အသက်အရွယ်အလိုက် အစားအစာများ၏ အာဟာရအကျိုးကျေးဇူးများ ပြောင်းလဲလာပုံ
How the nutritional benefits of foods change as you age ကျန်းမာရေးအတွက် အာဟာရညီမျှသည့် အစားအသောက်ကို လိုက်နာစားသောက်ခြင်းသည် အကောင်းဆုံးအရာတခုဖြစ်သည်ဟု လူအများက လက်ခံထားကြပါသည်။ သို့ရာတွင် လူ၏ဘဝအဆင့်အတန်းအလိုက် အချို့သော အစားအစာများသည် အထူးအရေးပါလာကြပါသည်။ ဒုတိယကမ္ဘာစစ်ကာလအတွင်း အင်္ဂလန်အစိုးရသည် အစားအစာများကို အမျှတစွာ ဖြန့်ဝေပေးနိုင်ရန်နှင့် ပြည်သူများ၏ အာဟာရလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် အပတ်စဉ် ခွဲတမ်းပေးသည့် မူဝါဒကို စတင်အသုံးပြုခဲ့ပါသည်။ ထိုမူဝါဒအရ မိသားစုတိုင်းသည် အပတ်စဉ် သတ်မှတ်ထားသည့် ပမာဏအတိုင်းသာ အစားအစာများကို ရရှိခွင့်ရှိပါသည်။ သကြားသည် ခွဲတမ်းထားသည့် အစားအစာများထဲမှ တခုဖြစ်ပါသည်။ လူတဦးစီအတွက် အပတ်စဉ် သကြား ၈ အောင့် (၂၂၇ ဂရမ်ခန့်) သာ ခွင့်ပြုထားပါသည်။ သို့သော် အသက် ၂ နှစ်အောက် ကလေးများအတွက်တော့ သကြားကို လုံးဝပေးမထားခဲ့ပါ။ ၁၉၅၃ ခုနှစ်တွင် သကြားခွဲတမ်း မူဝါဒ အဆုံးသတ်သွားသောအခါ အရွယ်ရောက်သူများ၏ သကြားစားသုံးပမာဏမှာ နှစ်ဆခန့် တိုးလာခဲ့ပါသည်။ ထိုအချိန်တွင် လူအများက မသိရှိခဲ့ကြသော်လည်း နောင်အခါတွင် သိပ္ပံပညာရှင်များအတွက် အစောပိုင်းကာလ သကြားစားသုံးမှုသည် ကျန်းမာရေးအပေါ် ဘ...