ကင်ဆာ
.jpeg)
ဘယ်ကင်ဆာဖြစ်ဖြစ် အစားအစာတွေကို အရေးစိုက်ပြောမနေကြပါနဲ့။ လူနာ တသက်လုံးစားသောက်လာတာ အကုန် စားနိုင်တယ်။ အစာမျိုပြွန်၊ အစာအိမ်နဲ့ အူလမ်းအတွက် စားသောက်စရာ သီးသန့်ရှိမယ်။ သွေးတိုး၊ ဆီးချို၊ ကိုလက်စထောပါတွဲရှိနေလို့ ကုသပေးနေတဲ့ အထူးကုဆရာဝန်က ရှောင်ခိုင်းတာကလွဲရင် အကုန် (၁၀၀%) စားနိုင်တယ်။ ကူညီလိုသူတွေက ဆေးဈေးက ဘယ်လောက်၊ ဆေးဆိုင်က ဘယ်မှာ၊ ဆေးလှူချင်ပါတယ် စတာမျိုးနဲ့သာ ကူညီသင့်ကြတယ်။ လူနာတွေကလည်း သူလိုကိုယ်လိုလူတွေက ပြောဆိုအကြံပေးနေတာမှန်သမျှကို အလေးမထားသင့်ကြပါ။ မဟုတ်တာ မမှန်တာနောက်လိုက်တတ်သူမျိုးဟာ ဟုတ်တာ မှန်တာကို မသိဘဲဖြစ်လေ့ရှိတယ်။ စေတနာဆိုတာ ပညာပါရတယ်။ ဒေါက်တာတင့်ဆွေ