနကြီးနေမယ်။ စိတ်ခံစားမှု ပုံမှန်ထက် ပြင်းပြနေမယ ်။ အရေးကြီးတာထက ် အရေးမပါတာကို ဦးစားပေလုပ်ကိုင်နေမယ ်။ လုပ်ပြီးသားအရာတွေကို မေ့လျော့နေမယ်။ ချိန်းဆိုချက်တွေ လွဲကုန်မယ ်။ အလုပ်ကိုင်ထိခိုက်မယ ်။ လူမှုဆက်ဆံရေးထိခိုက်မယ ်။ အချိန်အတိုင်းအတာနဲ့ဖြစ်စေ သူလုပ်ကိုင်နေတဲ့ အလုပ်ဌာနနဲ့ဖြစ်စေ အဆင်မပြေဖြစ်မယ်။ Medical Management ဆေးကုသခြင်း Environmental Adaptations ပတ်ဝန်းကျင်နဲ့အထာကျစေခြင်း Behavioral Strategies အမူအယာဗျူဟာ Building a Support System ကူညီထောက်ပံ့ရေးစနစ်တွေနဲ့ ကုသပေးရပါမယ ်။ ဒေါက်တာတင့်ဆွေ

Wheat allergy ဂျုံနဲ့ မတည့်ခြင်း

Image
Gluten allergy ဂလူတင်ဓါတ်နှင့် မသင့်ခြင်း မေးခွန်းတခု = ကျေးဇူးပါဆရာ ။ တချို ့.ရိုတီးစားပြီး ဂျုံနဲ့မတည့်တာထင်တယ်။ ဘိုက်အောင့်ချင်တယ်ဆရာ။ မေးခွန်းတခု = ဆရာ ကျွန်တော်အသက်၂၈နှစ်ပါ လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ ် ၅ လပိုင်းလောက်ကစပြီး ပေါင်မုန ့် စား လိုက်တာနဲ ့ ယားဘုသေးသေးလေးတွေ တကိုယ်လုံးထွက်လာပါတယ ် နောက်ပိုင်းဂျုံနဲ့ပက်သက်တာ စားတာနဲ့ ယားဘုတွေက ပိုကြီးလာတယ် ၂၀၁၇ ကဆို ရွှေကြည်မုန့် စားမိတာ သွေးပေါင်ထိုးကျ ပြီး နှလုံးခုန်နှုန်း ၁၆၀ ဖြစ်ပီးထဲက ဂျုံ နဲ့ပက်သက်တာ အကုန်ရှောင်လိုက်ပါတယ်ဆရာ သိချင်တာက တသက်လုံးစားလာတာ ဘာမှမဖြစ်ပဲ ကျွ န်တော်အသက ် ၂၆ နှစ်လောက်မှဖြစ်တာ ဘာလို့လဲဆရာ ကျေးဇူးတင်ပါတယ်။ Gluten ဂလူတင်ဓါတ်ဆိုတာ ဂျုံ၊ ဘာလီနဲ့ ရိုင်းစပါးတွေမှာပါတယ်။ Celiac disease စီးလီးယက်ရောဂါခေါ်တဲ့ ဂျုံကို အလာဂျီရသူတွေက ဒီဓါတ်ကို လုံးဝရှောင်ကြရတယ်။ စီးလီးယက်နဲ့ ဂျုံအလာဂျီနဲ့ မတူပါ။ စီးလီးယက်ရောဂါရှိသူ ကိုယ်အလေးချိန်ကျမယ်။ အန်မယ်။ ဗိုက်ကယ်နေမယ်။ ဗိုက်နာမယ်။ ဝမ်းပျက်လိုက် ချုပ်လိုက်ဖြစ်မယ်။ ဝမ်းအရောင် ပျော့မယ်။ အဆီများပြီး အနံ့ပိုဆိုးတယ်။ ဂျုံနဲ့လုပ်ထားတာစားတိုင်း မတည့်ဖြစ်မယ်။ တချို့က အနံ့ရတာနဲ့ ဖြစ်တယ်...

Types of Rice Grains ဆန်အမျိုးမျိုးနှင့် ရရှိသော ကယ်လိုရီ

Image
မေးခွန်းတခု = Wt gain ချင်သူမို ့ ဆန်ပဲအားကိုးပါတယ ် ဆန်ကြမ်း ဆန်ချော ဘယ်ကပိုတက်စေပါလဲ ဆရာကျန်းမာ သက်ရှည် ပါစေရှင ့်။ ပြန်စာ For weight gain ကိုယ်အလေးချိန်တိုးလိုသူများနဲ ့ အင်နာဂျီ ခေ ါ် စွမ်းအင ် ရလိုသူများအတွက ် ဆန်အမျိုးအစားများ Wild rice: 248 calories ဆန်ကြမ်း Brown rice: 218 calories ဆန်လုံးညို White rice: 205 calories ဆန်ဖြူ Basmati rice: 121 calories ဘတ်စ်မာတီ Jasmine rice: 110 calories ဂျက်စမင်း ကိုယ်အလေးချိန်တိုးလိုသူတွေ ဘယ်လိုဆန်ဖြစ်ဖြစ ် စားသုံးနိုင်ပါတယ ်။ whole grain brown ဖြူဖွေးနေအောင်ချွတ်မထားတဲ့ ဆန်လုံးညိုနဲ့ whole grain red rice ဖြူဖွေးနေအောင်ခ ျွ တ်မထားတဲ ့ ဆန်နီ တွေက ပိုပြီး အာဟာရဓါတ်များတယ်။ ဖိုက်ဘာ ပိုများတယ်။ အာဟာရဓါတ်ပိုပါဝင်တယ်။ ခွန်အား ပိုမိုရစေတယ်။ ဆန်နီဆိုတာ Purple rice မရန်းရောင်ဆန်လို့လည်းခေါ် တယ ်။ ငချိပ ် မဟုတ်ပါ။ athletes or bodybuilders အားကစားသမားများနဲ့ ခန္ဓာကိုယ်ပြုပြင်ရေးလုပ်သူတွေအတွက် white rice ဆန်းဖြူ ပိုသင့်တယ်။ အစာချက်တာ ပိုမြန်ဆန်တယ်။ သကြားဓါတ် ပိုများတယ်။ ကိုယ်အလေးချိန ် တိုးချင ် နည်းချင်သူတွေဟာ ဆန်တမျိုးတည်းကိုသာ သတိထားရတာတော့ မဟုတ...