Posts

Showing posts from April, 2025

Undescended testicle ယောက်ျားလေး အစိအောက်ထိ မကျသေးခြင်း

Image
(ကန်တော့)  ၁။ ဆရာရှင့် မရိုမသေ မေးပါရစေရှင့် မွေးရာပါ အူကျတာပါ ultrasound လည်းရိုက်ပြီးပါပြီ ခွဲစိတ်အထူးကု ဒေါက်တာ( - )ကိုလည်းပြပြပါပြီ ခွဲရမယ်လို့ပြောပါတယ် ကလေးက အခုအသက် ၂နှစ်နဲ့ ၆လပါ ခွဲရမှာ ကြောက်လဲကြောက်ပါတယ် ကလေးကငယ်သေးတော့ ခွဲရမှာကြောက်နေတယ်ဆရာရှင့် ခွဲရင် ရပါ့မလားဆရာရှင့်။ ရောဂါအမည်ကို ဆေးစာနဲ့ မသိရ။ Undescended Rt testes ညာဘက်အစိအောက်ထိ မကျသေးခြင်း။ Rt inguinal hernia ဟာနီယာ ခေါ် အူကျတာပါတွဲဖြစ်နေတယ်။  ၂။ ဆရာခင်ဗျား ကျွန်တော့်အကို အသက် ၃၃ အိမ်ထောင်မရှိ လူပျိုပါ သူ့ရဲ့အမျိုးသားအင်္ဂါ(ကန်တော့)က ဖောင်းဖောင်းနေလို့ပါ သူမွေးစငယ်ငယ်ကတည်းက ဥတလုံးကကပ်ပယ်လ်အိတ်ထဲမကျဘဲ အပေါ်ကိုနဲနဲတက်နေတာလို့အမေကပြောပါတယ် အခုသူကအမြဲမဟုတ်ပေမယ့် မကြာခဏ ဥကအပေါ်တက်သွားပြီးအောင့်အောင့်နေပါတယ် အောင့်တဲ့အချိန်ဆိုရင် တော်တော်ကြီးလာပြီး လက်နဲ့ပြန်ဖိချနေရပါတယ် အရင်ကအလေးအပင် မ မိတဲ့အခါမျိုးမှာဖြစ်တတ်တယ်လို့ပြောပေမယ့် အခုနောက်ပိုင်းကျ မကြာခဏဖြစ်ဖြစ်နေလို့ပါဆရာ ကျေးဇူးပြုပြီးဘယ်လိုလုပ်ရပါမလဲ ဖြေပေးပါဆရာ အဲ့လိုဖြစ်တဲ့အချိန်ဆို ဂွီဆိုပြီးအသံကျယ်ကျယ်လဲမြည်ပါတယ် ဆရာ  ဟာနီယာ ခေါ် အူကျတာပါတွဲဖြစ်နေတယ်။ ဥတလုံး...

15 Worst Foods for High Blood Pressure သွေးတိုးတက်စေသည့် အဆိုးဆုံးအစားအစာများ

Image
အစပိုင်းမှာ - နဲ့​ရေးတာ​တွေက ဆေးသု​တေသနအရ မဟုတ်တာ​တွေ။ မှန်တာသိချင် ဆက်ဖတ်ပါရန်။ - ငါဘာကောင်လဲသွေးတိုးစမ်းချင်ရင် ဒံပေါက်၂ပွဲပို့လိုက် - ဒူးရင်းသီးပါ ထည့်ပို့လို့ရတယ် - အုန်းနို့သာခွေယိုင်ပါထည့်ပို့ရမှာ  - ဒညင်းသီး အုန်းနို့ဆမ်းပါထည့် ရယ်စရာသဘောနဲ့ တင်ထားတာတခု ဖတ်ရတဲ့အတွက် ဒီစာကို အသစ်ရေးပြီး တင်ပြပါတယ်။ သွေးတိုးတက်စေသည့် အဆိုးဆုံးအစားအစာများ 1. Salt ဆား 2. Canned Soups ဗူးနဲ့လာတဲ့ စွပ်ပြုတ် 3. Processed Meat ပြုပြင်ထားတဲ့ အသား 4. Bacon  ဘေကင်  (ဝက်ပေါင်ခြောက်) 5. Trans Fats ပြုုပြင်ထားတဲ့ စားသုံးဆီ 6. Alcohol အရက် 7. Sugar သကြား 8. Chinese Food တရုပ်စာများ 9. Canned Spaghetti Sauce ဗူးနဲ့လာတဲ့ စပယ်ဂတီ ဆော့စ် 10. Caffeine ကေဖင်းဓါတ်ပါ သောက်စရာများ 11. Pickles တည်ထားတဲ့အချဉ်အမျိုးမျိုး 12. Cheese ဒိန်ခဲ 13. Frozen Pizza အအေးခန်းမှာထားသိုတဲ့ ပီဇာ 14. Canned or Bottled Tomatoes ဗူးနဲ့လာတဲ့ ခရမ်းချဉ် 15. Cured Ham ဝက်ပေါင်ခြောက် မှတ်ချက် သူများနိုင်ငံတွေမှာ စားသုံးတဲ့အစားအစောတွေသာ ဖြစ်ပါတယ်။ သုတေသနပြုမှုတွေကလည်း သူများနိုင်ငံတွေမှာသာ လုပ်တယ်။ မြန်မာပြည်ကအစားအစာတွေနဲ့ ချိန်ထို...

Health Awareness in May မေလအတွက် ကျန်းမာရေးအသိပေးများ

Image
1. Mental Health Awareness Month စိတ်ကျန်းမာရေးအသိပညာပေးလ။ 2. National Women's Health Month ယူအက်စ်အေမှာ အမျိုးသမီးကျန်းမာရေး အသိပညာပေးလ။ 3. National Stroke Awareness Month ယူအက်စ်အေမှာ ဆထုပ် ခေါ်လေဖြတ်ခြင်း အသိပညာပေးလ။ 4. National Asthma and Allergy Awareness Month: 5. ယူအက်စ်အေမှာ ပန်းနာနှင့် အလာဂျီ အသိပညာပေးလ။ 6. Arthritis Awareness Month အဆစ်ရောင်ရောဂါ အသိပညာပေးလ။ 7. Lupus Awareness Month လူပတ်စ် ရောဂါ အသိပညာပေးလ။ 8. National Physical Fitness and Sports Month ယူအက်စ်အေမှာ အားကစားကျန်းမာရေး အသိပညာပေးလ။ 9. Better Hearing and Speech Month အကြားနှင့် စကာပြောကျန်းမာရေး အသိပညာပေးလ။ 10. Food Allergy Awareness Week အစားအသောက် အလာဂျီ အသိပညာပေး ရက်သတ္တပတ်။ ဒေါက်တာတင့်ဆွေ

The Role of Luck in Health ကျန်းမာရေးတွင် ကံကောင်းခြင်း၏ အခန်းကဏ္ဍ

Image
(အခွင့်အလမ်း သို့မဟုတ် ရွေးချယ်မှု) Leonie Satori လီယိုနီ ဆာတိုရီ ရေးသားတဲ့ ဒဿနိကဗေဒဆောင်းပါးကို သင့်လျော်သလို ဘာသာပြန်ပါမယ်။ ကိုယ်ပိုင်အယူအဆ အနည်းငယ်လည်း ထည့်သွင်းရေးသားပါမယ်။ - ကျန်းမာရေးနှင့် နာမကျန်းဖြစ်မှုတွင် ကံတရားသည် အဘယ်အခန်းကဏ္ဍမှ ပါဝင်သနည်း။  - အချို့လူများသည် ကျန်းမာရေးနှင့်ပတ်သက်၍ အခြားသူများထက် အဘယ်ကြောင့် ကံကောင်းကြသနည်း။  - ကျန်းမာရေးသည် ကံကောင်းခြင်းနှင့် ပတ်သက်မှု တကယ်ရှိပါသလား။ ကံကောင်းခြင်းဟူသည် မိမိကိုယ်တိုင် လုပ်ဆောင်မှုထက် အောင်မြင်မှု သို့မဟုတ် ကျရှုံးခြင်းဟု အဓိပ္ပါယ်ရပါသည်။ ဤသဘောတရားကို ကျန်းမာရေးနဲ့ ဆက်စပ်တဲ့အခါ၊ ကံတရားသည် ကြီးမားသော အခန်းကဏ္ဍမှပါဝင်သည့် အခြေအနေများစွာကို ကြုံတွေ့ရပါသည်။  ကံကောင်းခြင်း သို့မဟုတ် ကံမကောင်းခြင်းသည် အကြောင်းရှာမရတဲ့ရောဂါမျိုးအတွက် မကြာခဏ ရှင်းပြချက်ဖြစ်ပြီး နာတာရှည်ရောဂါများစွာအတွက် ကျိုးကြောင်းဆီလျော်သော ဆေးဘက်ဆိုင်ရာ ရှင်းလင်းချက်ဟု ယူဆနိုင်ပါသည်။ “ငါးတကောင်လို သောက်ပြီး” သို့မဟုတ် “မီးခိုးခေါင်းတိုင်လို အငွေ့ထွက်သူ” အသက်ရှည်ကျန်းမာစွာ နေထိုင်ခဲ့တဲ့ ပုံပြင်ကို ကြားဖူးကြမှာပါ။  အသက်အန္တရာယ်ရှိတဲ့ နာတာရှည်ကျန်...

နွေရာသီနဲ့ အပူဒဏ်

Image
ဘယ်လို နေထိုင် ကာကွယ် ကုသ မလဲ ဒေါက်တာတင့်ဆွေ ဆွေးနွေး တင်ဆက်ထားသည်။ ------------------- ဥတုရာသီ ရဲ့ အဆိုးဆုံး အပူဒဏ် အပူဒဏ် အမျိုးအစား ဘာတွေခံစားရမလဲ ဖြစ်လာရင် ဘာလုပ်ရမလဲ အညာ‌ဒေသဆိုရင် ဘာလုပ်နိုင်မလဲ ကြိုတင် ပြင်ဆင်ခြင်းနဲ့ ကုသနည်း စတဲ့အချက်တွေကို ဒေါက်တာတင့်ဆွေက ရှင်းလင်း ဆွေးနွေး အကြံပြုထားတာ ဖြစ်ပါတယ်။ ---------------- THN freelance journalist - YouTube မှာလည်းကြည့်ပြီး ပံ့ပိုးနိုင်ပြီ https://youtu.be/4hSz6h_lS0E ဖေ့စ်ဘွတ်မှာ Subscribe လုပ်ပြီး ပံ့ပိုးနိုင်ပြီ https://www.facebook.com/becomesupporter/100066613536888/ --------------------------- Twitter - https://twitter.com/winburmese တယ်လီဂရမ်လည်း ရှိပြီ https://t.me/THNfreelance တစ်တော့ လာပြီ

Workplace and stimulant drugs လုပ်ငန်းခွင်နဲ့ ဆေးဝါးသုံးစွဲမှု

Image
စောစောကပဲ ဆေးခြောက်အဆီဆေး ဆရာဝန်လက်မှတ်မလိုပဲ ရောင်းတော့မယ်ဆိုတဲ့သတင်း တင်လိုက်တယ်။ ဒီစာကိုလည်း မနှစ်က မေဒေး ခေါ် နိုင်ငံတကာအလုပ်သမားနေ့မှာ ဒီစာကိုရေးပါတယ်။  အမေရိကန်ပြည်ထောင်စုမှာ အလုပ်သမားပေါင်း ၂၃ သန်း ကျော်မှာ ဆေးဝါးတမျိုးမျိုးသုံးစွဲနေကြတယ်။ အဲတာကလည်း ဆေးကုသမှုခံယူနေသူစာရင်းသာရှိသေးတယ်။ အသက် (၁၂) နှစ်အထက်လူဦးရေရဲ့ ၁ဝ% ရှိတယ်။ ဆေးဝါးသုံးစွဲမှုဟာ တယောက်တည်းသုံးပေမယ့် မိသားစုနဲ့ ပတ်ဝန်းကျင်ကိုပါ ဆိုးဆိုးဝါးဝါး သက်ရောက်စေပါတယ်။ ငွေကြေးအရပြောရရင် တနှစ်မှာ ၁၉၇ ဘီလီယန် ရှိတယ်။ ဆေးစွဲတယ်၊ ဆေးသုံးကြတယ်ဆိုတာ တရားမဝင်ဆေးတွေသာမကာ တရားဝင်ဆေးတွေကိုပါသုံးစွဲကြတာဖြစ်တယ်။ Painkillers အနားသက်သာဆေးတွေ၊ barbiturates အိပ်ဆေးတွေ၊ stimulants စိတ်ကြွဆေးတွေနဲ့ addictive စွဲစေတတ်တဲ့ဆေးတွေဖြစ်တယ်။ အမေရိကန်လူငယ်လူရွယ် ၂ဝ% တို့ဟာ Marijuana ဆေးခြောက်သုံးနေကြတယ်။ ၄ဝ% တို့ဟာ တကြိမ်တော့ စမ်းကြည့်ကြတယ်။ ၉% တို့ဟာ Cocaine ကိုကိန်းကိုတကြိမ်တော့စမ်းကြည့်ကြတယ်။ ကမ္ဘာမှာ အရက်ကြောင့် တနှစ်မှာ လူပေါင်း ၂့၅ သန်းသေဆုံးနေကြတယ်။ အမေရိကားမှာ ၁ သိန်းသေးတယ်။ အသက် ၁၅ နှစ်နဲ့ ၂၉ နှစ်ကြားလူရွယ်တွေ နှစ်စဉ် ၃ သိန်း ၂ သောင်းတို့ဟ...

Hepatitis B (ဘီ) ပိုး

Image
ကျွန်မအကိုကြီးက B ပိုးပြရင်းနဲ့ ခါးကြီးပေါင်း(ကျီးပေါင်း)ပါရှိလို့ ကြီးပေါင်းင်း(ကျီးပေါင်း)ဆေးပါတွဲသောတ်ရပါတယ်ရှင် ခုတခါပြန်ပြတော့ သွေးစစ်တာ ASTများနေလို့တဲ့ဆရာ သွေးပြန်စစ်ရမယ်ပြောတယ်ပါတယ်ရှင့် ကျွန်မတို့က ဆေးပညာ ဘာမှနားလည်လို့ AST က ဘာလို့ စစ်ရတာလည်းဆရာ ကျွန်မအကိုကြီးက ၅၂နှစ်ပါရှင် အသတ်(အသက်) အရင်မပြောမိတာက စိတ်လောသွားလို့ပါဆရာရှင့် Liver Blood Test အသည်းအတွက် သွေးစစ်ခြင်း အဖြေစာ ပို့လိုက်တယ်။ ဆရာရှင့် AST စစ်လို့နည်းနည်းများနေတယ်ဆိုရင် စိုးရိမ်ရလားရှင့်။ကျွန်မမေးခွန်းတွေ သိချင်စိတ်နဲ့ မေးမိတာမို့ အမှားလေးများပါရင်ခွင့်လွတ်ပေးပါရှင်။ကျွန်မတို့ကသွေးစစ်ရမယ်ဆိုတော့ ဘာမှန်းမသိ ရောဂါတခုထပ်တိုးပြီဆိုပြီး ကြောတ်နေရပါတယ်ရှင် AST (Aspartate Transaminase) များနေခြင်းဟာ အကြောင်းခံအမျိုးမျိုးကနေ ဖြစ်စေနိုင်တယ်။ သည်းရောဂါလား စစ်ဆေးရမယ်။ တခြား နှလုံး၊ ကျောက်ကပ်၊ ကြွက်သားရောဂါတွေကနေလည်း  ဖြစ်စေနိုင်တယ်။ အများဆုံးဖြစ်စေနိုငတာတွေက hepatitis အသည်းရောင်ခြင်း၊ cirrhosis အသည်းခြောက်ခြင်း၊ mononucleosis ရောဂါနဲ့ even by medications ဆေးဝါးနဲ့ ထိခိုက်မှုတခုခုကြောင့် ဖြစ်မယ်။ လူနာတဦးမှာ အဲဒီစာရင်းပါ အကြေ...

Penpulimab ဆေးကို ရှားပါးဦးခေါင်းနှင့် လည်ပင်းကင်ဆာအတွက် FDA က အတည်ပြု

Image
၂၅-၄-၂၀၂၅ non-keratinizing nasopharyngeal carcinoma (NPC) ခေါ်တဲ့ ရှားပါးတဲ့ ဦးခေါင်းနှင့် လည်ပင်းကင်ဆာ အတွက်ဖြစ်တယ်။ Penpulimab ဆေးကနေ ပြန်လာ သို့မဟုတ် ပြန့်ပွားနေသည့် အဆင့်မြင့် NPC အတွက်ဖြစတယ်။  NPC ဆိုတာ လည်ချောင်းအပေါ်ပိုင်း၊ နှာခေါင်းနောက်မှာရှိတဲ့ nasopharynx နေရာမှာဖြစ်တယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ခန့်မှန်းချက်အရ နှစ်စဉ် ကမ္ဘာတဝှမ်း လူနာသစ် ၁၃၃,၀၀၀ ခန့်ရှိတယ်။ ၇၀% ခန့်တို့ဟာ အီလိအဆင်ြရောက်နေကြပြီ။  Penpulimab ဆေးဟာ ခုခံအားစနစ်ကို အထောက်အကူပြုတဲ့ ဓာတ်ခွဲခန်းလုပ်ပဋိပစ္စည်းဖြစ်တယ်။  သုံးပတ်မှာ တကြိမ် သို့မဟုတ် လူနာ၏ အခြေအနေပေါ် မူတည်၍ နှစ်နှစ်အထိ IV နဲ့ပေးရတယ်။ အဖြစ်အများဆုံးဘေးထွက်ဆိုးကျိုးများ ပျို့ခြင်း၊ အော့အန်ခြင်း၊ သိုင်းရွိုက်လုပ်ဆောင်မှုနည်းခြင်း၊ ဝမ်းချုပ်ခြင်း၊ အစာစားချင်စိတ်နည်းပါးခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ ချောင်းဆိုးခြင်း၊ COVID-19 ကူးစက်ခံရခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ နီမြန်းခြင်း၊ အဆစ်နဲ့ ကြွက်သားနာကျင်ခြင်း၊ အဖျားတက်ခြင်းတို့ ဖြစ်တယ်။  တချို့မှာ အဆုတ်ရောင်ခြင်း၊ အသည်း သို့မဟုတ် အူသိမ်အူမပြဿနာများ၊ ဟော်မုန်းဆိုင်ရာ ပြဿနာများ၊ ကျောက်ကပ်ပြဿနာနှင့်...

IVF ပြင်ပမှာ သန္ဓေတည်စေနည်း

Image
(ကန်တော့) ဆရာခင်ဗျာ အမျိုးသမီးက အသက်လေးဆယ်မှ အိမ်ထောင်ကျပါတယ်။ အမျိုးသားက အသက်ငါးဆယ်ပါ။ အမျိုးသမီး အသက် လေးဆယ့်တနှစ်မှာ ကိုယ်ဝန်သုံးလနဲ့ခ လေးပျက်ကျဖူးပါတယ်။ အခုက အမျိုးသမီးက အသက်လေးဆယ့်နှစ်နှစ်ပါ။ဖန်ပြွန်သန္ဓေသားနဲ့ ကိုယ်ဝန်ဆောင်ဖို့အစီအစဉ်ရှိပါတယ်။ ဖန်ပြွန်သန္ဓေသားနဲ့ ခလေးအဖတ်တင်နိုင်သလား ဆိုတာ သိချင်ပါတယ် ဆရာ။ IVF ပြုလုပ်ရန် အကြံပြုနိုင်သည့် အခြေအနေများ 1. Tubal သားအိမ်ပြွန်ပိတ်နေခြင်း 2. Endometriosis သားအိမ်ရောဂါ 3. အမျိုးသားမျိုးမပွားနိုင်ခြင်း - သုက်ပိုးအရေအတွက်နည်းခြင်း၊ ရွေ့လျားမှုပြဿနာများ သို့မဟုတ် အခြားသော အမျိုးသားမျိုးပွားမှုဆိုင်ရာပြဿနာများကို IVF နှင့် intracytoplasmic sperm ထိုးခြင်း (ICSI) ဖြင့် ဖြေရှင်းနိုင်သည်။  4. PCOS (Polycystic Ovary Syndrome) မျိုးဥအိမ် ရေအိတ်ကလေးများရှိသည့ရောဂါ 5. မရှင်းပြနိုင်သော မျိုးမပွားနိုင်ခြင်း • မျိုးဥ လှူဒါန်းခြင်း - အကြောင်းအမျိုးမျိုးကြောင့် ကိုယ်ပိုင်မျိုးဥ မထုတ်လုပ်နိုင်သူများသည် အလှူရှင်မျိုးဥဖြင့် IVF ကို အသုံးပြုနိုင်ပါသည်။  • မျိုးရိုးဗီဇစစ်ဆေးခြင်း - IVF သည် မျိုးရိုးဗီဇဆိုင်ရာချို့ယွင်းမှုများအတွက် သန္ဓ...

Liver Blood Test အသည်းအတွက် သွေးစစ်ခြင်း

Image
(အင်္ဂလိပ်စာလုံးတွေပါနေတယ်။ ဆောရီး။) ၁။ ကျွန်မအကိုကြီးက B ပိုးပြရင်းနဲ့ ခါးကြီးပေါင်း(ကျီးပေါင်း)ပါရှိလို့ ကြီးပေါင်းင်း(ကျီးပေါင်း)ဆေးပါတွဲသောတ်ရပါတယ်ရှင် ခုတခါပြန်ပြတော့ သွေးစစ်တာ ASTများနေလို့တဲ့ဆရာ သွေးပြန်စစ်ရမယ်ပြောတယ်ပါတယ်ရှင့် ကျွန်မတို့က ဆေးပညာ ဘာမှနားလည်လို့ ASTက ဘာလို့ စစ်ရတာလည်းဆရာ ကျွန်မအကိုကြီးက ၅၂နှစ်ပါရှင် အသတ်(အသက်) အရင်မပြောမိတာက စိတ်လောသွားလို့ပါဆရာရှင့် ၂။ ဓါတ်မှန်ရိုက်ပြီး တပတ်ပြည့်ရင် ပြန်ပြဖို့ချိန်းတာ ယနေ့သွားပြပါတယ်။ CRP စစ်ခိုင်းပါတယ်။ ALT များနေပါတယ်ဆရာ။ covid မဖြစ်ခင်က  ပုံမှန် ၆လတခါစစ်တုန်းက မများဖူးပါ။ covid နောက်ဆက်တွဲနဲ့ ဆိုင်ပါသလာဆရာ။ သွေးစစ်တဲ့အဖြေ ပါပို့လိုက်ပါတယ်ဆရာ။ ကျေးဇူးတင်ပါတယ်ရှင့်။ ၃။ ကျွန်တော့် အသက်က ၄၃ပါ။ အိမ်ထောင်နဲ့ သားလေး ၂ယောက်ရှိပါတယ်။ လွန်ခ့တဲ့ ၃ ရက်က အလုပ်ကိစ္စအတွက် ကျန်းမာရေးဆေးစစ်ရပါတယ်။ ကျန်တာအားလုံးကောင်းပေမဲ့ သွေးအဖြေတခုမှာ liver enzyme level 100 ပြနေတယ်လို့ ပြောပါတယ်။ ကျွန်တော် ဘီယာသောက်ပါတယ်။ ဆေး ၃ မျိုးပါတယ်။ ၂ ပတ်သောက်ပြီး သွေးပြန်စစ်ရပါမယ်တဲ့။ ကျွန်တော်သိချင်တာက liver enzyme level မြင့်တက်တာကို မကုပဲထားရင် ဘာတွေ ဆက်ဖြစ်န...

Brain atrophy ဦးနှောက်သေးသွားခြင်းရောဂါ

Image
မောင်လေး ဖြစ်နေတာပါ ဆရာ ဦးနှောက်ကျုံ့ရောဂါလို့ပြောပါတယ် ဘာဆက်လုပ်ရမလည်းဆရာ။အမကလည်း တငိုငို တရီရီ ဖြစ်နေလို့ပါ ဆရာ။ စမ်းသပ်ကုသပေးနေတဲ့ဆရာဝန်က လမ်းညွှန်ပါမယ်။ ဟုတ် ကုသဖို့ လမ်းမရှိဘူး ပြောပါတယ် ဆရာ။ ဒီရောဂါ ပါတ်သက်သည့် ဆရာ့ဆောင်းပါ လေးတွေ ဖတ်ချင်လို့ပါဆရာ ရေးထားတာ မရှိသေးပါ။ အချိန်ရတော့ ရှာဖွေ ရေးသားတင်ပြပါမယ်။ ဟုတ်ကဲ့ပါ ဆရာ ဆရာ့ ဆောင်းပါးကိုမျှော်လင့်နေပါမယ်  Brain atrophy ဆိုတာ ဦးနှောက်ဆဲလ်များ (နျူရွန်များ) နဲ့ သူတို့ရဲ့ဆက်သွယ်မှုတွေ တဖြည်းဖြည်း ဆုံးရှုံးသွားခြင်းရောဂါဖြစ်တယ်။ ဦးနှောက်အရွယ်အစား သေးလာတယ်။ အကြောင်းရင်းများ - ပုံမှန်အိုမင်းခြင်းနဲ့ ဦးနှောက်သွေးကြောဖောင်းခြင်း အထူးသဖြင့် အသက် ၆၀ နောက်ပိုင်းမှာ တွေ့ရတယ်။ - Cerebral palsy  - ဦးနှောက်ရောင်ခြင်း - HIV နှင့် AIDS  - Huntington ရောဂါ - Leukodystrophies - လေဖြတ်ခြင်း - ဆစ်ဖလစ် - ဦးနှောက်ထိခိုက်ဒဏ်ရာရခြင်း - အယ်လ်ဇိုင်းမားရောဂါ ရောဂါလက္ခဏာများ - Aphasia စကားပြောရခက်ခြင်း - စာရေးရန်ခက်ခဲခြင်း - စကားလုံးများ၏ အဓိပ္ပါယ်ကို နားမလည်နိုင်ခြင်း - Dementia ဖြစ်လာခြင်း - ဘာသာစကားပျောက်ဆုံးခြင်း။ - မှတ်ဉာဏ်ပြဿနာများ - စိတ်နေ...

Linkတွေ ဝင်ဖတ်မရဘူးဆရာ

Image
အမျိုးသမီး မျိုးပွားလမ်းရာဂါစာ 'လင့်' အသစ်တွေ ပြောင်းလိုက်ပါတယ်။ 'ဇော်ဂျီ' ကနေ 'ယူနီကုတ်' လုပ်တော့ 'ဘလော့' တွေကို အသစ်ရေးရတယ်။ အချိန်အတော်ကုန်ခဲ့တယ်။ နောက်ထပ် ဘာပြောင်းဦးမလဲ မသိနိုင်။ မြန်မာပြည်မှာက လွယ်နေတာကို ခက်အောင်၊ မှန်နေတာကိုလွဲအောင် ခဏခဏပြောင်းတဲ့အကျင့်ရှိတယ်။ ဣန္ဒြေမရ။ - Chocolate cyst ချောကလက် ဆစ် https://dr-tint-swe.blogspot.com/2021/04/chocolate-cyst.html - Endometriosis (1) သားအိမ်ရောဂါ (၁) https://dr-tint-swe.blogspot.com/2021/05/endometriosis-1.html  - Endometriosis (2) သားအိမ်ရောဂါ (၂) https://dr-tint-swe.blogspot.com/2021/11/endometriosis-2.html - Ovarian Cyst မျိုးဥအိမ်ရေအိတ် https://dr-tint-swe.blogspot.com/2020/12/ovarian-cyst.html - Polycystic Ovarian Syndrome (PCOS) မျိုးဥအိမ်မှာ အိတ်များရှိခြင်း https://dr-tint-swe.blogspot.com/2021/05/polycystic-ovarian-syndrome-pcos.html - Ovarian Cyst and Pregnancy ကိုယ်ဝန်နှင့် မျိုးဥအိမ်ရေအိတ် https://dr-tint-swe.blogspot.com/2021/06/ovarian-cyst-and-pregnancy.html Dr တင့်ဆွေ

Penpulimab ဆေးကို နှာခေါင်းကင်ဆာအတွက် FDA ကခွင့်ပြုလိုက်

Image
ဧပြီ ၂၅၊ ၂၀၂၅ Nasopharyngeal Cancer နှာခေါင်းကင်ဆာအမျိုးအစားတချို့နဲ့ အရွယ်ရောက်ပြီးသူများအတွက် ပဌမတန်းကုသမှုအဖြစ် cisplatin ဒါမှမဟုတ် carboplatin နဲ့ gemcitabine နဲ့ ပေါင်းစပ်ထားတဲ့ penpulimab-kcqx (Akeso Biopharma) ကို ထောက်ခံချက်ပေးလိုက်တာဖြစ်ပါတယ်။  အတည်ပြုချက်ဟာ စနစ်ကျတဲ့ ခီမိုသာရာပီကုထုံး မခံယူရသေးတဲ့ လူနာ ၂၉၁ ဦးကို AK105-304 လေ့လာမှု အဆင့် 3 AK105-304 လေ့လာမှုမှာ ထိရောက်မှုနဲ့ ဘေးကင်းမှုအပေါ် အခြေခံထားပါတယ်။။ ဒေါက်တာတင့်ဆွေ

The Psychology of Superstition အယူစွဲများ၏ စိတ်ပညာ

Image
ခုရက်တွေမှာ ဖတ်ရတဲ့သတင်းတပုဒ်ကြောင့် ဒီစာကိုရေးပါတယ်။ အဲဒီအဖြစ်အပျက်ကို မသိပါ။ အယူစွဲများ၏ စိတ်ပညာကို သုတေသနစာတမ်း ၂ ခုကိုအခြေခံ ရေးပါမယ်။ အားလုံးက အမေရိကန်။ အင်္ဂလိပ်စာလုံးတွေကို ကျော်ဖတ်လို့ရတယ်။ စိတ်ဆေးပညာမှာ Superstition, Ritual, or Anxiety အယူစွဲ၊ ဓလေ့ထုံးတမ်းနဲ့ စိုးရိမ်စိတ်လို့ ရှိတယ်။ သင်ဟာ သူများတွေနဲ့အတူတူပဲသာဆိုရင် အယူစွဲတွေအရစဉ်းစားတွေးတောတာနဲ့ အမူအယာတွေကို အဖြစ်မှန်ရယ်လို့ သဘောမပေါက်ပဲ တွေးထင်တဲ့အတိုင်း၊ သူများတွေလုပ်တဲ့အတိုင်း လိုက်ပါလုပ်ဆောင်သူတယောက်ဖြစ်ပါမယ်။ ဗေဒင်ဟောစာတမ်းတွေ ဖတ်တာ၊ အဲတာတွေအတိုင်း လိုက်နာလုပ်ဆောင်တာ၊ ကြောင်နက်မြင်တာကို နိမိတ်ဆိုးလို့ တွက်တာ၊ စသည်။ အမေရိကန်လူမျိုး တဝက်ကျော်က အဲလိုဟုတ်ပါတယ်လို့ ဝန်ခံကြတယ်။ ဘောလုံးသမားတွေ မကစားမီနဲ့ ဂိုးသွင်းနိုင်ချိန်မှာ သူတို့ ဓလေ့ထုံးတမ်းအရ လုပ်ကြတယ်။ သူတို့မန်နေဂျာတွေကလည်း သူတို့သဘောကျတာကို လုပ်စေတယ်။ အဲတာမျိုးက အယူသီးတာ မဟုတ်ပါ။ တကယ်လို့ ဘောလုံးကို ဘယ်နှစ်ကြိမ် လက်နဲ့ ခေါက်နည်းကိုလုပ်တယ်ဆိုရင်တော့ အဲတာ အယူသီးသာဖြစ်တယ်။ အဲတာကို စိတ်ဆေးပညာမှာ obsessive compulsive disorder (OCD) လို့သတ်မှတ်တယ်။ တခြားစိတ်ပညာရှင်တယောက်ကတေ...

Morning sickness ကိုယ်ဝန်ရှိစ အိပ်ရာထရောဂါ

Image
(ကန်တော့)  ဆရာရှင့် အသက် ၂၁။ အမျိုးသမီး။ အိမ်ထောင်ရှိ။ ကိုယ်ဝန် ၄ပတ်ကျော် လွယ်ထားရပါတယ်။ ယခု အစားမစားဘဲ အချဉ်တွေပဲ စားနေပါတယ်။ထမင်း စားလို့မရပါ။ (ကန်တော့) အန်တယ်။ မူးဝေတယ်။ ဖြူဖက်ဖြူရော် ခေါင်းတွေမူးနေပါတယ် ဆရာ။ ဘာဆေး သောက်ရမှန်း မသိလို့ပါ။ ဆေးခန်းလည်း မပြနိုင်လို့ပါ ဆရာ။ ပြန်လည် ဖြေကြားပေးပါ ဆရာ။ အင်္ဂလိပ်စာလုံးတွေကို ကျော်ဖတ်နိုင်ပါတယ်။ ရောဂါအမည်က အိပ်ရာထရောဂါဆိုပေမဲ့ အချိန်မရွေးခံစားရနိုင်ပါတယ်။ ဆောရီး။ ကိုယ်ဝန်ဆောင်စ အစောပိုင်းလတွေမှာ ပျို့တာ၊ အန်တာကို ကိုယ်ဝန်ရှိစအိပ်ရာထရောဂါလို့ ခေါ်ပြီး ဆေးစာနဲ့ Nausea gravidarum လို့ ခေါ်တယ်။ မနက်ခင်းမှာ အဖြစ်များလို့ ဒီနာမယ် ပေးတာဖြစ်မယ်။ နေ့ခင်းရော ညပိုင်းမှာပါ ဖြစ်တတ်တာပါဘဲ။ ကိုယ်ဝန်ဆောင် ၇ဝ-၈၅% ဖြစ်တတ်။ တဝက်လောက်က ဆေးကုသမှု ခံယူကြရတယ်။ အများအားဖြင့် က်ိုယ်ဝန် ၆ ပတ်မှာ စတတ်ပြီး၊ ၁၂ ပတ် ရောက်ရင် သက်သာသွားကြတယ်။ ပျို့-အန်မယ်၊ ရင်သားနာမယ်၊ အစာအိမ်ပြဿနာပေးမယ်၊ အားယုတ်မယ်၊ မကြာခဏ ဆီးသွားမယ်၊ မောပမ်းမယ်၊ အားအင်ပြည့်ပြီး အလေးချိန်တိုးလာမယ်။ အနေအထိုင်ခက်ခဲလာမယ်။ အရေပြား ပြောင်းလဲမှုတွေရှိမယ်၊ သွင်ပြင်လက္ခဏာများနဲ့ စိတ်ပိုင်းဆိုင်ရာလည်း ပြောင်းလာ...

LCH ရောဂါ

Image
မင်္ဂလာပါဆရာ ကျမသားလေးအသက်က ၃နှစ်ပါဆရာ ၂၀၂၄/၁၀လပိုင်းလောက်က ခေါင်းအနောက်ဘက်(ခေါင်းနောက်ဘက်)နာရွက်နဲ့ နောက်စေ့ကြား ဘယ်ဘက်မှာ အကြိတ်(အကျိတ်)ထွက်လာလို့ပါဆရာ တဖြေးဖြေးကြီးလာတယ်ဆရာ ခလေးဆရာဝန်နဲ့ပြပြီးနောက် ဦးခေါင်းခွဲစိတ်နဲ့ညွန်တော့ ct scan ရိုက်ရပါတယ်ဆရာ ရိုပ်(ရိုက်)တော့ အကြိတ်(အကျိတ်)က အရိုးစားနေလို့ အရေးပေါ်ခွဲလိုက်ရပါတယ် ခွဲပြီးအသားစစစ်တော့ ကင်ဆာဖြစ်နေပါတယ်ဆရာ LCH အမျိုးစားတဲ့ဆရာ အခု ကီမိုသရဖီ သွင်းနေရပါတယ်ဆရာ သိချင်တာက ဆေးကုသမှုခံယူပြီး ပျောက်ကင်းနိုင်လားဆရာ ပြန်ဖြစ်နိုင်လားသိချင်လို့ပါ မိဘတရောက်(တယောက်)အနေနဲ့ အရမ်းစိတ်သောကရောက်နေလို့ပါဆရာ ကျေးဇူးပြုပြီးစာလေးအကြောင်းပြန်ပေးပါ။ Langerhans cell histiocytosis (LCH) သည် ရှားပါးသည့် ရောဂါအမျိုးအစားတခုဖြစ်သည့။ သည် ခန္ဓာကိုယ်အတွင်း အရေပြား၊ အဆုတ်နှင့် အရိုးများတွင် စုပုံနေသည့် ရှားပါးရောဂါတခုဖြစ်သည်။ ဤဆဲလ်များသည် အကျိတ်များဖြစ်ပေါ်လာနိုင်သည် သို့မဟုတ် တစ်ရှူးများနှင့် ကိုယ်တွင်းအင်္ဂါများကို ပျက်စီးစေနိုင်သည်။  ရောဂါရှာဖွေခြင်း ရောဂါရှာဖွေရာတွင် တစ်ရှူးများ၏ အသားစယူစစ်ဆေးခြင်း၊ သွေးစစ်ခြင်းနှင့် X-rays၊ CT scans သို့မဟုတ် MRI ကဲ့သို့သော ပ...

Drug allergies ဆေးဝါးနှင့် ဓာတ်မတည့်ခြင်း

Image
မဂ်လာပါ ဆရာရှင့် ဗဟုသုတ အနေနဲ့မှတ်သားထားရအောင် အချိန်အားလျှင် ကျေးဇူးပြု၍ ဖြေထားစေချင်ပါသည်။ အရင်က နေမကောင်းလျှင် အကိုက်ခဲပျောက်ဆေးထိုးခဲ့ဖူးပါတယ်။ ဓာတ်မတည့်တာ အလတ်ဂျစ်ဖြစ်တာမျိုး(စလုံးပေါင်းမှားခဲ့ရင် sorry ပါနော်) မရှိခဲ့ ယခုထိုးတဲ့ဆေးခန်းမှာ ဆေးစာအုပ်လဲမပေးပါဘူး။ နေလို့မကောင်းလို့ ဆေး၀င်ထိုးရ မျက်လုံးများရောင်ကိုင်လာပြီး ပုံထဲကလို ဖြစ်လို့ သူတို့ဆေးခန်းကို ပြန်သွားပြရာ အကြောထဲဆေးသွင်းပေးပါတ။ယ် အိမ်ရောက်တော့ မသက်သာပဲ ပိုဆိုးလာလို့ ဆေးရုံတက်ခဲ့ရပါတယ်။ ခုတော့ မျက်နှာအမ်းတာကလွဲပြီး အဖုတွေနဲ့ယားတာတော့သက်သာသာသွားပါပြီ။ သိချင်တာက သူတို့က အကိုက်ခဲပျောက်ဆေးပဲထိုးပေးလိုက်တယ်ပြောလို့ပါ။ ဓာတ်မတည့်တာက အချိန်အသက်အရွယ်ပေါ်မူတည်ပြီး ပြောင်းလဲတက်ပါသလား ဆရာရှင့်။ အသက် ၃၂ အိမ်ထောင်ရှိ ကလေးမရှိ အမျိုးသမီးပါ ကျန်းမာရေး စစ်ဆေးဖူးတာမျိုးရှိလို့ ရောဂါအထွေအထူး မရှိဖူးပါဆရာရှင့်။ ဆယ်တန်းအရွယ်ကတော့ ဓာတ်မတည့်တာ ပနတ်စလင်ထိုးဆိုးပဲရှိပါတယ်ဆရာ။ အဲ့တုန်းက အသားတွေပဲ ယားဖူးတာပါ။ မတည့်တဲ့ဆေးတွေ ထိုးတိုင်း၊ သောက်တိုင်း၊ သွင်းတိုင်းမှာ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်က မတည့်တဲ့ဆေးကို ရန်သူအဖြစ် မှားယွင်းသတ်မှတ်လိုက်လို့ တုံ့ပ...

Surgery may not be necessary for some early-stage breast cancer patients

Image
ရင်သားကင်ဆာ အစောပိုင်းအဆင့် လူနာအချို့အတွက် ခွဲစိတ်မှု မလိုအပ် ဧပြီ ၂၄၊ ၂၀၂၅ တကမ္ဘာလုံးတွင် နှစ်စဉ် အမျိုးသမီး ၂.၃ သန်းသည် ရင်သားကင်ဆာရောဂါကို ကုသမှုခံယူကြသည်။ Texas တက္ကသိုလ် MD Anderson ကင်ဆာဌာန သုတေသီများ၏ အချက်အလက်အသစ်အရ ခွဲစိတ်ကုသမှုသည် neoadjuvant (ခွဲစိတ်မှုအကြို) နှင့် စံချိန်စံညွှန်း ဓာတ်ရောင်ခြည်ကုသမှုကို အပြည့်အဝ တုံ့ပြန်မှုရှိသော အစောပိုင်းအဆင့် ရင်သားကင်ဆာ ဝေဒနာရှင်များအတွက် အကောင်းဆုံး နောက်ဆက်တွဲ ကုသမှုတခု မဟုတ်ပေ။ JAMA Oncology တွင်ယနေ့ထုတ်ဝေခဲ့သော Phase II စမ်းသပ်မှုမှ ၅ နှစ်ရလဒ်များအရ ခွဲစိတ်ကုသခြင်းမရှိဘဲ ဓာတုကုထုံးနှင့် ဓာတ်ရောင်ခြည်ပေးပြီးနောက် ရောဂါဖြစ်ပွားမှုပြီးပြည့်စုံသောတုံ့ပြန်မှု (pCR) ရှိသော လူနာများတွင် ရင်သားကင်ဆာသည် ယခုထိပြန်မပေါ်သေးကြောင်း ထုတ်ဖော်ပြသခဲ့သည်။ ပျမ်းမျှနောက်ဆက်တွဲ ၅၅့၄ လကြာပြီးနောက်၊ pCR ရှိသော လူနာ ၃၁ ဦးတွင် တဦးစီသည် ရောဂါကင်းစင်ပြီး အလုံးစုံ အသက်ရှင်နှုန်းမှာ ၁၀၀% ဖြစ်သည်။   Society of Surgical Oncology 2025 နှစ်ပတ်လည်အစည်းအဝေးတွင် ယနေ့တင်ပြထားသည့် တွေ့ရှိချက်သည် အချို့လူနာများသည် စံကုသမှု၏တစိတ်တပိုင်းဖြစ်သော ရင်သားခွဲစိတ်မှုကို...

Neck Glands လည်ပင်းအကျိတ်

Image
မဂ်လာပါဆရာ အကျိတ်အကြောင်းရှာဖတ်ရင်းက ဆရာရေးထားတာလေးတွေဖတ်မိလို့ပါ ဆရာ သမီး သားလေးက တစ်နှစ်(တနှစ်)ပါ ပုံပါဝိုင်းပြထားသလိုနေရာ သားလေးရဲ့ဆံပင်ပေါက်ရာအောက်ဘက်နဲ့ဂုတ်မရောက်ခင်မှာ အကျိတ်လေး တွေ့လို့ပါဆရာ ဘယ်ကော ညာကော ၂ဖက် ၂လုံးတွေ့ပါတယ် စမ်းကြည့်တော့ ရွေ့ပါတယ်ဆရာ ပျော့လဲပျော့ပါတယ် အရွယ်အစားကတော့ ဖရဲသီးစေ့လောက်ပဲရှိပါတယ် စိုးရိမ်ရလားဆရာ ဆေးခန်းပြရင်ကော ကလေးဆိုတော့ကလေးဆရာဝန်ဆီသွားရမလား အကျိတ်နဲ့ပက်သက်တာကုသပေးတဲ့ဆရာဝန်ဆီသွားရမလား ညွှန်ပေးပါဦးဆရာ Most common neck glands in kids ကလေးတွေမှာ အဖြစ်အများဆုံး လည်ပင်းအကျိတ်များ ပိုးဝင်ခြင်း သို့မဟုတ် ရောင်ရမ်းမှုကြောင့် ရောင်ရမ်းခြင်း ကလေးများတွင် အဖြစ်အများဆုံးဖြစ်သည်။ ရောဂါဗေဒအရ lymph node များဖြစ်သည်။ Glands များဟု ခေါ်သည်။ အရပ်ခေါ် တက်စိလို့လည်းခေါ်သည်။ အအေးမိ၊ လည်ချောင်းနာ၊ အသက်ရှူလမ်းကြောင်းရောဂါ၊ ထိခိုက်ဒဏ်ရာတခုခုရတိုင်း၊ ရောဂါပိုးတခုခုဝင်တိုင်း တွေ့တတ်သည်။ Lymph node များသည် သေးငယ်ပြီး lymphatic လင့်ဖ်အရည်များကို စစ်ထုတ်ကာ ခန္ဓာကိုယ်၏ ခုခံအားစနစ်၏ အစိတ်အပိုင်းတခုဖြစ်သည်။  Cervical Lymph Nodes များသည် လည်ပင်းတွင်ရှိပြီး ဦးခေါင်းနှင့် လည်ပင်...

Tamoxifen ကို အမျိုးသမီးတိုင်း သုံးလို့ရပါသလား

Image
မဂ်လာပါဆရာရှင့် ကျွန်မအသက် ၃၂ နှစ် လေးနှစ်သားကလေးတယောက်မိခင်ရင်သား ကင်ဆာဖြစ်မှာအရမ်းကြောက်နေသူပါ လူက ပြည့်ပြီးရင်သားထွားလို့ ဘယ်ချိန်ရင်သားကင်ဆာဖြစ်မလဲဆိုပြီး စဉ်းစားရှာဖွေရင်းနဲ့  tamoxifen ဆေးက ရင်သားကင်ဆာ ဖြစ်နိုင်ချေများသူများအတွက် ကင်ဆာကာကွယ်ဆေးဟုတ်ပါသလားဆရာ။ အဲ့တာ ကျွန်မကိုယ်သဘောနဲ့ကိုယ် ၀ယ်သောက်ရမလားဆရာ အကြံဉာဏ်လေးပေးပါအုန်းဆရာ Tamoxifen ကို အမျိုးသမီးတိုင်း သုံးလို့ရပါသလား မရပါ။ အမျိုးသမီးတိုင်း အသုံးမပြုနိုင်ပါ။ ဟော်မုန်းဓာတ် (+) ရင်သားကင်ဆာရှိသူ သို့မဟုတ် ရင်သားကင်ဆာဖြစ်နိုင်ခြေ မြင့်မားတဲ့ အမျိုးသမီးတွေအတွက် အဓိကသုံးပါတယ်။ ရင်သားကင်ဆာ ပြန်ဖြစ်မှာကို ကာကွယ်ရေးအတွက် သုံးပါတယ်။ Hormone Receptor-positive ရင်သားကင်ဆာအတွက် Tamoxifen ဆေးက ရင်သားကင်ဆာ ဆဲလ်တွေပေါ်မှာရှိ အီစထရိုဂျင်ရဲ့ အကျိုးသက်ရောက်မှုကို တားဆီးရာမှာ အထူးထိရောက်လို့ အသုံးပြုပါတယ်။ High-Risk Individuals အန္တရာယ်များခေါ် ရင်သားကင်ဆာရှိတဲ့ မိသားစုထဲကအမျိုးသမီးတွေ သို့မဟုတ် အချို့သော မျိုးရိုးဗီဇ ပြောင်းလဲမှုများ (BRCA ဗီဇပြောင်းလဲမှုများကဲ့သို့) ရင်သားကင်ဆာ ဖြစ်ပွားနိုင်ခြေ မြင့်မားတဲ့ အမျိုးသမီးတွေကို Tamoxifen ကို...

၃၉ နှစ်

Image
(ကန်​တော့) မင်္ဂလာပါ သားရဲ့ကောင်းမလေးက အသက် ၃၉ရှိပါပြီ ရာသီမလာဘူးဖြစ်နေတယ် ဘာကြောင့်ပါလဲဆရာ ကောင်မလေးလို့ရေးချင်တာကို ကောင်းမလေးလို့ရေးတာတော့ အ​ကြောင်းမဟုတ်လှပါ။ အသက် (၃၉) နှစ်ဆိုရင် အမျိုးသမီးလို့ ရေးသင့်တယ်။ အဲလိုပဲ သမီးကောင်လေးလို့လည်းရေးကြတာ ခဏခဏလာတယ်။ သမီးကောင်လေးလည်း (၃၉) နှစ်ဆိုရင် သမီးဆိုသူက သွေးဆုံးလောက်ပြီ။ (ကန်တော့)။ တချို့ကလည်း ညမ တဲ့။ ညထွက် ပိုက်ဆံရှာသူလို ထင်​စေမယ်။ ကျယ်မ ပိုရိုင်းတယ်။ အသက် ၅၀ နားကပ်နေသူ အမျိုးသားတချို့ကလည်း ယောက်ျားလေးလို့ ရေးနေတယ်။  မိန်းကလေးနဲ့ အမျိုးသမီး ခွဲခြားမရေးတတ်ကြသူတွေ အတော်ကိုများတယ်။  ကျွန်တော့်မိန်းမလို့ရေးတာ ရိုင်းတယ်။ ဇနီးလို့ ရေးသင့်တယ်။ ကျမခင်ပွန်း၊ အမျိုးသား၊ အိမ်​ထောင်ဘက် သင့်မှန်တယ်။ လူမြင် အဘလို့​ခေါ်တဲ့​ခေတ်ကစပြီး ယဉ်​ကျေးတဲ့ အ​ခေါ်အသုံး​တွေ ပျက်စီးလာတာ။ ကျွန်​တော်၊ ကျ​နော်၊ ကျမ၊ ဗျ၊ ရှင် စကားလုံး​တွေ ရှားပါးကုန်ပြီ။ ဒေါက်တာတင့်ဆွေ ၂၃-၄-၂၀၁၇

CBD Oil ဆေးဝါးသုံး ဆေးခြောက်အဆီ

Image
အီးမေးလ်တခုရတယ်။ သူတို့ကုမ္ပဏီကထုတ်တဲ့ CBD oil ဆေးကို ကြော်ငြာတာဖြစ်ပါတယ်။ လင့်ကိုဖတ်ကြည့်ပါတယ်။ Cannabidiol လို့ခေါ်တဲ့ဆီ။ Cannabis ခေါ် Marijuana plant ဆေးခြောက်ပင်ထဲက Cannabis sativa ထဲမှာပါတဲ့ ဒြပ်ပေါင်း ၁၀၄ မျိုးထဲကတခုဖြစ်တယ်တဲ့။  အဲဒီ Tetrahydrocannabinol (THC) ဓါတ်ဟာ -  1. နာတာကို သက်သာစေမယ်။ 2. စိုးရိမ်စိတ်နဲ့ စိတ်ဓါတ်ကျတာ သက်သာစေနိုင်တယ်။ 3. ကင်ဆာနဲ့ဆက်နေတဲ့ ခံစားရတာတွေကို သက်သာစေမယ်။ 4. ဝက်ခြံကို သက်သာစေနိုင်လောက်တယ်။ 5. အာရုံကြောဆိုင်ရာအကျိုးကျေးဇူးတွေ ရှိကောင်းရှိမယ်။ 6. နှလုံးကျန်းမာရေး အကျိုးပေးနိုင်လောက်တယ်။ 7. တခြားအကျိုးများရှိတယ်။ ဘေးထွက်သက်ရောက်မှု ၄၀ စာရင်းလည်းပါတယ်။  1. စိုးရိမ်စိတ်နဲ့ စိတ်ကျခြင်း။ 2. စိတ်ရောဂါ။ 3. ပျို့။ 4. အန်။ 5. အိပ်ချင်။ 6. အာခေါင်ခြောက်။ 7. ခေါင်းမူး။ 8. ဝမ်းပျက်။ 9. အစာစားလိုစိတ်ပြောင်း။ ခန္ဓာကိုယ်က endocannabinoids လို့ ခေါ်တဲ့ သဘာဝပစ္စည်းတွေရှိတယ။ အထူး receptors တွေနဲ့ ချိတ်ဆက်ပေးပြီး နာကျင်တဲ့ခံစားမှုတွေကို လျော့ချပေးတယ်။ CBD ဆီကလည်း အလားတူ receptors တွေနဲ့ အပြန်အလှန်တုံ့ပြန်ပြီး အလုပ်လုပ်တယ်။  တင်ထားတာတခု ဖတ်ရတယ်။ အရမ်...

Small bumps under palm skin လက်ဝါးထဲက အကျိတ်

Image
မ( - ) အသက် ၃၀ ပုံထဲးကလို အသားမာစေ့ သေးသေးလေးတွေပေါက်နေတာ ၈ နှစ်လောက်ရှိပါပြီဆရာ အခုနောက်ပိုင်း တဖြည်း၂ ပွားလာလို့ ဘာဆေး စားသင့်လဲးဆရာ ကျေးဇူးပါဆရာ။ ပုံထဲမှာ သေချာတော့ မမြင်ရပါ။  ၈ နှစ်ကြာတာ အလုံးအကျိတ် ကင်ဆာ မဟုတ်နိုင်။ ဒီအတိုင်း ထားနိုင်။ တချို့က အလိုလိုပျောက်တယ်။ လက်ဝါးပုံပန်းပြောင်းသွား မသွား သတိထားနေရပါမယ်။ ဥပမာ Dupuytren contracture အတွင်းကောက်ဝင်နေတာမျိုး။ အဲလိုဟာမျိုးက လက်ချောင်းအရင်းနေရာမှာရှိတယ်။  ပုံအရတော့ လက်ဝါးပုံပန်း ပုံမှန်သာဖြစ်ပါတယ်။ အစိလေးတွေတည်နေရာလည်း လက်ဖနောင့်နေရာမှာလို့ ထင်ရတယ်။ လူအမည် မလိုပါ။  ထဲ နဲ့ လဲ မှာ ဝစ္စပေါက် မလိုပါ။ နောင်မှာ လိုလာရင်လည်း မေးလိုက မေးနိုင်။ ပုံက မေးတဲ့သူပို့တာ မဟုတ်ပါ။ ဒေါက်တာတင့်ဆွေ

DFSP အရေပြားကင်ဆာ

Image
  ဆရာဗျ သားကိုဆေးသွင်းရမယ်ပြောနေတယ်ဗျ ကင်ဆာဆေးသွင်းရမယ်တယ့် ပြီးမှဓာတ်ကင်ရမယ်တယ့် Dermatofibrosacom လို့ပဲပြောတယ်ဗျ ဒီရောဂါက ကီမိုဆေးသွင်းဖို့လိုအပ်လားဗျဆရာကြီးဗျ အကြိတ်ကိုကခုထိမခွဲရသေးပါ အရင်အသားစအဖြေကိုကြည့်ပြီးဆေးသွင်းရမယ်ပဲပြောနေတယ်ဗျ။ ဟုတ်။ စမ်းသပ်ကုသပေးနေတဲ့ အထူးကုဆရာဝန်က အကောင်းဆုံး ကုသပေးပါမယ်။ Dermatofibrosarcoma protuberans (DFSP) သည် ရှားပါးပြီး၊ ကြီးထွားမှုနှေးကွေးသော အရေပြားကင်ဆာ အမျိုးအစားဖြစ်သည်။ အရေပြားအလယ်လွှာမှအစပြုသည်။ ကင်ဆာအကျိတ်ဟု ယူဆသော်လည်း ပျံ့နှံ့မှုမရှိသလောက် ဖြစ်သည်။ မှန်ကန်သောကုသမှုဖြင့် အသက်ရှင်နှုန်းမြင့်မားသည်။ မာသော အဖုအကြိတ် သို့မဟုတ် plaque အပြားအဖြစ် ပေါ်လာပြီး ကြီးထွားမှု နှေးကွေးနေချိန်တွင် ပတ်ဝန်းကျင်ရှိ တစ်ရှူးများသို့ ချဲ့ထွင်နိုင်သောကြောင့် စောစီးစွာ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းသည် အရေးကြီးပါသည်။ တခါတရံတွင် အရောင်ပြောင်းသွားခြင်း (ခရမ်းရောင်-အနီရောင် သို့မဟုတ် အပြာရောင်) ဖြင့် ခိုင်မာပြီး အဖုအတုံးများ သို့မဟုတ် plaque အဖြစ် ပြသလေ့ရှိသည်။  တဖြည်းဖြည်းကြီးထွားလာသော်လည်း ပတ်ဝန်းကျင်ရှိ အဆီများ၊ ကြွက်သားများနှင့် အရိုးများအထိ ချဲ့ထွင်နိုင...

Missed miscarriage ကိုယ်ဝန်ပျက်ကျခြင်း

Image
(ကန်တော့) အသက် ၂၁၊ အမျိုးသမီး၊ အိမ်ထောင်ရှိ၊ ကလေးမရှိသေး၊ ရာသီမပေါ်တာ တစ်လ(တလ)ကျော်ပါပီ(ကျော်ပါပြီ)။ အာတရာဆောင်းရိုက်တော့ ကိုယ်ဝန် ၄ ပတ် ရှိပီ(ပြီ)သိရပြီး ယခု ဆီးခုံတွေ ကိုက်ခဲနေသည်မှာ ကိုယ်ဝန် မမြဲချင်လို့လား သိချင်လို့ ဖြေကြားပေးပါ ဆရာ။ Missed miscarriage ဆိုတာ တမင်တကာဖျက်ခြင်းမဟုတ် အလိုလိုပျက်ကျခြင်းကို ခေါ်တယ်။ အများစုဟာ ပဌမသုံးလပတ်တွင်းဖြစ်တယ်။ ၈၀% တို့ဟာ ကိုယ်ဝန် ၁၂ ပတ်မတိုင်ခင် ပျက်တယ်။ ၁၂ ပတ်နောက်ထိရှိတဲ့ ကိုယ်ဝန်အများစုဟာ ကျန်းမာတဲ့ကိုယ်ဝန်ရနိုင်ကြတယ်။ ကိုယ်ဝန်ပျက်ခြင်း အဓိကလက္ခဏာများနှင့် လက္ခဏာများ ပျို့အန်ခြင်း၊ ရင်သားတင်းမာခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ အစာစားချင်စိတ်များခြင်းလို လက္ခဏာတွေ နည်းလာ ဒါမှမဟုတ် မရှိခြင်း။  သွေးစက်ကျခြင်း၊ နီညိုရောင်၊ ပန်းရောင်ဆင်းခြင်း။ သွေးနီရောင်အနည်းငယ်ဆင်းခြင်း။ ကြွက်တက်ခြင်း၊ ဆီးစပ်နေရာမှာ ကိုက်ခြင်း။ အဲလိုရောဂါလက္ခဏာတွေမရှိခြင်းလည်း ဖြစ်နိုင်တယ်။ အာထရာဆောင်းရိုက်မှ သိသာမယ်။ လိုအပ်ရင် ရက်ချိန်းမှာ ပြန်ရိုက်ရမယ်။ သားအိမ်ထဲမှာ သန္ဓေသားသေဆုံးသွားပြီး အလိုလိုထွက်မကျ သို့မဟုတ် သားအိမ်မဖြစ်ရ မထုတ်ရသေးသော ကိုယ်ဝန်ပျက်ကျခြင်းသည် သိသာသောလက္ခဏာမျာ...

Cannabis and Dementia ဆေးခြောက်သုံးစွဲမှုနှင့် Dementia ရောဂါဆက်စပ်မှုကို လေ့လာခြင်း

Image
၂၁-၄-၂၀၂၅ အရေးပေါ်ခန်း သို့မဟုတ် ဆေးရုံတက်သည့် ဆေးခြောက်သုံးစွဲသူများသည် ငါးနှစ်အတွင်း သာမန်လူများထက် လေးဆအထိ ဉာဏ်ရည်မမီသော ရောဂါဖြစ်ကြောင်း လေ့လာမှုအသစ်တခုအရ သိရသည်။ ဆေးခြောက်သုံးစွဲမှုသည် မှတ်ဉာဏ်၊ တွေးခေါ်မှုနှင့် ဘာသာစကားတို့နှင့်အတူ စိတ်ခံစားမှုနှင့် အမူအကျင့်များနှင့်အတူ ဉာဏ်ရည်ဉာဏ်သွေးကို ထိခိုက်စေသည့် dementia ကို ဖြစ်စေသည်ဟု လေ့လာမှုက မပြောနိုင်သော်လည်း ၎င်း၏တွေ့ရှိချက်သည် သတိကြီးစွာထားသင့်ဟု ယူဆနိုင်ပါသည်။ Dementia သည် လူတဦး၏နေ့စဉ်ဘဝနှင့် လုပ်ငန်းဆောင်တာများကို အနှောင့်အယှက်ဖြစ်စေသည့် အတိုင်းအတာအထိ သိမြင်မှုဆိုင်ရာလုပ်ဆောင်နိုင်စွမ်းများ ဆုံးရှုံးခြင်း၊ တွေးခေါ်ခြင်းများ ပါဝင်သည်။ Dementia ၏ လူသိအများဆုံး ဇီဝဗေဒအင်္ဂါရပ်မှာ အာရုံကြောများကို သတ်ပစ်သည့် ဦးနှောက်ကလာပ်ပြားများ ရှိနေခြင်း ဖြစ်သည်။ အသက်အရွယ်သည် အကြီးမားဆုံး အန္တရာယ်အချက် ဖြစ်သော်လည်း၊ သွေးတိုးခြင်း၊ ဆီးချိုရောဂါ၊ အစားအသောက်ချို့တဲ့ခြင်း၊ နှလုံးနှင့် အိပ်စက်ခြင်းဆိုင်ရာ ပြဿနာများနှင့် ကိုယ်လက်လှုပ်ရှားမှု နည်းပါးခြင်းစသည့် အရာများနှင့် ခိုင်မာသောချိတ်ဆက်မှုများလည်း ပြုလုပ်ထားသည်။ အရေပေါ်ခန်းသို့သွားသော ဆေးခြောက်သုံး...