Posts

Showing posts from February, 2025

Top 10 Most Common Health Issues ယနေ့ အဖြစ်များဆုံး ကျန်းမာရေးပြဿနာ ၁၀ ခု

Image
1. ကိုယ်လက်လှုပ်ရှားမှုနှင့် အာဟာရ နည်းပါးချို့တဲ့ခြင်း 2. အဝလွန်ခြင်းနှင့် အဝလွန်ခြင်း 3. ဆေးလိပ် 4. မူယစ်ဆေးသုံးစွဲမှု 5. HIV/AIDS 6. စိတ်ကျန်းမာရေး 7. ဒဏ်ရာနှင့် အကြမ်းဖက်မှု 8. ပတ်ဝန်းကျင် အရည်အသွေး ညံ့ဖျင်းမှု 9. ကာကွယ်ဆေး အပြည့်အဝထိုးခြင်း 10. ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမမီခြင်း။ မှတ်ချက်  အင်္ဂလိပ်လိုရေတဲ့စာကို ဂူဂယ်မှာ ဘာသာပြန်ခိုင်းရင် လွဲတာ မှားတာတွေ ပါလေ့ရှိတယ်။ တခါတခါ ကိုယ့်ဖါသာဘာသာပြန်ရတာက လွယ်သေးတာမျိုးလည်း ကြုံရတယ်။ မပြင်ရတဲ့အခါ မရှိပါ။ ဒေါက်တာတင့်ဆွေ

ABCD လာပြန်ပြီ နောက်တယောက် နောက်တမျိုး

Image
(ကန်တော့) ၁။ ဆရာ အအေးမိရင်Dဆေးကောင်းပါလား ဆေးသောက်လိုသူ ကလေး လူကြီး မသိ။ အသက် ကျား-မ မသိ။ D စာလုံးပါတိုင်း ဗီတာမင်ဒီလား အရင်စဉ်းစားမိတယ်။ ၂။ ဆရာ 24ရECee2ကို ၂၅ရက်နေ့က သောက်ထားပါတယ် အခုထိရာသီမလာသေးဘူး စိုးရိမ်ရလား ၂၄ရက်နေ့က ဆက်ဆံpး အရင်ကဆို သောက်pး ၇ရက်နေရင်ရာသီလာပါတယ် ထပ်ခါထပ်ခါသောက်ရင် ဆေးသောက်လည်း ကိုယ်ဝန်ရနိုင်ပါလားဆရာ အရင်မေးခွန်းတွေမှာ P တလုံးတည်းရေးတယ်။ ရေးတဲ့သူတွေ မနည်းဘူး။ သည်တခါ (း) ပါထည့်တယ်။ မြန်မာလို ရေးတာမှာ ( . ) တွေ ထည့်ရိုက်ကြတယ်။ ရေးတဲ့သူတွေ မနည်းဘူး။ ပို့စ်မှာသုံးချင်ရင် အကုန်လိုက်ပြင်ရတယ်။ မြန်မာစာမှာ ဖူးလ်စတော့ မရှိပါ။ အခုတော့ အင်္ဂလိပ်စာမှာ ဝစ္စပေါက်ရှိနေပြီ။ ၃။ ဆရာရှင့် သမီးရာသီလာတာမရပ်တာ ၂လလောက်ရှိပါpအခုထိမpသေးဘူးဆရာ သမီးဘာဆေးသောက်သင့်လဲဆရာ မပြီးသေးဘူးလို့ ရေးရတယ်။ ၄။ ဆရာ ခလေးက ၁၅ရက်ပဲရှိသေးတယ် ချွဲတွေ့အရမ်းကျပ်နေလို့ ချောင်းလဲဆိုး ဆေးခန်းပြနေတာ၃ရက်ရှိp မသက်သာဘူး ဘယ်လိုလုပ်ရမလဲဆရာ ခလေးနေရခက်နေလို့ဆရာ နှာခေါင်းပိတ်နေတာ ရှိပြီလို့ ရေးရတယ်။ ၅။ ဆရာရှင့် dည အသက်ရူရခက်ပြန်ပပီ နှာခေါင်းတစ်ဖက်ပိတ်ပြီး ရူကြည့်တော့ ဘယ်ဘက်နှာခေါင်းကပိတ်ပြီး လေမဝင်ဘူး ညာဘက်ကျဝင်တယ်ဆရာ ပိတ်တဲ...

မဟုတ်ပါ

Image
side effects စာလုံးရေးတာလည်း မမှန်။  အချက်အလက်ကလည်း သုတေသန မဟုတ်ပါ။ ဘေးထွက်ဆိုးကျိုးနဲ့ မတည့်တာတွေ ဓါတ်ပြုတာ မတူပါ။ ဒီစာ တင်နေကြတာ ကြာပြီ။ တယောက်ပြီး တယောက်။ ၂၀၂၀ ကတည်းက။ မမှန်တာဆိုရင် ကူးကူးတင်ကြတယ်။ မမှန်တာသိသူမျိုးဟာ မှန်တာမသိ ဖြစ်တတ်တယ်။ ဒေါက်တာတင့်ဆွေ

Health awareness ပညာပေးတာကောင်းတော့ ကောင်းပါတယ်

Image
ဒို့မြန်မာတွေရဲ့ ကျန်းမာရေးအသိ ကျန်းမာရေးအမြင် ကျန်းမာရေးသတိရှိကြဖို့ ပညာပေးလုပ်ဆောင်စရာတွေ အများကြီး ရှိနေပါတယ်ဆိုတာကို အခုပဲဖတ်ရပါတယ်။ အမြင်-အသိ-သတိရှိစေချင်တာကောင်းပါတယ်။ သန့်ရှင်းရေး သတိပေးတာလည်း ကောင်းပါတယ်။ ဒါပေမယ့် - ၁။ အလှူ၊ မင်္ဂလာဆောင်နဲ့ ပွဲလမ်းသဘင်ဧည့်ခံပွဲတွေမှာ အမြဲလိုလို ကြုံတွေ့ရတဲ့ထမင်းဝိုင်းက အများသောက်သုံးတဲ့ ဟင်းချိုရည်ကလဲ အန္တရာယ်တစ်ခု(တခု)ပါ။ ဟိုလူသောက်လိုက် ဒီလူသောက်လိုက်နဲ့ အသည်းရောဂါ ဘီပိုးနဲ့အတူ အခြားသော ရောဂါပိုးတွေ အလွယ်တကူကူးစက်နိုင်တဲ့ အဓိကနေရာဖြစ်နေပါတယ်။ စုပေါင်းသောက်သုံးတဲ့ ဟင်းရည်ဖြစ်တဲ့အတွက် ကြာလာတော့ လူတကာရဲ့ သွားရည်ပေါင်းစုံ ရောဂါပေါင်းစုံ ဗိုင်းရပ်စ်ပေါင်းစုံလို့ နံမည်ပေးရမယ့် စွတ်ပြုတ်ကြီးကို ဖြစ်နေပေါ့။ ဒါကို ဟင်းရည်သောက်ခွက် အသေးလေးတွေနဲ့ တယောက်တပန်းကန်စီ ချထားပေးတာမျိုး လုပ်ဆောင်သင့်တယ်။ အဲဒီအချက် မမှန်ပါ။ အသည်းရောင်ဘီပိုးဟာ ကိုယ်ခန္ဓာအရည်တွေ၊ သွေးကနေတဆင့်ကူးစက်တယ်။ အစား အသောက်ကနေ မကူးစက်ပါ။ အသည်းရောင်ဗိုင်းရပ်စ် (၆) မျိုးရှိတယ်။ အေ၊ ဘီ၊ စီ၊ ဒီ နဲ့ အီး။ (ဘီ) က သွေး၊ ဆေးထိုးအပ်၊ ကိုယ်ကထွက်တဲ့ အရည်တွေ၊ ပိုးရှိမိခင်ကသူမွေးတဲ့ကလေးနဲ့ လိင်ဆက်ဆံခြင်း...

Verapamil ဆေး

Image
ဆရာ မဂ်လာပါ ယောက်ျားလေး အသက် ၂၈ ပါ အိမ်ထောင်ရှိပါတယ် ကလေးမရှိပါ စားသောက်ဆိုင်မှာအလုပ်လုပ်ပါတယ် ကျန်းမာပါတယ် ဘာရောဂါမှမရှိပါ ထမင်းစားပြီး ၅ မိနစ် အကြာမှာ ရုတ်တရက်နှလုံးခုန်လာလို ဆေးရုံသွားတာ နှလုံးခုန်နှုန်း 200 ရှိပါတယ် ဆေးငါးလုံးသွင်းပြီး နှလုံးပုံမှန်ဖြစ်တော့ ICUထဲမှာ တရက်ခွဲ စိတ်ချရအောင်စောင့်ကြည့်ရမယ်ဆိုလို့ နေရပါတယ် ခုစိတ်ချရလို့အိမ်ပြန်ရောက်ပြီး နဲနဲမောမောနေလို့ပါဆရာ နှလုံးခုန်းနှုန်းကလဲ 76 ပါဆရာ နာခြင်း အောင့်ခြင်းတော့ မရှိပါဘူး စိုးရိမ်ရလားဆရာရှင့် Verapamil HCL 40mg တနေ့ နှစ်လုံး တပတ်စာပေးလိုက်ပါယ်။ Verapamil သည် Calcium channel blockers ဟုခေါ်သော ဆေးအမျိုးအစားဖြစ်သည်။ ၎င်းသည် သွေးကြောများကို ပြေလျော့စေခြင်းဖြင့် သွေးကို ပိုမိုလွယ်ကူစွာ စီးဆင်းစေပါသည်။ Verapamil ကို သွေးတိုးရောဂါအတွက် အသုံးပြုသည်။ သွေးဖိအားလျှော့ချပေးခြင်းသည် လေဖြတ်ခြင်း၊ နှလုံးရောဂါနှင့် ကျောက်ကပ်ဆိုင်ရာ ပြဿနာများကို ကာကွယ်ပေးသည်။  ရင်ဘတ်အောင့်ခြင်း (angina) ကို ကာကွယ်ရန်အတွက်လည်း အသုံးပြုပါသည်။ နှလုံးခုန်နှုန်းမြန်/မမှန် (ဥပမာ atrial fibrillation) ရှိပါက နှလုံးခုန်နှုန်းကို ထိန်းချုပ်ရန်အတွက်လည်း Verapam...

Water ရေဆိုတာ

Image
ရေနဲ့ပတ်သက်ပြီးသိချင်တာလေးမေးလို့ရမလားဆရာ မေးလို့ရ သောက်ရေသန့်ကို ph7 လို့သတ်မှတ်ထားတယ်ဆိုတာတော့သိပါတယ် ရေက ph များတာထက်နည်းတာဘယ်ဟာက ပိုကောင်းတာလဲဆရာ ဆားငံရေကို သောက်လို့ရအောင် ချက်တဲ့စက်ခေါ်မလား အဲ့ဒါဆင်ချင်လို့ပါဆရာ စျေးတတ်နိုင်ရင်ပေါ့ အဲ့စက်အကြောင်းလဲသိချင်လို့ပါ ကျေးဇူးတင်ပါတယ်ဆရာ။ အခြေခံအကျဆုံးအချက် - လူတိုင်းလိုလိုက နေ့တိုင်းလိုလို စာသောက်နေတာတိုင်းဟာ သင့်မှန်တယ်။ ရေဖြစ်ဖြစ်၊ အသီဒအရွက်တွေဖြစ်ဖြစ်၊ သားငါးတွေဖြစ်ဖြစ်မှာ ထူခြားတဲ့ ထူးဆန်းတဲ့ ပဉ္စလက် ခေါ် မှော်အစွမ်းတွေ မရှိပါ။ ရိုးရိုးတည့်တည့်တွေသာ ဖြစ်တယ်။ တချို့က ဒါကိုစားရင် ကင်ဆာပျောက်တယ်၊ ဆီးချိုပျောက်တယ်၊ အသားဖြူမယ်၊ အရပ်ရှည်မယ်၊ လူပျို-အပျို ပြန်ဖြစ်မယ် (ကန်တော့) ပြောနေ၊ ရေးနေ၊ ရောင်းနေကြတယ်။ မဟုတ်ပါ။ မမှန်ပါ။ သောက်ရေ သုံးရေဆိုတာလည်း အထူးအဆန်းလုပ်ပြောတာတိုင်းက မှန်လေ့မရှိပါ။ တိတိကျကျသိလိုရင် 'လင့်' တွေကိုဖတ်ပါလေ။ ကျွန်တော် ရေနဲ့ပတ်သက်ရေးခဲ့တာတွေထဲက နည်းနည်းစီထုတ်နုတ်ရရင် - • ရေသန့်ဗူးကောင်းပါတယ်။ တံဆိပ်ကောင်းဆိုရင် ရေကတဆင့်ကူးစက်ရောဂါတွေ မရစေနိုင်ပါ။ ရေချမ်းစင်ကရေ ကောင်းပါတယ်။ အဲဒီရေသောက်ပြီး ရေငတ်ပြေခဲ့ကြသူတွေ မရေတွက်...

Eunuch ပဏ္ဍုက်

Image
(ကန်တော့) တင်ထားတဲ့စာ = အိန္ဒိယမှ သင်းကွတ်ပွဲကြီး ကွန်မင့်တခု = ဝေါဟာရအရတော့ကျနော်မသိဘူး ဘာသာပြန်ချက်အရတော့ သားကြောဖြတ်တာနဲ့ သင်းကွပ်တာ မှားပုံပဲ။ ဟုတ်။ ထောက်ပြတာက မှန်ပါတယ်။  သင်းကွတ်တယ်ဆိုတာ ကျားအစိတွေကို ထုတ်လိုက်တာ (ကန်တော့)။ အိန္ဒိယနိုင်ငံမှာ ဟိုခေတ်ကတည်က အခုထိ ရှိတယ်။ Eunuch လို့ ခေါ်ပါတယ်။ ဘုရင်တွေခေတ်ကတော့ မိန်းမထိန်းတွေ။  အခုခေတ်မှာ အခြောက်လို့ ခေါ်သူတွေနဲ့ ရောထွေးနေတယ်။ (ကန်တော့)။ အိန္ဒိယနိုင်ငံမှာ သူတို့က ဘယ်အိမ် (မြန်မာဒုက္ခသည်တွေအပါအဝင်) မှာ သားယောက်ျားလေးမွေးမွေး ပိုက်ဆံလာတောင်းကြတယ်။ ချမ်းချမ်းသာသာနေနိုင်ကြတယ်။ ဝေါဟာရ Eunuch ဝှေးစေ့ကို ဖယ်ပြီးသောသူကို ပဏ္ဍုက်ဟုခေါ်သည်။ Eunuch ဟူသော စကားလုံးသည် ရှေးဂရိစကား eunen echein မှ ဆင်းသက်လာပြီး "အိပ်ရာစောင့်" ဟု အဓိပ္ပါယ်ရသည်။ မိန်းမစိုးများသမိုင်း သမိုင်းတွင် အဆိုပါမိန်းမစိုးများသည် တရားရုံးများ၊ စစ်သည်များနှင့် သူလျှိုများအပါအဝင် မတူညီသော ယဉ်ကျေးမှုများတွင် အခန်းကဏ္ဍများစွာမှာ ထမ်းဆောင်ခဲ့ကြတယ်။ ဘုရင်တွေနဲ့ အရာရှိကြီးတွေရဲ့ ယုံကြည်ရတဲ့ အကြံပေးတွေအဖြစ် တာဝန်ထမ်းရွက်ခဲ့ကြတယ်။ တရုပ်သမိုင်းမှာလည်း အထင်အရှားရှိခဲ့တယ်။ ဘီစီ ...

HAV အသည်းရောင်အသားဝါ (အေ)

Image
မြန်မာနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမားများတွင် အသည်းရောင်အသားဝါ အေ (HAV) ပဋိပစ္စည်း ခေါ် အင်တီဘော်ဒီများ 100% နှုန်း ပါရှိကြောင်း လေ့လာမှုတခုအရသိရှိရသဖြင့် မြန်မာနိုင်ငံတွင် HAV အဖြစ်များကြောင်း သိရှိရသည်။  ဆေးသုတေသနအပါအဝင် သုတသနများကို မြန်မာပြည်တွင်းတွင် ထိရောက်ကျယ်ပြ့ စနစ်ကျစွာလုပ်ဆောင်နိုင်ခြင်းမရှိသဖြင့် ထိုသို့ တဆင့်ခံနည်းဖြင့် လေ့လာရခြင်းဖြစ်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့် မိတ်ဖက်အဖွဲ့အစည်းများသည် အသည်းရောင်အသားဝါရောဂါကို ကိုင်တွယ်ဖြေရှင်းရန် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။  WHO မှ HAV ကာကွယ်ဆေး တကြိမ် သို့မဟုတ် နှစ်ကြိမ်ထိုးထားကြရန် အကြံပြုထားသည်။  အသည်းရောင်အသားဝါ (အေ) ကာကွယ်နည်း မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သူများအနေဖြင့် တကိုယ်ရေသန့်ရှင်းမှု၊ အစားအသောက်သန့်ရှင်းမှုနှင့် ရေသန့်တို့ကို ဂရုပြုသင့်သည်။ ခရီးသွားများသည် ယခင်က ကာကွယ်ဆေးမထိုးရသေးပါက အသည်းရောင်အသားဝါ A ကာကွယ်ဆေး ထိုးသင့်သည်။ ကျိုချက်ထားသော သို့မဟုတ် ရေသန့်ဗူးကိုသာ သောက်သင့်သည်။ အစိမ်း သို့မဟုတ် မကျက်သေးသော အစားအစာများကို ရှောင်သင့်သည်။ အသည်းရောင်အသားဝါ (အေ) သည် ဖွံ့ဖြိုးမှုနည်းသ...

Cholecystectomy Q and A သည်းခြေအိတ် ထုတ်ထားသူ (၂)

Image
  ဒကာကြီး ဦးဇင်းကလွန်ခဲ့တဲ့လ တလပိုင်း ၂၈ရက်နေ့က အသည်းလှုထားတာ။ အိန္ဒိယဆရာပါရကူ(ပါရဂူ)တွေ မြန်မာနိုင်ငံမှာပဲခွဲကြတာ။ အခုတော့ ဦးဇင်းကောလက်ခံတဲ့ ဒကာကော ကျမ်းကျမ်းမာမာ(ကျန်းကျန်းမာမာ)ပါပဲ။ ဦးဇင်းသိချင်တာတခုက အသည်းလှုရင်သည်းခြေအိပ်(သည်းခြေအိတ်)ပါ ထုတ်ပစ်လိုက်ရတယ်လေ။ အဲ့တော့ သည်းခြေမရှိခြင်းရဲ့ အကျိူးအပြစ်နဲ့ ရှောင်ရမယ့်အစားအစာ စားပေးရမယ့်အစားအစာ အကြောင်းကို တိတိကြကြေ(တိတိကျကျ) လေး သိချင်လို့ပါ။ ဒီကပါရကူ(ပါရဂူ)တွေကတော့ ဘာဆိုးကြိုး(ဆိုးကျိုး)မှ မရှိဘူး ဘာညာနဲ့ရှင်းပြတာပဲ။ ဦးဇင်းကသိပ်နားမလည်လို ဦးဇင်းနားလည်မည့်ပုံစံလေးနဲ့ ရှင်းပြပေးပါလား။ စာကြွင်း.. စာလုံးပေါင်းမှားရင် အားမနာပဲ ပြောပါဒကာကြီး။ အသည်းအလှူရှင်၏ သည်းခြေအိတ်ကိုပါ ဖယ်ထုတ်ပါသလား ဟုတ်ပါသည်။ အသည်း၏ အစိတ်အပိုင်းတခုကို လှူဒါန်းသည့်အခါ၊ သည်းခြေအိတ်ကို ပုံမှန်အားဖြင့် ဖယ်ထုတ်လိုက်သည်။ ၎င်းကို လှူဒါန်းထားသည့် အသည်းအမြှေး တစိတ်တပိုင်းအဖြစ် ယူဆကြပြီး ၎င်းကို ဖယ်ရှားခြင်းသည် အသည်းအသစ်နှင့် ဖြစ်လာနိုင်သော နောက်ဆက်တွဲပြဿနာများကို ကာကွယ်ခြင်းဖြင့် အစားထိုးခြင်းလုပ်ငန်းစဉ်ကို ရိုးရှင်းစေသည်။  အသည်းလှူဒါန်းစဉ်အတွင်း သည်းခြေအိတ်ဖယ်ရှားခ...

Cystic hygroma ဆစ်စတစ် ဟိုက်ဂရိုးမား

Image
ဆရာရှင့် ကျွန်မအသက်က ၃၂နှစ်ပါ။ ကိုယ်ဝန်က ၃လပါ။ ဒုတိယမြောက်ကိုယ်ဝန်ပါရှင့်။ မနေ့က အာလ်ထွာဆောင်းရိုက်တော့ ကလေးရဲ့လည်ပင်းမှာ ရေအိတ်လိုအလုံးတစ်လုံး(တလုံး)တွေ့တယ်လို့ပြောပါတယ်။ အလုံးကကြီးတယ်လို့လဲပြောပါတယ်။ အဲ့ဒါ ဘာကြောင့်ဖြစ်တာလဲ သိချင်ပါတယ်။ စိုးရိမ်ရလားရှင့်။ နောက်ဆက်တွဲဆိုးကျိုးတွေကိုလဲသိချင်ပါတယ်ရှင့်။ အာလ်ထွာဆောင်းအဖြေစာမှာ Cystic hygroma လို့ဖတ်ရတယ်။ ဆောရီး။ ကလေးလည်ပင်းမှာ မွေးရာပါမဲ့ ချို့ယွင်းချက်တခု ဖြစ်တယ်။ သွေးပြန်ရည်စနစ်နဲ့ ဆိုင်တယ်။  ကိုယ်ဝန် ပဉ္စမပတ်နောက်ကစပြီး သွေးပြန်ရည်စနစ်ဖွံ့ဖြိုးလာတယ်။ ကိုယ်ဝန် ၁ဝ ပတ်မှာ အာလ်ထွာင်ဆောင်းရိုက်ရင် ရှိနေရင် သိနိုင်တယ်။ ကလေးလည်ပင်းနေရာမှာ အရည်ထုထည်က ရှိသင့်တာထက်များနေမယ်။ increased nuchal fold လို့ရေးတယ်။ nuchal thickness ဒါမှမဟုတ် nuchal lucency လို့လည်းရေးတယ်။ ကိုယ်ဝန် ၁၅-၂၀ ပတ်မှာ သွေးစစ်ရင်လည်း သိနိုင်တယ်။ Alpha-fetoprotein (AFP) ကိုတိုင်းတာတာဖြစ်တယ်။  သေးသေးနည်းနည်းသာရှိရင် ပျောက်သွားနိုင်တယ်။ ၃-၄ ပတ်တခါ ထပ်စစ်နေရမယ်။ အများအားဖြင့်တော့ မသေးကြပါ။ ဆောရီး။ ၈၅% လောက်မှာ ဦးခေါင်းအရွယ်အစားထက် ကြီးနေတယ်။ အရည်များလွန်းတာကို Hydrops လို...

နာရေး

Image
ပြီးခဲ့တဲ့ ရက်သတ္တပတ်ထဲမှာ နာရေးနှစ်ခုက ကုသိုလ်ပြုကြတယ်။ ကွယ်လွန်သူတွေက အသက်အရွယ်တွေ ကြီးကြပြီ။ အသက်ကြီးရင် သေတတ်တယ်ဆိုတဲ့စာကို တယောက်ပြီးတယောက်က တင်ကြတယ်။ မှားတော့ မမှားပါ။ ၂၀၂၃ ခုနှစ်က ကုလသမဂ္ဂ လူဦးရေဆန်းစစ်ချက်ကို ကိုးကားပြီး တင်ပြပါမယ်။ အသက် သေဆုံးသူစုစုပေါင်း ၁၀၀ အထက် ၂၄၃၀၀၀ ယောက် ၉၅ - ၉၉ ၁့၃၁ သန်း ၉၀ - ၉၄ ၃့၆၄ သန်း ၈၅ - ၈၉ ၅့၉၆ သန်း ၈၀ - ၈၄ ၆့၈၁ သန်း ၇၅ - ၇၉ ၆့၅၈ သန်း ၇၀ - ၇၄ ၆့၅၉ သန်း ၆၅ - ၆၉ ၅့၇၅ သန်း ၆၀ - ၆၄ ၄့၄၈ သန်း ၅၅ - ၅၉ ၃့၅၉ သန်း ၅၀ - ၅၄ ၂့၆၃ သန်း ၄၅ - ၄၉ ၁့၈၆ သန်း ၄၀ - ၄၄ ၁့၅၀ သန်း ၃၅ - ၃၉ ၁့၂၂ သန်း ၃၀ - ၃၄ ၁့၀၄ သန်း ၂၅ - ၂၉ ၉၂၇၀၀၀ ယောက် ၂၀ - ၂၄ ၈၆၄၀၀၀ ယောက် ၁၅ - ၁၉ ၆၇၃၀၀၀ ယောက် ၁၀ - ၁၄ ၄၅၄၀၀၀ ယောက် ၅ - ၉ ၇၀၀၀၀၀ ယောက် ၀ - ၄ နှစ် ၄့၈၃ သန်း ကောက်ချက် အသက်ကြီးလာရင် သေဆုံးနိုင်မှု ပိုများလာတယ်။ အသက် ၈၀ - ၈၄ အရွယ်တွေ သေဆုံးမှု အရေအတွက် အများဆုံး။ မွေးပြီး ၄ နှင်အထိ သေဆုံးမှု များတယ်။ အရွယ်မရွေး သေဆုံးနိုင်တယ်။ မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ ကျန်းမာပြီး အသက်ရှည်ကြပါစေသတည်း။ Data source: UN, World Population Prospects (2024) – Learn more about this data OurWorldinData.org/life...

Chickenpox prevention ရေကျောက်ဘယ်လို ကာကွယ်မလဲ

Image
  (၂၀၁၅ ခုနှစ်ကတည်းက ရေးထားတာ။) ၁။ သားကြီးက ၉ နှစ် ၁၁ လပါ။ ခုရေကျောက်တွေပေါက်နေပါတယ်။ ခုစသိချိန်မှာအဖုအနည်းငယ်သာရှိပါသေးတယ်။ မဖျားပါ။ အိပ်ချင်တယ်။ ယားတယ်ပြောပါတယ်။ ဆရာဝန်နှင့်ပြပြီး ဆေးထိုးဆေးသောက်လုပ်နေပါတယ်။ အဖုလေးတွေပိုများများလာနိုင်သေးလား သိချင်မိလို့ပါ။ အချို့ကလည်းကန်မှပိုကောင်းတယ်ပြောနေကြလို့ပါ။ နောက်တခုက အိမ်မှာ သမီးငယ်က ၆ လနဲ့ ၁၅ ရက်ပါ။ ကလေးကို ကူးနိုင်ပါသလား။ ဘယ်လို ကြိုတင်ကာကွယ်ပေးလို့ ရသလဲ သိချင်လို့ပါဆရာ။ ၂။ ဆရာရှင့် သားလေးက အသက် ၁ နှစ်နဲ့ ၃ လကျော်ပါပြီ။ ပြီးခဲ့တဲ့ ၂ လက ရေကျောက်ကာကွယ်ဆေးထိုးထားပါတယ်။ အခု အိမ်မှာ အိမ်အကူ ကလေးမလေး ၂ ယောက်က ရေကျောက်တွေပေါက်နေလို့ပါ။ သားလေးကို ကူးမှာစိုးရိမ်လို့ပါရှင်။ ဘယ်လို ကာကွယ်ရမလဲ ပြောပြပေးပါရှင်။ ဆရာ့မိသားစု ကျန်းမာပျော်ရွှင်ပါစေရှင်။ ၃။ ဆရာရှင့် သမီးဘယ်လိုမေးရမှန်းမသိလို့ မက်ဆေ့ကနေ ရိုသေစွာနဲ့ မေးပါရစေရှင်။ ဆရာရဲ့ပရိတ်သတ်ပါရှင်။ ရေကျောက်နဲ့ပက်သက်တာလေး တင်တာတွေ့လို့ပါဆရာ။ မြန်မာပြည်ကို ရေကျောက်ကာကွယ်ဆေး မသွင်းတော့ဘူးဆိုပြီး SSC ကော တခြားနေရာတွေပါ မထိုးပေးတော့ပါဘူးဆရာ။ သမီးလည်း ကလေးအတွက် စိတ်ပူနေရတာပါဆရာ။ ရေကျောက်အပေါက်ခံလိုက်ပါဆိုပြ...

My Two Cents တတ်သလောက် မှတ်သလောက်

Image
ကင်ဆာကို ရောင်းစားနေကြသူများပို့စ်အောက်မှာ ကွန်မင့်တခုလာပါတယ်။ မင်္ဂလာပါခင်ဗျာ ဆရာသိသလောက် တတ်သလောက်မှတ်သလောက်ကို စာနဲ့ပဲရေးဖြေစေချင်ပါတယ် Link တွေအများကြီးချပေးတော့ တကယ့်တောသူတောင်သား ဝေဒနာရှင်တွေ အခက်တွေ့ပါတယ် ကျွန်​တော်လည်း တောသား။ ကင်ဆာလင့်ပေါင်း ၇၇ ခုပေးထားတယ်။ အဲတာ ကင်ဆာရောဂါအကြောင်း အကုန်မဟုတ်သေးပါ။ မေးလာတာတွေကို ဖြေဖို့သာ ရေးထားတယ်။  ဆေးပညာစာအများဆုံးပါတဲ့ ဘလော့မှာ စာပုဒ်ရေပေါင်း ၉၆၄၉ ခုတင်ထားတယ်။ အဲတာလည်း အသိပညာသုတမှာ နှမ်းတစေ့လောက်သာရှိမယ်။   ကင်ဆာဖြစ်ဖြစ် တုပ်​ကွေးဖြစ်ဖြစ် ဖေ့စ်ဘွတ် ကွန်မင့် ရေးသ​လောက်နဲ့​တော့ မ​ဖြေဘဲ​နေတာက ပိုသင့်ဦးမယ်။ အဲတာ တောသားဆရာဝန် သိသလောက် တတ်သလောက် မှတ်သလောက်သာ။ တတ်သလောက် မှတ်သလောက်ကို အင်္ဂလိပ်လို ၂ ဆင့်လို့ခေါ်ပါတယ်။  ဒေါက်တာတင့်ဆွေ ၂၅-၂-၂၀၁၈

ကိုရိုနာဗိုင်းရပ်အသစ်သတင်း

Image
ဖေဖော်ဝါရီ ၂၄ ရက်၊ ၂၀၂၅ ခုနှစ်၊ ညနေ ၄း၃၂ နာရီ လင်းနို့များတွင်တွေ့ရှိရသော coronavirus အသစ်သည် ပြည်သူ့ကျန်းမာရေးအတွက်စိုးရိမ်စရာမဟုတ်။ ယခုအချိန်အထိ လူတွင်ကူးစက်မှု မတွေ့ရသေးပါ။  လင်းနို့များတွင် တွေ့ရှိရသည့် ကိုရိုနာဗိုင်းရပ်အသစ်သည် လတ်တလော စိုးရိမ်စရာအကြောင်းမဟုတ်ကြောင်း အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ (CDC) က တနင်္လာနေ့တွင် ပြောကြားခဲ့သည်။ ဗိုင်းရပ်စ်သည် ယခုအချိန်တွင် ပြည်သူ့ကျန်းမာရေးကို ခြိမ်းခြောက်မှုဖြစ်စေသည်ဟု ယုံကြည်စရာအကြောင်း မရှိသလို လူတွင် ကူးစက်မှုမရှိကြောင်း ဖက်ဒရယ်ကျန်းမာရေးအေဂျင်စီမှ ပြောကြားခဲ့သည်။ လင်းနို့ဗိုင်းရပ်စ်သည် ဓာတ်ခွဲခန်းအတွင်းရှိ ဆဲလ်များအတွင်းသို့ ဆဲလ်များဝင်ရောက်ရန် လူ့ပရိုတင်းကို အသုံးပြုနိုင်ကြောင်း သက်သေပြနေသော်လည်း ၎င်းတို့သည် လူသားများတွင် ရောဂါပိုးမတွေ့ရှိခဲ့ပါ။ တရုပ်နိုင်ငံ Wuhan Institute of Virology နှင့် Guangzhou Medical University တို့မှ သုတေသီများသည် လူသားများကို ကူးစက်နိုင်သည့် အလားအလာရှိသော လင်းနို့အသစ်တမျိုးကို တွေ့ရှိထားကြောင်း Cell ဂျာနယ်တွင် သောကြာနေ့က စာတမ်းတစောင် ထုတ်ပြန်ခဲ့သည်။ အဆိုပါ ကိုရိုနာဗိုင်းရပ်အသစ်သည် HKU5-...

wellman vitamins

Image
ဆရာရှင့် ကျွန်မ၏ အမျိုးသားရဲ့ ဖခင် အသက် ၇၅နှစ်က လည်ပင်းမှ အမဲကွက် အမှတ်ပုံစံ ပေါ်နေတာ တလ နီးပါးရှိပါပြီရှင့်။ နာလဲ မနာ ယားလဲ မယားပါရှင့်။ ဘယ်ကနေ စပြီး ပေါ်လာတာကိုလဲ တိတိကျကျ မသိနေပါရှင့်။ လူနာက စိုးရိမ်နေလို့ ဆေးညွှန်းလေး ညွှန်ပြပေးပါဦးရှင့်။ ကျေးဇူးပါ ဆရာ။ လည်ပင်းမှ အမှတ်ကွက်ရဲ့ပုံလေးပါ ဆရာရှင့်။ ဆရာတို့ မိသားစု ကျန်းမာ ချမ်းသာ ကြပါစေရှင်။ အသက်ကြီးလာ အိုလာရင် ခန္ဓာကိုယ်က ငယ်စဉ် ရွယ်စဉ်ကနဲ့ မတူတော့ပါ။ တချို့အပြောင်းအလဲတွေက ဇရာဖြစ်စဉ်အရ အားနည်းချို့ယွင်းလာတာတွေ။ ရောဂါရယ်လို့တော့ မဟုတ်ပါ။ ပုံအရ အရေပြားအောက်ကသွေးကြောသေးသေးလေးတွေပေါက်တာ။ ဆေးမလိုလောက်ပါ။ အသက်ကြီးသူတိုင်း သွေးတိုး၊ ဆီးချိုနဲ့ ကိုလက်စထော စစ်ထားရမယ်။ လိုတာ လုပ်ရမယ်။ နေ့စဉ် ဗီတာမင်အစုံ ရိုးရိုးကောင်းတာ တနေ့တလုံး သောက်သင့်တယ်။ ဥပမာ centrum vitamins multivitamin wellman vitamins အမျိုးသမီးကြီးတွေက ကယ်လ်စီယမ်ပါ တနေ့တပြား သောက်သင့်တယ်။ ဥပမာ calcium for women စသည်။ ဒေါက်တာတင့်ဆွေ

Menopause ဆေးညွှန်းမှာ ထောက်ပြစရာ အများကြီးပါနေတယ်

Image
(ကန်တော့) တင်ထားတာတခု အစကနေ အဆုံးထိဖတ်တယ်။ သတ်ပုံတွေ မှန်တယ်။ ကွန်ဂရက်ကျူလေးရှင်း။ အချက်အလက်တွေလည်း မှန်ပါတယ်။  အမျိုးသမီးများ သွေးဆုံးလျှင် ဒါတွေ သောက်ပါမယ် - ၁။ ဗီတာမင် သတ္တုဓာတ် အများကြီးပါတဲ့ ပန်းသီးရှာလကာရည်၊ အရိုးပြုတ်ရည် အရွက်စိမ်းကြိတ်ရည် သောက်မယ် ၂။ Natural Estrogen တနေ့ တလုံး သောက်မယ် ၃။ D3 5000iu+K2 100mcg ၄။ Probiotic 30 billion ၅။ Magnesium malate (or) citrate 400mg ၆။ Zinc 30mg ၇။ Cod Liver Oil (or) fish oil နဲ့ ဆနွင်း ၈။ DHEA 25mg ၉။ Coq10 100mg ၁၀။ Complete B Complex ၁၁။ Unique E 400mg ၁၂။ Vitamin C (non acid) 500mg ၁၃။ သိုင်းရွိုက်ဟော်မုန်း နည်းတဲ့ လက္ခဏာ ရှိပါက Metabolic Advantage (or) Thyroid Glandular သောက်မယ်။ ဆေး(၁၃)မျိုး။ ဆေးညွှန်းမှာ ထောက်ပြစရာ အများကြီးပါနေတယ်။ ဆောရီး။ အီစထိုဂျင် ဟော်မုန်းစားဆေးက အတော်ကို သတိထားရတယ်။ စမ်းသပ်ကုသပေးနေတဲ့ အိုဂျီက ညွှန်မှသာ သင့်တယ်။ စားဆေးမဟုတ်တဲ့ လိမ်းဆေးနဲ့ သဘာဝ အီစထိုဂျင်တွေရှိတယ်။ ဗီတာမင်တွေ ဓါတ်ဆားတွေကလည်း အဲလောက် မလိုအပ်ပါ။ ကယ်လ်စီယမ်ကတော့ လိုတယ်။ ပရိုဘိုင်အောတစ်ဆိုတာ ဝမ်းအတွက်သာ ဖြစ်တယ်။ ဗီတာမင်စီ များလွန်းရင် မကောင်းပါ။...

Today on Medscape ၂၁-၂-၂၀၂၅ ဆေးသုတေသနသတင်း

Image
သန္ဓေတားဆေးများ အသုံးပြုခြင်းနှင့် အရှင်မွေကလေးအရေအတွက်များခြင်းတို့ နှစ်ခုလုံးသည် မျိုးဥအိမ်ကင်ဆာ ဖြစ်နိုင်ခြေကို လျော့ကျစေကြောင်း ခွဲခြမ်းစိတ်ဖြာချက်အသစ်အရ သိရသည်။ The University of South Australia သုတေသနဆရာဝန် Iqbal Madakkatel က တင်ပြခဲ့တာဖြစ်သည်။ လူနာ ၂၉၂၀ ယောက်ကို လေ့လာပြီး ကောက်ချက်ပြုလိုက်တာဖြစ်ပါတယ်။ မှတ်ချက် အင်္ဂလိပ်လိုရေးထားတဲ့ သတင်းဆောင်းပါးကို google translation လုပ်ရင် မျိုးဥအိမ်ကင်ဆာကို သားအိမ်ကင်ဆာဆိုပြီး ရောဂါအမည်မှားပြီး ဘာသာပြန်ထားတာ တွေ့ပါလိမ့်မယ်။ ဒေါက်တာတင့်ဆွေ

Benzonatate capsules ချောင်းဆိုးပျောက်ဆေး

Image
ဆရာ အဲဒီချောင်းဆိုးပျောက်ဆေးက အရမ်းသက်သာတယ်။ ဘာဆေးလဲလို့ ရှင်းပြပေးပါဆရာ။ ကျေးဇူးပါ။ Benzonatate capsules သည် ချောင်းဆိုးခြင်းကို သက်သာစေရန် အတွက်ဖြစ်သည်။ အရွယ်ရောက်ပြီးသူနှင့် ၁၀ နှစ်အထက်ကလေးများ ပုံမှန်ပမာဏမှာ 100 mg သို့မဟုတ် 200 mg capsule တနေ့သုံးကြိမ်ဖြစ်သည်။  Benzonatate ကို တလုံးလုံး မျိုချသင့်တယ်။ ဝါးခြင်း၊ လှီးဖြတ်ခြင်း၊ ကြေမွခြင်း မပြုရပါ။ Pregnancy Category C ကိုယ်ဝန်ဆောင်နေစဉ် မသုံးသင့်။ ဒေါက်တာတင့်ဆွေ

Citicoline supplement ဆေး

Image
မင်္ဂလာပါဆရာ Citicoline ဆေးက သူငယ်မပြန်တဲ့ဆေး၊ လေငန်းရောဂါအတွက် ကုသတဲ့ဆေးလို့ လိုင်းပေါ်မှာ တွေ့ရပါတယ်။ သောက်ဆေး ထိုးဆေး (၂) မျိုးရှိတယ်လို့ တွေ့ရပါတယ်။ သူငယ်မပြန်တဲ့ဆေးဆိုလို့ သဘေကျမိ ပါတယ်။ သူငယ်ပြန်မှာကို တော်တော်ကြောက်ပါတယ်။ Citicoline ဆေးက တကယ်ဘဲ သူငယ် မပြန်အောင် ကာကွယ်ပေးနိုင် မနိုင် သိပါရစေ။ Citicoline ဆေးက လေငန်းအတွက်ရော ကောင်းသလား ဆရာ။ သိချင်ပါတယ်၊ သိပါရစေ။ ကျန်းမာပါစေ Citicoline ဆေးဟာ အာဟာရဖြည့်စွက်စာအုပ်စုထဲက ဖြစ်ပါတယ်။ (၁) Citicoline သည် အာရုံကြောစနစ်၏ ဆဲလ်များ၊ ဖွဲ့စည်းတည်ဆောက်ပုံနှင့် လုပ်ငန်းဆောင်တာများကို ကာကွယ်ပေးပြီး ပြုပြင်ပေးသည့် အာရုံကြောကာကွယ်မှု အာနိသင်ရှိသော သဘာဝအတိုင်း ဖြစ်ပေါ်နေသော ဦးနှောက်ဓာတုပစ္စည်းဖြစ်သည်။ Citicoline သည် တွေးခေါ်နိုင်စွမ်းနှင့် မှတ်ဉာဏ်ကို မြှင့်တင်ရန်အတွက် အသုံးပြုနိုင်သည့် အာဟာရဖြည့်စွက်စာအဖြစ် ရရှိနိုင်သည်။ ထိရောက်မှု ရှိနိုင်သည် အသက်ကြီးလာသည်နှင့်အမျှ မှတ်ဉာဏ်နှင့် တွေးခေါ်မှုစွမ်းရည် ကျဆင်းလာသည်။ citicoline ကို ပါးစပ်ဖြင့် သို့မဟုတ် IV ဖြင့်သောက်ခြင်းသည် အသက် ၅၀ ကျော်သူများတွင် မှတ်ဉာဏ်ချို့ယွင်းခြင်းအတွက် အထောက်အကူဖြစ်ပုံရသည်။  မျ...

ChatGPT နှင့် အမေးအဖြေပြုလုပ်ခြင်း 2/19/2025

Image
You said: မြန်မာနိုင်ငံ၏ လက်ရှိ ကျန်းမာရေးစောင့်ရောက်မှုအခြေအနေ မည်သို့ရှိပါသနည်း။ လွန်ခဲ့တဲ့ ၁၀ နှစ်ကထက် ပိုမိုကောင်းလာပါသလား။ ChatGPT said: လွန်ခဲ့သော ၁၀ နှစ်ကထက် မြန်မာနိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေသည် တိုးတက်မှုရှိခဲ့သော်လည်း၊ လက်ရှိတွင် အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။ အထူးသဖြင့်၊ နောက်ဆုံးရသတင်းများအရ၊ ဂျပန်နိုင်ငံတွင် မြန်မာဆယ်လီတစ်ဦးက ဖြန့်ဖြူးရောင်းချနေသည့် Toki အဆီကျဆေးသကြားလုံးသည် တရားမဝင်ဆေးဖြစ်ကြောင်းနှင့် သုံးစွဲရန်မသင့်ကြောင်း ဂျပန်အစိုးရက ထုတ်ပြန်ထားသည်။  ထို့အပြင်၊ အရက်သောက်သုံးမှုနှင့် ပတ်သက်သည့် ကျန်းမာရေးပြဿနာများလည်း ရှိနေပြီး၊ အရက်သောက်သုံးမှုကြောင့် ရောဂါဖြစ်ပွားပါက ဆေးကုသစရိတ်များ များပြားစွာ ကုန်ကျနိုင်သည်။  ထို့ကြောင့်၊ ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေကို တိုးတက်စေရန်အတွက် ကျန်းမာရေးပညာပေးလုပ်ငန်းများ၊ တရားမဝင်ဆေးဝါးများကို ထိန်းချုပ်မှုများနှင့် ကျန်းမာရေးဝန်ဆောင်မှုများကို တိုးတက်အောင်လုပ်ဆောင်ရန် လိုအပ်သည်။ You said: ကျေးဇူးတင်ပါသည်။ မြန်မာနိုင်ငံမှာ မည်သည့်ရောဂါများသည် အဆိုးဆုံးစာရင်းထဲမှာ ပါပါသနည်း။ ChatGPT said: မြန်မာနိုင်ငံတွင် အောက...

Antibiotics for patients with penicillin allergy ပနယ်စလင်နဲ့ မတည့်သူတွေအတွက် ပဋိဇီဝဆေးများ

Image
ဆရာရှင့် ကာလသားပိုးရှိနေတဲ့ ကိုယ်ဝန်ဆောင်က ထိုးဆေးမတည့်ဘူး ဆိုရင်  Doxycycline Tetraccycline Exythromycin ဘယ်သောက်ဆေးနဲ့ အဆင်ပြေမလဲ ရှင့် ထိုးဆေးမတည့်ဘူး ဆိုတာဘာလဲ မသိပါ။ ထိုးဆေးတွေက အများကြီး။ ပနယ်စလင် မတည့်တာ လား။ Penicillin Allergy ပနယ်စလင်နှင့် မတည့်ခြင်း https://dr-tint-swe.blogspot.com/2022/05/penicillin-allergy.html ပနယ်စလင်နဲ့ မတည့်သူတွေက အောက်ပါ ပဋိဇီဝဆေးတွေ သုံးနိုင်တယ်။ Macrolides (e.g., erythromycin, azithromycin) Tetracyclines (e.g., doxycycline) Aminoglycosides (e.g., gentamicin) Clindamycin Vancomycin  ဆေးတခုချင်းအကြောင်း Blog မှာ ရှိတယ်။ ဒေါက်တာတင့်ဆွေ

Rotavirus Vaccine ဝမ်းရောဂါကာကွယ်ဆေး

Image
(ကန်တော့) ဆရာ Rotavirus ရိုတာဗိုင်းရပ်ကာကွယ်ဆေးက ဘယ်ရောဂါအတွက်ထိုးရတာလဲဆရာ။ ဘယ်အသက်အရွယ်မှာ ထိုးရပါသလဲဆရာ။ နာမည်မှာရင်ခွင့်လွှတ်ပါဆရာ။ တူမလေးက ဗိုက်နာလို့ ဆေးရုံတက်နေရတာ ဆရာဝန်က အဲဒီကာကွယ်ဆေး ထိုးပြီးပြီလားမေးလို့ပါ။ သားသားက ၆ လထဲမှာပါ။ အဲဒီကာကွယ်ဆေးထိုးရမယ်ဆိုလို့ပါ။ သမီးတို့ဆီမှာက စီမံချက်ထဲပါတာပဲ ထိုးပေးတယ်ဆရာ။ အပြင်မှာ ဝယ်ထိုးလို့ရပါသလားဆရာ။ ရန်ကုန်မှာဆိုရင်တော့ ရချင်ရမယ်ထင်ပါတယ်ဆရာ။ သမီးတို့က မိတ္ထီလာက ဆိုတော့ ဆေးဝယ်လို့ရပါ့မလားမသိဘူး။ ကာကွယ်ဆေး မထိုးထားရင်ကော ဘယ်လိုဖြစ်နိုင်ပါသလဲဆရာ။ ကျေးဇူးပြု၍  ဖြေကြားပေးပါဆရာ။ Rotavirus ဆေးတိုက်ထားရင် ဝမ်းရောဂါကြီးကြီးမားမားကို ကာကွယ်တယ်ဆိုတာ ဟုတ်ပါသလား။ ကျွန်မတော့ တိုက်ထားတယ်။ အသိတွေတော့ တိုက်ဖို့ပြောထားသေးတယ်။ တချို့ကတော့ ဆေးအကြောင်း မသိကြဘူးဆရာ။ Rotavirus (ရိုတာဗိုင်းရပ်စ်) ဆိုတာ ကလေးတွေကို ဝမ်းလျှောဝမ်းပျက်စေတဲ့ပိုးဖြစ်တယ်။ တခါတလေဆိုးတယ်။ ဖျား-အန်ပြီး ရေဓါတ်ဆားဓါတ် ခန်းခြောက်စေနိုင်တယ်။ Rotavirus vaccine ကာကွယ်ဆေး ၂ မျိုးရှိတယ်။ Merck & Co., Inc. ကထုတ်တဲ့ RotaTeq (RV5) ကာကွယ်ဆေးနဲ့ GlaxoSmithKline Biologicals ကထုတ်တဲ့ Rotarix (RV1)...

Evening primrose oil ညနေခင်း နှင်းဆီ

Image
၁။ မင်္ဂလာကပါရှင့် ဆရာ Primrose Oil အကြောင်းလေး ဆရာရေးသားထားတာ အရင်က ဖတ်ဖူးပါတယ် အသိမိတ်ဆွေကို ပြန်ရှဲပေးချင်လို့  အခု ပြန်ရှာနေတာ မတွေ့လို့ပါရှင့် ၂။ ဆရာရှင့် Eposoft (evening primrose oil 1000 mg) ဆိုတဲ့ဆေးအကြောင်းလေးသိချင်ပါတယ်ဆရာ။ သောက်ရင် ဘာတွေကောင်းပါသလဲဆရာ။ ၃။ သမီးကို အခုဆရာဝန်က Eposoft နဲ့ Ranferon 12 ကိုသောက်ခိုင်းပါတယ်။ သမီးသိချင်တာက အားဆေးကို ရေရှည် စွဲသောက်လို့မရဘူးပြောလို့ သိချင်တာပါ။ အဲ့ဒါ အခုသောက်တဲ့ Eposoft ကိုရေရှည်စွဲသောက်လို့ ရ-မရ သ်ိချင်ပါတယ်။ တကယ်လို့ မသောက်ရဘူးဆိုရင်လည်း ဘာကြောင့်အားဆေးတွေကို ရေရှည်မှာ စွဲသောက်ခွင့်မပြုတာလဲ ဆိုတာကို အားလုံးသိအောင် ဗဟုသုတအနေနဲ့ ပြောပြပေးစေချင်ပါတယ်ဆရာ။ ဟာဗယ်ဆေး၊ ကြောငြာဆေးအမျိုးအစားဖြစ်ပါတယ်။ Evening primrose oil နဲ့ Eposoft ကို အဟာရဖြည့်စွက်စာအတန်းအစားအဖြစ်ရောင်းတာဖြစ်လို့ FDA ခွင့်ပြုချက်မလိုပါ။ Evening primrose oil ကို ဆေးကြော်ငြာတွေအရ ဒီရောဂါတွေမှာသုံးတယ်။ Eczema, Psoriasis ခေါ်တဲ့ နှင်းကူနာလို တာရှည်ကြာ အရေပြားအနာတွေ၊ ဝက်ခြံ၊ Raynaud’s syndrome, Multiple sclerosis (MS), Sjogren’s syndrome ရှားပါးရောဂါတွေ၊ ကင်ဆာ၊ ကိုလက်စထော...

Back Pain ခါးနာခြင်း

Image
ကွန်မင့်တခု = တော်တော်အဖြစ်များတဲ့ရောဂါပါဆရာရေ.. လက်ရှိ သုတေသနပြုချက်များအရ ခါးနာခြင်းဖြစ်ပွားမှုမှာ အလွန်မြင့်မားပြီး အရွယ်ရောက်ပြီးသူ ၈၀% သည် ၎င်းတို့၏ဘဝတွင် တချိန်ချိန်တွင် ခါးနာခြင်းကို ခံစားရမည်ဖြစ်ကာ ၎င်းသည် တကမ္ဘာလုံးတွင် အဖြစ်များသည့် အခြေအနေတခု ဖြစ်လာစေသည်ဟု ခန့်မှန်းထားသည်။  အသက်ကြီးလာသည်နှင့်အမျှ လူလတ်ပိုင်းလူများတွင် အဖြစ်များဆုံးဖြစ်နှုန်းကို တွေ့ရတတ်သည်။  ခါးနာခြင်းဆိုင်ရာ အဓိကအချက်များ လေ့လာမှုများအရ ကမ္ဘာတဝှမ်းရှိ လူပေါင်း ၆၁၉ သန်းခန့်သည် ၂၀၂၀ ခုနှစ်တွင် ခါးနာခြင်းဝေဒနာကို ခံစားနေကြရသည်။  အရွယ်ရောက်ပြီးသူ၏ ၈၀% သည် ၎င်းတို့၏ဘဝတွင် တချိန်ချိန်တွင် ခါးနာခြင်းကို ခံစားရသည်ဟု ခန့်မှန်းကြသည်။  အသက် ၅၀ မှ ၅၅ နှစ်ကြား လူတဦးချင်းစီတွင် အမြင့်ဆုံးနှုန်းဖြင့် ခါးနာခြင်းမှာ အသက်ကြီးလာသည်နှင့်အမျှ တိုးလာပါသည်။  ခါးနာခြင်း သည် မသန်မစွမ်းဖြစ်စေသော အဓိက အကြောင်းရင်းအဖြစ် သတ်မှတ်ခံရလေ့ရှိပြီး ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးဆိုင်ရာ စိုးရိမ်စရာတခုအဖြစ် သတ်မှတ်ထားသည်။ Back Pain Relief Chicago | Back Pain Treatments - MAPS Dr. တင့်ဆွေ

Lymph node လင့်ဖ်နုတ် ခေါ် တက်စေ့

Image
(ကန်တော့) ၁။ Thymus နဲ့ဆိုင်တဲ့ကျန်းမာရေးအကြောင်းသိကောင်းစရာလည်းအားရင်မျှဝေပေးပါဦးဆရာ သိုင်းမာ့စ်ပါမလာတာရှိလို့ ခဏခဏဗိုင်းရပ်စ် နဲ့မှို ဘက်တီးရီးယားကူစက်တာဖြစ်တတ်လို့ ၂။ မင်္ဂလာပါဆရာ တခုလောက်မေးခွင့်ပြုပါခင်ဗျာ။ ကျွန်တော့်အသက် (၃၂)နှစ်၊ အိမ်ထောင်ရှိပါတယ်။ ခြံစိုက်ပျိုးရေးလုပ်ပါတယ်။ ညှပ်ရိုးအရင်းအောက်နားမှာ ရောင်လာလို့ စမ်းကြည့်တော့ အကျိတ်လို အလုံးလေး တွေ့ပါတယ်။ သတိထားမိတာတော့(၁)နှစ်ကျော်လောက်ရှိပါပြီ။ တဖြည်းဖြည်းချင်း ရောင်လာပါတယ်။ အားစိုက်လုပ်ရတဲ့အလုပ် (မြက်ခုတ်တာ၊ ဓားကိုင်ပြီးတောခုတ်တာတို့) လုပ်ရင် ပိုပြီးရောင်လာပါတယ်ဆရာ။ အန္တရာယ်ရှိနိုင်လားဆရာ။ ကျေးဇူးပြုဖြေပေးပါခင်ဗျာ (သတ်ပုံတွေ မှန်။ ကွန်ဂရက်ကျူလေးရှင်း။ ညှပ်ရိုးဆိုတာ ဘယ်နဲ့ညာ ၂ ခုရှိတယ်။ တက်စေ့တွေရှိတယ်။ တက်စေ့ရောင်တယ် ကြီးတယ်ဆိုတာ ဆိုင်ရာနေရမှာ တခုခုဖြစ်လို့။ တခုခုဆိုတာ ကင်ဆာကို မစဉ်းစားခင် ထိခိုက်မိတာနဲ့ ပိုးဝင်တာကို အရင်စဉ်းစားရမယ်။ Ibuprofen ဆေးက နာတာ + ရောင်တာကို သက်သာဆေးမယ်။ ပဋိဇီဝဆေး တချို့မှာလိုတယ်။ မေးတဲ့သူအခြေအနေကို အတိအကျ မသိသေးပါ။ ဆောရီး။ တနှစ်လောက်ဆိုတာ ကင်ဆာ မဟုတ်ဘို့ များတယ်။) ၃။ ဆရာရှင့်ကျွန်မရဲ့ယောင်းမဖြစ်သူက အသက...

HPV ရှိနေသူ သွေးလှူလို့ရပါသည်

Image
ဆရာ သမီးတစ်ခုလောက်(တစ်ခုလောက်) မေးလို့ရလားဆရာ သွေးလှူနေတဲ့ လူတွေက humanpapilomavirus(HPV) ပိုးရှိလဲ သွေးလှူလို့ရလားဆရာ human papillomavirus (HPV) လို့ ရေးရ။ HPV ရှိနေသူမှာ ကျန်းမာပြီး အခြားအရည်အချင်းပြည့်မီတဲ့ သတ်မှတ်ချက်တွေနဲ့ ပြည့်မီသရွေ့ သွေးလှူဒါန်းနိုင်ပါတယ်။ HPV သည် သွေးလှူဒါန်းခြင်းမှ ရွှေ့ဆိုင်းရန် အကြောင်းပြချက်မဟုတ်သော အဖြစ်များသော ဗိုင်းရပ်စ်ကူးစက်မှုဖြစ်သည်။ Have You Given Blood Lately? | FDA ဒေါက်တာတင့်ဆွေ

Warm skin အရေပြား ပူနေခြင်း

Image
ဆရာရှင့် သမီး ခန္ဓာကိုယ်ကလေ အရမ်းပူတယ် သူငယ်ချင်းတွေ မိသားစုဝင်တွေနဲ့ နီးနီးကပ်ကပ်နေလို့အဆင်မပြေဘူး အသားက ပူခြစ်နေတာ ပြီးတော့ တချိန်လုံးအဲ့လိုပဲ အရင်ကတော့ သတိမထားမိပေမယ့် အခုဆို ပြောဆိုလာကြတာများလို့ ပါ ဆရာ အဲ့လိုအသားပူတာက ပုံမှန်ပဲလား ဆရာ သမီးဆိုသူ အသက် မသိ။ အမျိုးသမီးတိုင်းနဲ့သက်ဆိုင်တဲ့ လစဉ်ရာသီ၊ အိမ်ထောင်ရေး (ကန်တော့)  မသိ။ အသက်က ၂၄၊ အိမ်ထောင်မရှိ ရာသီက ပုံမှန်တော့ လာပေမယ့် တစ်ပတ်(တပတ်)နှစ်ပတ်နောက်ကျတာမျိုးဖြစ်တယ်ဆရာ။ Warm skin အရေပြား ပူနေခြင်း အကြောင်းအမျိုးမျိုးကြောင့် ဖြစ်စေနိုင်တယ်။ Infection ပိုးတမျိုးမျိုးဝင်လို့ ဖျားခြင်း Medications ဆေးတခုခုကြောင့်။ antibiotics, antipsychotics, and anesthesia medications ဆေးများ။ Environmental factors ပတ်ဝန်းကျင်။ Physical activity ကိုယ်လက်လှုပ်ရှားမှုများခြင်း။ Skin reactions အရေပြားပိုးဝင်ခြင်း။ Chronic conditions နာတာရှည်ရောဂါများ။ rheumatoid arthritis, Crohn's disease, or psoriasis ရောဂါများ။ Anxiety စိုးရိမစိတ်လွန်ကဲခြင်း။ Food and drink အစားအသောက်။ caffeine, alcohol, or spicy foods များ။ Heat Intolerance Symptoms အပူမခံနိုင်ခြင်း...

Neck Glands လည်ပင်း အကျိတ်

Image
ကျွန်မအသက် ၂၀ထဲမှာပါ။ ရုတ်တရက်ကြီး  အောက်မေးရိုးရဲ့အထက်နားမှာ အကြိတ်(အကျိတ်)ဖြစ်နေလို့ပါ။ ပေါ်လာတာ ၂ရက်လောက်ပဲရှိပါသေးတယ် အရမ်းစိုးရိမ်နေလို့ပါ အကြိတ်(အကျိတ်)ကသေးသေးလေးပါ ချော်ချော်လေးလည်းဖြစ်နေပါတယ် အစေ့လေးလို ဖြစ်နေတာပါ။ ဖိရင်တော့ နာပါတယ်  လှုပ်လို့လည်း ရတယ်။ ဒါပေမယ့်  အကြောတစ်ခု(တခု)နဲတော့ ထိနေသလိုခံစားရပါတယ်။ အပေါ်ဘက်ကိုတော့တွယ်နေတာမျိုးမခံစားရပါဘူး။ မနက်ပိုင်းမှ ဝုန်းဒိုင်းဆို ထထွက်လာတာပါ။  အဲ့မတိုင်ခင်က အပြင်မသွားခင် ရေချိုးခေါင်းလျှော်မိပါတယ်။ ညနေ ၃ခွဲနေပူရှိန်ထဲဆိုင်ကယ်စီးပြီး ထွက်လာခဲ့ပါတယ်။ ဒါပြီးနောက်နေ့မှာ အကြိတ်(အကျိတ်)ထွက်လာတာပါ။ အကြိတ်(အကျိတ်)က  ကိုင်ကြည့်မှ သိတာပါ။ ယောင်(ရောင်)တာ မျိုးမဟုတ်ဘဲ အစေ့လေးပါ။ ကျွန်မသိချင်တာက ကင်ဆာအကြိတ်(အကျိတ်)က  ဝုန်းဒိုင်းဆိုထထွက်တတ်လား။ ပြီးတော့  ပါးရိုး အထက်နားလေးမှာ  ကင်ဆာကြိတ်(အကျိတ်)ဖြစ်တတ်လား။ပါးရိုးအထက်နားမှာ  ဘာအကြိတ်(အကျိတ်)တွေထွက်တတ်လဲ။ အကြိတ်(အကျိတ်)ကဖြစ်ခဲပြီး အပူဖုပဲ ထွက်တာများတယ်လို့  ပြောကြတော့ အရမ်းစိုးရိမ်လို့ပါ။ ဖြစ်နိုင်ရင် ကူညီပြောပြပေးဖို့ မေတ္တာရပ်ခံပါတယ်။ ကျေးဇူးတင်ပါတယ...

Breast Cancer တောမှာ ရင်သားကင်ဆာ ကုသနည်း

Image
တင်ထားတဲ့စာ = This Woman ရင်သားကင်ဆာ အဆင့် (၄) ရှိတဲ့အမျိုးသမီး ကွန်မင့်များ ၁။ ဟုတ်ဆရာ စိတ်ကောလူကော လှမြဲတိုင်းလှနေအောင် ကြိုးစားရှင်သန်သွားပါမယ်။ ၂။ ကျွန်တော့်ကုသိုလ်ပြုဆေးခန်းလေးကို လာတဲ့ ရင်သားကင်ဆာဖြစ်နေတဲ့နွမ်းပါးတဲ့ ကျေးလက်ကအမျိုးသမီး ငါးဦးလောက်ရှိနေတယ်ဆရာခင်ဗျ၊အချို့က အတော့်ကို အခြေအနေဆိုးတာ ကင်ဆာဖောင်းဒေးရှင်းတွေနဲ့ဆက်သွယ်ပေမယ့်လည်း အဆင်မပြေဘူး၊ အတော်လေး စိတ်မကောင်းဖြစ်ရတယ်ဆရာရယ်၊ကျွန်တော် ဘာလုပ်ပေးရမှန်းကိုမသိဘူး ဖြစ်နေတယ်ဆရာရယ်။ ဟုတ်။ ကျွန်တော် ၁၉၇၂ ခုနှစ်မှာ ဆေးကျောင်းကပြီးတယ်။ တနှစ်တာ 'ဟောက်ဆာဂျင်' ခေါ် အလုပ်သင်လုပ်ပြီးတာနဲ့ အလုပ်ဝင်ရတယ်။ တနှစ်ခွဲလောက်သာ မုံရွာဆေးရုံမှာ တာဝန်ကျပြီးတော့ တောနယ်တခုမှာ တိုက်နယ်ဆရာဝန်လုပ်ရပါတယ်။  အသက်ကလည်းငယ်၊ အတွေ့အကြုံက မရှိ။ ခွဲစိတ်စရာ လက်နက်ကရိယာတွေလည်း မရှိပါ။ ဓါတ်မှန်ရိုက်ချင် အဝေးကြီးလွှတ်ရတယ်။ အာထွာဆောင်း မပေါ်သေး။ ဒါပေမဲ့ ရောဂါတွေကတော့ ဆရာဝန့်အရည်အချင်းမသိ။ ဆေးပစ္စည်းရှားတာ မသိ။  ရင်သားကင်ဆာလူနာတွေလည်း လာကြတယ်။ စစ်ဆေးစရာကို မလိုလောက်အောင်ထိ သိသာတဲ့အဆင့်ရှိသူတွေလည်း ပါတယ်။ တောဆရာဝန်လေး ငေးကြည့်နေလို့တော့ မဖြစ်။  ဆေးပညာစာလ...

ဗိန္ဓောဆေး

Image
အခုတလော ထိုင်းနိုင်ငံမှာ မြန်မာပြည်ကလာတဲ့ဆေး ဖမ်းဆီးရမိဆိုတဲ့ သတင်းကို တယောက်ပြီးတယောက်က တင်နေကြတယ်။ ရေးထားတာက သဘာဝ ဗိန်းတောဆေးတဲ့။  မူရင်းသတင်းတင်သူက ၂၄-၃-၂၀၂၂ နေ့က။ ဘန်ကောက်သားဆိုသူက တင်ထားတာ။ သတင်းကလည်း ဟောင်း။ သတင်းမှာရေးတဲ့စာလည်း မှားတယ်။ အဲဒီသတင်းပါပုံကို တွဲမတင်တော့ပါ။ လူအများစုက အတု၊ အလိမ်၊ အညာဆိုရင် အလွန်သဘောကျကြတယ်။ တယောက်ပြီးတယောက်က လိုက်တင်ကြ ပို့ကြတယ်။ မြန်မာပြည်မှာ။ မြန်မာဗိန္ဓောဆေးလည်း နာမည်ပျက်တယ်။ စာလုံးပေါင်း သတ်ပုံမမှန်ရင် ဆေးလည်းအတု၊ သုတလည်းအတု၊ ရသလည်းအတု၊ သတင်းလည်းအတု၊ တရားလည်းအတု။ လူကြိုက်ကတော့ များတယ်။ မြန်မာလိုရေးကြတာတွေ။ Medicinal plants & Herbs - Google Play ရှိ အက်ပ်များ ဒေါက်တာတင့်ဆွေ

Tapeworm (Cestode) တိပ်ပြားပုံ သန်ကောင်

Image
(ကန်တော့) ၁။ မင်္ဂလာပါဆရာ အဲ့ဒါ ဖြစ်နိုင်ပါ့မလားဆရာ ဆရာအားတဲ့အခါဖြေပေးပါအုံး ဆရာ့ ပြန်စာလေး မျှော်နေပါ့မယ် လေးစားစွာဖြင့်  မေးခွန်းနဲ့ တွဲပို့တဲ့ပုံက အတုဖြစ်ပါတယ်။ လူတွေကို ဖြဲခြောက်တဲ့ ပညာပေးစာသာဖြစ်တယ်။ မလုပ်ရပါ။ မလုပ်ကောင်းပါ။ ပို့တဲ့ပုံအတုကို မတင်တော့ပါ။ လူအများစုက အတု၊ အလိမ်၊ အညာဆိုရင် အလွန်သဘောကျကြတယ်။ တယောက်ပြီးတယောက်က လိုက်တင်ကြ ပို့ကြတယ်။ မြန်မာပြည်မှာ။ Helminths သန်ကောင်တွေ ၂။ ဆရာရှင့် ကျမအမျိုးသားနှင့် အငြင်းအခုံလေးတခု တင်ပြပါရစေ။ သူက သန်ကောင်သည် ကလေးခြေဖဝါးမှတဆင့် ဝင်ရောက် ကူးစက်နိုင်တယ်ဆိုပြီး ငြင်းခုံကြပါတယ်ရှင့်။ ကျမသိထားတာက ပါးစပ်မှတဆင့်သာ ကူးစက်သည်ဟု သိထားပါသည်။ ဆရာပြန်လည်ဖြေကြားပေးပါရှင့်။ Worm သန်ကောင်တွေကို Helminths လို့လည်းခေါ်တယ်။ ပါရာဆိုက်တွေဖြစ်တယ်။ Roundworms သန်လုံးကောင် ခေါ် တီကောင်နဲ့တူတဲ့ သန်ကောင်။ အများဆုံးဖြစ်တယ်။ အပူပိုင်းဒေသတွေမှာ အများဆုံး တွေ့ရတာကို Ascaris lumbricoides လို့ခေါ်တယ်။ Ascariasis သန်လုံးကောင်၊ Pinworm ခေါ် Enterobiasis ပင်အပ်ပုံသန်ကောင်၊ Hookworm ချိတ်ပုံကောင်၊ Trichuiasis ဝမ်းပျက်စေတဲ့သန်ကာင်တွေက စအိုကနေထွက်ပြီး သန်ဥက ပါးစပ်ထဲကို န...