Posts

Showing posts from October, 2024

Chicken Wings ကြက်တောင်ပံ

Image
Chicken wing recipes you’ll want to eat all the time သတင်းကတော့ ကနေ့ထွက်တဲ့ CNN နဲ့ ပုံကလည်း ယူအက်စ်အေက ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်က မြန်မာပြည်ကသတင်းကို အခြေခံပြီး ရေးထားတာရှိတယ်။ အမျိုးသမီးတို့အတွက် ထိတ်လန့်ဖွယ် ကြက်တောင်ပံဆိုတဲ့သတိပေးစာ မကြာမကြာဖတ်ရပါတယ်။ ကြက်တွေကို ကြီးထွားမှု ပုံမှန်ထက်ပိုစေအောင် Steroids စတီရွိုက်ဆေးထိုးကြပါတယ်။ စတီရွိုက်ဆိုတာ ဟော်မုန်းတမျိုးဖြစ်တယ်။ စတီရွိုက်တွေကိုယ်ထဲရောက်ရင် ကိုယ်ထဲမှာရှိနေတဲ့ ဟော်မုန်းတွေ အချိုးအဆ မမှန်ဖြစ်စေမယ်။ အထူးသဖြင့် အမျိုးသမီးဟော်မုန်း ပိုကဲလာနိုင်တယ်။ ယောက်ျားတွေမှာလည်း မ-ဟော်မုန်းရှိနေတာပါ။ အင်တာနက်မှာ အဲလိုသတိပေးတာတွေက တဦးချင်းကနေ သူ့အသိမှာဘာဖြစ်တယ်လို့ ရေးကြတာတွေပါ။ ထိုင်းနိုင်ငံမှာ ကြက်ဖင်စီဘူးစားလို့ ယောက်ျားတွေ ရင်သားထွက်တယ်လို့လည်း ပြောကြတယ်။ စတီရွိုက်ကြောင့် ကိုယ်အလေးချိန် တိုးနိုင်ပါတယ်။ ယူအက်စ်၊ ကနေဒါနဲ့ ဥရောပမှာ ကြက်၊ ဘဲ၊ ဝက်၊ ကြက်ဆင်တွေကို စတီရွိုက်မထိုးဘို့တားမြစ်ထားပါတယ်။ ကြက်ခြံတိုင်းမှာတော့ မထိုးလောက်ပါ။ အများထင်ကြသလို စတီရွိုက်ထိုးအုံးတော့ ကြက်တောင်ပံမှာလာစုတယ်ဆိုတာ မမှန်ပါ။ တောင်ပံကို ဆေးထိုးပေမဲ့ အဲဒီနေရာမှာသာစုနေမယ်ဆိုတ...

The Cancer Couch Foundation ကင်ဆာဖေါင်ဒေးရှင်းက မိခင်တွေဟာ

Image
ဇွမ်ဘီး ခေါ် ဖုတ်ကောင်တွေလို ဝတ်ဆင်ပြီး Michael Jackson မိုက်ကယ်ဂျက်ဆင်ရဲ့ သီချင်းနဲ့ metastatic breast cancer သုတေသနအတွက် ရန်ပုံငွေရှာကြပါသတဲ့ Moms dress as zombies, dance to ‘Thriller’ to raise breast cancer research funds l GMA မြန်မာပြည်မှာတော့ ဘယ်ဘာသာရပ်မဆို သုတေသနလုပ်နိုင်တာ မရှိတော့ပါ။ ထင်တာကိုသာ  များတယ်၊ နည်းတယ်၊ ကောင်းတယ်၊ ဆိုးတယ၊ ဖြစ်စေတယ်၊ ပျောက်တယ်လို့ ပြောနေကြတယ်။ အဟုတ်မှတ်တဲ့သူ သိန်းပေါင်းများစွာ လိုက်နာနေကြတယ်။ https://www.youtube.com/watch?v=ShXfrogfcu8 Michael Jackson - Remember The Time (Official Video)https://www.youtube.com/watch?v=LeiFF0gvqcc ဒေါက်တာတင့်ဆွေ

ကလေး-လူကြီး-အသက်-ကျား-မ မသိရသူများ

Image
Unknown man or woman # 1 ဆရာရေ ကလေးအကြီး ၁ နှစ်နဲ့ ၃လ နောက်ကလေးယူချင်တယ် ရပါသလား  အသက် မသိ ရာသီ မသိ။ မေးနည်းစည်းကမ်း ပို့လိုက်တယ်။ Unknown woman # 2 ဆရာ မင်္ဂလာပါရှင့် သမီးမေးစရာရှိလို့ပါ မေးနည်းစည်းကမ်း ပို့လိုက်တယ်။ ဒီကနေမေးလို့ရလားရှင့်  မေးနည်း ပို့ထားပြီး  အသက်က ၁၉နှစ်ပါ မ ပါ ဝမ်းသွားတာ ကြာပြီရှင့် ထမင်းလဲမစားနိုင်ဘူးသိပ်ပြီး လူလဲအရမ်းပိန်သွားတယ် လမ်းနည်းနည်းလျှောက်တာနဲ့မောတယ် အဲ့တာဘာဖြစ်တာလဲရှင့် Diarrhea ဝမ်းပျက်ခြင်း https://doctortintswe.blogspot.com/2018/03/diarrhea.html နာတာရှည်ဝမ်းပျက်ခြင်းက တမျိုးရှိသေးတယ်။ Unknown man # 3 မင်္ဂလာပါ ဆရာခင်ဗျ မေးစရာလေး ရှိလို့ပါဆရာ ကျွန်တော် တကိုယ်လုံး ဘာကြောင့်မှန်းမသိ ယားနေလို့ပါဆရာ ကုပ်ရင်လည်း အပိန့်တွေ ဖြစ်လာတယ်ဆရာ ပြီးတော့ အသားရောင်က အနီပြင်တွေ ဖြစ်တယ်ဆရာ တကိုယ်လုံး မနေနိုင်အောင်ယားပါတယ် ဆရာ ကျွန်တော်ထင်တာ allergic ဖြစ်တာများလားဆရာ မနေနိုင်အောက်ကို ယားတာပါဆရာ။ ဘာဆေးများ သောက်ရမလဲ လမ်းညွှန်ပေးပါဦး ဆရာခင်ဗျာ ကျေးဇူးတင်ပါတယ် အသက် မသိ။ ဒါပေမဲ့ အဖြေလင့် ပို့ပါတယ်။ တစ် ၂ လုံးကို ပြင်လိုက်တယ်။ ဆောရီး။ Hives အင်ပျဉ် https://docto...

Abdominal aortic aneurysm (AAA) ဝမ်းဗိုက်အတွင်းက သွေးလွှတ်ကြောမကြီး တနေရာမှာ ဖေါင်းနေခြင်း

Image
မင်္ဂလာပါ ဆရာရှင့် ကျမ အမေရဲ့ အသက်က ၇၀ ပါ ဆီးချို သွေးတိုး ရှိပါတယ်ရှင့် နေမကောင်းလို့ဆေးခန်းပြတာ ဆရာဝန်က ဗိုက်မှာ သွေးကြောဖောင်းလို့ခွဲစိတ်ရမယ် ပြောပါတယ်ရှင့် ဆေးစစ်ထားတာလေးတွေ ကြည့်ပြီး ပြန်လည်ဖြေကြားပေးပါ ကျေးဇူးပါရှင် AAA ဝမ်းဗိုက်အတွင်းက သွေးလွှတ်ကြောမကြီး တနေရာမှာ ဖေါင်းနေခြင်း ကုသနည်းကိုသာ တင်ပြပါမယ်။ ဖေါင်းနေတာက ဘယ်လောက်ကြီးသလဲ၊ ဘယ်လိုခံစားနေရသလဲ အပေါ်မှာ မူတည်တယ်။ သေးပြီး ခံစားနေရတာမရှိရင် မခွဲသေးဘဲ နေနိုငတယ။ ဆေးလိပ်မသောက်ရ။ အာဟာရသင့်မှန်တဲ့ အစားအစာကိုသာစားသောက်ပါ။ တချို့ကတော့ သွေးတိုးကျဆေး၊ ကိုလက်စထောကျဆေး လိုမယ်။ အရွယ်အစားကြီးသူ ခွဲစိတ်ကုသရန် လိုတယ်။ AAA 5.5cm ထက် ကြီးတာကို ဆိုလိုတယ်။ အကြီးမြန်ပြီး နာရင်လည်း ခွဲရမယ်။ ခွဲစိတ်မှုမှာ အလွန်သတိထားစရာတွေ ရှိတယ်။ ခွဲစိတ်ဆရာဝန်က ရှင်းပြမယ်။ ပေါက်ထွက်ရင် အရေးပေါ်ကုသရမယ်။ ဒေါက်တာတင့်ဆွေ

Health Myths ကျန်းမာရေး အယူအဆအမှားများ

Image
၁။ အုန်းနို့ဟာ သွေးတိုးစေတယ်လို့ ပြောနေကြလို့ပါ။ အဲလိုပြောတဲ့သူတွေက သွေးတိုးအထူးကုဆရာဝန်တွေပါလား။ ဒီလိုပါပဲ၊ အစဉ်အဆက်သယ်ဆောင်လာခဲ့ကြတဲ့ စကားတွေပါ။ ငါးသလောက်စားရင် အကြောတက္မည်။ ငါးပြေမသည် တက်စာ အစရှိသဖြင့်။ ၂။ ဆရာမင်္ဂလာပါရှင့် အရိုးကြောအဆစ်ဆရာ၀န်ဆိုပြီး ဆေးခန်းဖွင့်ထားတာပါရှင့် ဒီလိုဘွဲ့တကယ်ရှိပါသလား မမြင်ဖူးလို့ပါရှင့် အသိမိတ်ဆွေတွေလည်း ဒူးနာခါးနာဆေးသွားထိုးနေကြတာတွေ့ရလို့ပါရှင့် ဒူးနာရင်ဒူးထဲထိုးပေးတယ်ရှင့် ခါးနာရင်ခါးထိုးပါတယ် ပို့ပေးတဲ့ ဆရာဝန်ဆိုင်းဘုတ်ကို မထည့်တော့ပါ။ ဟိုမီယိုပက်သစ် လို့ ဖတ်ရတယ်။ ဟိုမီယိုပသီဆေးပညာက ထိုးဆေး မသုံးပါ။  ရောထွေးလုပ်နေကြသူတွေ ရှိတယ်။ ခါးနာလို့ ခါးကိုဆေးထိုးတာမှာ ဆရာတို့လို ဆေးပညာဘွဲ့ရဆရာဝန်တွေကတော့ စတီရွိုက် ဆေး ထိုးပါတယ်။ ဒါပေမဲ့ လိုမှသာ ဖြစ်တဲ့ အဆစ်ထဲထိုးတယ်။ ဆေးထိုးပြီး ချက်ချင်းသက်သာမယ်။ ဆေးအစွမ်းကုန်တော့ ပြန်နာတယ်။ ဟိုခေတ်က ကြားဘူးတယ်။ အရပ်ဆေးဆရာတွေ့ ပခုံးနာရင် ပခုံးကို ဆေးထိုးပေးသတဲ့။ စတီရွိုက် ဆေးတော့ မဟုတ်။ ဆေးက ဈေးကြီးတယ်။ နောက်တမျိုးခက်တာက လူနာတချို့ကလည်း အဲလိုလုပ်မှ ဟုတ်တယ်ထင်ကြတယ်။ ကင်ဆာကုသတာကိုလည်း ဖေ့စ်ဘွတ်ကွန်မင့်ကို အားကိုးနေသူတွေ မန...

မြန်မာပြည်မှာပေါ့

Image
အုန်ႈနို့ခေါက်က်ဆွဲအကြောင်းအောက်မှာ ကွန်မင့်ရေးတယ်။ အုန်းနို့ဟာ သွေးတိုးစေတယ်လို့ ပြောနေကြလို့ပါ။ အဲလိုပြောတဲ့သူတွေက သွေးတိုးအထူးကုဆရာဝန်တွေပါလား။ တင်ထာတဲ့စာထဲမှာ သေသေခြာခြာ ရေးထားတယ်။ ကျန်းမာရေးအကြောင်းဆို ဆရာဝန်တွေရေးတာကို ဖတ်တဲ့သူနည်းပါတယ်။ ဘာသာရေးကိုလည်း ဖေ့စ်ဘွတ်ကနေ တရားနာကြတယ်။ ဘယ်သူဟောသလဲ ကြည့်မနေ။  အေအိုင်နဲ့လုပ်ထားတဲ့ ဘုရားပုံတွေ တင်ကြတယ်။ သတင်းဆိုလည်း သတင်းပင်ရင်း ဘယ်ကလဲ မကြည့်။ ပြီးတော့ ဘာမဆို ငါအရင်ဆုံးသိသကွ လုပ်ကြတယ်။ အဲလိုလူတွေနောက်မှာ ဖေါ်လိုဝါ သာဝကပေါင်း သန်းနဲ့ ရှိဆိုဘဲ။ အဲဒါကလည်း ဖတ်ရတာ။ ဟုတ်တယ်လို့တော့ မထင်။ မြန်မာပြည်မှာပေါ့။ ဒေါက်တာတင့်ဆွေ

အုန်ႈနို့ခေါက်က်ဆွဲ

Image
ဆရာအသက်ကြီႈတဲ့သူတွေနဲ့ အုန်ႈနို့ခေါက်ဆွဲစာႈရင် တည့်ပါ့မလာႈဆရာ စားလိုသူမှာ အခံရောဂါရှိပါသလား။ သွေးတိုး၊ ဆီးချို၊ ကိုလက်စထော။ သွေးတိုးရှိသူ ဆိုဒီယမ်ဓါတ် မတည့်။ ဆား၊ ငန်ပြာရည်၊ ဟင်းချိုမှုန့်၊ အသားမှုန့်တွေမှာ ဆိုဒီယမ်ဓါတ်ပါတယ်။ ဆီးချိုရှိသူ အချိုဓါတ် (သကြား) မတည့်။ ကိုလက်စထောများနေသူ ဆီ၊ ဝက်သား၊ ကြက်ဥအဝါပိုင်း၊ ထရမ့်ဖက် ခေါ် ဆီတမျိုး မတည့်။ ဂေါက်ရောဂါရှိသူ ကလီစာ (အမြစ်၊ အသဲ) မတည့်။ ဘယ်အစားအသောက်မဆို စားတဲ့ပမာဏ များ မများသတိထားရမယ်။ ပုံမှန်ပမာဏထက် နည်းရင်တော့ အစားအသောက်ကို နည်းနည်းကနေ အသင့်အတင့် စားနိုင်တယ်။ ကိုယ့်မှာ သွေးတိုး၊ ဆီးချို၊ ကိုလက်စထော ဘယ်လောက်များနေသလဲ။ ဆေးသောက်နေသလား။ ဘယ်အရာကိုမဆို ခြုံပြီး ကောင်း၏၊ ဆိုး၏၊ တည့်၏၊ မတည့် ပြောလို့ မရပါ။ သွေးတိုး၊ ဆီးချို၊ ကိုလက်စထောတွေက အချိန်တိုင်းမှာ အနည်း အများ ပြောင်းနေတယ်။ အစာမစားခင်နဲ့ စားပြီး မတူပါ။ ရောဂါတခုစီအတွက် အစားအသောက်တွေ ဘလော့မှာ တင်ထားတယ်။ Burmese Coconut Noodles Soup - အုန်းနို့ခေါက်ဆွဲ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ

Carrot မုန်လာဥဝါ

Image
၁။ ဆရာခင်ဗျ "အစာလည်းဆေး ဆေးလည်းအစာ"ဆိုတဲ့စကားကိုကြားဖူးပါတယ်ခင်ဗျ။ တချို့က မုန်လာဥနီ (ခါကြက်ဥ) က မျက်လုံးအတွက် ကောင်းတယ် စားပေးသင့်တယ်လို့ပြောကြပါတယ်။ တချို့က လည်း အဲဒါ စီးပွားရေးမားကတ်တင်းပါ မုန်လာဥနီ (ခါကြက်ဥ) ကို ရောင်းကောင်းအောင်လုပ်တာဟုလည်းပြောကြပါတယ်။ ဘယ်ဟာအမှန်ပါလဲဆရာ။ မျက်လုံးအတွက် မည်သို့သောအစားအစာများစားပေးသင့်ပါသလဲခင်ဗျာ။ ၂။ ခန္ဓာကိုယ်က လိုအပ်နေတဲ့ အာဟာရ၊ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ ရရှိပီး ကျန်းမာရေးအတွက်ရော၊ ဝိတ်ကျဖို့အတွက်ရောအပြင် ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်များ ဖယ်ရှားပေးနိုင်ပြီး အဆီကျစေတဲ့ ဖျော်ရည်ပါဗျာ။ မုန်လာဥဝါ မများစေနဲ့။ ဟုတ်ကဲ့ ဆရာ။ မုန်လာဥဝါသည် သကြားဓာတ် အလွန်ကြွယ်ဝသည့်ပြင်၊ သံဓာတ် လည်း များစွာ ပါဝင်၏။ ထိုကြောင့် ကလေးများအတွက် အဖိုးတန်သော အစာဖြစ်သည်။ သကြားဓာတ်နှင့် သံဓာတ်များအပြင် ဗီတာမင်အေနှင့် ဘီ ၁ ဓာတ်များလည်း အများအပြား ပါရှိ ၏။ ဗီတာမင် ဘီ ၂ နှင့် စီဓာတ်တို့ကား အနည်းငယ်စီသာပါရှိ သည်။ မုန်လာဥဝါတွင်ပါသော ဗီတာမင် ဓာတ်များသည် မျက်စိ အတွက်ကောင်းသည်။ ဗီတာမင် အေ ဓာတ်သည် ကြက်မျက်စိ ရောဂါကို ကာကွယ်နိုင်သည်။ မုန်လာဥဝါကို အစိမ်းဖြစ်စေ၊ ပြုတ်၍ဖြစ်စေ၊ သုတ်၍ ဖြစ်စေ...

ဆရာရှင့်

Image
ကျမ မနှစ်က ​အောက်တိုဘာလမှာ ရင်သားကင်ဆာဖြစ်တယ်လို့ သိခဲ့ရပြီး ​ဆေးကုသမှု ခံယူပြီးပါပြီ။ - - ဖြေလိုက်ပြီ။ ဟုတ်ကဲ့ သ​ဘော​ပေါက်ပါပြီ။ ​ကျေးဇူးတင်ပါတယ်ဆရာရှင့်။ အိမ်ထောင်သည်တွေနဲ့ သက်ဆိုင်တဲ့ မေးခွန်းတွေလည်း မကြာခဏ ဖြေရပါတယ်။ အမျိုးသားတွေနဲ့ သက်ဆိုင်တဲ့ မေးခွန်းတွေလည်း မကြာခဏ ဖြေရပါတယ်။ အဲလိုမေးခွန်းတချို့ကို ပို့စ်အဖြစ် တင်ပြခြင်း မပြုပါ။ အိမ်ထောင်သည်တွေနဲ့ သက်ဆိုင်တဲ့ မေးခွန်းတွေကို ပို့စ်အဖြစ် တင်ပြခြင်း မပြုပါ။ ဘလော့မှာလည်း မတင်ပါ။ မေးလိုက မေးနည်းအတိုင်း မေးနိုင်ကြပါတယ်။ ဒေါက်တာတင့်ဆွေ

Piles and Pregnancy ကိုယ်ဝန်နဲ့ လိပ်ခေါင်း

Image
(ကန်တော့) (၁) မင်္ဂလာပါဆရာရှင့်။ ဆရာ့ဆီကို ခဏတိုင်းမေးရလို့အားတောင်နာနေပါပြီ။ အခုက ကို်ယ်ဝန်က ၁၇ ပတ်ကျော်နေပါပြီဆရာ။ ဝမ်းက တခါတလေတော့ချုပ်ပါတယ်။ အရမ်းကြီးတာ့ မပာုတ်ပါဘူးဆရာ။ လွန်ခဲ့တဲ့ ၄ ရက်လောက်ကတော့ ဝမ်းသွားရင် သွေးနည်းနည်းပါသွားပါတယ်။ ဒီနေ့မနက်ကျတော့ ဝမ်းချုပ်နေလို့သွားကြည့်တဲ့အခါမှာ အသားစလိုမျိုး သေးသေးလေးကို စမ်းမိတယ်ဆရာ။ တော်တော်ကြာသွားစမ်းကြည့်တော့ မရှိတော့ပါဘူး။ အဲဒါ လိပ်ခေါင်းဖြစ်တာလားဆရာ။ ဆရာစာတွေကို ရှာဖတ်ကြည့်မိပါတယ်ဆရာ။ နာတေ့ာမနာပါဘူးဆရာ။ ထို်င်ရတာလည်းအဆင်ပြေပါတယ်။ သမီးကြောက်လွန်းလို့ ချွေးတွေပြန်ပြီး မူးတောင်သွားတယ်ဆရာ။ အခုမှ စဖြစ်တာလားဆရာ။ သမီးဘယ်လိုလုပ်ရမလဲ။ ကို်ယ်ဝန်နဲ့ဆိုရင် ဖြစ်တတ်တယ်ဆိုလို့ သမီး ဂရုစို်က်ပါတယ်ဆရာ။ ပျောက်အောင်ဘယ်လိုလုပ်ရမလဲဆရာ။ ဒါမှမပာုတ် ဆရာဝန်ကို ပြကြည့်ရမှာလားဆရာ။  (၂) ဆရာ မင်္ဂလာပါရှင်။ ကိုယ်ဝန်က စက်တင်ဘာ ပထမပတ် မွေးတော့မှာပါ။ ကန်တော့နော် ဆရာ၊ ကျမမှာ လိပ်ခေါင်းလား မသိပါဘူးဆရာ အရမ်းနာနေပါတယ်ရှင်။ စဖြစ်ခဲ့တဲ့ အချိန်ကတော့ တော်တော်ကြာခဲ့ပါပြီ။ ၉ နှစ် လောက်ကိုရှိခဲ့ပါပြီရှင်။ ငယ်ကတည်းက ကျမ ဝမ်းအရမ်းချုပ်တတ်ပါတယ်။ နေ့စဉ် ဝမ်းပုံမှန် သွားလေ့မရှိပါဘူ...

P ပီ ဘီ ရောဂါများ

Image
အသည်းရောင်တွေ၊ သွေးအုပ်စုတွေ မဟုတ်ပါ။ - ကြက်ဗူးသီးဟင်းလေး စားလို့ရပါဘီ။ - ဝယ်လွန်းလို့ ယောက်ျားက အံ့သြနေပီ။ - နေကောင်းP - လာပါပီ။ - သွားပါပီ။ ဒီရောဂါမျိုးတွေကို ဆရာဝန်က မကုသတတ်ပါ။ အပြောရော အရေးပါ နေကောင်းကြစေသတည်း။ လူရော အကောင်ပါ ကျန်းမာကြစေသတည်း။ ဒေါက်တာတင့်ဆွေ

Blog Statistics ဆန်းစစ်ချက် ကိန်းဂဏန်းများ

Image
မေးကြလွန်းလို့၊ တင်ပေးပါဆိုလို့ စသဖြင့်ရေးတာတွေကို ခဏခဏတွေ့ပါတယ်။ လူကြိုက်များတယ်လို့ ကြွားကြတာလားတော့ မသိ။  ကျွန်တော်ဆေးပညာစာတွေ ရေးတာ ၁၅-၂၀ နှစ်လောက်ရှိပြီ။ မေးတာတွေကိုဖြေရတာလည်း ၁၅-၂၀ နှစ်ကြာပြီ။ မေးခွန်းလာတာတွေက နှစ်ကာလအရ ပြောင်းတယ်။ ကန်တော့။ စာစောပိုင်းနှစ်တွေမှာ မျိုးပွားလမ်းအကြောင်းတွေ အများကြီးမေးကြတယ်။  ကိုယ်ဝန်တားနည်းအစုံ ဖြေရတယ်။ ကိုယ်ဝန်အကြောင်း၊ မွေးဖွားခြင်းအကြောင်း အကုန်ဖြေရတယ်။ လိင်ကတဆင့်ကူးစက်ရောဂါတွေ အစုံမေးကြတယ်။ နာတာရှည်ရောဂါတွေလည်း အမျိုးစုံ။ ကူးစက်ရောဂါမှန်သမျှ အကုန်။ ထိခိုက်ဒဏ်ရာတွေလည်း အရေပြားကနေ အရိုးထိ။ ကင်ဆာ ကကြီးကနေ အ အထိ။ ကိုဗစ်တုန်းကဆို ၂၄ နာရီဖြေနေခဲ့ရတယ်။ နောက်ပိုင်းမှာ ကျန်းမာရေးမေးတာတွေ နည်းလာပါတယ်။ ကောင်းတယ်။ - ဘလော့မှာ ရှာဖတ်နိုင်ကြလို့၊ - တခြားဆရာဝန်တွေကလည်း ရေးတာတွေလည်း ရှိလာလို့ (ကောင်းတယ်)နဲ့ - နေကောင်းနေကြလို့။ အကောင်းဆုံး။ - ကျွန်တော့အမည်နဲ့ ဘလော့အတုတွေကနေလည်း အမေးအဖြေလုပ်နေကြတာကို သူများတွေက ပြောမှ သိရတယ်။ ရီပို့တွေ အကြိမ်ကြိမ်လုပ်ခဲ့ရတယ်။ မကောင်းပါ။ စစ်တပ်က တတိယအကြိမ်အာဏာသိမ်းတော့ ကျန်းမာရေး မေးတာတွေ နည်းခဲ့တာ သိသာတယ်။ အသက်လုပြေးရှော...

Ascending urethrogram ဆိုတာ

Image
ဆရာရှင့် ascending urethrogram ဆိုတာ ဘယ်လိုလူတေကိုရိုက်တာလဲနှင့် ဘယ်လိုပုံစံတေ ရိုက်တာလည်းဆိုတာလေး ပြောပြပေးလို့ရလားရှင့် An ascending urethrogram (AUX) ကို retrograde urethrogram (RUG) လို့လည်း ခေါ်တယ်။ ဆီးထွက်ပြွန်နေရာကစပြီး အထက်ပိုင်းဆီးလမ်းကြောင်းစနစ်ကို ကြည့်ရှုစစ်ဆေးတာ။ X-rays နဲ့ ဒေါင့်မျိုးစုံ အနေအထားမျိုးစုံကနေရိုက်မယ်။ လူတေနဲ့  ပုံစံတေလို့ ရေးတာက ရောဂါ။ သူတို့ကို ဆေးကုပေးလို့လည်း မရ။ သူတို့က အဲဒီရောဂါရှိနေတာကို သာယာနေကြလေရဲ့။ ဒေါက်တာတင့်ဆွေ

Winter illnesses ဆောင်းရာသီမှာ ဝေဒနာ

Image
(၁) Colds အအေးမိခြင်း ဗိုင်းရပ်စ်ကနေဖြစ်တယ်၊ ကူးတယ်၊ နှာခေါင်းကနေ အသက်ရှူရင်းဝင်လာမယ်။ ကူးစက်တာသိပ်မြန်တယ်။ လက်မှာ ကပ်ပါနေတာတွေလဲရှိလို့ လက်ကို မကြာမကြာဆေးပေးပါ။ အိုးခွက်ပန်းကန်တွေလဲ ခါတိုင်းထက်သန့်ရှင်းပေးပါ။ အဝတ်လက်ကိုင်ပုဝါထက် တစ်ရှူးစသုံးပါ။ အဲတာတွေကို စနစ်တကျစွန့်ပစ်ပါ။ ၁။ အအေးမိဗိုင်းရပ်စ်က အဆိုးကြီးမဟုတ်ပါ။ ပိုးဝင်လာရင် နှာခေါင်းနဲ့ လည်ချောင်း နောက်နေရာကို ရောင်ရမ်းစေတယ်။ ၂။ အအေးမိတယ်ဆိုတာ နှာခေါင်းမှာ စစ်ခင်းနေရတာဖြစ်တယ်။ နှာခေါင်းပိတ်မယ်၊ နှာရည်ယိုမယ်။ နှာခေါင်းကိုဖုံးနေတဲ့တစ်ရှူးတွေက လိင်လမ်းကတစ်ရှူးတွေလိုပဲ သွေးကြောတွေ ရောင်လာမယ်။ သွေးဖြူဥတွေ များလာတယ်။ လေဝင်လမ်းကျဉ်းလို့ အသက်ရှူရခက်ခဲလာမယ်။ Decongestant spray ကနေသက်သာစေမယ်။ ၃။ မျက်လုံးတွေကနေလဲ အအေးမိကူးလာနိုင်တယ်။ အအေးမိသူနေသူကချောင်းဆိုး နှာချေရင် အမှုံလေးတွေက အနီးအနားကိုပြန့်မယ်။ အသက်ရှူနေသူဆီရောက်မယ်။ သူ့လက်မှာလဲ ပိုးတွေပါနေမယ်။ လက်ဆွဲနှုတ်ဆက်တာကနေ ကိုယ့်ဆီရောက်မယ်။ သူကိုင်တဲ့အရာ ဥပမာ အသုံးအဆောင်တွေ၊ ပရိဘောဂတွေမှာလဲ ပိုးတွေရောက်နေမယ်။ မျက်စိထဲလဲဝင်လာနိုင်တယ်။ မျက်စိနဲ့နှာခေါင်းကြားမှာ ပြွန်လေးတွေရှိလို့ ကူးလာနိုင်တယ်။ ၄။...

Cockroach Diseases ပိုးဟပ် နဲ့ ရောဂါများ

Image
ဆရာရေ ကျွန်တော်က ဂျပန်မှာနေပါတယ်။ တိုကျိုကပိုးဟပ်တွေကနာမည်ကြီးသလို့ အရမ်းများပါတယ်ဆရာ။ အခုလည်း နေနေတဲ့အခန်းမှာ ပိုးဟပ်တွေကအဆမတန်များနေပါတယ်တယ်။ သန့်အောင်ထားလည်းမရပါဘူး။ ရေကြိုက်တယ်ဆိုလို့ ဘေဆင်မှာတောင် ရေဆေးပြီးရင်ပြန်သုတ်ပါတယ်။ ပိုးဟပ်ဖြန်းဆေးဖိုးနဲ့တင်ထောင်းလှပါပြီ။ အကြီးကြီးတွေလည်းမဟုတ် သေးသေးလေးတွေ အများကြီးပါ။ ကြာရင်သူတို့မသေပဲ ကိုယ်ရင်ကြပ်ချောင်းဆိုးပါဖြစ်တော့မယ်ဆရာ။ ဆေးဖြန်း သေနေတဲ့နေရာတွေကအစကြမ်းတိုက်ပါတယ်။ အရက်ပျံပါတာရော ပိုးမွှားသန့်စင်တဲ့ဟာတွေရောပါတဲ့ ကြမ်းတိုက် wet tissue တွေနဲ့ကိုတိုက်တာပါ။ စားကြွင်းစားကျန်ကအစ ဘာမှမထား၊ အမှိုက်တောင်အကြာကြီးဖြစ်မှာဆိုးလို့ ၂ နာရီအပြင်မထားရဲပါဆရာ။ အိပ်နေရင်းနားထဲတေဝင်မှာလည်းအရမ်းစိုးရိမ်ပါတယ်ဆရာ။ အိပ်ကောင်းချင်းမအိပ်ရ စားကောင်းခြင်း မစားရတာပါပဲဆရာ။ တိုကျိုပိုးဟပ်အကြောင်းကြားဖူးနေလို့ ရောက်တည်းကပြင်ဆင်ပြီးမှ တက်နေတာပါဆရာ။ အခုတော့ ဒုက္ခကိုလှလှကြီးတွေ့နေရပါတယ်။ ကူညီနိုင်မယ့်နည်းလမ်းလေးရှိရင်ပြောပြပေးပါဆရာရယ်။ မဖြေခင် မေးခွန်းကို ပို့စ်မှာသုံးမှာဖြစ်လို့ (တွေ) လို့ရေးရမှာ (တေ) လို့သာရေးတာမှန်သမျှကို ပြင်လိုက်ပါတယ်။ စုစုပေါင်း (၇) လုံး။ ပိုးဟပ်လိ...

မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ ကျန်းမာစေရမည်

Image
လက်ရှိ မြန်မာတွေရောင်းချနေတဲ့ ဘဲသွေးဟာ ကျန်းမာရေးအတွက် တကယ်ကောင်းပါ့မလား စိုးရိမ်တယ်ဆရာ။  အဲဒီကွန်မင့်ရတာနဲ့ ကျွန်တော့ ကျန်းမာရေး ဘလော့ (ဝဘ်ဆိုက်) ကို စစ်ဆေးကြည့်ပါတယ်။ Dr. Tint Swe Medical and Knowledge Writings မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ ကျန်းမာစေရမည် All Time Viewers 1722877 လာဖတ်သည့်အကြိမ်အရေအတွက် စုစုပေါင်း Today 8 Yesterday 376 This Month 8431 Last Month 7475 မြနမာပြည်ကလူတွေ တိုင်းပြည်အများအပြားမှာ ရောက်နေကြပါတယ်။  Viewers Top Locations 1. United States 462 အများဆုံး 2. Myanmar (Burma) 355 ဒုတိယအများဆုံး 3. Singapore 172 4. United Kingdom 72 5. Ireland 57 6. Japan 53 7. Sweden 40 8. Thailand 35 9. Saudi Arabia 23 10. Netherlands 22 11. Malaysia 13 12. Germany 10 13. France 10 14. India 8 15. Italy 6 16. Taiwan 6 17. Australia 5 18. Portugal 5 19. Spain 4 ၁၉ နိုင်ငံမှာ ရောက်နေကြတယ်။ ဒီစာရင်းက အမြဲအပြောင်းအလဲရှိတယ်။ တလောကစစ်တော့ တောင်အမေရိကတိုက်မှာလည်း ကိုယ့်လူမျိုးတွေရောက်နေကြပါတယ်။ ဟိုနှစ်တွေကဆို မော်စကိုကနေ ကျန်းမာရေး မေးကြတယ်။ ...

ပညာရှိတော့ မဟုတ်ပါ

Image
လက်ရှိ မြန်မာတွေရောင်းချနေတဲ့ ဘဲသွေးဟာ ကျန်းမာရေးအတွက် တကယ်ကောင်းပါ့မလား စိုးရိမ်တယ်ဆရာ။ ဆရာက ပညာရှိဆိုတော့ ပိုသိမှာပါ။ ပညာရှိတော့ မဟုတ်ပါ။ အစားအသောက်တွေ ကောင်း မကောင်းကို စားသောက်ကြည့်မှသာ သိနိုင်တယ်။ သင့် မသင့်ကိုလည်း သွေးတိုး၊ ဆီးချို စတဲ့ အခံရောဂါနဲ့ ချင့်ချိန်ရပါမယ်။ ပိုပြီးအရေးကြီးတာက အစားအသောက်ထဲမှာ ရောဂါဖြစ်စေနိုင်တာ ပါ မပါကို FDA ဓါတ်ခွဲခန်းမှာ စစ်ဆေးမှသာ သိနိုင်တယ်။ ဥပမာ  အခုရက်တွေမှာ ယူအက်စ်အေမှာ ရောင်းချနေတဲ့ နာမည်ကြီး မက်ဒေါ်နယ်က စားစရာတမျိုးကနေ ရောဂါရကြောင်း တွေ့ရှိပြီး စစ်ဆေးနေပါတယ်။ မက်ဒေါ်နယ်ဆိုင်တွေက သန်းနဲ့အမျှများတယ်။ မက်ဒေါ်နယ်ကရောင်းတာတွေကလည်း အမျိုးအမည်တွေ များတယ်။ မက်ဒေါ်နယ်စားစရာထဲမှာ အသား၊ အာလူး၊ ကြက်သွန်နီ၊ ဆီ၊ နှမ်း၊ ဟင်းသီးဟင်းရွက် စတာတွေ ပါတယ်။ အစက အမဲသားကနေလား သံသယရှိတယ်။ စစ်ဆေးတော့ ပိုးအမည် E. Coli လို့သိလာတယ်။ ကြက်သွန်နီကနေဖြစ်တာတဲ့။ ကာလီဖိုးနီးယားမှာရှိတဲ့ Taylor Farms ကနေ ကြက်သွန်နီပို့တယ်။ McDonald quarter pounders အမျိုးအစား အစားအသောက်တခုကနေသာဖြစ်တယ်။ တခြားဟင်းသီးဟင်းရွက်တွေက Colorado Springs ကိုလိုရာဒိုကနေလာတယ်။ နောက်တချက်  မြန်မာပြည်မှာ ရ...

McDonald's E. coli outbreak ကျန်းမာရေးသတင်းတွေ

Image
မန္တလေးမှာ ဝမ်းပျက်ရောဂါကြောင့် သေဆုံးသူရှိလို့ တင်တာတခု ဖတ်ရတယ်။ ဟုတ် မဟုတ် မသိပါ။ ဟုတ်မှန်တယ်ဆိုရင် ဘယ်ရပ်ကွက်မှာ၊ ကလေး၊ လူကြီး၊ အသက်၊ ကျား-မ စတာတွေပါ ထည့်သင့်တယ်။ ဒါမှသာ ဆင်ခြင်သင့်သူတွေက ဆင်ခြင်နိုင်ကြပါမယ်။ တာဝန်ရှိသူတွေက အရေးယူဆောင်ရွက်နိုင်ကြပါမယ။် ယူအက်စ်အေမှာတော့ ‘မက်ဒေါ်နယ်’ ကစားစရာမှာ ‘အီးကိုလိုင်’ ပိုးကြောင့် ၁ ယောက်သေဆုံးပြီး ၇၅ ယောက် ဆေးရုံတက်ရတယ်။ သတင်းက စစ်မှန်ပါတယ်။ ပြည်နယ် ၁၃ ခုမှာ ဖြစ်နေတယ်။ အမဲသားကနေဖြစ်တယ်။ အရေးယူဆောင်ရွက်နေကြတယ်။ ကျန်းမာရေးသတင်းတွေကို အပိုမပါ၊ လျှော့မရေးဘဲသာ တင်ရတယ်။ တခြားသတင်းတွေကိုလည်း ဖြဲမခြောက်သင့်။ မဟုတ်ဘဲ မဟုတ်ထင်စေအောင် မတင်သင့်ပါ။ မမှန်တာကို တင်သူ ထင်သူတွေဟာ မှန်တာကို မသိကြပါ။ ချဲ့ကားရေးလို့ အကျိုးမရှိစေပါ။ ကျန်းမာရေးသတင်းကို အေအိုင်နည်းနဲ့ မရေးသင့်ကြပါ။ တော်တည့်၊ စစ်မှန်၊ တကယ်ချောလှ၊ ကျန်းမာကြပါစေသတည်း။ ဒေါက်တာတင့်ဆွေ

သခွပ်ပွင့်

Image
သခွပ်ပွင့် သူ့ရာသီနဲ့သူ စားကောင်းပါသည်။  အခြောက်လှမ်းထာပြီးလည်း စားနိုင်ပါသည်။ ဘီပိုးလည်း မပျောက်ပါ။ စီပိုးလည်း မပျောက်ပါ။ အေ ကနေ ဇက် ပိုးတွေကိုလည်း မပျောက်ပါခင်ဗျား။ ဒေါက်တာတင့်ဆွေ

မြန်မာလို စာရေးသူ ၉၀% လောက်က

Image
  - ဂဏန်းတွေကို ၁-၂-၃-၄ လို့ မရေးကြပါ။  - မြန်မာစာလုံးနဲ့ အင်္ဂလိပ်စာလုံးကို တဆက်တည်းရေးနေကြတယ်။  - ပုဒ်ထီး၊ ပုဒ်မတွေ ပြီးရင် တကွက်ခြာပြီးမှ စာရေးရတယ်။ - ပုဒ်ထီး၊ ပုဒ်မတွေရှေ့မှာ မခြာရပါ။ - စာလုံးပေါင်းသတ်ပုံမှားတာကလည်း ၈၀% လောက်ရှိတယ်။ အဲဒါကတော့ ၉၀% ကနေ မှန်အောင်ရေးတတ်သူ တိုးလာတာ။ ကောင်းတယ်။ - မေးခွန်းတွေလာတိုင်း မေးခွန်းကို ဖတ်ဖြစ်အောင် ပြင်နေရတာကိုက အလုပ်ကြီးတခု။ အချိန်လည်းကုန်တယ်။ - စာကို မှန်အောင်မရေးသားသူတွေက အချက်အလက်တွေကိုလည်း မှန်အောင် ရေးလေ့မရှိပါ။ ဘာဖြစ်နေကြသလဲ မသိ။ Girl Typing on The Phone | Free  ဒေါက်တာတင့်ဆွေ

Text neck syndrome ဖုန်းအသုံးများသူများ၏ လည်ပင်ရောဂါ

Image
ဆရာရှင် Text Neck syndrome အကြောင်းဝေမျှပေးပါအုံးရှင် “Texting Neck” “Desktop Neck” "tech neck" လို့လည်း ခေါ်တယ်။ လည်ပင်းမှာ စဉ်တိုက်ဆက်တိုက်ဒဏ်ရာရရာကနေ ဆက်ဖြစ်တယ်။  အနေအထားတမျိုးတည်းမှသာ အချိန်အကြီးကြီး အသုံးပြုလို့ ဖြစ်ရတယ်။ လည်ပင်းနဲ့ ပခုံးနေရာတွေမှာ နာမယ်။ တင်းနေမယ်။ ခေါင်းကိုက်မယ်။ လက်တွေမှာ ထုံကျဉ်မယ်။ မျက်စိညောင်းမယ်။ ခါးနာမယ်။ ကုသမှု၊ အနေအထားပြောင်းမှု မလုပ်ရင် ကြာတော့ လည်ပင်းအဆစ်ရောင်ဖြစ်နိုင်တယ်။ လည်ပင်းရိုးဆစ်ကျွံနိုင်တယ်။ လည်ပင်းရိုးဆစ်အတွင်းကပြွန်နေရာ ကျဉ်းမယ်။ သုံးဖန်များပျက်စီးခြင်း ဝင်လာနိုင်တယ်။ ခါးရိုးမကြီးပါ ထိခိုက်နိုင်တယ်။ ဘယ်လို ကာကွယ်မလဲ ဖုန်း၊ တက်ဘလက်တို့ကို မျက်စိအနေအထားနဲ့ တန်းတဲ့နေရာမှာထားပြီး အသုံးပြုပါ။ ၁၅ မိနစ်တခါ အသုံးပြုတာကို နားပါ။ နားချိန် အသိပေးစနစ် နာရီအလမ်း လုပ်ထားပါ။ ခါးနေရာ၊ လည်ပင်းနေရာ အထောက်အကူပစ္စည်း lumbar cushion or pillow အသုံးပြုပါ။ ဖုန်းအစား ဖြစ်နိုင်သမျှ လက်ပတော့၊ ကွန်ပြူတာကို သုံးပါ။ ဒေါက်တာတင့်ဆွေ

Autoimmune retinopathy (AIR) မျက်စိရောဂါတမျိုး

Image
မင်္ဂလာပါ ဆရာ Autoimmune Retinopathy အ​ကြောင်း​လေး ​ကျေးဇူးပြု၍​ရေး​ပေး​စေချင်ပါတယ် ရှားတယ်။ ခန္ဓာကိုယ်ခုခံအားစနစ် ကမောက်ကမဖြစ်ခြင်းရောဂါအစုအဝေးထဲက ရောဂါတမျိုးဖြစ်တယ်။ ကိုယ်ပိုင်အရာကို ရန်သူသဖွယ်ထင်မှတ်ပြီး ခုခံတိုက်ထုတ်နေတာဖြစ်တယ်။  ဒီရောဂါ ဘာလို့ဖြစ်ရသလဲ သေချာ မသိပါ။ ကင်ဆာ၊ ကင်ဆာခီမိုသာရာပီ တို့နဲ့ ဆက်စပ်နေနိုင်တယ်။ မျိုးရိုးဗီဇနဲ့လည်း ဆိုင်နိုင်တယ်။ ၁။ non-paraneoplastic (npAIR) နဲ့ ၂။ paraneoplastic (pAIR) လို့ ၂ မျိုးရှိတယ်။  Immunosuppression အမျိုးအစားဆေးတွေပေးပြီး ကုသတယ်။ ကုသရ အင်မတန်ခက်တယ်။ မျက်စိအမြင်စွမ်းအား နည်းပါး ကွယ်ပျောက်နိုင်တယ်။ ဆောရီး။ ဒေါက်တာတင့်ဆွေ

Worry စိုးရိမ်ရပါသလား

Image
၁။ ဆရာရှင့် ကလေးက ၁နှစ်နဲ့၃လပါ အနီစက်သေးသေးလေးကနေ အရည်ကြည်ဖုလေးတွေဖြစ်လာပါတယ် ပေါက်သွားတော့လဲ ပျောက်သွားပြန်ရော ပြီးပြန်ပေါ်လာပါတယ် စိုးရိမ်ရလားရှင့်  ၂။ ကျမရဲ့စစ်ဆေးချက်အဖြေတွေပါဆရာ စိုးရိမ်ရပါသလားဆရာ ၃။ ဟုတ်ကဲ့ပါရှင် အရမ်းစိုးရိမ်ရပါလားရှင် အဖြေရ အတော်ကို ခက်တဲ့မေးခွန်းဖြစ်ပါတယ်။ စိုးရိမ်ရသလားသာ မေးတာတိုင်းကို မဖြေပါ။  စိုးရိမ်စိတ်ဆိုတာ အတော်ကို မတူကြပါ။ ကလေးတယောက်တည်းကို အမေနဲ့ အဖေ စိုးရိမ်တာ မတူပါ။  တချို့က သေးသေးဖွဲဖွဲကို စိုးရိမ်စိတ်ကဲလွန်ကြတယ်။  တချို့က ကင်ဆာလိုရောဂါကို ဖေ့စ်ဘွတ်ကပြောတာနဲ့ ကျေနပ်ကြတယ်။  မစိုးရိမ်နဲ့ပြောတာနဲ့ ရောဂါမကာကွယ်နိုင်။ စိုးရိမ်ရတယ်ပြောလို့ ရောဂါမပျောက်။  ကလေးတယောက်နေမကောင်းတဲ့အခါ အမေနဲ့ မဖေ စိုးရိမ်ကြတာ မတူ။ ကျွန်တော်က မေးတဲ့သူရဲ့ စိတ်ခိုင်မာမှုကို မသိ။ တချို့က အဖြစ်သည်းတယ်။ တချို့က ကင်ဆာဖြစ်လည်း ဖေ့စ်ဘွတ်ဆေးနည်းကို ကျေနပ်နေတယ်။ အဲလိုမေးတာမျိုး နေ့တိုင်းလာတယ်။ ကုသနည်း မသိလိုကြသူတွေ။ ဒေါက်တာတင့်ဆွေ

သမီး သား အဘ

Image
အဲ့ဒါဘာဖြစ်တာလဲဆရာရှင့် ဆေးအညွှန်းလေး သမီးကိုညွှန်းပေးပါလားဆရာရှင့် ဘယ်နေရာမှာ၊ ဘယ်ခံစား၊ ဘယ်လောက်ကြာ မသိ။ လက်ချောင်းတွေနဲ့လက်ဖဝါတွေမှာပါ ဆရာ ဖြစ်တာကနှစ်ပတ်လောက်တော့ရှိပြီး လက်‌တွေယားပါတယ်ဆရာ လက်နဲ့ ကိုင်တွယ်ရတဲ့ အရာတခုခုနဲ့ မတည့်တာဖြစ်နိုင်။ ဥပမ ဆပ်ပြာမှုန့်၊ ဆပ်ပြာ။ လက်အိတ်သုံးပြီး အလုပ်လုပ်သင့်။ ကိုယ်ကိုယ်ကို သမီးလို့ ခေါ်ပြီး ရေးသားခြင်းဟာ နားလည်ရခက်ကြောင်း အကြိမ် ၂၀ လောက်တင်ပြထားတယ်။ သမီးဆိုရင် စာရေးသူရဲ့သမီးလား စဉ်းစားရတယ်။ သားဆိုလည်း သူ့သားလား။ တချို့က သမီးကောင်လေးတဲ့။ သားမက်လား။ သားကောင်မလေး ချွေးမလား။ ဟုတ်ကဲ့ပါ ဆရာရှင့် စကားပြောတာမှားတာရှိရင် တောင်းပန်ပါတယ် ဘာဆေးလိမ်းသင့်လဲဆရာရှင့် Anti-Itch အယားသက်သာဆေး https://dr-tint-swe.blogspot.com/2021/06/anti-itch.html အွန်လိုင်း၊ အီးမေးလ်၊ မက်စင်ဂျာ ကနေ အမေးအဖြေလုပ်ရတာဖြစ်ပါတယ်။ မေးတဲ့သူကို ကျား-မ-ကလေး-လူကြီး မသိပါ။  ဗီဒီယိုကောလ် လည်း မသုံးပါ။ အသံဖိုင်လည်း မသုံးပါ။  မေးခွန်းရေးတာ အရေးကြီးတယ်။ လူနာကို အထီး-အမ (ကန်တော့) မသိဘဲ ဖြေသူ ရမ်းကု။ သမီး၊ သား၊ အဘ အကြောင်း အကြိမ် ၂၀ လောက်တင်ပြထားတယ်။ ကျွန်တော်၊ ကျနော်၊ ကျမ၊ အသုံးပျောက်သလို...

Pyridostigmine tablets စားဆေးအကြောင်း

Image
ကျေးဇူးပါ ဆရာ ထပ်သိခြင်(သိချင်)တာက Pyridostigmine ဆေးက မတည့်တဲ့ဆေးတွေရှိတယ်လို့ သိရပါတယ် မတည့်တဲ့ဆေးတွေသိခြင်(သိချင်)ပါတယ်ရှင့် myasthenia gravis ရောဂါအတွက်ဖြစ်တယ်။ Mestinon အမည်နဲ့ ရောင်းတယ်။ Side effects ဘေးထွက်သက်ရောက်မှုများ - allergic reactions ဆေးနဲ့မတည့်သူ အလာဂျီရနိုင်။ - breathing problems အသက်ရှူခက်ခဲ။ - changes in vision မျကစိကြည့်မကောင်း။ - muscle cramps, spasm ကြွက်သားနာ။ - slow or irregular heartbeat နှလုံးခုန်နှေး။ - stomach cramps, pain ဗိုက်နာ။ - unusually weak or tired အားနည်း။ - vomiting အန်။ အောက်ပါဆေးတွေနဲ့ တွဲမသောက်သင့်။ -  neostigmine - quinine အောက်ပါဆေးတွေနဲ့ ဓာတ်ပြုနိုင်။ - atropine - bethanechol - disopyramide - edrophonium - guanadrel - guanethidine - mecamylamine - medicines that block muscle or nerve pain မှတ်ချက် - စမ်းသပ်ကုသပေးနေတဲ့ဆရာဝန်ညွှန်တဲ့အတိုင်းသာ ဆေးသောက်ရန်။ ဒေါက်တာတင့်ဆွေ

Untrue အဲတာမျိုးတွေကို မရေးပါ

Image
ဆရာ ကြက်သွန်နီမှာ တွေ့ရတတ်တယ့် အမဲလေးတွေက အသဲကင်ဆာဖြစ်တတ်တယ်လို့ Facebook မှာတွေ့လ်ို့ မေးကြည့်တာပါဆရာ အမှန်တကယ်ဆိုရင် နောင်ရှောင်လို့ရအောင်ပါ။ အဲတာမျိုးတွေကို မရေးပါ။ တမျိုးပြီးတမျိုး မဟုတ်ကဟုတ်ကတွေကို ဇာချဲ့ ဖွဲ့နွဲ့ ရေးပြီးတင်နေကြတယ်။ ကင်ဆာအကြောင်းစာတွေကို ဆေးသုတေသနတွေကို ကိုးကားပြီး ရေးထားတယ်။  အသစ်ထွက်တဲ့ ဆေးသုတေသနတွေထဲက မြန်မာပြည်သားတွေအတွက် အကျိုးဖြစ်စေမှာဆိုရင် ဘာသာပြန်ပြီး တင်ပြပါတယ်။ ဖေ့စ်ဘွတ်မှာ ဟိုဟာစာရင် ဟိုရောဂါတွေပျောက်။ ဒီဟာစာရင် ဒီရောဂါတွေဖြစ်လို့ ရေးတာ ၉၉% မှားတယ်။ လူကြိုက်ကတော့ ၁၀၁% များတယ်။ Untrue by Wednesday Martin ဒေါက်တာတင့်ဆွေ ၂၄-၁၀-၂၀၁၉

Combined therapy may help treat, prevent recurrence in cervical cancer

Image
သားအိမ်ကင်ဆာ ကုသမှုနှင့် ပြန်ဖြစ်စေရေးအတွက် ကုထုံးသစ် သားအိမ်ကင်ဆာဟာ အထူးသတိထားရမဲ့အမျိုးအစားဖြစ်တယ်။ ကုသထားပြီးလည်း ပြန်ဖြစ်နိုင်သေးတယ်။ ဆေးသုတေသနလေ့လာမှု အဆင့် ၃ ရောက်ရှိနေပါပြီ။ Chemoradiotherapy ခေါ် ခီမို + ဓါတ်ကင်ခြင်းမပြုလုပ်မီ ၆ ပတ်မှာ chemotherapy ထီမိုသာရာပီ ပေးမယ်။ ယူအက်စ်အေမှာ တနှစ် လူနာ ၄၀၀၀ ဒီရောဂါနဲ့ ကွယ်လွန်နေရတယ်။ လေ့လာမှုရလဒ်တွေ ထည့်မရေးတော့ပါ။  ဖေ့စ်ဘွတ်မှာ ဘယ်ဟာတွေစားရင် ဘယ်ကင်ဆာကိုကာကွယ်နိုင်တယ်။ ပျောက်တယ်ဆိုတာတွေကို မတင်ကြစေလိုပါ။ မမှန်ပါ။ မမှန်တာကိုသာသိသူမျိုးဟာ မှန်တာကို မသိကြပါ။ မြန်မာပြည်က သားအိမ်ကင်ဆာ လူနာတွေ ကျော်လွှား ရှင်သန်နိုင်ကြပါစေ။ ဒေါက်တာတင့်ဆွေ

Don't Listen ဆုံးမခံရခြင်း

Image
(စ) မသိလို့ပေါ့ ဆရာရယ် cmt လည်း ပြန်ဖျက်ပေးလိုက်ပါပြီ မေးနည်းလေးကိုcover photo တင်ထားရင် ပိုကောင်းမယ်ထင်တယ် အဲ့ဒါမှလည်း ဆရာ့ acc ဝင်ကြည့်တဲ့လူ အလွယ်တကူသိနိုင်တာပေါ့ ဆရာက ကြီးကျယ်လွန်းတယ်ထင်တယ် ဆရာဝန်ဆိုတာ လူနာတွေ အတွက် စေတနာထားပေးရမယ်လို့ ထင်တယ် ဆရာပို့ထားတာ စာတွေအများကြီး အဲ့စာတွေရေးဖို့ ဆရာ့အတွက်အချိန်တော်တော် ကုန်သွားမှာပဲ အဲ့လို ကုန်မဲ့အစား ဆရာဝန်တစ်ယောက်(တယောက်)အနေနဲ့ မေးတဲ့မေးခွန်းကို ပြန်ဖြေ ပေးလိုက်တာက နှစ်ဦးနှစ်ဖက် အကျိုးရှိမယ်ထင်ပါတယ် စေတနာဆိုတာ ထားတတ်ရတယ် ပြီးတော့မှ နောက်ခါ မေးခွန်းမေးချင်ရင် ဒီလို မေးပါဆိုပြီး ပို့သင့်တယ် နှစ်ယောက်လုံးစိတ်ချမ်းသာဖို့ ပြောရတာပါ အခုဟာက ဆရာလည်း ဒေါသထွက်ရတယ် ဆရာဒီလို စာတွေ ပို့လို့လည်း ကျွန်မ ဒေါသထွက်ရတယ် အကုသိုလ် ဖြစ်တာပဲ အဖတ်တင်တယ် စိတ်ဓါတ်ကလေး နည်းနည်း ပြင်ရင် လူတွေ အားလုံး စိတ်ချမ်းသာရတာပေါ့ ပြောလည်း အကောင်း မြင်မယ် မထင်ပါဘူး ဆရာလုပ်တယ် ထင်မှာပဲ လူတွေကို အကောင်း မမြင်တတ်ပဲ ကြီးကျယ်တဲ့ ဗီဇက ရှိနေတော့လည်း အဆိုးပဲ မြင်မှာပဲ တော်ပါပြီ မေးမိတာကို တောင်းပန်တယ် စိတ်ချမ်းသာပါစေ (ဆုံး) အဲလို ခဏခဏဆုံးမခံရတယ်။ မေးနည်းအတွက် နည်းပေါင်းစုံလှပြီ။ အကြံတွေပ...

Stroke Patients လေဖြတ်ခြင်း ကာကွယ်ရေးစာ

Image
Stroke Patients လေဖြတ်ခြင်း ကာကွယ်ရေးစာကို လွန်ခဲ့တဲ့ ၁ နာရီတိတိက တင်ပါတယ်။ ဖေ့စ်ဘွတ်ရိုးရိုးမှာ လိုက် ၃ ယောက်၊ ဖေ့စ်ဘွတ်စာမျက်နှာ တခုမှာ ၁ ယောက်။ နောက်ဖေ့စ်ဘွတ်စာမျက်နှာ တခုမှာတယောက်မှ မလုပ်ပါ။ တယ်လီဂရမ်မှာတော့ ၁၃ ယောက်ဖတ်တယ်။ ကျွန်တော်တင်တာတွေကို လိုက် လုပ်စေချင်လို့ ထောက်ပြတာ မဟုတ်ပါ။  ကျန်းမာရေးစာတွေကို ဆေးသုတေသနအခိုင်အမာနဲ့ တင်တာမျိုးကို ပိုပြီးဖတ်ကြစေချင်တယ်။ လိုက်နာကြစေချင်။ လေဖြတ်ရင် အသက်မသေလည်း ဒုက္ခိဖြစ်တယ်။ ဆောရီး။ ရေကို ဘယ်လိုချိုးပါ။ ရေကို ဘယ်လိုသောက်ပါ၊ ဟိုအသီး ဒီအရွက်တွေ မစားနဲ့၊ ဗမာဆေး၊ ကုလားဆေး၊ တရုပ်ဆေး အမှားတွေ။ ကျန်းမာရေးအကြောင်းအမှားတွေ၊ အချက်အလက်မမှန်တာတွေ၊ သတင်းအမှားတွေကိုတော့ တယောက်ပြီးတယောက်က ကူးတင်နေကြခြင်းဟာ မြန်မာပြည်သူပြည်သားတွေရဲ့ ကျန်းမာရေးကို ပိုမကောင်းစေတာသာမက ပိုဆိုးစေတယ်။ လူကြီးမင်းတို့ မကျန်းမာရင် လူမှုရေးလည်း လုပ်မရပါ။ နိုင်ငံရေးလည်း လုပ်မရပါ၊ တရားလည်း လုပ်မရပါခင်ဗျား။ အသိအမြင် အတွေးအခေါ်ပါ ကျန်းမာရပါမယ်။ ဒေါက်တာတင့်ဆွေ

New stroke prevention guidelines released by American Stroke Association လေဖြတ်ခြင်း ကာကွယ်ရေး

Image
ဆေးသုတေသနသတင်းကို ၂၁-၁၀-၂၀၂၄ နေ့က ထွက်ပါတယ်။ လေဖြတ်တာကို Stroke လို့ခေါ်တယ်။ လေဖြတ်ခြင်း ကာကွယ်ရေးမှာ - ၁။ ဘယ်လိုလူတွေ၊ အခြေအနေတွေက ဖြစ်စေသလဲကို သိထားရမယ်။ ၂။ လိုအပ်သူတွေက လိုအပ်တဲ့ဆေးဝါးတွေကို လက်လှမ်းမီပြီး အတိအကျ သုံးစွဲရမယ်။ (က) သွေးတိုး၊ (ခ) ဆီးချိုနဲ့ (ဂ) ကိုလက်စထောများခြင်း။ ၃။ တခြားလုပ်အပ်ချက်တွေကတော့ - (က) ကိုယ်အလေးချိနထိန်းခြင်း၊ (ခ) ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်း၊ (ဂ) အနေအထိုင် အနေအထားကို တသမတ်တည်းမှာ အချိန်ကြာကြာမနေခြင်း၊ (ဃ) အစားအသောက် အမြဲသတိထားပြီး စားသောက်ခြင်း၊ (မြေထဲပင်လယ်စာအမျိုးအစားက အကောင်းဆုံး) (င) sleep apnea အအိပ်ပျက်ရောဂါရှိရင် ကုသခြင်းနဲ့ (စ) ဆေးလိပ်ဖြတ်ခြင်း။ သတင်းကောင်း ဆေးသုတေသနတွေကြောင့် သွေးတိုး၊ ကိုလက်စထောနဲ့ ဆီးချိုအတွက် ပိုပြီးထိရောက်ကောင်းမွန်တဲ့ဆေးတွေ ရှိလာပြီ။ ဥပမာ glucagon-like peptide (GLP-1) receptor agonists ဆေးသစ်ဟာ ဆီးချိုအတွက်သာမက ကိုယ်အလေးချိန်ချရေးအတွက်ပါ ကောင်းတယ်။ PCSK9 inhibitors ဆေးကလည်း LDL (bad) cholesterol ကိုလက်စထောအတွက် ကောင်းတယ်။ ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်း အသင့်အတင့် ကိုယ်လက်လှုပ်ရှားမှုခြင်း ၁၅၀ မိနစ်။ ပြင်းပြင်းထန်ထန် ကိ...

Jenna Fischer after her cancer diagnosis ရင်သားကင်ဆာ

Image
အမေရိကန် “The Office” သရုပ်ဆောင်မင်းသမီး Jenna Fischer ဂျန်နာ ဖစ်ရှာ ရဲ့ ရင်သားကင်ဆာသတင်း ကနေ့ထွက်ပေါ်လာပါတယ်။ သူ့မှာ Invasive ductal carcinoma malignant အမျိုးအစား ရင်သားကင်ဆာအတွက် ဆေးကုသမှုခံယူထားရတယ်။ Chemotherapy ခီမိုသာရာပီ ယူရတယ်။ သူ့ရောဂါအကြောင်းကို ဖွင့်ပြောတဲ့ သူငယ်ချင်းက အကြံပေးပါတယ်။ “live your life during this process.” ဆေးကုသမှုခံယူနေစဉ်မှာ ပုံမှန်ဘဝအတိုင်းသာနေထိုင်ပါတဲ့။ သူကလည်း လိုက်နာခဲ့ပါသတဲ့။ တချို့ရက်တွေမှာ အိမ်ခန်းထဲမှာနဲ့ တချို့ရက်တွေမှာ အနီးအနား လမ်းလျှောက်ထွက်တယ်။ အဲလိုနေထိုင်းခြင်းက အကျိုးရှိခဲ့ပါတယ်တဲ့။ မြန်မာပြည်က ရင်သားကင်ဆာရှိသူတွေအတွက် တင်ပြလိုက်တာဖြစ်ပါတယ်။ အောင်မြင်စွာကျော်လွှားနိုင်ကြပါစေ။ Invasive ductal carcinoma အလျင်အမြန်ပြန့်နိုင်သော နို့ပြွန်ကင်ဆာ https://dr-tint-swe.blogspot.com/2021/05/invasive-ductal-carcinoma.html Jenna Fischer in 2019. Craig Barritt/Getty Images ဒေါက်တာတင့်ဆွေ

Peach မက်မွန်သီး

Image
တမင်းစားပြီး တလုံးစားတယ်။ အသီးတွေကို ကြိုက်ပေမဲ့ ရွေးစားရတဲ့အရွယ်ရောက်ပြီ။ သွားနဲ့ သွားဖုံးနဲ့ အဆင်ပြေတာသာ စားပါတယ်။ ပန်းသီးကို သိပ်မစားချင်။ ငှက်ပျောသီး၊ လိမ်မော်သီး၊ ကဗ္ဗလာသီး၊ နာနတ်သီး စတာတွေက အဆင်ပြေတယ်။ မက်မွန်သီးလည်းပါတယ်။ ကျန်းမာရေးအတွက် ကောင်းတာတွေရှိပါသတဲ့။ နှလုံးရောဂါ၊ ဆီးချိုရောဂါရှိသူတွေနဲ့ ကိုယ်အလေးချိန်များသူတွေ စားနိုင်တယ်။  154 grams လေးတဲ့ မက်မွန်သီးကနေရနိုင်တဲ့ အာဟာရဓါတ်တွေ 60 calories ကယ်လိုရီ 1.4 g of protein ပရိုတင်း 0.4 g of fat အဆီ 16.7 g of carbohydrate ကာဗွန်ဟိုက်ဒရိတ် 13 g of sugar သကြား 2.3 g of fiber ဖိုက်ဘာ 9 mg of calcium ကယ်လ်စီယမ် 0.4 mg of iron သံဓါတ် 14 mg of magnesium မက်ဂနီဆီယမ် 31 mg of phosphorus ဖေါစ်ဖါးရပ်စ် 293 mg of potassium ပိုတက်ဆီယမ် Vitamins C, A, E, and K ဗီတာမင် စီ၊ အေ၊ အီး၊ ကေ။ ကြော်ငြာတွေမှာ ကင်ဆာအတွက်ပါ ကောင်းသတဲ့။ အရေပြားနဲ့ မျက်စိပါကောင်းစေသတဲ့။ ကြောငြာကောင်တေိုင်းတော့ မယုံပါနဲ့ဦး။ ဆေးသုတေသနကိုလေ့လာပါ။ ဒေါက်တာတင့်ဆွေ ၂၁-၁၀-၂၀၁၉

Cold and Cough and Children ကလေးတွေ နှာစေးချောင်းဆိုးရင်

Image
၁။ မင်္ဂလာပါဆရာ ကျွန်တော့်သားနှာခေါင်းပိတ်နေတာကြာပါပြီ ဆေးခန်းတွေ ဆရာတွေလည်းတော်တော်စုံနေပါပြီဆရာ မသက်သာပါဘူးဆရာ ဘယ်လိုလုပ်ရမလဲမသိတော့လို့အကူအညီတောင်းတာပါဆရာ ဖြစ်နိုင်ရင်ကူညီပါဦးဆရာ တစ်နှစ်နဲ့ဆယ့်တစ်လရှိပါပြီကလေးအသက်က ကလေးအသက် ရေးပြတာကို အတော်ဖတ်ယူရတယ်။ ကျွန်တော်တသက်မှာ တနှစ် (၁ နှစ်) လို့ရေးတယ်။ တနှစ် (၁ နှစ်) လို့ရေးတာသာ ဖတ်ခဲ့ရတယ်။ ဆယ့်တလ (၁၁ လ) လို့ရေးတယ်။ ဆယ့်တလ (၁၁ လ) လို့ရေးတာမျိုးသာ ဖတ်ခဲ့ရတယ်။ နောက်မေးခွန်းတွေထဲက တစ်တွေကိုလည်း ပြင်လိုက်တယ်။ ဆောရီး။ ကိုယ့်နေရာလေးကို နေ့တိုင်းအမှိုက်ရှင်းပါတယ်။ ၂။ ဆရာခင်ဗျ ကလေး နှာရည်ယိုတာ ဘယ်လိုလုပ်ရမလဲခင်ဗျ။ ကလေးက နှာစေးနေတော့ အိပ်တာမှာ အသက်ရှုရတာခက်လို့ ထင်ပါတယ် မအိပ်ပဲဖြစ်နေလို့ပါခင်ဗျ။ ညညဆိုပိုစိုးတယ်ဆရာ။ ကျေးဇူးပြု၍ ကူညီပါအုံးဆရာရယ် ကလေးအသက် မသိ။ ပိုစိုးတယ် မဟုတ်။ ပိုဆိုးတယ်လို့ ရေးရ။ ဆိုးသွားမှာကို စိုးရိမ်တယ်။ ၃။ ဆရာမင်္ဂလာပါခင်ဗျာ ကျွန်တော့်သမီးလေး အသက်က ၉လပြည့်ပြီး ၁၀လထဲမှာပါဆရာ။ ချောင်းဆိုးနေလို့ ကလေးဆရာဝန်နဲ့သွားပြပြီး ဆေးတိုက်ခဲ့ပါတယ်။ ဒါပေမယ့်တချက်တချက်ဆိုးနေသေးပါတယ် ကိုယ်ငွေ့နွေးနွေး ဖြစ်နေပါတယ်ဆရာ။ နည်းနည်းလည်းအီချင်နေပါတယ်။ ခြေလ...

Babies ကလေးငယ်အတွက် မေးခွန်းများ

 လင့်ခ် ထဲ ၀င်လိုက်ရင် စာ​တွေက ​ပြောင်းပြန်​ပေါ်​နေတယ်ရှင့် ဘလော့အဟောင်းမှာ ဇော်ဂျီနဲ့ ရေးထာတယ်။ ဖေါင့်ပြောင်းပြီး အသစ်တင်ရပါဦးမယ်။  Formula Feedings နို့မှုန့်တိုက်နည်း https://dr-tint-swe.blogspot.com/2022/09/formula-feedings.html Coughing and Children ကလေး ချောင်းဆိုးခြင်း https://dr-tint-swe.blogspot.com/2022/03/coughing-and-children.html Children and Cough ကလေး ချောင်းဆိုးခြင်း https://dr-tint-swe.blogspot.com/2021/10/children-and-cough.html Baby's Cough ကလေးငယ်တွေချောင်းဆိုးရင် https://dr-tint-swe.blogspot.com/2021/07/babys-cough.html Pneumonia in Children ကလေးများတွင်ဖြစ်သည့် နူမိုးနီးယားရောဂါ https://dr-tint-swe.blogspot.com/2021/10/pneumonia-in-children.html Baby's Cough ကလေးငယ်တွေချောင်းဆိုးရင် https://dr-tint-swe.blogspot.com/2021/07/babys-cough.html Humidifiers for Babies ကလေးတွေအတွက် ရေငွေ့ပေးစက် https://dr-tint-swe.blogspot.com/2020/12/humidifiers-for-babies_22.html Baby Face Ringworm နို့ပွေး https://dr-tint-swe.blogspot.com/2021/09/baby-face-ringworm.html Body ...

Fever First Aid အဖျားရှိသူ ရှေးဦးသူနာပြုနည်း

Image
၁။ ဆရာရှင့် သားလေးက ၇လခွဲပါ မနေ့ကဖျားပြီး အခုထိကိုယ်ပူမကျသေးပါဘူး ခေါင်းကပူပြီးခြေဖျားလေးတွေအေးနေပါတယ်။ အဖျားက ၁၀၁/၁၀၂ လောက်ရှိပါတယ်။ ပါရာတိုက်ထားပါတယ်။ ရေပတ်လဲတိုက်ပါတယ်။ ကလေးကတခါတလေလန့်လန့်ပြီး ဘာမှန်းမသိအသားကုန်ထအော်ပါတယ်။ အဖျားဘယ်လိုကျအောင်လုပ်ရမလဲဆရာ။ ၂။ ဆရာရှင့် သားလေးက တစ်နှစ်(တနှစ်)ပါ အခုညကြီးအရမ်းဖျားပြီးအန်နေပါတယ် အရင်ကဆေးခန်းကပေးထားတဲ့ napa ဆိုတဲ့ဆေးကို ည၇နာရီလောက်ကတိုက်ထားပါတယ်။ အဖျားမကျဘူး အန်နေပါတယ် ဆေးခန်းကလည်းမနက်၆ နာရီလောက်မှသွားလို့ရမဲ့အနေအထားမို့ပါ အခုလောလောဆယ်သက်သာအောင်ဘာလုပ်ပေးလို့ရပါသလဲ ကျေးဇူးပြူပြီးဖြေကြားပေးပါ စာရိုက်တာ အပိုတွေ အလိုတွေ သတ်ပုံမှားတွေပါတိုင်း ဖတ်ရသူမှာ အချိန်ပိုတွေ ကုန်စေတယ်။ တကို မလိုအပ်ပဲ တစ်လုပ်တာတွေ အကုန်ပြင်ရတယ်။ ပ နဲ့ ဖမှာ လိုအပ်တဲ့ ရရစ်မပါတာတွေ လိုက်ပြင်ရတယ်။ ကျွန်တော့်စည်းကမ်းကို သဘောမကျသူတွေက တခြားဆရာဝန်တွေကို မေးနိုင်ကြပါတယ်။ ၃။ သမီးလေးက အသက် ၂လခွဲ ရပါပြီ။ အခု သမီးလေး ဖျားနေတာ တပတ်ရှိပြီ။ ဆေးခန်းပြတာလဲ ဆရာဝန် ၃ ယောက်ရှိပြီ မသက်သာဘူးဆရာ။ ဆရာဝန်က ပုံမှန် ဖျားတာတဲ့ မစိုးရိမ်ရဘူးတဲ့။ သမီးလေး တစ်နေကုန် မဖျားဘူး တနေ့မှာ တကြိမ် နှစ်ကြိမ် အဖျား...