Posts

Showing posts from August, 2024

Margarine မာဂျရင်း

Image
ဗိုက်ဗိုက်တို့ရှောင်ကြဉ်သင့်သော အစားအစာများဆိုတဲ့ဆောင်းပါးထဲမှာ မာဂျရင်းဆိုတဲ့ အစားအစာတမျိုးပါနေပါတယ် အဲ့ဒါ ဘယ်လိုအစားအစာလဲဆိုတာ ပြောပြပေးပါဆရာ လေးစားလျှက် အဲဒီ ဗိုက်ဗိုက်တို့ ရှောင်ကြဉ်သင့်သော အစားအစာများကို ဘယ်သူရေးသလဲ မသိ။ ကျွန်တော်ရေးတာတော့ မဟုတ်လောက်။ ကျွန်တော်က ကိုယ်ဝန်ဆောင်လို့သာ ရေးတယ်။ ဗိုက်ခေါက်ထူတာကိုပြောသလားတော့ မသိ။ Margarine မာဂျရင်းကို ထောပတ်တုလို့လည်း ခေါ်ကြတယ်။ ၁၈၆၉ ခုနှစ်ကတည်းက ပြင်သစ်မှာ တတိယ နပိုလီယန် လက်ထက်မှာ စသုံးတယ်။ ထောပတ်ကို နွာနို့ကနေလုပ်တယ်။ မာဂျရင်းကို အသီးအနှံဆီနဲ့ ရေကနေလုပ်တယ်။ နွားနို့ပါတာလည်းရှိတယ်။ အဆီဓါတ် အနည်းဆုံး ၈၀% ပါတယ်။ ယူအက်အေမှာ နွားနို့မပါ။ အဆီပါနှုန်း မတူကြ။ ကျန်းမာရေးအရယှဉ်ကြည့်ရင် မာဂျရင်းက ထောပတ်ထက် သာတယ်။ ဆိုးတဲ့ကိုလက်စထော မများစေပါ။ နှလုံးရောဂါအတွက် မာဂျရင်းက ထောပတ်ထက်သင့်တယ်။  ဒေါက်တာတင့်ဆွေ ၃၀-၈-၂၀၁၈

ဘီပိုး စီပိုး ဆိုတာ မွေးရာပါမဟုတ်

Image
ဆရာရှင့် အသက်သုံးဆယ် လူပျိုပါ အဲကွန်းရဲ့ ပုံမှန်အအေးချိန်မှာဆိုရင်တောင် သူက လက်ဖျားခြေဖျားတွေ အရမ်းအေးပါတယ် ဘာကြောင့်များလဲရှင့် သူကဆေးလိပ်တော့အတော်သောက်ပါတယ် ရောဂါတခုခုနဲ့ မတူသေး။ ဆေးလိပ်ကတော့ အဆုတ်ကင်ဆာနဲ့ သက်ဆိုင်တယ်။ ဟုတ်ကဲ့ဆရာ ဘာဓာတ်အားနည်းနေလို့ဖြစ်တာလဲရှင့် ထပ်ဖြေရန်မရှိသေး။ ဆရာရှင့် B ပိုးစစ်တာ Reactive လိုအဖြေထွက်ပါတယ် ပိုးရှိတယ်လို့ပြောတာလားရှင့် ဘီပိုး ကူးစက်ခံထားရ။ နဂိုကရှိတာမဟုတ်ပဲ ကူးခံရတာမျိုးပေါ့နော် ဘီပိုး စီပိုး HIV ဆိုတာအားလုံးက မွေးရာပါ မဟုတ်။ ကူးစက်ပိုးတွေဖြစ်ပါတယ်။ ဒေါက်တာတင့်ဆွေ ၃၀-၈-၂၀၁၉

သားဖွားဆရာဝန်

Image
၂၀၁၄ ခုနှစ်က ဒီလိုနေ့မှာ နောက်ဆုံးမွေးလူနာကို မွေးပေးခဲ့ပါတယ်။ မွေးလူနာနံပတ် ၃၄၉။ 30-8-2014 Baby # 349 was born at 10:15 AM. Yamuna clinic for Burmese community in India ဒေလီမြို့ ယမုန်နာဆေးခန်းကို ပိတ်ထားခဲ့ရပြီး အခုနေတဲ့ တတိယနိုင်ငံကို ပြောင်းရွှေ့ခဲ့ရပါတယ်။ ကလေးမိခင်တွေနဲ့ ကလေးတွေ နေကောင်းကြပါစေ။ တတိယအရွယ်ရှိ ဆရာဝန်တယောက်ရဲ့ တတိယနိုင်ငံရောက်ဝေဒနာ။ ဒေါက်တာတင့်ဆွေ ၃၀-၉-၂၀၁၄ Photo by Nuam No

Cyproheptadine ဝချင်လို့ပေးတဲ့ဆေး

Image
  ၁။ မင်္ဂလာပါ ဆရာ။ သိချင်တာလေးရှိလို့ ထပ်မေးပါရစေရှင့်။ သမီးအသက် ၂၆နှစ်ပါ။ ကလေးမရှိသေးပါ။ တားဆေးကတော့ (မာဗယ်လွန်28) သောက်နေပါတယ်။ လက်ရှိ စွဲသောက်နေတဲ့ဆေးကတော့ Cyproheptadine ဖြစ်ပါတယ်။ အစာစားချင်စိတ်မရှိပဲ လူကလဲပိန်နေလို့ ဆရာဝန်က အဲ့ဒီဆေးသောက်ခိုင်းလို့ပါ။ အစားပြန်စားနိုင်လာရင်တော့ ဖြတ်ခိုင်းထားပါတယ်။ သောက်နေတာ ၄လလောက် ရှိပါပြီ။ စားကောင်း အိပ်ကောင်းပါတယ်။ ဒါပေမယ့် သမီးက ဒီနှစ်ကုန်ရင် ကလေးယူဖို့အစီအစဉ်ရှိတော့ ဆေးကို ကိုယ်ဝန်မဆောင်ခင် ဘယ်အချိန်လောက်ကတည်းက ကြိုဖြတ်ထားရမလဲ သိချင်လို့ပါ။ ဆေးဖြတ်လိုက်ရင်တော့ အရင်လို အစာစားချင်စိတ်မရှိပဲ ပြန်ပိန်တော့မယ်ဆရာရယ်။ ကိုယ်ဝန်မဆောင်ခင်မှာ အာဟာရရှိရှိနဲ့ ကျန်းမာဝဖြိုးနေချင်လို့ Side effects မရှိပဲ စွဲသောက်လို့ရမယ့် အားဆေးရှိရင်လဲ ညွှန်ပေးပါဦး ဆရာ။ သမီးကို ဘလော့မှာတော့ ရှာမဖတ်ခိုင်းပါနဲ့နော်။ ဆရာမအားရင် အဖြေကို တိုတိုနဲ့လိုရင်းပဲ ဖြေပေးလဲရပါတယ် ဆရာ။ မအားလပ်တဲ့ကြားက မေးခွန်းတွေကို ပြန်လည် ဖြေကြားပေးတဲ့အတွက်လဲ ဆရာ့ကို ကျေးဇူးအရမ်းတင်ပါတယ်။ လေးစားစွာဖြင့် ၂။ ပုံပါတွဲပို့ပေးလိုက်ပါတယ်ဆရာ။ ဆေးသုံးမျိုးပါ။ သမီးက ဝချင်တယ်ဆိုလို့ ဆရာမက အဲဒီဆေးတွေ သောက်ခိုင်းပ

Eastern equine encephalitis (EEE) ကူးစက်ရောဂါ

Image
အမေရိကန်ပြည်ထောင်စု Massachusetts မှာ ကူးစက်မှုဖြစ်နေတယ်။  ဗိုင်းရပ်စ်ကြောင့်ဖြစ်ပြီး ခြင်ကနေတဆင့်ကူးစက်တယ်။ ရှားတော့ရှားတယ်။ ယူအက်စ်အေမှာ 30% သေဆုံးနိုင်တယ်။ ခြင်ပေါတဲ့ ပန်းခြံတွေပိတ်ထားရတယ်။ Eastern equine encephalitis ခြင်၊ ငှက်၊ မြင်းတွေကနေ ကူးစက်စေတယ်။ ၅ဝ-၇၅% သေဆုံးနိုင်တယ်။ ဒေါက်တာတင့်ဆွေ 

ကိုယ့်အသက်ကိုပြောရဲသူများ ဖြစ်ကြပါစေသတည်း

Image
နှစ်ပတ်လည်စာ။ ပြီးခဲ့တဲ့တနှစ်အတွင်းမှာလည်း အသက်မပြောပဲမေးတဲ့အရေအတွက် နည်းမသွားခဲ့ပါ။ ကလေး လူကြီးမသိရတော့ ဆေးအလေးချိန် မှားနိုင်တယ်။ မြန်မာလူမျိုးတွေ ကိုယ့်ကို ကုသပေးနေတဲ့ ဆရာဝန်ကို ကိုယ့်အသက်ပြောရဲတဲ့ သတ္တိမွေးကြစေချင်တယ်။ ဆေးရုံမှတ်တမ်းဆိုတာ ဖေ့စ်ဘွတ် ပရိုဖိုင်း မဟုတ်ပါ။ အများစုက ကျား-မ လည်း မပြောကြပါ။ ဒေါက်တာတင့်ဆွေ ၂၆-၈-၂၀၁၈

Politics Over Health သမတရွေးကောက်ပွဲ ကျန်းမာရေးသင်္ခန်းစာ

Image
ဒေါ်နယ်ထရမ့်က ၂၀၁၆ ကနေ ၂၀၂၀ ခုနှစ်အကုန်အထိ သမတဖြစ်တော့ ၂၀၂၀ မှာ ကိုဗစ်ကပ်ရောဂါကြီး ဖြစ်တယ်။ အိမ်ဖြူတော်ကနေ နေ့တိုင်းလိုလို စကားပြောတယ်။ 1. Hydroxychloroquine ခေါ် ငှက်ဖျားဆေးကို ကိုဗစ်ပျောက်တယ်ဆိုပြီး အိမ်ဖြူတော်ကနေ ကြော်ငြာတယ်။ 4 years old: Hydroxychloroquine, Trump and Covid-19 2. Bleach ခေါ် ချွတ်ဆေး ခေါ် ပိုးသေဆေးကို ထိုးကြဘို့ ဒေါ်နယ်ထရမ့်က ဆော်သြတယ်။  04/23/2020 Trump suggested injecting bleach 3. ဒေါ်နယ်ထရမ့်နဲ့ ရီပတ်ဘလီကန် အုပ်ချုပ်ရေးမှူးတွေက ကိုဗစ်ကာကွယ်ဆေး မထိုးရေးဘက်က နေခဲ့ကြတယ်။ Donald Trump is the first U.S. President to be on the record as having anti-vaccination attitudes. (Journal of Experimental Social Psychology Volume 88, May 2020, 103947) 4. ဒေါ်နယ်ထရမ့်နဲ့ ဒုသမတ မိုက်ပင့်စ်တို့က နှာခေါင်းစည်းမတပ်ရေးဘက်ကနေ နေခဲ့ကြတယ်။ ရီပတ်ဘလီကန် အုပ်ချုပ်ရေးမှူးတွေရှိတဲ့ပြည်နယ်တချို့မှာ နှာခေါင်းစည်းတပ်ရင် ရာဇဝတ်မှုတဲ့။ What It Means When Trump Doesn't Wear A Mask (May 8, 2020) ကျန်းမာရေးနဲ့ လူ့အသက်အထက်မှာ နိုင်ငံရေးရှိသတဲ့။ အခုလည်း အမေရိကန်တဝက်လောက်က ဒေါ်နယ်ထရမ့်ကိုဘဲ မဲပေးကြ

Beautiful scenes ကဗျာသမား

Image
ကဗျာသမားတချို့က သာသာယာယာနေရာလေးတွေဆီ သွားလာပြီး ကဗျာရေးချင်သတဲ့။ ကဗျာသမားတချို့က သောက်စရာတခုခု သောက်စားရင်း ကဗျာရေးချင်သတဲ့။ ဆရာဝန်နဲ့တော့ မတူကြပါ။ ကျွန်တော် ဆေးပညာစာတွေရေးနေတာ ၁၅ နှစ်ကျော်ပြီ။ ဆေးကျောင်းမှာသင်တဲ့ ဆေးပညာတခန်းပြီးတခန်း စီစဉ်ပြီး မရေးပါ။ ခေါင်းကိုက်လို့ဆရာ။ ခေါင်းကိုက် ဖြစ်စေ ပျောက်တဲ့စာ။ ကိုယ်ဝန်ရှိစ၊ သုံးလေးလ၊ မွေးတော့မယ်ဆရာ။ ကိုယ်ဝန်အကြောင်း ဖြစ်ကြောင်းကုန်စင်။ ကလေးကဗိုက်နာ ညမှာမအိပ်ရ။ ကလေးဆေးပညာထဲက သက်ဆိုင်တာထုတ်နှုတ်ရေးရ။ ကုန်ကြမ်းဆိုတာ မေးခွန်းတွေထဲမှာ။ ဆရာဝန်ဆိုတာ ကဗျာဆရာတွေလို ဈာန်ဝင်မှ စာရေးရတာမဟုတ်ပါ။  သာသာယာယာနေရမှာ ဝေဒနာ မတွေ့ပါ။ လက်ဖက်ရည်ဆိုင်မှာ ရောဂါဗေဒ ကျမ်းမရှိ။ သို့သော် မက်စင်ဂျာနဲ့ ဘုန်းတော်ကြီးကျောင်းမှာ သွေးတိုး ဆီးချို ကိုလက်စထော ပေါ၏။ ဒေါက်တာတင့်ဆွေ

အမေး မဟော်သဓာ

Image
ဆရာတော်တပါးတင်ထားတာ = ကိုယ်က အသက်ကြီးတဲ့ လူကြီးဖြစ်တာမို့ လူငယ်တွေကို တခုခုသင်ပေးချင်တယ်ဆိုရင် မေးခွန်းထုတ်တတ်ဖို့ပဲ သင်ပေးလိုက်ပါ။ တပည့်တော် မေးနည်းစည်းကမ်းကို အခါတထောင်လောက်တင်ရပါတယ်။  ကျန်းမာရေးမေးသူတွေက အသက်-ကျား-မ မပြောဘဲမေးကြတယ်။ ဖြစ်နေတာ ဘယ်လောက်ကြာပြီလည်း မပြော။ ဘာဆေးသောက်ရမလဲသာ မေးကြတယ်။ တချို့ကတော့ သူများဖြစ်တာကို ကိုယ်ဖြစ်တာလိုလို မေးကြတယ်။ တချို့ကတော့ သမီးတဲ့။ မေးတဲ့သူရဲ့ သမီး (မြေးမလေး) လား လို့ ပြန်မေးရတယ်။ တချို့ကတော့ သားကောင်မလေးတဲ့။ ချွေးမလား ပြန်မေးရတယ်။ တချို့ကတော့ သူတို့အဘကိုသာမေးတယ်။ဆရာဝန်ကို မမေးပါ။ တချို့ကတော့ အပြည့်အစုံ သိချင်ပါတယ်တဲ့။ တချို့ကတော့ ဖြေတာ ဆရာဝန်ကလျှာရှည်လို့တဲ့။ အဖြေ နွားကျောင်းသား။ (ပုံအတွက် ကျေးဇူး) ဒေါက်တာတင့်ဆွေ

Health sex ratio ယောက်ျားနဲ့ မိန်းမ ဘယ်သူကပိုကျန်းမာသလဲ

Image
(၁၀ နှစ်တိတိကစာ) ဘုန်းကြီးတပါးက မိန့်တယ်။ တကာကြီးတော့ ဇီဝိတဒါနလုပ်ရလို့ ကျန်းမာနေပုံဘဲတဲ့။ တကာကြီးရေးတဲ့ စာတွေကို တကာမတွေက ပိုဖတ်ကြတယ်ထင်တယ်တဲ့။ တင်ပါ့ဘုရား၊ တပည့်တော် ယမုန်နာဆေးခန်းလေးမှာ လာတဲ့လူနာတွေရဲ့ ၆၅% က အမျိုးသမီးတွေဖြစ်ကြတယ်။ တခါက မေးခွန်းမေးတဲ့ အမျိုးသားတယောက်က သူမေးထားတာကို မဖြေသေးလို့ မိန်းကလေးတွေ မေးတာကိုမှသာဖြေတဲ့ ဆရာဝန်လားလို့ ငေါ့တာခံလိုက်ရတယ်။  မြန်မာပြည်မှာနေ့၊ ကျွန်တော့ဆီမှာည။ ၁၂ နာရီနောက်ကျလို့ အပြောခံရတယ်။ ပြည်ပနိုင်ငံရေးလုပ်ကတည်းက (ဂျင်ဒါ) ဆိုရင် လန့်နေရတာ။  မေးခွန်းမေးတဲ့သူတွေကိုတော့ ဆန်းစစ်မှု မလုပ်အားသေးပါ။ အမျိုးသမီးအရေအတွက်က များနေမလားတော့ မပြောတတ်ဘူးပေါ့။ ကန်တော့။ အမျိုးသားတွေမေးတာတွေက ဖေ့စ်ဘွတ်မှာတင်ဘို့ မသင့်တာတွေလဲပါနေလို့ အရေအတွက် နည်းတာလဲ ရှိသေးပါတယ်။ မွေးလူနာ ၃၄၉ ယောက်ကလည်း အမျိုးသမီးတွေ။ ဒေါက်တာတင့်ဆွေ ၂၄-၈-၂၀၁၄

Ovarian Endometriosis အရည်အိတ်

Image
(ovarian endometrioma) ဆရာ အသက် ၃၃နှစ် အမျိုးသမီး  ဓမ္မတာပုံမှန်လာတယ် အိမ်ထောင်မရှိ ပါဘူး  ဘယ်ဘက်နံရိုးအောက်က အရမ်းနာနေလို့ပါဆရာ အသက်ရှုသွင်းလိုက်ရင်နာတာပိုသိသာတယ် ဘယ်ဘက်​စောင်းအိပ်လို့မရဘူး ညာဘက်ကို ဒူးကွေးပြီးစောင်းအိပ်မရဘူး ပက်လက်အိပ်ရင်သက်သာတယ် ဖြစ်တာ ၃ရက်လောက်ရှိပြီ အရမ်းမနာသေးဘူး ခုမနက် ပက်လက်အိပ်နေတာတောင်နာနေပါတယ် အရင်တစ်ခေါက်(တခေါက်)က အဲ့လိုနာဖူးပါတယ် 27.7.2024 အဲ့တုန်းက နံရိုးအောက်လက်သုံးလုံးနေရာကနေခါးနောက်ဘက်ထိပါ ဆေးခန်းပြတယ် ဆေးထိုးပေးလိုက်ပြီး အန်ထရာဆောင်းရိုက်ခိုင်းပါတယ် အဖြေကြည့်ပြီးသောက်ဆေးပေးပါတယ် အဖြေမှာကျောက်ကပ် အသည်းကောင်းတယ် သအိမ်(သားအိမ်)မှာသွေးလုံးတည်နေတယ် ဆိုဒ်သေးတယ် နောက်မှ OGသက်သက်ပြရမယ်ပြောပါတယ် အဲ့ကပြန်လာပြီးထပ်မသွားပြဖြစ်ပါဘူး ခုက ဘယ်ဘက်နံရိုးအောက်ဘက် အရမ်းနာလာလို့ နိုးသွားတာပါဆရာ အန်ထရာဆောင်းထပ်ရိုက်ရမှာပါလား  ဘယ်လိုပြောပြီးရိုက်ရမလဲဆရာ ဖြေပေးပါနော်ဆရာ အာထွာဆောင်းအဖြေစာ အောက်ဆုံးကစာကြောင်း သိပါသလား။ ဆရာ မဖတ်တက်(မဖတ်တတ်)လို့ ပုံရိုက်ပို့ပေးလို့ရမလားရှင် ခွင့်တောင်းပါတယ်နော် စာကြောင်းနေရာကိုသာ သိလို။ အန်ထရာဆောင်းရိုက်ပေးတဲ့ဒေါက်တာက အသည်း ကျောက်ကပ်ကောင်းတယ် ဓမ

Wegovy ကိုယ်အလေးချိန်ကျဆေး

Image
နှလုံးရောဂါကနေ နောက်ဆက်တွဲဖြစ်နိုင်တာတွေကိုလည်း သက်သောစေနိုင်တယ်လို့ ဒီနေ့ထွက် သတင်းတခုက ဆိုပါတယ်။ Wegovy ဆေးကို FDA က ဆီးချိုဆေးအဖြစ် အတည်ပြုထားပြီးဖြစ်တယ်။ ကိုယ်အလေးချိန်လည်းကျစေတယ်။ လေ့လာမှုအသစ်တခုအရ သုံးနေသူ ၄၄% တို့မှာ နှလုံးရောဂါကနေ နောက်ဆက်တွဲဖြစ်နိုင်တာတွေကိုလည်း သက်သောစေနိုင်တာလည်း တွေ့လာရတယ်။ ဆေးကို Novo Nordisk ကနေ ထုတ်တယ်။ ၄၁ နိုင်ငံက နှလုံးရောဂါအခံရှိသူ လူပေါင်း 17,000 ကျော်ကိုလေ့လာတယ်။ ၃၄ လအကြာမှာ နှလုံးရောဂါကနေ နောက်ဆက်တွဲဖြစ်တာနဲ့ သွေးတိုးကိုပါ ကျစေတယ်လို့ တွေ့လာရတယ်။ ဒေါက်တာတင့်ဆွေ

Lung cancer vaccine trials အဆုတ်ကင်ဆာကာကွယ်ဆေးစမ်းသပ်မှု သတင်း

Image
mRNA lung cancer vaccine လို့ခေါ်ပါတယ်။ အဆုတ်ကင်ဆာကြောင့် နှစ်စဉ် လူပေါင်း ၁့၈ သန်းသေးဆုံးနေရတယ်။ ရောဂါဖြစ်ရင်လည်း ၅ နှစ်အသက်ရှင်နှုန်း နည်းတယ်။ ဆောရီး။ စမ်းသပ်နေတဲ့ အဆုတ်ကင်ဆာကာကွယ်ဆေးကို BNT116 လို့ခေါ်ပြီး ဗြိတိန်နိုင်ငံ BioNTech ကထုတ်လုပ်ပါတယ်။ အဆုတ်ကင်ဆာတွေထဲမှာ အများဆုံးဖြစ်တဲ့ non-small cell lung cancer (NSCLC) အတွက်ရည်ရွယ်ပါတယ်။ စမ်းသပ်လေ့လာမှု ပဌမအဆင့်ကို ယူကေ၊ ယူအက်စ်၊ ဂျာမနီ၊ ဟန်ဂေရီ၊ ပိုလန်၊ စပိန်နဲ့ တူရကီနိုင်ငံတွေမှာ လုပ်ဆောင်နေပါတယ်။ Janusz Racz receives the UK trial’s first injection of BioNTech’s mRNA cancer immunotherapy for non-small cell lung cancer at University College London hospital. Photograph: Aaron Chown/PA ဒေါက်တာတင့်ဆွေ

Imperfect မပြည့်စုံပါ

Image
သမီးစိတ်ဝင်စားလို့ မေးကြည့်ချင်ပါတယ်။ ကွန်ပြူတာရှေ့မှာ မေးခွန်းတွေဖြေရတာနဲ့ လူနာကို ဆေးခန်းမှာ လက်တွေ့ကုရတာ ဆရာ့ရဲ့စိတ်ခံစားချက်အနည်းငယ်သိချင်မိနေပါတယ်ရှင့်။ ခံစားချက်ရယ်တော့ မဟုတ်ပါ။ တချို့မေးတာတွေကိုတော့ စာနဲ့ဖြေတာက ကုသပေးရသလိုလို၊ တချို့ကိုတော့ အသိပညာပေးရသလိုလို၊ တချို့ကတော့ မျက်မမြင် ဆင်စမ်းခိုင်သလိုလိုဖြစ်တယ်။  မျက်စိနဲ့ နားနဲ့ လက်နဲ့ လုပ်ပေးဖို့ လိုတာတွေအတွက်တော့ အားမရပါ။ ဆရာဝန်ကိုယ်တိုင်က လူနာလိုဖြစ်ရတယ်။ လူနာကို ကိုယ်တိုင်တွေ့ပြီးကုသရတဲ့အခါတွေမှာလည်း အားမရတာတွေရှိပါတယ်။ လူနာက မေးတာကို ဓမ္မဒိဋ္ဌာန်ကျကျ ပြန်ဖြေသူမျိုးဆိုရင် အဆင်ပြေတယ်။  ဆရာဝန်ကိုယ်တိုင်ကလည်း ဇီဝကမဟုတ်ပါ။  ကျွန်တော့်လောကမှာ ပြီးပြည့်စုံတယ်ဆိုတာ မရှိခဲ့ပါ။ မည်သူ ပြည့်စုံပါသနည်း။  ဒေါက်တာတင့်ဆွေ ၂၂-၈-၂၀၁၇

Mpox မျောက်ကျောက်ရောဂါ

Image
မျောက်ကျောက်ရောဂါ ထိုင်းနိုင်ငံကို ရောက်လာပြီတဲ့။ ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသားတွေ အများကြီး။ ရောဂါကင်းကြပါစေသတည်း။ ၂၁-၈-၂၀၂၄ The New York Times Thailand Reports Mpox Case in Traveler Who Arrived From Africa Al Jazeera Thailand says mpox detected in European who travelled from Africa ၁၄-၈-၂၀၂၄  WHO declares mpox outbreak a global health emergency WHO က မျောက်ကျောက်ရောဂါကို အရေးပေါ်အဖြစ်ထုတ်ပြန်လိုက်ပါတယ်။ Mpox မျောက်ကျောက်ရောဂါ ဆိုတာ (၉ မေ၊ ၂၀၂၂ နေ့က VOM မှာ ဖြေကြားခဲ့တဲ့စာ) Monkeypox မန်းကီးပေါက်စ် မျောက်ကျောက်ရောဂါ ဆိုတာဘာလဲ၊ ဘယ်လို ကူးစက်တတ်သလဲ၊ ဒီရောဂါ ကူးစက်မခံရအောင် ဘယ်လို ကာကွယ်နိုင်သလဲ ဆိုတာတွေနဲ့ ပတ်သက်ပြီး ကျန်းမာရေး ဆောင်းပါးတွေကို တစိုက်မတ်မတ် ရေးသားဖြန့်ဝေပေးနေတဲ့ ဒေါက်တာတင့်ဆွေ က VOM ပရိတ်သတ်တွေအတွက် အခုလို မျှဝေပေးထားပါတယ်။  အမေရိကန် CDC ခေါ် ကူးစက်ရောဂါများ ထိန်းချုပ်ရေးဌာနက အခုစာရေးချိန် (၂၈ မေ၊ ၂၀၂၂) အထိ တင်ထားတဲ့ အချက်အလက်တွေ အရ၊ မန်းကီးပေါက်စ် Monkeypox ဆိုတာ၊ ရှားတဲ့ရောဂါဖြစ်တယ်။ monkeypox virus ဗိုင်းရပ်စ်ကနေ ဖြစ်စေတယ်။ Orthopoxvirus genus အုပ်စုထဲကဖြစ်တယ်။ အဲ

Premarin ဟော်မုန်းဆေး

Image
(ကန်တော့) ဆရာရှင့် ကျမအသက် ၄၃ နှစ်ပါ။ သားအိမ်နဲ့သားဥအိမ်ထုတ်လားတာ ၁ နှစ် ၇လပါ။ OG ပေးတဲ့ premarin 0.625 သောက်တာ ၆လရှိပါပြီ။ ဆက်သောက်လို့ရပါသလားဆရာ။ တခါတလေ ခါးနားကနာပါတယ်။ ဘာဆေးသောက်ရမလဲဆရာ။ Premarin ဟာ အီစထိုဂျင်ဟော်မုန်းဆေးဖြစ်တယ်။ စာဆေးပြားနဲ့ မွေးလမ်ည််ထည့် ခရင်မ် ရှိတယ်။ အသက်အရွယ်အရ သွေးဆုံးသူတွေနဲ့ အကြောင်းတခုခုကြောင့် သွေးဆုံးသူတွေကိုပေးတယ်။ အဲလိုအမျိုးသမီးတွေမှာ မျက်နှာနီမြန်းတာနဲ့ ဗဂျိုင်းနားခြောက်တာတွေကိုသက်သာစေမယ်။ အရိုးအားနည်းတာလည်း သက်သာစေမယ်။ ယောက်ျား ဆီးကျိတ်ကင်ဆာနဲ့ မိန်းမရင်သားကင်ဆာအတွက်လည်း သုံးနိုင်တယ်။ သတိထားစရာတွေတော့ရှိတယ်။ သားအိမ်ကင်ဆာနဲ့ နှလုံးရောဂါ။ သွေးကြောကျဉ်းရောဂါရှိသူ၊ သွေးခဲတတ်သူ။ ကိုယ်ဝန်ရှိနေသူ၊ ကလေးနို့တိုက်နေသူ၊ ရင်သားကင်ဆာရှိနေသူတွေ မသင့်ပါ။ ဘေးထွက်သက်ရောက်မှုတွေ  ဗဂျိုင်းနာကသွေး နည်းနည်းဆင်း၊ လိင်စိတ်ပြောင်း၊ သကြားဓါတ်ပြောင်း၊ ပိန်၊ ဆံပင်ကျွတ်၊ ပျို့အန်၊ ဝက်ခြံထွက်၊ ခေါင်းကိုက်၊ မိုင်ဂရင်းဖြစ်၊ သွေးဖိအားတက်။ ဆေးပေးနည်း Premarin ဆေးတပြားမှာ 0.3 mg, 0.45 mg, 0.625 mg, 0.9 mg, 1.25 mg ပါတယ်။ သွေးဆုံးလက္ခဏာတွေအတွက် 0.3 mg နေ့စဉ်သောက်ရတယ်။ လိုသေးရင်တိုးပေ

Medical Facts ဆေးပညာအချက်အလက်များ

Image
• နှလုံးသည် တနေ့လျှင် အကြိမ် ၁၀၀၀၀ ခုန်နေသည်။ • သွေးနီဥသည် ပျမ်းမျှ ရက်ပေါင်း ၁၂၀ အသက်ရှင်သည်။ • ကိုယ်ထဲမှာ သွေးနီဥပေါင်း ၂့၅ ထွီလီယန်ရှိသည်။ • စက္ကန့်တိုင်းမှာ သွေးနီဥအသစ်ပေါင်း ၂့၅ သန်း ထုတ်ပေးနေသည်။ • သွေးသည် မိုင် ၆၀၀၀၀ ခရီးသွားနေခြင်းဖြစ်သည်။ • သွေးနီဥတခုသည် သင့်ကိုယ်ခန္ဓာထဲ လှည့်လည်ရန်အချိန် ၂ဝ စက္ကန့်ထက်နည်းသည်။ • နှာချေခြင်းသည် ၁ နာရီ ၁၆၆ ကီလိုမီတာနှုန်း၊ ချောင်းဆိုးခြင်းသည် ၁ နာရီ ၁၀၀ ကီလိုမီတာနှုန်းရှိသည်။ • အဆုတ်၏မျက်နှာပြင်ဧရိယာသည် တင်းနစ်တကွင်းစာလောက်ကျယ်သည်။ • သင့်အဆုပ်သည် နေ့စဉ် လေ လီတာ ၂ သန်းကိုရှူနေသည်။ • အဆုတ်ထဲက ကပယ်လရီ ခေါ် သွေးကြောလေးများကို တခုနှင့်တခုဆက်လိုက်ပါက ၁၆၀၀ ကီလိုမီတာရှည်မည်။ • အသက်ရှူထုတ်ခြင်းမှ တနေ့ ရေလီတာဝက်ကုန်ဆုံးစေသည်။ • မိနစ်တိုင်းမှာ လေ ၆့၁၅ လီတာခန့်ရှူသွင်းနေသည်။ • အသက်ရှူနှုန်းသည် ကလေးများနှင့် အမျိုးသမီးများထက် ယောက်ျားတွေက ပိုမြန်သည်။ • မျက်စိသည် အရောင် ၁ သန်းကိုခွဲမြင်နိုင်ပြီး၊ အဝေးကြည့်မှန်ပြောင်းမှန်သမျှ ထက်သာသည်။ • အာရုံကြော၏တုန့်ပြန်မှုသည် ၁ နာရီ ၄၀၀ ကီလိုမီတာနှုန်းမြန်သည်။ • စက္ကန့်တိုင်းမှာ တစ်ရှူးအသစ်နှင့် ဆဲလ်အသစ်စုစုပေါင်း ၂၅ သန်း

Carcinogens ကင်ဆာဖြစ်စေနိုင်သည့် အကြောင်းခံများ

3 types of carcinogens carcinogen, any of a number of agents that can cause cancer in humans. They can be divided into three major categories:  1. chemical carcinogens (including those from biological sources),  2. physical carcinogens, and  3. oncogenic (cancer-causing) viruses. 1 Radiation 2 In prepared food 3 In cigarettes Others Gasoline (contains aromatics) Lead and its compounds Alkylating antineoplastic agents (e.g. mechlorethamine) Styrene Other alkylating agents (e.g. dimethyl sulfate) Ultraviolet radiation from the sun and UV lamps Alcohol (causing head and neck cancers) Other ionizing radiation (X-rays, gamma rays, etc.) Major carcinogens implicated in the four most common cancers worldwide In this section, the carcinogens implicated as the main causative agents of the four most common cancers worldwide are briefly described. These four cancers are lung, breast, colon, and stomach cancers. Together they account for about 41% of worldwide cancer incidence and 42% of can

Chili plant ငရုတ်ပင်

Image
ကနေ့ ဘုန်းကြီးကျောင်းမှာ ၉ ပါးသီလယူသူတွေ မွန်းမတည့်ခင် နေ့စာစားကြတယ်။ ကျွန်တော်က ငရုတ်သီးပါတဲ့ဟင်း လိုက်ရှာတာ မတွေ့။ ဒေါ်မြမြအေးက ကျောင်းကိုလှူထားတဲ့ ငရုတ်သီးမှုန့်ပုလင်းထဲက နည်းနည်းထုတ်ပြီး ဆီနဲ့ဆားလေး ထည့်တာ ယူလာပေးလို့ အဆင်ပြေသွားတယ်။ ကျွန်တော်က အစပ်မပါ စားမဝင်။ ဥပုသ်သည်တွေထဲမှာ မွန်၊ ရခိုင်၊ ကရင်နဲ့ ဗမာတွေပါတယ်။ ကျန်တဲ့သူတွေက အစပ်မကြိုက်ကြပါ။ ကျွန်တော်ကတော့ နိုင်ငံရေးမှာ တာဝန်ရှိစဉ်က ဥရောပနိုင်ငံတွေသွားတိုင်း ငရုတ်သီးပုလင်းလေး ထည့်ယူသွားပါတယ်။ အစပ်ကို ဘာလို့ကြိုက်ကြသလဲ။ စားနေကျလူကို စွဲစေတယ်။ အစပ်မပါရင် ဟာတာတာနေတယ်။ ကျွန်တော် ပြည်ပနိုင်ငံရေးလုပ်ရစဉ်က သူများတိုင်းပြည်တွေကို ခဏခဏသွားရတယ်။ ဆိုးတာက ဥရောပ၊ ငရုတ်သီးမရှိလို့။ အကြောင်းသိသွားတော့ အိမ်ကနေ ငရုတ်သီးကျော်ပုလင်းယူသွားတယ်။ ဟော်တယ်မှာစားရရင် ကျူနာ ဆင်းဒဝှစ်ချ်ကို ငရုတ်သီးကြော်နဲ့စားတယ်။  အမေရိက၊ ဥရောပနဲ့ နိုင်ငံတော်တော်များများမှာ ငရုတ်သီးမစားကြပါ။ အရသာတမျိုးကို မခံစားတတ်ကြတဲ့သဘော ဖြစ်မယ်။ ငရုတ်သီးစပ်တာကို အင်္ဂလိပ်လို Hot ပူတယ်လို့သာခေါ်တယ်။ သူတို့မစားလို့ စပ်တယ်လို့ မပြောတာလား။  - Capsaicin ငရုတ်မှာ ဆေးစွမ်းတွေ ရှိတယ်။  - မှိုပိ

Doctor's Moon လမျက်နှာ

Image
တင်ထားတဲ့စာ = Full moon ဖိုးလနတ်သား ကွန်မင့်တခု = လရောင်နှင့်အတူအဖြေတွေကိုပို့လိုက်တယ်ဆိုတာတွေ ဖတ်ချင်ပါတယ်ဆရာ။ ကျွန်တော် ကျန်းမာရေးမေးခွန်းတွေကို ဖြေနေတာ ဖေ့စ်ဘွတ်မပေါ်ခင် အီးမေးလ် ခေတ်ကတည်းက ဖြစ်ပါတယ်။ နယူးဒေလီမှာနေစဉ်က မြန်မာပြည်ထက် အချိန် တနာရီသာ နောက်ကျတယ်။ ယူအက်စ်အေရောက်တော့ ဒီအရပ်က ၁၂ နာရီလောက် နောက်ကျတယ်။ မြန်မာပြည် နေ့ခင်းမှာလာတဲ့မေးခွန်းတွေကို ကျွန်တော်ရတော့ ည။ လမျက်နှာမှာ အဖြေစာတွေရေးရတယ်လို့ တင်စားပါတယ်။ လမင်းမှာ မျက်နှာချင်းဆုံတယ်ဆိုသူတွေ၊ ဒေါင်းယာဉ်ပျံ ဘုံနံဘေးမှာလ စာရေးလို့ ထားချင်လှတယ်ဆိုသူတွေနဲ့ ဆရာဝန်ဘဝ မတူပါ။ ဒေါင်းယာဉ်ပျံ ဘုံနံဘေးမှာလ စာရေးလို့ ထားချင်လှတယ် https://burmese-spelling.blogspot.com/2023/07/blog-post_6.html ဒေါက်တာတင့်ဆွေ

ခရုသင်းရောဂါ ဖစ်ရောဂါ တေရောဂါ

Image
ဆရာအဲလိုလေတေဖစ်နေတာစိတ်အရမ်ညစ်ရပတယ်ဆေးနည်းလေလမ်းညွန့်ပေးပါ လင့်တွေ ပို့ထားပြီး။  ၁။ ခရုသင်း ရောဂါလင့် ၂။ ဖစ် ရောဂါလင့် ၃။ တေ ရောဂါလင့် ပို့တဲ့စာကို မဖတ်လိုပါက မမေးပါရန်။ Vitiligo ခရုသင်း https://dr-tint-swe.blogspot.com/2021/05/leukoderma-vitiligo.html P ပါပီ ဖစ် တေ မာ ကင်ဆာ https://burmese-spelling.blogspot.com/2023/01/p.html ကင်ဆာနဲ့ မာ ဖစ် တေ ပီး နက် ဂ ဘ အမျိုးတော်ကြသလား https://burmese-spelling.blogspot.com/2022/12/blog-post_287.html ပါပီ ကျိ တေ ဖစ် ကူးစက်ရောဂါများ https://burmese-spelling.blogspot.com/2022/08/blog-post_782.html ပါပီ ဖစ် တေ မာ ကင်ဆာ https://burmese-spelling.blogspot.com/2022/12/blog-post_685.html မာ ဖစ် တေ ပီး နက် ဂ ဘ နဲ့ ကင်ဆာအမျိုးတော်ကြသလား https://burmese-spelling.blogspot.com/2023/03/blog-post_237.html ဒေါက်တာတင့်ဆွေ

HIV ဆိုတာ

Image
ကာကွယ်ဆေးက အမြစ်ဖြတ်ဆေးက ထုတ်ဖို့နီးပြီးလာဆရာ HIV အပါအဝင် ဆေးပညာ နောက်းဆုံးရ သုတေသနတွေကို တင်ပြနေပါတယ်။ အဲဆေးက ဆရာ ကောင်းလာ စမ်းသပ်နေဆဲလို့ စာထဲမှာ ပါတယ်။ ဟုဟု ဆရာ တနေ့ အဲဆေးက ရမှာပါနော်ဆရာ ထပ်ဖြေရန် မရှိ။ မရှင်းဘူး ဆရာ ရောဂါထပ်ဖြစ်ရန် ရှိဘူးလာ အဲဆေးက ပေါ်တော့ပေါ်မယ်နော် ဆရာ ကြော်ငြာဆေး မေးခြင်းအား ဖြေကြားခြင်း ကြော်ငြာဆေးတို့၊ အရပ်ဆေးတို့၊ မမှန်တဲ့ဆေးတို့ဆို ပိုမေးလေ့ရှိကြတယ်။ HIV ဆိုတာ ဘာလဲ https://dr-tint-swe.blogspot.com/2022/12/hiv.html HIV Tests (1) စမ်းသပ်နည်းများ (၁) https://dr-tint-swe.blogspot.com/2021/05/hiv-tests-1.html HIV Acute infection ချက်ချင်းဖြစ်လာသော ကူးစက်ရောဂါ https://dr-tint-swe.blogspot.com/2021/09/hiv-acute-infection.html HIV survival outside the body ခန္ဓာကိုယ်အပြင်မှာ HIV ဘယ်လောက်ကြာရှင်သလဲ https://dr-tint-swe.blogspot.com/2023/11/hiv-survival-outside-body-hiv.html HIV/AIDS Myths and Facts (အိတ်ချ်အိုင်ဗွီ-အေအိုင်ဒီအက်စ်) အထင်မှား နဲ့ အမှန်တရား https://dr-tint-swe.blogspot.com/2023/09/hivaids-myths-and-facts.html HIV window period ကူးစက်မှု ရှိမရှိ သိနိုင်အော

Doctor ဒေါက်တာ

Image
(ကိုယ်တိုင်ရေးတဲ့ ဆိုင်းဘုတ်လေးတခုကို ခဏခဏထုတ်ပြနေပါသည်။ နှစ် ၅၀ ကျော်ပြီ။) ဆရာရှင့် Doctorate and Doctor ကို ယခုအခါ မြန်မာတွေက အတူတူ သဘောထား သုံးလာကြပါတယ်။ ဈေးရောင်းသူ ကအစ ဘုန်းဘုန်းတွေအဆုံး စီးပွားရေး ပညာရေး ဘာသာရေးဘွဲ့တွေ မှာ ဒေါက်တာဆိုတာတွေတပ်နေကြပါတယ်။ တကယ် ဆေးကုတဲ့ ဘွဲ့ရထားသူ MBBS တွေနဲ့ ထင်ယောင်တင်မှားအဖြစ် ရောက်ရှိနေပါတယ်။ တကယ်ဘဲ Doctorate ကို မြန်မာလို ဒေါက်တာလို့ ခေါ်ရတာလား။ ပါရဂူလို့ ခေါ်ရင် ပိုမမှန်ဘူးလားရှင့်။ Doctor ဒေါက်တာဆိုတာ အဓိပ္ပါယ် (၃) မျိုးရှိပါသတဲ့။ Doctor ပါရဂူဘွဲ့ရထားသူ၊ Physician သမားတော်နဲ့ Surgeon ခွဲစိတ်ဆရာဝန်။ Doctor ကို နာမည်ရှေ့မှာ Title ကင်ပွန်းတပ်ခေါ်ရတာဟာက လက်တင်စကားကနေလာပြီး၊ စာလုံးပေါင်းရော အဓိပ္ပါယ်ပါတူတယ်။ လက်တင်ကြိယာ သင်ကြားသည်၊ သင်ကြားရန်ကနေလာတဲ့ နာမ်စာလုံး Docēre ဆိုတာ ဖြစ်တယ်။ ဥရောပမှာ တက္ကသိုလ်တွေစပေါ်ကတည်းကနေ ဂုဏ်ပြုခေါ်လာနေခဲ့တာပါ။ ဒိနောက် ကိုလိုနီနယ်တွေဆီ ရောက်တယ်။ အမေရိကန်နဲ့ မြန်မာနိုင်ငံလည်းပါတယ်ပေါ့။ Doctorate-level degree ပါရဂူဘွဲ့နဲ့ အဆင့်တူတာ ရထားသူကို Dr. နဲ့ Dr တပ်ခေါ်တာဟာ စာသင်နေတဲ့ ပညာရှင်ဆရာတွေရော သုတေသနပြုနေသူ ပညာရှင်တွေပါ အကြ

Long tongue လျှာရှည်တဲ့ဆရာဝန်

Image
လွန်ခဲ့တဲ့ ၁၀ နှစ်တိတိက မေးခွန်းတခုရတယ်။  မေးတာက Ecee-2 ခေါ် အရေးပေါ် ကိုယ်ဝန်တားဆေး။ ဖြေတော့ သူကပြန်ရေးတယ် ရလာဒ်ကို မေးတာလေ။ Side Effect ကို သိချင်လို့ မေးတာလေ။ သမိုင်းကြောင်းကိုမေးနေတာမှ မဟုတ်ပဲ။ အဖြေလွဲနေပါတယ် တဲ့။ ဆောရီး။ ရလဒ်လို့သာ ရေးရတယ်။ စာထဲမှာ ဘေးထွက်ဆိုးကျိုး အားလုံးပါတယ်။ ဆေးပညာစာတွေကို အကြောင်းအရာတခုလုံး ရေးထားရတယ်။ မေးခွန်းလာရင် တန်းပို့ပေးပါတယ်။ မသိချင်တာပါရင် ကျော်သွားနိုင်ပါတယ်။  ဆရာဝန်တွေက အရင်ဆုံး ရောဂါအမည်သိအောင်လုပ်ရတယ်။ ကုသပေးမယ်။ လိုအပ်ရင် ပညာပေးရတယ်။ တချို့ တိုတိုတဲ့။ တချိုက စုံအောင်တဲ့။ မေးခွန်းထဲမှာ တိုတို ရှည်ရှည်မပါတော့ ဆရာဝန် အဖြေမှားရော။ မေးတာထက်ပိုပြောမိလို့ အငေါက်ခံရတာတော့ အဲဒီတခါသာကြုံရသေးတယ်။ ကိုကို တာတီပိုး ဆိုတဲ့ အိုင်ဒီကနေ မေးတာပါ။ ဒေါက်တာတင်ဆွေ ၁၇-၈-၂၀၁၄

Taste change လျှာအရသာပျက်ခြင်း

Image
  မင်္ဂလာပါဆရာ ကျမ ကအသက် ၃၈ နှစ် အမျိုးသမီး ဖြစ်ပါတယ်။ အိမ်ထောင်ရှိပါတယ် ၂နှစ်၆ လ သား တယောက် ရှိပါတယ်။ ့ မှာနေပါတယ်။ ရာသီ ပုံမှန်လာပါတယ်ရှင်။ ကျမ လျှာမှာ ခါးသလို ချိုသလိုခံစားရတာ ၃ လလောက် ရှိပါပြီ  အဲဒါ က ပါးစပ်ကဖြစ်တာလား နှုတ်ခမ်းကဖြစ်တာလားတော့ သေချာမသိပါဘူး လျှာနဲ့ထိတဲ့နေရာတွေမှာ ချိုတဲ့အရသာ ခံစားရပါတယ် အစကတော့ ကျမက ကလေးလိုချင်နေတော့ ပါးစပ်ပျက်ချင်တာလားထင်ခဲ့ပါတယ် ဒါပေမဲ့ မဟုတ်ပဲ ရာသီ ပုံမှန်လာနေပါတယ်ဆရာ။  ကျေးဇူးပြုပြီး အကြံလေးပေးစေချင်ပါတယ် ကျေးဇူးတင်ပါတယ်ဆရာ။ လျှာအရသာပျက်တာ အကြောင်းအမျိုးမျိုးကနေ ဖြစ်စေနိုင်တယ်။ တချို့မှာ အရသာကို မရှိဖြစ်တယ်။ Ageusia ခေါ်တယ်။ အလွန်ရှားတယ်။  အဖြစ်များအကြောင်းခံများ ခံတွင်း အင်ဖက်ရှင် ခေါ် ပိုးဝင်ခြင်း။ ဘဲလ်စ်ပေါ်လစီ ခေါ် မျက်နှာတခြမ်းလေဖြတ်ခြင်း၊ တချို့ဆေးတွေ၊ ဦးခေါင်း ထိခိုက်ခြင်းတွေကနေ ဖြစ်စေနိုင်တယ်။ Medications ဆေးတွေကတော့ - Ampicillin Azithromycin (Zithromax) Ciprofloxacin (Cipro) Clarithromycin (Biaxin) Griseofulvin (Grisactin) Metronidazole (Flagyl) Ofloxacin (Floxin) Tetracycline Carbamazepine (Tegretol) Phenytoin (Dilantin) Amitriptyline (

DiGeorge syndrome ရောဂါ

Image
ကွန်မင့်တခု = ကျမကလေး လက်ရှိကလေးဆေးရုံကြီးမှာပါ သူ့ဖခင်ဘက်မှဗီစချို့ယွင်းမှုကြောင့်ရိုမီုဇုမ်ချိုးယွင်းပြီး DiGeorge syndrome ရောဂါသည်လေးအဖြစ် မွေးလာပါတယ် နောက်ဆက်တွဲဆိုးကျိုးက နှလုံးရောဂါပါ လက်ရှိ၃ လပြည့်ပြီ မွေးကင်းစဝိတ်ကနေမတက်လို့ ဆရာဝန်တွေစိုးရိမ်နေပါတယ် ၂ နာရီခြား ၄၀ ml တိုက်ရာကနေ ၃ နာရီခြား၇၅ ml ဒီနေ့ မြှင့်တင်ပေးကြပါတယ် မိခင်နို့ထဲ နို့မှုန့်ထည့်တိုက်တာပါ ဒါလည်းအန်မြဲအန်ဆဲပါဘဲ ဘယ်အထိ အန်မယ်မသိတော့ပါဘူး နို့သောက်ပြီးတိုင်း အန်လို့သနားလှပါပြီ ဒီတောင်ကျော်နိုင်ဖို့ အစွမ်းကုန်အားထုတ်နေဆဲပါ ဘာချို့ယွင်းချက်မပါဘဲပုံမှန်မွေးလာတဲ့ကလေးတွေကို အားကျမိပါတယ် မိခင်နို့သာ အကောင်းဆုံးပါ မိခင်နို့အပြင် ဖေါ်မြူလာနို့မှုန့်ကူစရာလိုမယ်မှန်း ယခင်ကမသိခဲ့ပါဘူး ကယ်လိုရီတိုင်းချိန်ဆပေးရတယ် မောလာပါပြီ ၃နာရီခြား ၃ လဆက်တိုက်နို့ထတိုက်ပေးရလို့ ရေရှည်မှာ မကျန်းမမာဖြစ်နိုင်ပါတယ်။ ဆောရီး။ DiGeorge syndrome ဆိုတာ မွေးရာပါရောဂါတမျိုးဖြစ်တယ်။ တသက်လုံးခံစားနေရမှာတွေရှိတယ်။ ဆောရီး။ နှလုံးချို့ယွင်းမှုနဲ့ စာသင်ကြားမှုထိခိုက်ခြင်းတွေ ဖြစ်တယ်။ မွေးဖွာလာပြီးနောက် ကလေးအတွက် နို့နဲ့ အစားအသောက်အတွက် တခြားကလေးတွေနဲ့ ကွာခြာ

Medicare negotiation lowers drug prices ကျဆင်းလာမည့် ဆေးဈေးနှုန်းများ

Image
(ယနေ့ထွက်သတင်း။ ယူအက်စ်အေမှာ ၂၀၂၆ ခုနှစ်က စတင်ပါမည်။ တခြားတိုင်းပြည်တွေကိုလည်း အကျိုးရှိစေပါမည်။) 1. Diabetes ဆီးချိုဆေး Januvia ဆီးချိုဆေး $113 (£103), down 79% 2. Diabetes ဆီးချိုဆေး Fiasp, Fiasp FlexTouch, Fiasp PenFill, NovoLog, NovoLog FlexPen, NovoLog PenFill $119, down 76% 3. Diabetes ဆီးချိုဆေး Farxiga $178.50, down 68 % 4. Rheumatoid arthritis, psoriasis and psoriatic arthritis အဆစ်နာအမျိုးမျိုးအတွက်ဆေး Enbrel $2,355, down 67% 5. နှလုံးနိုင်အောင်မလုပ်နိုင်တော့ခြင်းအတွက်ဆေး Entresto $628, down 53% 6. သွေးကင်ဆာဆေး Imbruvica $9,319, down 38% 7. ဆီးချိုဆေး၊ နှလုံးနိုင်အောင်မလုပ်နိုင်တော့ခြင်းအတွက်ဆေး၊ နာတာရှည်ကျောက်ကပ်ရေးဂါအတွက်ဆေး Jardiance $197, down 66% 8. ဆိုရီယေးဆစ်ရောဂါ၊ ဆိုရီယေးဆစ်အဆစ်နာရောဂါ၊ ခရုမ်းရောဂါ၊ အူမကြီးအနာရောဂါအတွက်ဆေး Stelara $4,695, down 66% 9. သွေးခဲခြင်း၊ နှလုံးသွေးကြောပိတ်ခြင်းနှင့် အဖျားအနာသွေးကြောထဲသွေးခဲခြင်းရောဂါများအတွက်ဆေး Xarelto $197, down 62% 10. သွေးခဲခြင်းကာကွယ် ကုသဆေး Eliquis $23, down 56% US strikes deal to cut cost of 10 drugs for Medicare user

မလိုအပ်တာ ဘယ်အရာမဆို ဘယ်အခါမှ မလုပ်သင့်

Image
ဆရာရှင့်ကိုယ်ဝန်ဆောင်သည်ကဓါတ်ဆားရည်ကိုမလိုအပ်ဘဲနေ့တိုင်းသောက်လို့ရပါသလားရှင့် ကလေးအသားဖြူအောင် Royal D ဓါတ်ဆားသောက်တယ်ပြောနေကြလို့ပါ ကျေးဇူးပြု ပြီးဖြေကြားပေးပါရှင့် မလိုအပ်တာတော့ ဘယ်အရာမဆို ဘယ်အခါမှ မလုပ်သင့်။ အသားအရေအရောင်ဆိုတာ မျိုးဗီဇနဲ့ဆိုင်တယ်။ ဂျီးန် ခေါ် မျိုးဗီဇကို ဘယ်ဆေးနဲ့မှ ပြောင်းမရပါ။ အဲတာကြောင့် ကင်ဆာပျောက်ဆေး၊ အသားဖြူဆေး၊ အရပ်ရှည်ဆေး၊ မျကိစ်ပါဆေး မပေါ်သေးတာ။ နေပူထဲထွက်ရင် နေလောင်လို့ အရောင်ပြောင်းမယ်။ ဂျွန်းဒစ် ခေါ် အသားဝါရောဂါဖြစ်ရင် ဝါမယ်။ မိတ်ကပ်လိမ်းထားရင် မိတ်ကပ်ရောင်ဖြစ်မယ်။  ဆေးနည်းပေးသူဟာ ဆရာဝန်လား ဆေးရောင်းသူလား သိသင့်တယ်။ ဒေါက်တာတင့်ဆွေ ၁၅-၈-၂၀၁၈

Question မေးလိုပါက

Image
မဂ်လာပါဆရာ မေးစရာစကားပုံလေးရှိလို့ပါဗျ မေးလို့ ရမလားဗျ မေးလိုတာကို တခါတည်းရေးရင် တခါတည်းနဲ့ ပြီးပါတယ်။ ခွင့်တောင်းနေစရာ မလိုပါ။ ဖြေတတ်ရင်တော့ ဖြေပါမယ်။ ကျန်းမာရေး မေးတာဆိုရင်တော့ ဖြစ်တဲ့သူ (မေးတဲ့သူ မဟုတ်) ကလေး-လူကြီး၊ အသက်-ကျား-မ နဲ့ ရောဂါအကြောင်း ထည့်ရေးရပါမယ်။ စာရေးတာ သတ်ပုံ မမှန်လည်း မေးတာကို နားလည်ရင် ဖြေပါတယ်။ ဒေါက်တာတင့်ဆွေ

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Image
(ရေးထာတာ ၁၂ နှစ်ရှိပြီ။) ကနေ့ထွက် ဆေးသုတေသနသတင်း။ ကျွန်တော် ၆ နှစ်ကရေးထားတာကို ပိုခိုင်မာစေပါတယ်။ How the humble cabbage can stop cancers မုန်လာအမျိုးမျိုးတွေ ကင်ဆာအတွက် https://www.bbc.com/news/health-45171651 ဆရာရှင့် ကျမက အခုကင်ဆာဝေဒနာရှင်ပါ။ ရင်သားကင်ဆာအဆင့် ၂ လို့မှတ်ချက်ပေးထားပါတယ်။ မျိုးရိုးလဲမရှိပါ။ အသက်က ၃၈ အိမ်ထောင်မရှိပါ။ ခွဲစိတ်မှုကိုလည်းပြုလုပ်ပြီးပါပြီ။ အခုကီမိုကိုလည်း စသွင်းနေပါပြီ။ ပထမအချောင်း ပြီးသွားပါပြီ။ စားသောက်ရမယ့်အစားနဲ့ ဆောင်ရန်ရှောင်ရန်တွေကို သိချင်ပါတယ်။ တချို့ကနီသောအသားမစားရဘူး၊ တချို့က သွေးအားကောင်းအောင် အမဲသား၊ အမဲအသည်းစားပေးပါ။ တစ်ချို့က ဟင်းရွက် (တို့စရာအရွက်) များ၊ အစိမ်းမစားရဘူး၊ တချို့က အရွက်စိမ်းအရေကြိတ်သောက်ပေးရတယ် ပြောကြပါတယ်။ ကျေးဇူးပြု၍ဆရာမှအကြံဉာဏ်ပေးတာကိုလက်ခံလိုပါတယ်ရှင်။ ကင်ဆာဆိုတာ အစားအသောက်ရှောင်ရတာ မရှိပါ။ လူတိုင်းစားတဲ့အစာ၊ ကိုယ်စားနေကျအစာ အကုန်စားနိုင်တယ်။ 1. အစာတမျိုးထဲကနေ ကင်ဆာကို နိုင်အောင် မကူနိုင်ပါ။ 2. အရောင်တွေစုံတာ ကောင်းတယ်။ 3. ကင်ဆာတိုက်စရာ မနက်စာစားပါ။ 4. ဖေါလိတ်များတာ စားပါ။ 5. ဆိုင်စာတွေ သတိနဲ့စားပါ။ 6. ခရမ်းချဉ်းသီးတွေက တပ်

Urine ဆီးထဲမှာ ဘာတွေပါသလဲ

Image
(ကန်တော့) ကွန်မင့်တခုရလို့ ရေးပါတယ်။ ရေးတဲ့သူက ဘီတာမင် ဘီနဲ့ စီက ရေမှာပျော်ဝင်လို့ ဆီးထဲပါတဲ့အတွက် ရောဂါတွေရတဲ့သဘော ရေးပါမယ်။ သူ့ကွန်မင့်ကို ပြန်ရှာနေတာ မတွေ့သေးပါ။ ဘီတာမင် အေ၊ ဒီ၊ အီးနဲ့ ကေတို့ဟာ အဆီမှာပျော်ဝင်တယ်။ ဘီနဲ့ စီက ရေမှာပျော်ဝင်တယ်ဆိုတာ မှန်တယ်။ ဒါပေမဲ့ ရေမှာပျော်ဝင်လို့ ဆီးထဲပါတာ မဟုတ်ပါ။ အဲတာကြောင့် ဘီနဲ့ စီ နည်းရတာလည်း မဟုတ်ပါ။ စကာဗီ ခေါ် ဘီတာမင်စီနည်းလွန်းတဲ့ရောဂါဆိုတာ လတ်ဆတ်တဲ့ အသီးအရွက်တွေကို ကြာကြာမစားသုံးရလို့သာ ဖြစ်တယ်။ ဟိုအရင် ပယ်လယ်ကူးသင်္ဘောတွေနဲ့ ခရီးသွားရသူတွေမှာ စကာဗီရောဂါဖြစ်တယ်။  အခုခေတ်မှာ ဘယ်အရပ်ကိုမှမသွားဘဲ လတ်ဆတ်တဲ့ အသီးအရွက်တွေ မစားသုံးရင် ဘီတာမင်ဘီ နဲ့ စီ နည်းနိုင်တယ်။ လူတွေရဲ့ ဆီးလမ်းကြောင်းစနစ်ဟာ ကျောက်ကပ်ကနေစတယ်။ ကျောင်းကပ်ကနေ ဆီးအိမ်ထဲကို ဆီးဆင်းပြွန်နဲ့ သွားတယ်။ ပြီးမှ ဆီးစွန့်ပြွန်ကနေ ဆီးထွက်တယ်။ ကျောက်ကပ်ပုံမှန်အလုပ်လုပ်နေရင် ခန္ဓာကိုယ်အတွက် မလိုတာတွေကိုသာ စစ်ထုတ်ပေးတယ်။ ပုံမှန်ဆီးထဲမှာ ရေဓာတ်နဲ့ ယူရီယာဓါတ်တွေ ပါတယ်။ ဒါ့အပြင် ပိုတက်ဆီယမ်၊ ဆိုဒီယမ်၊ ခရယတနင်း၊ စတဲ့ ဓါတ်ဆားတွေလည်းပါတယ်။  Urea ယူရီယာဆိုတာ အမိုးနီးယား။ စားသုံးထားတဲ့ အသားငါးနဲ့ အသီးအရ

‘Cancer Moonshot’ လကမ္ဘာ ကင်ဆာဆေးထိုးချက်

Image
၁၂-၉-၂၀၂၂ Joe's Cancer Moonshot ဂျိုး၏ လကမ္ဘာ ကင်ဆာဆေးထိုးချက် အခု ထွက်တဲ့သတင်း။ အမေရိကန်သမတဂျိုးဘိုင်ဒင်ရဲ့ ကင်ဆာနဲ့ပတ်သက်တဲ့ ဆန်းသစ်တဲ့ ဆောင်ရွက်ချက်တခု ဖြစ်ပါတယ်။ လက်ရှိကင်ဆာကြောင့် သေဆုံးနေရမှုကို လာမဲ့ ၂၅ နှစ်ဆိုရင် ထက်ဝက်ကျဆင်းစေရမဲ့ အစီအစဉ်သစ်ကို အစပျိုးလိုက်ပါတယ်။  အိမ်ဖြူတော်ကနေ ဘော့စတွန်သွားပြီး ချပြခြင်းဖြစ်တယ်။ ကနေ့ဟာ လကမာ္ဘပေါ်မှာ အခြေချနိုင်ခြင်းကို ဖြစ်ပေါ်လာစေမဲ့ မိန့်ခွန်းနှစ်ပတ်လည်နေ့လည်းဖြစ်လို့ အသုံးအနှုန်းမှာ လကမာ္ဘ ကင်ဆာဆေးထိုးချက်လို့ ခေါ်ပါသတဲ့။ ဘော်စတွန်မှာရှိတဲ့ ကနေဒီစာကြည့်တိုက်မှာ သမတ John F. Kennedy ကနေဒီရဲ့ ထင်ရှားတဲ့မိန့်ခွန်း ပြောခဲ့တယ်။ လွန်ခဲ့တဲ့ နှစ် ၆၀ က အနာဂတ်အာကာသခရီးစဉ်အကြောင်း။ ၁၉၆၂ ခုနှစ် ကျွန်တော် ဆယ်ကျော်သက်မှာ သတင်းကြားခဲ့ပါတယ်။ နောက် ၇ နှစ်အကြာ လပေါ်မှာ တကယ်ခြေချနိုင်ခဲ့တယ်။ ဖက်ဒရယ်အစိုးရရံပုံငွေတွေ ချပေးမယ်။ Biotechnology ဘိုင်အိုနည်းပညာ သုတေသနအတွက် သုံးစွဲမယ်။ အမေရိကန် ဆေးပညာသစ်တွေရှိချက်တွေကို တစိတ်တပိုင်းအားဖြင့် မြန်မာပြည်မှာလည်း အသုံးချနိုင်မယ်လို့ ယူဆမိပါတယ်။ ကင်ဆာလူနာတွေအတွက် မျှော်လင့်ချက်ဖြစ်တယ်။ ၁၃-၈-၂၀၂၄ ကနေ့ သတင်းအဆက်ထွက်ပါတ

Ulinafic Injection ဆေး

Image
မင်္ဂလာပါ ဆရာ သိချင်တာတခု​လောက်​မေးခွင့်ပြုပါ ဆရာ ကျွန်​တော့်အ​ဖေ အသက် ၇၃နှစ် မုန့်ချိုအိတ်​ယောင်တယ်​ပြောပါတယ်ဆရာ ဒီ​ဆေးကို မနက်တလုံး ည​နေတလုံးသွင်း​နေရပါတယ် အဲဒီ​ဆေးအ​​ကြောင်း တိတိကျကျ​လေး သိချင်လို့ပါဆရာ လေးစားစွာဖြင့် Ulinastatin for injection 100000 I.U. Ulinafic Injection ဆေးဟာ glycoprotein ဆေးဖြစ်တယ်။ acute pancreatitis ခေါ်ရုတ်တရက်ဖြစ်တဲ့ သရက်ရွကရောင်တာအတွေက် ပေးတယ်။ ရောဂါကြောင့် မလိုလားအပ်တဲ့ဓါတ်တွေများနေတာကို နည်းစေမယ်။ severe sepsis ခေါ် ပိုးဝင်ခြင်းအတွက်လည်း ပေးတယ်။ Pancreatitis သရက်ရွက်ရောင်ခြင်း https://dr-tint-swe.blogspot.com/2021/10/pancreatitis.html ဒေါက်တာတင့်ဆွေ