အစားအစာ ရွေးချယ်ပုံက ကင်ဆာကာကွယ်ရေးမှာ ဘယ်လိုကူညီနိုင်သလဲ
ကျွန်ုပ်တို့ နေ့စဉ် စားသောက်နေသည့် အစားအစာနှင့် အဖျော်ယမကာများသည် လူဘဝတလျှောက် ကင်ဆာဖြစ်ပွားနိုင်ချေကို လျော့ချနိုင်သလို တိုးမြှင့်စေနိုင်ပါသည်။ အစားအစာကို “ဆေးဝါးတမျိုး” အဖြစ် မြင်မြင်သာသာ စဉ်းစားသင့်သည်ဟု ကျန်းမာရေးပညာရှင်များက အလေးပေးပြောကြားထားကြပါသည်။ 🍎 အစားအစာ = ဆေးဝါး အစားအစာသည် အရသာရှိပျော်ရွှင်စရာ ဖြစ်ရုံသာမက၊ ကျန်းမာရေးကို ကာကွယ်ထိန်းသိမ်းပေးနိုင်ရပါမည်။ ကင်ဆာဖြစ်နိုင်ချေ လျော့ချရန် ကျန်းမာရေးနှင့် ကိုက်ညီသည့် စားသောက်ပုံစံကို ရွေးချယ်ခြင်းမှာ အလွန်အရေးကြီးပါသည်။ 🌿 အပင်အခြေပြု အစားအစာကို အဓိကထားပါ သစ်သီးများ ဟင်းသီးဟင်းရွက်များ အစေ့အဆန် အပြည့်အဝပါဝင်သော အစားအစာများ ➡️ သက်သတ်လွတ် ဖြစ်ရန် မလိုအပ်ပါ။ ➡️ အစားအစာ၏ အများစုကို အပင်အခြေပြု အစားအစာများဖြင့် ဖြည့်စွက်ထားခြင်းသာ အဓိကဖြစ်ပါသည်။ 🌭 ရှောင်ရှားသင့်သော အစားအစာများ အနီရောင်အသား အမဲသား ဝက်သား သိုးသား ဆိတ်သား 🍗 အနီရောင်အသား မပါဝင် သော အသားများ (စားသုံးနိုင်သည်) ကြက်သား ငါး ပင်လယ်စာများ ပြုပြင်ထုတ်လုပ်ထားသော အသားများ (ဆော့စေးချာ၊ ဟော့ဒေါ့ စသည်) အလွန်အမင်း ပြုပြင်ထားသော အစားအစာများ သကြားနှင့် ထိန်းသိမ်းဆေးများ များစွာပါဝင်သော ...