Normal labor after LSCS ဗိုက်ခွဲမွေးပြီးနောက် ရိုးရိုးမွေးလို့ရသလား
(ကန်တော့) ၁။ မင်္ဂလာပါဆရာ ဒုကိုယ်ဝန် ၂၉ ပတ်။ အရင်ကလေးအသက်-၅ နှစ်ခွဲ C-section မွေး horizontal ခွဲထား။ ဆရာရှင့် မွေးဖို့ရက်နီးလာလေလေ စိတ်ပူပြီးအိပ်မပျော်လေပါရှင့် ပထမကလေးလို CS မွေးရမလား သဘာဝအတိုင်းမွေးရမလား စဉ်းစားရအလွန်ကြပ်ပါသည်။ မေးခွန်း ၂ခုမေးခွင့်ပြုပါရှင်။ (1) Vbac မွေးပါက လွန်ခဲ့တဲ့ ၅နှစ်ခွဲက CS ဒဏ်ရာဟောင်းကွဲထွက်နိုင်ပါသလား (2) ဒဏ်ရာဟောင်းကွဲသွားပါက ဆိုးကျိုးဆက်လေးပြောပြပါဆရာ ကျေးဇူးတင်ပါတယ်။ ဆရာနှင့် မိသားစု ကျန်းမာပါစေ။ ၂။ မ အသက် - ၃၁ အိမ်ထောင် - ရှိ အိမ်ထောင်သက်တမ်း ၃ နှစ် ဆရာရှင့် ကျွန်မ သားဦးလေးကို ခွဲမွေးတာထားတာပါ။ သားလေးမွေးရာပါရောဂါတစ်ခု(တခု)ကြောင့်ပြင်ပတွင် သုံးရက်သာအသက်ရှင်ပြီး ဆုံးပါးသွားပါသည်။ သားလေးကိုမွေးထားတာ 6 လခွဲ ရှိပါပြီ။ ယခု ရာသီလာရန် ရက်ကျော်နေပါသဖြင့် ဆီးစစ်ကြည့်တော့ နောက်ကိုယ်ဝန် ထပ်ရှိနေပါသည်။ ခန့်မှန်းခြေ 4 ပါတ်ကျော်လောက်ဖြစ်နိုင်ပါသည်။ ခွဲမွေးထားတဲ့ မိခင်က ဒီလောက်အချိန်နှင့်နောက်ကိုယ်ဝန်ကို အဆင်ပြေပြေဆောင်နိုင်ပါ့မလားဆရာရှင့်။ ဘယ်လိုအကျိုးဆက်တွေများ ဖြစ်လာနိုင်မလဲ သိပါရစေဆရာ။ ကျေးဇူးတင်ပါတယ်။ (1-2-3 တွေကို ၁-၂-၃ လို့ ပြင်လိုက်တယ်။ ဆောရီး။) အမ...