Posts

Showing posts from June, 2024

Serum Creatinine ခရီယေတနင်း စစ်ဆေးခြင်းအဖြေများ

Image
တလသားလေး ကျောက်ကပ်အတွက် သွေးစစ်တာဆရာ ရှေ့တလက စစ်တာ Creatinine 0.9 ရှိပီး(ရှိပြီး) တလစစ်တော့ 0.3 ပဲရှိလို့ပါဆရာ ကျောက်ကပ် ကောင်းတာကနေ ဆိုးသွားတာလား သိချင်လို့ပါဆရာ ပြန်ရော ကောင်းလာနိုင်သလားလို့ပါ။ ခရီယေတနင်း စစ်ဆေးခြင်း ပုံမှန်အဖြေများ လူကြီး (အမျိုးသား) = 0.7 to 1.3 mg/dL (61.9 to 114.9 µmol/L) လူကြီး (အမျိုးသမီး) = 0.6 to 1.1 mg/dL (53 to 97.2 µmol/L)  မွေးကင်စကလေး = 0.3–1.2 mg/dL တနှစ်အောက်ကလေး = 0.2–0.4 mg/dL ၄ နှစ်မှ ၁၂ နှစ်အထိ = 0.40–0.70 mg/dL ၁၂ နှစ်မှ ၁၆ နှစ်အထိ = 0.50–0.90 mg/dL မေးခွန်းပါကလေးကို ဘာ့ကြောင့်နည်းသလဲ စစ်ဆေးရပါဦးမယ်။ Low creatinine နည်းတာဘာ့ကြောင့် ဖြစ်နိုင်သလဲ Low muscle mass ကြွက်သားထုထည်နည်းခြင်း၊ Drinking too much water right before your test ရေသောက်များခြင်း၊ Pregnancy ကိုယ်ဝန်ဆောင်ခြင်း၊ A very low protein diet ပရိုတင်းဓါတ်ပါအစားအစာ နည်းခြင်း၊ Liver problems အသည်းမကောင်းခြင်း။ ဒေါက်တာတင့်ဆွေ

Normal ပုံမှန်

Image
လေးစားတယ် ဆရာ၏ရင်တွင်းက မျိုးချစ်စိတ်ကို သိခွင့်ရလို့ပါ တဲ့။ ဟုတ်။  ဒါပေမယ့် မျိုးချစ်စိတ်လို့တော့ ဘာသာမပြန်သင့်ပါ။ ကနေ့ကာလမှာ အမျိုးတို့ ဘာသာတို့ကို လိုရာ ဆွဲသုံးနေကြလို့ အဲတာနဲ့ ရောအထင်ခံရနိုင်တယ်။ ကိုယ့်လူမျိုး၊ ကိုယ့်တိုင်းပြည်နဲ့ မိမိကိုးကွယ်ရာဘာသာကို မချစ်တဲ့သူ မရှိပါ။ အဲတာ နော်မယ်လ်ဖြစ်တယ်။ ပုံမှန်ပေါ့။ လူတိုင်း မဖျားရင် အပူချိန် ၉၈့၆ ဒီဂရီ ဖါရင်ဟိုက် အတူတူရှိကြသလိုပေါ့။ သူများထက်ထူးပြီး ချစ်လှချည်ရဲ့၊ ပိုပြီး ရိုသေပါတယ်လို့ ပြောတာဟာ ငါမဖျားဘူးဟေ့လို့ ရင်ပတ်စာဆွဲထားတာနဲ့တူတယ်။ ဆေးစာမှာ နော်မယ် လို့ခေါ်ပါတယ်။ ပုံမှန်။ ပုံမှန်ထက် များလည်း မကောင်း၊ နည်းလည်း မကောင်း။ ပုံမှန်ထက်များရင်တော့ ဖျားပြီ။ ဒေါက်တာတင့်ဆွေ ၂၄-၆-၂၀၁၅

Ozempic Injection ကိုယ်အလေးချိန်ကျစေတဲ့ ထိုးဆေး

Image
Ozempic® (semaglutide) injection 0.5 mg, 1 mg, or 2 mg is an injectable prescription medicine အမည်နဲ့ ဆရာဝန်လက်မှတ်နဲ့ ရောင်းပါတယ်။ ဆေး ဘေးထွက်သက်ရောက်မှုတွေကို ဖေါ်ပြထားပေမဲ့ အဝလွန်သူတွေက ဆေးထိုးနေကြတယ်။ ဆီးချိုအမျိုးအစား ၂ အတွက်ဆေးသာဖြစ်ပါတယ်။ ဆီးချိုအမျိုးအစား ၁ အတွက်ဆေး မဟုတ်ပါ။ သရက်ရွက်ရောင်သူတွေလည်း မသင့်ပါ။ အသက် ၁၈ နှစ်အောက်အတွက် လေ့လာမှု မစုံလင်သေးပါ။ thyroid tumors, including cancer လည်ပင်ကြီးအကျိတ် ဖြစ်ကောင်း ဖြစ်လာနိုင်တယ်။ medullary thyroid carcinoma (MTC) လည်ပင်ကြီးကင်ဆာ ဖြစ်ကောင်း ဖြစ်လာနိုင်တယ်။ ဒေါက်တာတင့်ဆွေ

AI and Healthcare အေအိုင် နှင့် ကျန်းမာရေး

Image
အပြည်အစုံတော့ တင်ပြနိုင်ခြင်း မရှိသေးပါ။ ဘယ်သူမှလည်း အေအိုင်အကြောင်း အခုချိန်မှာ အပြည့်အစုံ မသိနိုင်ကြသေးပါ။ အသိပညာနယ်ပယ်စုံမှာ အေအိုင်အကျိုးသက်ရောက်မှုတွေ ရှိလာပါပြီ။ ကျန်မာရေး အပေါ်သက်ရောက်မှု နိဒါန်းမျှသာ တင်ပြပါမယ်။ တိုးတက်တဲ့နိုင်ငံတိုင်းမှာ လူနာအားလုံးနဲ့ဆိုင်တဲ့ ဒေတာ ခေါ်အချက်အလက်တွေကို ကွန်ပြူတာစနစ်မှာ ထည့်သွင်းထားတဲ့အဆင့် ရောက်နေပြီ။ အရင်ဆုံး အေအိုင်ကြောင့် ကောင်းလာမှာတွေကို ရွေးထုတ်တင်ပြပါမယ်။  • အေအိုင်ကျေးဇူးနဲ့ ဒေတာခွဲခြမ်းစိတ်ဖြာမှု တိုးတက်လာမယ်။ • လူနာတဦးချင်းစီအတွက် ကုသမှု ‘ပလင်’ လည်း တိုးတက်ကောင်းမွန်လာမယ်။ • ‘ဒိုင်ယာဂနိုးဆစ်စ်’ ခေါ် ရောဂါအမည်တပ်ခြင်း ပိုပြီး မှန်ကန် တိကျလာမယ်။ • ဆေးပညာသင်ကြားရေး ပိုပြီးလွယ်ကူ ကောင်းမွန်လာတယ်။ • ကုသမှု ပိုပြီးလွယကူ ကောင်းမွန်လာတယ်။ • ဆုံးဖြတ်ချက်ချခြင်း ပိုပြီးလွယ်ကူ ကောင်းမွန်လာတယ်။ • ရောဂါရှာဖွေခြင်း ပိုပြီးလွယကူ ကောင်းမွန်လာတယ်။ • ရောဂါကို စောစီးစွာသိနိုင်လာမယ်။ • ဆေးသုတေသနတွေ ပိုမိုကောင်းမွန်လာမယ်။ • ဆေးရုံသွားရာ တက်စရာနည်းလာမယ်။ • ကာကွယ်ဆေးများအပါအဝင် ဆေးအသစ်များလွယ်ကူစွာထုတ်လုပ်နိုင်လာမယ်။ • အထူးကုဆေးရုံတွေနဲ့ အလှမ်းဝေးတဲ့နေရာဒေသ

Chronic kidney disease Diagnosis နာတာရှည်ကျောက်ကပ်ရောဂါအား စစ်ဆေးခြင်း

Image
ကျေးဇူးပါ ဆရာ အရမ်းကိုကျေးဇူးတင်ပါတယ် ကျောက်ကပ် ကောင်း မကောင်း ကိုကျတော့ ဆီးစစ်ရင်သိနိုင်တာလားဆရာ ၁။ Blood test သွေးစစ်ခြင်း A blood test measures the levels of waste products in your blood, such as creatinine and urea. This test helps the doctor calculate how well your kidneys are filtering blood, which is called the glomerular filtration rate (GFR). The doctor will also consider your age, size, and gender when calculating the GFR. The test measures the levels of a waste product called creatinine in your blood. A doctor uses your blood test results, plus your age, size, and gender to calculate how many millilitres of waste your kidneys should be able to filter in a minute. This calculation is known as your estimated glomerular filtration rate (eGFR). Healthy kidneys should be able to filter more than 90ml/min. You may have CKD if your rate is lower than this. ၂။ Urine test ဆီးစစ်ခြင်း A urine test checks for albumin, a protein that can pass into the urine when the kidneys are damaged.

Herb Garden ဖေ့စ်ဘွတ် ဆေးဥယျာဉ်ကြီးဝယ်

Image
- ဟိုအသီး ဆီးချိုပျောက်၏။ - ဒီအရွက် အရက်နာပျောက်၏။ - ဟိုအမြစ် အဆစ်နာပျောက်၏။ - သည်ပန်း အချမ်းပျောက်၏။ - ဟိုမြက် ဝက်သက်ပျောက်၏။ - အဲဒီဆေး လေးလုံးရောဂါပျောက်၏။ - အဲဟိုဆေး တုပ်ကွေးပျောက်၏။ - သည်အဖူး အမူးပျောက်၏။ - ဟိုအပင် သေသူပြန်ရှင်၏။ - ဒီကရတဲ့ပြာ ကင်ဆာပျောက်၏။ ဆေးရုံဆေးခန်းတွေမှာ လူနာခန်းခြောက်ကုန်ကြ၏။ ဆေးဈေးတွေ ကျသွားပြီ။ ဆရာဝန်ကို ကျန်းမာရေးမေးစရာမလိုတော့ပါ။ ဆေးသုတေနသရှိတဲ့ ဟယ်ဘယ်ဆေးတွေကို မဆိုလိုပါ။ ဒေါက်တာတင့်ဆွေ ၂၂-၆-၂၀၁၉

Smoking Quit Tips ဆေးလိပ်ဖြတ်ရန် အမြန်အကြံပြုချက်များ

Image
၁။ အသက် ၂၅၊ အမျိုးသား။ ဆရာ ကျွန်တော် ၂၃ မှ ဆေးလိပ် စသောက်ဖြစ်ပါတယ်  ခု ဆေးလိပ်ဖြတ်ချင်လို့ပါ။ ဆေးလိပ်ကို ဖြတ်လိုက်ရင်လည်း ၃ လ လောက်ဘဲ ပြတ်ပါတယ်ဆရာ။ နောက် ပြန်သောက် ဆရာ။ စဖြတ်ရင်လည်း လက်ထိပ်တွေ တင်းပြီး၊ နောက်ထမင်းစားပြီး သောက်ချင်ဆရာ။ တသက်လုံးဝ ပြန်မသောက်နေတဲ့ ဖြတ်နည်း ညွှန်ကြားပေးပါ ဆရာ။ ဆရာခင်ဗျ ကျွန်တော် ဆေးလိပ်ကို မုန်းပါတယ်။ ၂။ ကျွန်တော် ဆေးလိပ်ဖြတ်လိုက်တာ သုံးနှစ်ရှိပါပြီ။ ဆေးလိပ်ဖြတ်ကြဖို့ တိုက်တွန်းချင်ပါတယ်။ စိတ်ပါပဲဗျာ၊ ဘာ့ကြောင့် မဖြတ်နိုင်ရမှာလဲလို့ မာနမွေးကြပါ။ ၃။ ကျွန်တော်ဆေးလိပ်သောက်တာ ၁၅နှစ်ရှိပါပြီ။ အဲဒါကျွန်တော် ဖြတ်ကြည့်ချင်ပါတယ်။  လွယ်ပါ့မလားဆရာ အရင်က တခါဖြတ်ဖူးပါတယ်။ ၃ လလောက်နီးနီး ပြတ်သွားပြီးပြန်သောက်တာ အခုထိပါပဲ။ အဲဒါအခုပြန်ဖြတ်ချင်ပါတယ်ဆရာ။ ဆေးလိပ်ဖြတ်ရမယ့်နည်းနဲ့ ခံစားရမယ့်ဝေဒနာလေးတွေကို ကျေးဇူးပြုပြီးပြောပြပေးပါဆရာ။ ၄။ ကျွန်တော့်အသက် ၂၅ နှစ်ပါ။ ကျွန်တော် ၁၅ နှစ်သားကတည်းက ဆေးလိပ်သောက်ခဲ့တာဖြစ်ပါတယ်။ အခုဆို ဆေးလိပ်သောက်တဲ့သက်တမ်းဟာ ၁ဝ နှစ်လောက်ရှိနေပါပြီ။ အခုအချိန်မှာ ဆေးလိပ်ဖြတ်ချင်နေပါတယ်။ ကျွန်တော့်ရဲ့ ဆေးလိပ်သောက်နှုန်းက တရက်ကို တဘူးနှုန်းလောက် ဖြစ်နေတာကြော

Cancer Data ကင်ဆာ ဒေတာ

Image
ပုံထဲမှာ မြန်မာပြည်က ကင်ဆာအချက်အလက်တွေတဲ့။  "၂၀၁၈ ခုနှစ်စာရင်းအရ ကင်ဆာလူနာပေါင်း ၆၉,၅၅၄ ယောက်ရှိခဲ့ပြီး ကင်ဆာနဲ့ကွယ်လွန်သူ ၅၁,၀၅၉ ဦးရှိတယ်လို့ ကြေးမုံသတင်းစာကို ဖတ်ရတယ်။ ဆိုလိုတာက ကင်ဆာဖြစ်တာရဲ့ ၇၃့၄၁% သေဆုံးတယ်။" "ဟုတ်ပါ့မလား ကောင်ကာဠုရဲ့" ကျွန်တော်ကိုယ်တိုင် ဆန်းစစလေ့လာမှု မပြုနိုင်တော့ ပုံထဲကအချက်အလက်တွေကို မှားတယ်လို့ေjပာရတာ ခကပြန်သေးတယ်။ စစ်မှန်တဲ့ ကင်ဆာအချက်အလက်တွေကို တင်ပြပါမယ်။ တကမ္ဘာလုံးမှာ ၂၀၁၂ ခုနှစ်က ၁၄့၁ သန်းကင်ဆာဖြစ်ခဲ့ကြပြီး ၈့၂ သန်းသေဆုံးခဲ့တယ်။ သေဆုံးမှုနှုန်း ၅၈့၁၅% ရှိတယ်။ ယူအက်စ်အေမှာ ၂၀၁၈ ခုနှစ်မှာ ကင်ဆာလူနာသစ်ပေါင်း ၁,၇၃၅,၃၅၀ ယောက် ရှိနိုင်ပြီး ၆၀၉,၆၄၀ ယောက် သေဆုံးနိုင်တယ်လို့ ခန့်မှန်းချက်ထုတ်ထားခဲ့ပါတယ်။ ဖြစ်တာရဲ့ ၃၅့၁၃% သေဆုံးတယ်။ ကြေးမုံပါ ကင်ဆာသေဆုံးနှုန်းတွက်ချက်တာကို ပြန်စစ်ဆေးသင့်တယ်ထင်ပါတယ်။ ကျွန်တော်တို့တိုင်းပြည်မှာ သုတေသနလုပ်ငန်း အလွန်မတန် အားနည်းတယ်။ ရသမျှကိန်းဂဏန်းလေးတွေကို ယူနေကြရတယ်။  ယူအက်စ်အေမှာ ၂၀၁၁-၂၀၁၅ ကိန်းဂဏန်းတွေအရ လူဦးရေ တသိန်းမှာ ကင်ဆာဖြစ်သူ ၄၃၉့၂ ယောက်ဖြစ်တယ်။ ကင်ဆာနဲ့သေဆုံးသူ လူဦးရေ တသိန်းမှာ ၁၆၃့၅ ယောက်ဖြစ်တယ်။ သေဆု

Health First ကျန်းမာရေး ဦးစားပေး

Image
ကွန်မင့်တခု = ဆရာဆေးပညာနဲ့ပတ်သက်တာတွေတင်ပါဦး။ ကျန်းမာရေး မေးတာ မရှိမှသာ တခြားစာတွေကို ရေးပါတယ်။ Dr. Tint Swe Medical and Knowledge Writings https://dr-tint-swe.blogspot.com/ All (14,055) တို့စာ တို့စကား တို့တိုင်းပြည် https://burmese-spelling.blogspot.com/2023/05/blog-post_617.html All (10,905) ဒေါက်တာတင့်ဆွေ

Ketoconazole ဆေး

Image
၁။ ဆရာ Ketoconazole 200mg က အစာစားပီး(ပြီး) ​သောက့်သင့်တာလား အစာမစားခင်​သောက်သင့်ပါသလားဆရာ Ketoconazole 2% နဲ့ Ketoconazole 20mg က တူပါသလားဆရာ ဘယ်ကပို့ပီး(ပြီး) အာနိသင်များပါသလဲ Ketoconazole ဆေးသောက်တာ အစာနဲ့နီးတာ ကောင်းတယ်။ 2% = လိမ်းဆေး + ခေါင်းလျှော်ရည်။ 20mg = စားဆေး။ ၂။ ကီတိုကိုနာဇော 200g ကိုတနေ့ဘယ်နှစ်ကြိမ်သောက်ရမလဲဆရာ  g နဲ့ mg မှားနေတယ်။ ဆေးစာရေးတာ မြန်မာစာလိုမဟုတ်ပါ။ တိတိကျကျရေးရတယ်။ မြန်မာစာကတော့ တချို့စာအုပ်တွေ တအုပ်လုံး စားလုံးပေါင်း မမှန်ပါ။ ဝယ်ဖတ်ကြတယ်။ ၃။ မင်္ဂလာပါဆရာ အမျိုးသမီးအသက် ၂၅အိမ်ထောင်မရှိပါ ပေါင်ကြားမှာပွေးပေါက်ပါတယ်ဆရာ ၂လနီးပါးရှိပါပြီ ဆေးဆိုင်က ketoconazole ညွှန်လိုက်ပါတယ် လိမ်းဆေးကိုတနေ့အကြိမ်ဘယ်လောက်လိမ်းနိုင်ပါသလဲဆရာ သောက်ဆေး 200g ကိုရော ရက်ဘယ်လောက်သောက်ရပါမလဲဆရာ ရှောင်သင့်တဲ့အစားအစာတွေလဲသိချင်ပါတယ်ဆရာ အစာအိမ်ရောဂါမရှိပါအသည်းရောဂါမရှိပါ ဆေးကိုအစာနဲ့သောက်လို့ရမှာလား  အစာမပါပဲသောက်လို့ရမှာလား ဆိုတာလဲသိချင်ပါတယ် Ringworm ပွေးအတွက် Oral ketoconazole tablet စားဆေးကို ဘေးထွက်သက်ရောက်မှုတွေအကြောင့် အသုံးနည်းတယ်။ Ketoconazole Cream လိမ်းဆေးသုံးနိုင်တယ်။ တကယ်လိုသူတ

ကျန်းမာရေး အမေး အဖြေ

Image
ကျွန်တော် ကျန်းမာရေး အမေး အဖြေလုပ်နေတာ ၁၅ နှစ်။ မေးခွန်းပေါင်း ထောင်သောင်း။ ရောဂါတခုခု၊ ဆေးတခုခု မေးတိုင်း စုံလင်အောင်ရေးပြီး ဖြေပါတယ်။ ရေးထားပြီးသား များတယ်။ ဆေးအသစ်၊ ရောဂါအသစ်လာရင် အသစ်ရေးရတယ်။ ဆေးပညာစာဆိုတာ အလွယ်ရေးမရ။ အရင်ဆုံး ‘ရီဆာ့ချ်’ ခေါ် အကိုးအကားတွေ လိုက်ရှာရတယ်။ ဘာသာပြန်ရတယ်။ ကိုယ့်တိုင်းပြည်နဲ့ အံဝင်ဂွင်ကျတာ ရွေးရတယ်။  တခါတခါကိုယ်တိုင်အတွေ့အကြုံလေးကိုပါ ထည့်ရတယ်။ ရှည်လွန်းလည်း မကောင်း။  အခုဆိုရင် ဆေးပညာစာ စုစုပေါင်း ၁၄၀၅၃ ပုဒ် ရှိပြီ။ မေးခွန်းလာရင် ‘လင့်’ ရှာပို့ပေးပါတယ်။ လွယ်ပြီ။ ခက်တာလည်း ရှိသေးတယ်။  တချို့က ဖြေပြီးလည်း ထပ်မေးတယ်။ အဖြေက ပါပြီးသား။ ကျွန်တော်က ပြောပြီးသာ ထပ်ပြောမှာ ပျင်းတယ်။ ဆောရီး။ တချို့က စိုးရိမ်ရလား၊ အန္တရာယ်ရှိလား ထပ်မေးတယ်။ စိုးရိမ်စိတ်ဆိုတာ မတူကြပါ။ တချို့က သေးသေးလေးကို ဇာချဲ့တယ်။ ကလေးနေမကောင်းတာကို ကလေးအမေနဲ့ ကလေးအဖေ စိုးရိမ်ကြတာ မတူ။ လူကြီးမင်းကို မျက်စိနဲ့တွေ့ရတာမဟုတ်လို့ အကဲခတ်လည်းမဖြစ်ပါ။ ကျန်းမာရေးဆိုတာ ဈေးရောင်းသလို ပစ္စည်းအားလုံးကောင်းလို့ ဖြေမရ။ ဖေ့စ်ဘွတ် ပို့စ်တွေလို ဖြဲခြောက်လို့လည်း မရပါ။ တချို့က ဆေးကုတာထက် ဆေးစစ်တာကိုသာ ဦးစားပေးကြတယ်။ ဘယ

The Quack Doctor ရမ်းကု ရမ်းယုံ ခပ်ရမ်းရမ်းလူများ

Image
ဆရာမင်္ဂလာပါရှင့် အရိုး​ကြောအဆစ်ဆရာ၀န်ဆိုပြီး​ ဆေးခန်းဖွင့်ထားတာပါရှင့် ဒီလိုဘွဲ့တကယ်ရှိပါသလား မမြင်ဖူးလို့ပါရှင့် အသိမိတ်​ဆွေ​တွေလည်း ဒူးနာခါးနာ​ဆေးသွားထိုး​နေကြတာ​တွေ့ရလို့ပါရှင့် ဒူးနာရင်ဒူးထဲထိုး​ပေးတယ်ရှင့် ခါးနာရင်ခါးထိုးပါတယ် ပို့ပေးတဲ့ ဆရာဝန်ဆိုင်းဘုတ်ကို မထည့်တော့ပါ။ ဟိုမီယိုပက်သစ် လို့ ဖတ်ရတယ်။ ဟိုမီယိုပသီဆေးပညာက ထိုးဆေး မသုံးပါ။  ခက်တာက ရောထွေးလုပ်နေကြသူတွေ ရှိတယ်။ ခါးနာလို့ ခါးကိုဆေးထိုးတာမှာ ဆရာတို့လို ဆေးပညာဘွဲ့ရဆရာဝန်တွေကတော့ စတီရွိုက် ဆေး ထိုးပါတယ်။ ဒါပေမဲ့ လိုမှသာ ဖြစ်တဲ့ အဆစ်ထဲထိုးတယ်။ ဆေးထိုးပြီး ချက်ချင်းသက်သာမယ်။ ဆေးအစွမ်းကုန်တော့ ပြန်နာတယ်။ ဟိုခေတ်က ကြားဘူးတယ်။ အရပ်ဆေးဆရာတွေ့ ပခုံးနာရင် ပခုံးကို ဆေးထိုးပေးသတဲ့။ စတီရွိုက် ဆေးတော့ မဟုတ်။ ဆေးက ဈေးကြီးတယ်။ နောက်တမျိုးခက်တာက လူနာတချို့ကလည်း အဲလိုလုပ်မှ ဟုတ်တယ်ထင်ကြတယ်။ ကျွန်တော်တို့တိုင်းပြည် တိုးတက်မလာတာ အလွန်စိတ်မကောင်းစရာဖြစ်တယ်။ ပညာရေးညံ့သည်ထက်ညံ့လာလို့ဖြစ်တယ်။ စာရေးတာ ဘယ်လိုရေးရေးရတာဘဲသမားတွေကို နေ့တိုင်းတွေ့နေရတယ်။ ကင်ဆာကုသတာကိုလည်း ဖေ့စ်ဘွတ်ကွန်မင့်ကို အားကိုးနေသူတွေ မနည်းပါ။  ပါပီ ဖစ် တေ မာ ညမ ကျယ်မ က စတဲ့ သတ်ပ

Dermatofibrosarcoma protuberans (DFSP) ဆာကိုမားတမျိုး

Image
အဖြေလေးသိပါရစေ ဆရာခင်ဗျ စိုးရိမ်ရလား သိပါရစေခင်ဗျ ပုခုံးမှာဖြစ်နေတာပါ ရှားပါးတယ်။ ကြီးထွားတာ နှေးတယ်။ တချို့မှာ ရောဂါရှိပေမဲ့ ဘာမှ မဖြစ်သလို။ တချို့ နာမယ်။ အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်ချိန်မှာ ကြီးထွားမှု မြန်လာတာတွေ့ရတယ်။ Treatment ကုသနည်းများ Surgery ခွဲစိတ်ကုသနည်း Mohs surgery ခွဲစိတ်ကုသနည်း Radiation therapy ဓါတ်ကင်ခြင်း Targeted therapy တာဂက်သာရာပီနည်း ဒေါက်တာတင့်ဆွေ

Low Back Pain ပါပီ ခါးနာနေခြင်း

Image
သမီးအသက် ၃၃ နှစ်ရှိပါပီ အိမ်ထောင်ကျတာ - လဘဲရှိပါသေးတယ် ခါးနာဆွဲနေတာ နှစ်နဲ့ချီနေပါပီ အခုရက်ပိုင်း ပိုပိုနာလာပါတယ်ရှင့် လိပ်ခေါင်းကုထားပါတယ်ဆရာရှင့် ခါးနာတာလိပ်ခေါင်းနဲ့ ဆိုင်ပါသလားရှင့် လိပ်ခေါင်းဖြစ်တာ ကြာရင် ခါးနာတတ်ပါသလားဆရာရှင့် ကျေးဇူးပြုပီး ဖြေကြားပေးပါဆရာရှင့် Low Back Pain ခါးနာ သက်သာစေရန် https://doctortintswe.blogspot.com/.../08/low-back-pain.html ပါပီဆိုတာ ခွေးကလေး။ ပါပြီလို့ရေးရ။ ကျေးဇူးပြုပီးမဟုတ်။ ကျေးဇူးပြုပြီးလို့ရေးရ။ ဆွဲနေ မဟုတ်။ စွဲနေလို့ရေးရ။ စွဲစွဲမြဲမြဲရှိသည်။ ခဲဆွဲထားသည်။ စွဲ နှင့် ဆွဲ https://doctortintswe.blogspot.com/.../03/blog-post_650.html တေ နှင့် ပီး https://doctortintswe.blogspot.com/2018/09/blog-post_68.html ပီ ပြီ ပြီး https://doctortintswe.blogspot.com/2018/01/blog-post_30.html ခွေးကလေး ပါပီ ကြောင်ကလေး ပူစီ https://doctortintswe.blogspot.com/.../10/blog-post_994.html ပီ နဲ့ ပြီ https://doctortintswe.blogspot.com/2019/01/blog-post_59.html Talking Puppy ပါပီခေတ်သတ်ပုံ https://doctortintswe.blogspot.com/.../08/talking-puppy.html ဒေါက်တာတင့်ဆွေ ၁၅-၆-၂၀၁၉

Vitamin D ဗီတာမင် ဒီ (၂)

Image
ဆရာရေ D3 နဲ့ D ကကော ခြားနားချက်ရှိပါသလားရှင့် Vitamin D D2 D3 လို့ ရောင်းတယ်။ ဗီတာမင် ဒီ ဆိုတာ အဆီမှာပျော်ဝင်တဲ့အမျိုးအစားဖြစ်တယ်။ ကယ်လ်စီယမ် နဲ့ ဖေါ့စ်ဖားရပ်စ် ဓါတ်တွေအတွက် အသုံးကျတယ်။ Vitamin D2 (ergocalciferol) ကို လူ့ကိုယ်ခန္ဓာပြုလုပ်ပေးတယ်။ အစားအသောက်တွေထဲမှာလည်း ပါတယ်။ Vitamin D3 (cholecalciferol) ကို လူ့အရေပြားကနေ နေရောင်ကိုအသုံးပြုပြီး လုပ်ပေးတယ်။ အသားငါးတွေကနေလည်း ရတယ်။ Vitamin D2 ရော Vitamin D3 ပါ အကျိုးပြုတာ အတူတူသာဖြစ်တယ်။ ရောင်ကုန်တွေရဲ့သဘောက ကိုယ်ရောင်းတာ ဘယ်လိုကောင်းတယ်လို့ ရေးကြလေ့ရှိပါတယ်။ Vitamin D ဗီတာမင် ဒီ https://dr-tint-swe.blogspot.com/2022/06/vitamin-d.html ဒေါက်တာတင့်ဆွေ

Health Questions ဘယ်ကနေ မေးမလဲ

Image
ဆရာ့ကို မေးချင်တာလေးတွေရှိလို့ ဘယ်အကောင့်ရဲ့ messenger ဆီ ပို့လို့ရမလဲ ခင်ဗျ ရိုးရိုးအကောင့်တခုနဲ့ ပေ့ချ် ခေါ် စာမျက်နှာ ၂ ခုရှိပါတယ်။ ဘယ်မက်စင်ဂျာကနေ မေးမေးရတယ်။  ၁။ ရိုးရိုးအကောင့် Tint Swe https://www.facebook.com/drswe2018/ ၂။ Page စာမျက်နှာ Doctor Tint Swe https://www.facebook.com/profile.php?id=100076657967246 ၃။ Page စာမျက်နှာ Tint Swe https://www.facebook.com/profile.php?id=100070131462992 ဒါပေမဲ့ ဆေးစစ်ချက်ပုံကိုပါ တွဲပို့လိုရင်တော့ ရိုးရိုးအကောင့်ကနေသာ ပို့ပါ။ ပေ့ချ် ခေါ် စာမျက်နှာတွေနဲ့တွဲထားတဲ့ မက်စင်ဂျာကနေ ဘယ်သူကနေပို့ပို့ ဆေးစစ် ချက်ပုံတွေထဲကစာကို ရှင်းရှင်းလင်းလင်း ဖတ်လို့မရပါ ဖုန်းကနေဖတ်ရငတော့ ရသလားမသိ။ ကျွန်တော်က ဖုန်းကနေ အမေး-အဖြေ မလုပ်ပါ။ အကိုးအကား အထောက်အထားတွေထည့်ရတာ ခက်လို့ဖြစ်ပါတယ်။ စာအရှည်ကြီးရိုက်ရင်လည်း ဖုန်းက အတော်ခက်တယ်။ ဆေးစစ်ချက်ပို့ရင်လည်း ပုံတွေ မလိုပါ။ အောက်ဆုံးက မှတ်ချက်စာသာ လိုပါတယ်။ ဂူဂယ်ကနေ ဆင်တူတဲ့ရောဂါပုံတွေကိုတော့ မပို့ပါရန်။  ရောဂါပုံထက် စာကိုသာ ဖတ်လိုတယ်။  ကလေး-လူကြီး-အသက်-ကျား-မ။ အပျို-လူပျို။ ရာသီ-အိမ်ထောင်-ကိုယ်ဝန်-သားသမီး။ ဘယ်နေရာမှာ၊ ဘာဖြစ

ဆရာ့ စာမျက်နှာပဲလား

Image
ပုံပါ စာမျက်နှာက ကျွန်တော့ ပေ့ချ် တော့ ဟုတ်ပါတယ်။ အဲဒါကို ၂၀၂၄ ခုနှစ် မတ်လ ၁၃ ရက်ကတည်းက ရက်ပေါင်း ၁၈၀ ပိတ်ပင်ခံထားရတယ်။ အဲဒါကို သုံးနေခဲ့တာလည်း ကြာလို့ လူအများဆုံး သိတယ်။ Dr. Tint Swe Writings https://www.facebook.com/p/Dr-Tint-Swe-Writings-100064414282740/ 85K likes • 132K followers ရှိတယ်။ အဲဒါကြောင့် အကောင့်အဟောင်းတွေကို ရှာပြီးရအောင် သုံးနေရတယ်။ လက်ရှိသုံးနေတာတွေက - 3/17/2024 နေ့မှာ  Tint Swe 61K likes 65K followers Doctor Tint Swe 9.7K likes 10K followers သာ ရှိပါတယ်။ 6/11/2024 နေ့မှာတော့ - Tint Swe https://www.facebook.com/drswe2018/ 5K friends Doctor Tint Swe  11K likes • 20K followers Tint Swe https://www.facebook.com/profile.php?id=100070131462992 62K likes • 67K followers Doctor Tint Swe https://www.facebook.com/profile.php?id=100076657967246 11K likes • 20K followers ထိ ရှိလာပါတယ်။ အဟောင်းကို ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၃ ရက်ကျမှသာ ပြန်သုံးလို့ရမယ်ထင်တယ်။ အထင်ပြောတာသာဖြစ်ပါတယ်။ ဘယ်သူ့မှာမှ ကိုယ်ပိုင်အရာရယ်လို့ မရှိပါ။ ဒေါက်တာတင့်ဆွေ

Doctor ဆရာဝန်ကို ဘယ်လိုခေါ်သင့်သလဲ

Image
uncle account ကသမီး suggestions မှာအမြဲပေါ်နေလို့ပါ အပ်လိုက်တာပါ ဟုတ် ဦးလို့ခေါ်မယ်ရလား ဆရာ ဟုတ်ကဲ့ဆရာ အခုလိုတင်ပြတိုင်းမှာ လာလေ့ရှိပါတယ်။ အဘ၊ ဦးကြီး၊ ဦးလေး၊ အကိုလို့ခေါ်တာ ယဉ်ကျေးမှုတဲ့။ အမျိုးသားဆရာဝန်ကို ဆရာ နဲ့ အမျိုးသမီးဆရာဝန်ကို ဒေါက်တာ လို့ခေါ်တာထက် သင်မှန် + ယဉ်ကျေးတဲ့စကားလုံး မရှိပါ။ ကျွန်တော့မှာ အမျိုးတွေ များတယ်။ တူ တူမတွေလည်း အများကြီး။ ဘယ်သူတွေက ဘယ်လိုခေါ်တယ်လို့ အတိအကျ သိတယ်။ ‘ဦးလေး’ ခေါ်သူ မရှိ။ ‘အဘ’ ခေါ်သူ မရှိပါ။ 'အကို' ခေါ်သူ မရှိပါ။ ဆရာဝန်နဲ့ လူနာကြား ဆက်ဆံရေးဆိုတာ ရိုးရှင်း-တည့်မှန်ရပါတယ်။ အပို အလို မရှိသင့်ပါ။ ဆရာဝန်-လူနာ ဆက်ဆံရေးအကြောင်း ၃ ပုဒ် တင်ပြထာတာ ကြာပြီ။ ဆရာဝန်ပဋိညာဉ်ထဲမှာ ဆရာဝန်တွေက သူတို့အမျိုးအရင်းကို အရေးကြီးတဲ့ရောဂါဆိုရင် မကုသရပါ။ Doctor-patient relationship (1) ဆရာ-လူနာ ဆက်ဆံရေး (၁) https://dr-tint-swe.blogspot.com/2022/11/doctor-patient-relationship-1.html Doctor-patient relationship (2) ဆရာ-လူနာ ဆက်ဆံရေး (၂) https://dr-tint-swe.blogspot.com/2022/02/doctor-patient-relationship-2.html Doctor-patient relationship (3) ဆရာ-လူနာ ဆက်ဆံရေး (၃) http

Riboeria 500mg မေးခွန်းတခု

တခုလောက်မေးချင်လို့ပါရှင် အသက် ၇၈၊ အမျိုးသမီး၊ နှလုံးဆေး၊ Platelets မတိုးစေရန်ဆေး Riboeria 500mg တနေ့တလုံးသောက်နေရပါတယ်ရှင်၊ ခြေထောက်ကလဲ ခြေဖမိုးနဲ့ ခြေကျင်း၀တ်နား ရောင်လိုက် ကျလိုက်နဲ့ ဖြစ်လို့ဆေးစစ်ထားတာ Potassium နဲ့  creatinine တို့ နဲနဲတက်နေပြီး Vit D ကျနေလို့ 29 May ကစပြီး Furo Denk 40 မနက်တခြမ်း နဲ့ Vit D တနေ့တလုံး မနေ့ကမနက်က အိပ်ရာအထ ခေါင်းမူးပြီး အိပ်ရာမှာအသာနေရာက နောက်တနာရီအကြာ Pressure ချိန်တာ 139/60 ပါဆရာ ခေါင်းမူးသက်သာ အစာစားနိုင်ပေမယ့် ခေါင်းညာခြမ်းမှာ အရည်တွေ စီးဆင်းနေသလိုခံစားနေရပြီး အဲဒီဘက်စောင်းအိပ်၍မရပါရှင်၊ အဲဒါ အိမ်နားက ပြနေကျ အရိုးအကြော ဆရာ၀န်လေးက Amlosun 10mg ကို ခန(ခဏ)ရပ်ထားပြီး perislone ဆေးတမျိုးကို မနက် ၁၊ ည ၁ သောက်ခိုင်းပါတယ်ရှင်၊ အဲဒီလိုဆေးက နှလုံးဆေး platelet ချတဲ့ဆေးတို့နဲ့ အဆင်ပြေနိုင်ရဲ့လားလို့ မေးကြည့်တာပါဆရာ Riboeria 500mg Folic acid Vit D 1000 Furo Denk 40 စာရေးတာ သတ်ပုံတွေ မှန်။ ကွန်ဂရက်ကျူလေးရှင်း။ မေးခွန်းပါလူနာအတွက် ဖြေရတာ ခက်တယ်။ လူနာရဲ့ ရောဂါအမည်နဲ့ ဆေးစစ်ချက်ဂဏန်းတွေ မသိရပါ။ အသက်ကြီးသူတိုင်း သွေးတိုး၊ ဆီးချိုနဲ့ ကိုလက်စထော သိရမယ်။ မေးခွန်းအရ သ

Astigmatism and Amblyopia သူငယ်အိမ်စောင်းခြင်းနဲ့ ပျင်းတဲ့မျက်စိ

Image
၁။ သားလေးက ၉ နှစ်ပါရှင့် Video ထဲကအတိုင်း မျက်လုံးက နှစ်ဖက်လုံးဆွေဆွေသွားပါတယ်ရှင့် တစ်ခါတစ်ရံ(တခါတရံ) ခေါင်းပါ စောင်းသွားတတ်ပါတယ်ရှင့် ရောဂါကြောင့်ပါ့လားဆရာ  ၂။ ကျွန်မနာမည် ( - ) ပါ၊ အသက်က ၃၀ ပြည့်ပါတော့မယ်၊ ကျွန်မက မျက်မှန်တပ်ရပါတယ် ဆရာ၊ မျက်မှန်တပ်ရတာ ၁၅ နှစ်နီးပါးလောက်ရှိပါပြီ ဆရာ၊ တကယ်တမ်း မျက်စိရဲ့လိုအပ်ချက်က ညာဘက်က - ၆.၅ (Astigmatism - ၁.၅) နဲ့ ဘယ်ဘက်က  -၂.၅ (Astigmatism - ၁) ရှိပါတယ် ဆရာ၊ ဒါပေမယ့် အဲဒီအနေအထားအတိုင်း မျက်မှန်တပ်ရင် အကွာအဝေးချိန်လို့မရတဲ့ပြဿနာရှိလို့၊ ညာဘက်ကို -၄ နဲ့တပ်ခိုင်းတာ နှစ်နှစ်လောက်ရှိပါပြီဆရာ၊ အခု LASIK surgery လုပ်ဖို့ မျက်စိသွားစစ်တာ ကျွန်မရဲ့ညာဘက်မျက်လုံးက lazy eye ဖြစ်နေတယ်လို့ ပြောပါတယ်၊ အဲတာကြောင့် ကုသမှုယူရင်လည်း ဘယ်ဘက်မျက်လုံးလောက်ကောင်းနိုင်မှာ မဟုတ်ဘူးလို့ ပြောပါတယ်ဆရာ၊ ကျွန်မသိချင်တာက အဲဒီ lazy eye က ကြာရှည်ဆို ဘာတွေဖြစ်လာနိုင်ပါသလဲ ဆရာ၊ ပြီးတော့ ကျွန်မ အခု LASIK မလုပ်ဘဲ ဒီအတိုင်းထားရင် မျက်မှန်ပါဝါ ပိုဆိုးလာနိုင်ပါသလား၊ ကျွန်မအနေနဲ့ LASIK လုပ်သင့် မလုပ်သင့် အကြံဉာဏ်ပေးပါရန် လေးစားစွာ ပန်ကြားအပ်ပါတယ် ဆရာရှင့်။ Astigmatism သူငယ်အိမ်စောင်းခြင်း

Gastric Ulcer Foods အစာအိမ်နာ အစားအစာ

Image
အစာအိမ်ရောဂါရှိသူများ ရေနွေးကြမ်းနဲ့ တည့်ပါသလား ဒေါက်တာ။ အစာအိမ်နာရှိသူတွေ Acid secretion အက်စစ်ဓါတ် အထွက်များစေသောအစာများ ရှောင်ပါ Alcohol အရက် Carbonated beverages ကာဘွန်ထည့်ထားသော သောက်စရာမျာ. Caffeine ကေဖင်း (ကော်ဖီ စသည်) Chocolate ချောကလက် Chili ငရုတ်သီး Tomatoes ခရမ်းချဉ်သီး Citrus fruits ချဉ်သောအသီးများ Refined carbohydrates ပြုပြင်ထားသော ကာဘွန်ဟိုက်ဒရိတ် Highly processed foods အလွန်ပြုပြင်ထားသောအစားအစာများ Peptic ulcer လေနာ https://dr-tint-swe.blogspot.com/2022/01/peptic-ulcer.html ဒေါက်တာတင့်ဆွေ

Clomiphene Citrate မျိုးဥထွက်ဆေး ဘေးထွက်သက်ရောက်မှုများ

Image
(ကန်တော့) သားဥချွေဆေးက ပြင်းတယ်ထင်တယ် ဆရာ သမီးဖျားပီး(ပြီး) တစ်ကိုယ်လုံး(တကိုယ်လုံး) မလှုပ်ချင်ဘူး စားရတာလည်း မကောင်းဘူး Clomiphene Citrate မျိုးဥထွက်ဆေး ဘေးထွက်သက်ရောက်မှုများ Nausea ပျို့ Blurred vision မျက်စိကြည့်မကောင်း Headache ခေါင်းကိုက် Breast discomfort ရင်သားနာ Bloating လေပွ Hot flashes မျက်နှာနီ Double vision အရုပ်နှစ်ခုမြင် Seeing flashes of light အလင်းရေင်းတွေလိုမြင် Intermenstrual bleeding ကြားရက်မှာ ရာသီလာ Clomiphene Citrate မျိုးဥထွက်ဆေး https://dr-tint-swe.blogspot.com/2020/12/clomiphene-citrate.html Clomid ကလိုမစ်ဆေး https://dr-tint-swe.blogspot.com/2021/05/clomid.html ဒေါက်တာတင့်ဆွေ

Accuracy of smartphone apps for heart rate measurement စမတ်ဖုန်း အက်ပ် တွေ ဘယ်လောက်မှန်သလဲ

Image
ဖုန်းကနေ တိုင်းတဲ့ application ထဲက  နှလုံးခုန်နှုန်း တွေကို အမှန်ယူလို့ရပါသလား ဆရာ တိုင်းစရာ ၄ မျိုးရှိတယ်။ 1. heart rate apps အက်ပ် 2. watches လက်ပတ်နာရီ 3. fitness trackers အားကစားသုံး 4. Heart Rate Monitor - Pulse App အကိုးအကား ၃ ခုတင်ပြပါမယ်။ (၁) reasonably accurate အသုံးပြုအားကိုးနိုင်လောက်တဲ့အထိ မှန်ကန်တယ်။ (၂) တိကျမှု မတူကြပါ။ ၄ မျိုးကို ဆန်းစစ်သုတေသနပြုတော့ နှလုံးခုန်နှုန်းတိုင်းတဲ့ ‘အက်ပ်’ ၄ မျိုးကို ဆရာဝန်တွေအသုံးပြုတဲ့ clinical-grade equipment နည်းနဲ့ စစ်ဆေးတဲ့အခါ ၂၀% တို့ဟာ တမိနစ်မှာ ၂၀ ကွာခြားတာတွေ့ရတယ်။  ခန္ဓာကိုယ်နဲ့ထိတွေမှုမရှိတဲ့ ‘အက်ပ်’ တွေဟာ ခန္ဓာကိုယ်နဲ့ထိတွေမှုရှိတဲ့ ‘အက်ပ်’ တွေထက် တိကျမှု နည်းတာတွေ့ရှိရတယ်။ (၃) ခန္ဓာကိုယ်နဲ့ထိတွေမှုရှိတဲ့ ‘အက်ပ်’ ၂ ခုဟာ ခန္ဓာကိုယ်နဲ့ထိတွေမှုမရှိတဲ့ ‘အက်ပ်’ ၂ ခုထက် ပိုမှန်တာ တွေ့ရတယ်။ (၄) ဘာ့ကြောင့်လဲ camera lens ဖုန်းကင်မရာမှန်ဘီလူးနဲ့ထိစပ်တိုင်းထွာနည်းက မျက်နှာကနေတိုင်းတာထက် ပိုမှန်တယ်။  ဒါပေမဲ့ ‘စမတ်ဖုံး’ တွေနဲ့ ‘ကင်မရာ’ တွေဟာ ကျန်းမာရေးစစ်ဆေးဘို့ အဓိကထားလုပ်ထားတာမဟုတ်လို့ ဖြစ်ပါတယ်။ ‘ဒစ်ဂျစ်တယ်’ သွေးဖိအားတိုင်းစရာတွေကလည်း လက်နဲ

Ether လေဟာပြင် ဆရာဝန်

Image
လွန်ခဲ့တဲ့ ၆ နှစ်တိတိက ကိုလေး (အင်းဝဂုဏ်ရည်) ကနေ ကဗျာတပုဒ်တင်ပါတယ်။ ခေါင်းစဉ်က မေ့ဆေးအီသာ တဲ့။  မေ့ဆေး အီသာ  ဖိတ်မိမှားပြီ ရမ်းကားရိုင်းပျ ခက်ထန်လှ၏ မာနမီးကုန် သုန်မှုန် ဆောင့်အောင့် ဖနောင့်သံပြင်း ဝင်လာခြင်းကို ငြင်းဆန်ပေမင့် လာနေပြီ ဆရာကိုလေးက ၁၁-၁၀-၁၉၈၁ ခုနှစ်မှာ အူအတက်ရောဂါကြောင့် မေးဆေးပေးခွဲစိတ်ခံရလို့ ခံစားမှုကို ရေးဖွဲ့တာပါ။  ကဗျာအဆုံးကတော့  အလို  လူကြမ်း အီသာ ပြန်သောခါဝယ် မေတ္တာသုတ်မြတ် ရွတ်ဖတ်လျက် တဲ့။ အီသာဆိုတာနဲ့ စိတ်ဝင်စားပြီး ကဗျာကိုသေချာဖတ်၊ မှတ်ချက်လေးပါ ရေးလိုက်တယ်။  အဲဒီခေတ်က တောနယ်တွေ၊ မြို့ငယ်တွေမှာ အကောင်းဆုံး မေ့ဆေးဟာ Ether အီသာ ဖြစ်ပါတယ်။ လူနာ့အတွက်တော့ အခံရဆိုးလှတယ်။ ဒါေ့ပမဲ့ တောသားလူနာအသက်တွေ အများကြီးကိုကယ်နိုင်ခဲ့ပါတယ်။ အင်းဝနဲ့မဝေးတဲ့ မြို့သာအမှတ်တရ၊ ဒေါက်တာတင့်ဆွေ။ အဲတော့ ဆရာကိုလေးက ပြန်ရေးလာတယ်။ ဆရာဆွေ ကျွန်တော့ အီသာက expire ကံကောင်းလို့ပါလား ခင်ဗျားကိုလဲ ကျွန်တော် ကြောက်ပ open air မှာ ခင်ဗျား ခွဲနေတာ မြို့သာရောက်တုန်း မြင်ခဲ့ပါ့ တံတားဦး ဒေါက်တာကိုလေးဆီက catgut တွေ ယူသွားတာလဲ မှတ်မိပါ့ ခင်ဗျားက မြို့သာရဲ့ HERO ဘဲ သတိရတယ်ဗျာ (အင်းဝဂုဏ်ရည်) ကက်ဂတ်ဆိုတာ ခွဲစိ

Group ဂရုတွေထဲမှာ လူနာတွေက ဇာတ်လိုက်မင်းသမီး

Image
၁။ Group တခုမှာတင်ထားတာတွေ့လို့ပါဆရာ။ နမိုးနီးယားရောဂါ ဘာ့ကြောင့်ဖြစ်တတ်သလဲ မဖြစ်အောင်ဘယ်လို ဆင်ခြင်နေထိုင်ရမလဲဆိုတာ အလင်းပြပါဆရာရှင့် မေမေတို့ကိုပြောပြချင်လို့ပါ။ ဝမ်းကွဲအမတယောက်ရဲ့သမီးလေး နမိုးနီးယားအဆုတ်ရောင်ရောဂါနဲ့ဆုံးသွားတာပါ။ သမီးလေးကို အဲ့ရောဂါဆိုးကြီးက အရွယ်မတိုင်ခင် အသက် ၂နှစ်ကျော်ရုံလေးမှာပဲ သမီးလေးကိုခေါ်သွားခဲ့တယ်။ သမီးလေးမေမေပြောပြတာကတော့ - ၂။ သူများတင်ထားတာပါဆရာ။ ဒါဘယ်လို ဗိုင်းရပ်စ်လဲဆိုတာ သိချင်လို့ပါဆရာ။ အသွားနဲ့အပြန် သမီးလေးက မဆုံးခင် မနက်ကနေ ညနေ ပိုင်းအထိလန်းလန်းဆန်းဆန်းရှိတယ်။ ညနေ ၆ နာရီ လောက် ကမှ ဝမ်းစသွားတယ်။ ဆေးရုံမရောက် ခင် အချိန်ထိ ဝမ်း ၅ ခါလောက်အချိန်တိုတွင်းသွားတာ။နောက်ဆုံးပိုင်းည ၁၁ နာရီလောက်အကြိမ်တွေမှာ အစိမ်းရောင်ဝမ်း သွားတာ။ ဒိုက်ဘာထဲမှာ သွားတာ လှန်ကြည့်မှ သိတယ်။ ဘက်တီးရီးယား မဟုတ်ဘဲ ဗိုင်းရပ်စ်ကြောင့်တဲ့။ GE sepsis ကြောင့် သွေးလန့်ရှော့က်ဖြစ်ကြတယ်။ဝမ်း သွားပြီးတာနဲ့ ဆုံးသွားကြတယ်တဲ့။ (တခုခုတော့ လုပ်မှ ဖြစ်မယ်) လို့ ပြောပါတယ်။  ကြိုးစာဖတ်ပါတယ်။ ဂရုဆိုတာတွေက ဘာတွေလဲ မသိပါ။ ဇာတ်လမ်းတွေနဲ့ ရေးကြတယ်။ လွမ်းသွားအောင်၊ သနားသွားအောင်၊ ယူကြုံးမရဖြစ်အောင် ရေးကြတာတ

Transvaginal Ultrasound အပျိုတွေလည်း စိုးရိမ်စရာမရှိ

Image
(ကန်တော့) ဆရာရှင့် ကျမအသက်၂၇ အပျိုပါ ဗိုက်ခနခနအောင့်လို့ Transvaginal အက်ထရာဆောင်းရိုက်ခဲ့ပါတယ် အခုရာသီလာမည့်ရက်မှာ မလာလို့ စိတ်ပူလို့ပါ အဲဒီအက်ထရာဆောင်းရိုက်တဲ့ပစ္စည်းက တယောက်ရဲ့ vagina ထဲထည့်ရိုက်ပြီးတဲ့အခါမှာသူ့ထဲမှာသုတ်ပိုး(သုက်ပိုး)ရှိနေရင် နောက်တယောက်ကို ကူးနိုင်ပါလား ဖြေပေးပါနော်ဆရာရှင့် ဆေးရုံ ဆေးခန်းတွေက မသန့်တာ မသုံးကြပါ။ သုက်ပိုးဆိုတာ ကိုယ်အပြင်မှာ ကြာကြာမရှင်နိုင်။ အပျိုတွေလည်း စိုးရိမ်စရာမရှိ။ အမျိုးသားတွေကို အဲလိုစမ်းသပ်နည်း မလုပ်ပါ။ Ultrasound အာထွာဆောင်း နဲ့ Mammogram မင်မိုဂရမ် https://dr-tint-swe.blogspot.com/2022/11/ultrasound-mammogram.html Pregnancy and Ultrasound ကိုယ်ဝန်ဆောင် (အာလ်ထွာဆောင်း) https://dr-tint-swe.blogspot.com/2021/10/pregnancy-and-ultrasound.html ဒေါက်တာတင့်ဆွေ ၃-၆-၂၀၁၉

ဆူးပုပ်ကြီးက သွေးမတိုးပါ

Image
ဆူးပုပ်ကြီးက သွေးတိုးတယ် ဆူးပုပ်လေးကတော့ မဆိုးဘူး ကျေးဇူးပါရှင့် ဆူးပုပ်ကြီးက သွေးမတိုးပါ။ အသီးအရွက်တိုင်းကနေ သွေးတိုးမတက်စေပါ။ ဆား ခေါ် ဆိုဒီယမ်ဓါတ် ကနေသာ သွေးဖိအားတက်စေတယ်။  သွေးတိုးရှိသူတွေ အငန်(ဆား၊ ငပိ၊ ငါးခြောက်၊ ငန်ပြာရည်၊ ငပိထောင်း၊ ငပိကြော်၊ ငပိချက်၊ ငါးခြောက်၊ ပုစွန်ခြောက်၊) လျှော့စားရမယ်။  သွေးတိုးမရှိသူတွေ ဘာစားစား သွေးဖိအားမတက်ပါ။ သွေးတိုး တက်တယ် မတက်ဘူး သိလိုရင် မစားခင် သွေးတိုးတိုင်းထားပြီးနောက် စားပြီး ၁ နာရီ၊ ၂ နာရီ အချိန်တွေမှာ ထပ်တိုင်းရတယ်။ သွေးဖိအားတိုင်းစရာကလည်း မှန်ကန်တိကျရမယ်။ ဒစ်ဂျစ်တယ်ကရိယာတွေက မတိကျပါ။ သွေးတိုးအတွက် အစာမစားခင်-စားပြီး တိုင်းရတာ မဟုတ်ပါ။ ဆီးချိုကိုသာ အစာမစားမီနဲ့ စားပြီးချိန်တွေမှာ စစ်ဆေးရတယ်။ အရပ်ပြောစကားတွေက မမှန်တာများတယ်။ တမာရွက်လည်း သွေးမတက်ပါ။ မျောက်ငိုသီးလည်း သွေးတိုးမတက်ပါ။ တညင်းသီးကိုသာ ကျောက်ကပ်အတွက် သတိထားရတယ်။ ဒေါက်တာတင့်ဆွေ