Posts

Showing posts from September, 2022

Lovely baby girl သမီးလေးကို

Image
October 22, 2015 - 12:29am ဆရာ ကိုယ်ဝန်ရှိမရှိက ရာသီရက်ကျော်တာနဲ့စစ်ကြည့်ရင်ရနိုင်မလား သိချင်ပါတယ်။ 6/26, 6:53am မင်္ဂလာပါဆရာ။ သမီး ကိုယ်ဝန်စရှိကတည်းက ဆရာ့ကျန်းမာရေးပို့စ်လေးတွေဖတ်ပြီး သမီးလေးကို ၁၉.၆.၂၀၁၆ တနင်္ဂနွေနေ့မှာ ကျန်းကျန်းမာမာနဲ့မွေးပါတယ်။ ဆရာကိုလည်း ကျေးဇူးတင်ပါတယ်။ သမီးလေး ပုံလေးပါဆရာ။ သမီး စာလုံးပေါင်းမှားတာရှိရင် ခွင့်လွှတ်ပါဆရာ။ ကွန်ဂရက်ကျူလေးရှင်း။ မေးတာတွေကို အခုပဲတွေ့တယ်။ ပဌမမေးခွန်းက ၂၀၁၅ အောက်တိုဘာ ၂၂ ရက်နေ့ကတည်းက။ ကလေးဓါတ်ပုံနဲ့အတူ ဒုတိယမေးခွန်းက ၂၀၁၆ ဇွန်လ ၂၆ ရက်ကဖြစ်ပါတယ်။ ကလေးတောင် ၃ လသမီးရှိနေပြီ။ ဖရင်းမဟုတ်သူတွေကမေးရင် မက်ဆေ့ချ်တွေက ဖစ်လ်တာလုပ်ပြီးလာနေတာကို ကျွန်တော်က မသိခဲ့ပါ။ သူများတွေက သင်ပေးလို့ ဖုန်းမှာ အရင် Accept လုပ်ရတယ်သိလာတယ်။ သိကတည်းက အချိန်တိုင်း အဲလိုလုပ်ပြီး သိလာတာကို ဖြေပါတယ်။ အခုဖုန်းကိုင်ချိန်ရတုန်းကြည့်တော့ အဲလိုလာထားတာ (၈၈၁) ခုရှိနေတယ်။ ဆောရီး။ ကျွန်တော့်မှာ ဖုန်းကနေ ဖေ့စ်ဘွတ်နဲ့ မက်ဆေ့ချ်ဖွင့်ချိန်က အလွန်မတန်နည်းပါတယ်။  ပုံထဲကကလေး ၆ နှစ်သမီးရှိပြီထင်တယ်။ နေကောင်းပါစေ။ ဒေါက်တာတင့်ဆွေ ၁-၁၀-၂၀၁၆ ၁-၁၀-၂၀၂၂

Lump အလုံး အကျိတ်

Image
ကင်ဆာ အကျိတ်ဟာ ပျော့ပျာ့ပဲလား မာမာတောက်တောက် ကြီးပဲလား ဆရာဝန်ကို မေးတာ မဟုတ်ပါ။ ကင်ဆာဆိုရင် ဆရာဝန်ကို မေးလေ့ သိပ်မရှိကြပါ။ ကင်ဆာအကျိတ်ကို စမ်းမတွေ့ခင်ကတည်းက သိအောင်လုပ်ကြရပါတယ်။ အာထွာဆောင်း၊ မင်မိုဂရမ်၊ ဓါတ်မှန် စတဲ့ နည်းတွေနဲ့ သိနိုင်တယ်။ သွေးစစ်တာလည်း တချို့ကင်ဆာတွေအတွက် ကြိုတင်သိနိုင်တယ်။ ဥပမာ ယောက်ျားဆီးကျိတ်ကင်ဆာ။ အလုံး အကျိတ် စမ်းလို့ရပြီဆိုရင် တည်နေရာ၊ အရွယ်အစား၊ အရေအတွက်၊ အပျော့-အမာ၊ ရွေ့လို့ ရ မရ၊ နာ-မနာ၊ အရေပြားအောက် နီးသလား ဝေးသလား၊ သက်ဆိုင်ရာနေရာ (ဥပမာ ချိုင်း) မှာ တက်စေ့ခေါ် လင့်ဖ်နုတ် ရှိ မရှိ စတာတွေပါ စမ်းသပ်ရပါမယ်။ စမ်းကြည်ရာမှာ တချို့အကျိတ်က အပျော့ အမာ စမ်းရ နည်းနည်း ပိုခက်တယ်. ဥပမာ ရင်သား။ အလုံး အကျိတ်ခုဟာ မာနေတိုင်း ကင်ဆာ ဟုတ်ချင်မှ ဟုတ်ပါမယ်။ ဒေါက်တာတင့်ဆွေ

Chemotherapy and Pregnancy ကိုယ်ဝန်နှင့် ကင်ဆာဆေး

Image
ဆရာ တခုလောက် မေးပါရစေရှင့်။ ကင်ဆာဝေဒနာသည်တဦးက ကီမိုဆေးသွင်းပြီး ၁ နှစ်အတွင်း ကလေးမယူရဘူးလို့ ဆရာဝန်တွေက ပြောထားပါတယ်။ မတော်တဆ ကလေးရခဲ့လျှင် ဘယ်လိုလုပ်သင့်ပါသလဲရှင့်။ Chemotherapy ခီမိုသာရာပီ ခေါ် ကင်ဆာဆေးပေးထားတဲ့အမျိုးသမီးတွေ ကိုယ်ဝန်နဲ့ ကလေးရဘို့အတွက် အထူးသတိထားရပါမယ်။ ကင်ဆာဆေးအတော်များမျာကနေ မျိုးဥကိုပျက်စီးစေတယ်။ သားသမီးရဘို့ ခက်တော့မယ်။ ဘယ်လောက်အထိ သက်ရောက်သလဲဆိုတာ လူနာရဲ့အသက်၊ ဆေးအမျိုးအစားနဲ့ ဆေးဘယ်လောက်ပမာဏ ပေးသလဲအပေါ်မှာ မူတည်တယ်။ ဒါ့ပြင် ကလေးထပ်ရမယ် မရဘူးပြောဘို့လည်းခက်ခဲတယ်။ အဲလို အများဆုံးဖြစ်စေနိုင်တဲ့ဆေးတွေကတော့ Busulfan ဆေး၊ Carboplatin ဆေး၊ Carmustine (BCNU) ဆေး၊ Chlorambucil ဆေး၊ Cisplatin ဆေး၊ Cyclophosphamide (Cytoxan ®) ဆေး၊ Dacarbazine ဆေး၊ Doxorubicin (Adriamycin®) ဆေး၊ Ifosfamide ဆေး၊ Lomustine (CCNU) ဆေး၊ Mechlorethamine ဆေး၊ Melphalan ဆေး၊ Procarbazine ဆေးနဲ့ Temozolomide ဆေးတွေဖြစ်တယ်။ ဖြစ်ဘို့နည်းတဲ့ဆေးတွေကတော့ 5-fluorouracil (5-FU) ဆေး၊ Bleomycin ဆေး၊ Cytarabine ဆေး၊ Dactinomycin ဆေး၊ Daunorubicin ဆေး၊ Fludarabine ဆေး၊ Gemcitabine ဆေး၊ Idarubicin ဆေး၊ Metho...

Disclosure of the cancer diagnosis ကင်ဆာလို့ ဘယ်သူ့ကိုပြောရမလဲ

Image
ကင်ဆာရောဂါပါလို့ မပြောပြလိုက်ရတဲ့အတွက် သမီးမှားသွားပြီလားလို့ တွေးနေမိတယ်။ သမီးပြောပြလိုက်ရင် အဖေ မှာစရာရှိတာတွေ ပြောစရာရှိတာတွေ ဘဝမှရရှိတဲ့ သင်ခန်းစာတွေ ပြောပြမလားဆိုတဲ့ အတွေးတွေဝင်ခဲ့မိတယ် ဒါပေမယ့် သမီးပြောပြလိုက်ရင်လည်း အဖေ ခံနိုင်ရည်မရှိမှာ စိုးရိမ်လို့ပါ အဖေရဲ့နောက်ဆုံးအချိန်ထိ သမီးမပြောပဲ မျိုသိပ်ခဲ့မိပါတယ်။ သမီးကိုခွင့်လွတ်ပါ ကျေးဇူးရှင်ဖေဖေ။ စာကို ၂၀၁၅ ခုနှစ်က ရေးထားတယ်။ ပို့စ်တခုတွေ့လို့ ပြန်ပြီးတင်ပြပါတယ်။ ဗမာဆရာဝန်များ = ဟိုတနေ့က ဆေးရုံမှာ အသက် ၃ဝ ကျော်၊ အိမ်ထောင်မကျသေးတဲ့ ယောက်ျားလေး လူနာတယောက် Retro positive ထွက်တာ၊ လူနာကို အရင်ပြောရမလား၊ လူနာစောင့်ကို အရင်ပြောရမလား ဝေခွဲမရဖြစ်နေတာ။ နောက်တော့ လူနာကို အရင်ပြောမယ်လို့ ဆုံးဖြတ်ပြီး လူနာစောင့်တွေကို အပြင်ထွက်ခိုင်းပြီး ပြောပြလိုက်တယ်။ လူနာက သူတယောက်ပဲ သိထားချင်တယ်တဲ့။ HIV အထူးကုနဲ့လည်း ဆရာပြောတဲ့အချိန် သွားပြပါ့မယ်တဲ့။ တခြားလူတွေကို မပြောပါနဲ့တဲ့။ တော်ပါသေးရဲ့၊ သူ့အရင်ပြောမိတာ။ အဲ့ဒါနဲ့ ရောဂါအမည်ကို လူနာကိုအရင်ပြောတာ ပိုကောင်းမယ်လို့ မှတ်လိုက်မိတယ်။ နောက်နေ့ကျတော့ အမျိုးသမီးကြီး၊ အသက် ၆ဝ ကို ရင်သားကင်ဆာကို လူနာနားသွားပြီး ရောဂ...

Duzela 30 MG Capsule ဆေးဆိုတာ

Image
ဒီဆေးတွေက ဘာအတွက်သောက်ရတာလည်း သိရင် ပြောပေးကြပါအုံဗျ ဆရာဝန်ကို မေးတာ မဟုတ်ပါ။ ကျွန်တော်တို့တိုင်းပြည်မှာ ကင်ဆာဆိုရင် ဆရာဝန်ကို မမေး။ ကိုဗစ်လည်း ဆရာဝန်ကို မမေး။ ဆေးအကြောင်းလည်း ဖေ့စ်ဘွတ်သာ မေးကြတယ်။ Duzela 30 MG ဆေးဆိုတာ antidepressant medicine စိတ်မကျဆေးဖြစ်တယ်။ ဘေးထွက်သက်ရောက်မှုများ - အိပ်ချင်၊ ခေါင်းမူး၊ ပျို့၊ အာခေါင်ခြောက်၊ ရင်ပူ၊ ချွေးထွက်။ ဆေးကို အစာရှိရှိ မရှိရှိ သောက်နိုင်တယ်။ ဆရာဝန်ညွှန်ကြားချက်နဲ့သာ သောက်ရမယ်။ ဒေါက်တာတင့်ဆွေ

Aloo Cutlet အာလူးကတ်တလိတ်

Image
အားလူကတ်သလိပ်လို့ တင်တာတခု တွေ့တယ်။ ခဏခဏတွေ့ပါတယ်။ ဆရာဝန်ကဖတ်တော့ သလိပ် (ချွဲ)။ ကန်တော့။ အသံထွက်မှန်က အာလူးကတ်တလက်။ အများအားဖြင့် အာလူးကတ်တလိတ်လို့ ရေးကြပါတယ်။ လိပ်ထားတာ မဟုတ်လို့ ကတ်တလိပ်လို့တော့ မရေးသင့်ပါ။ မြန်မာပြည်မှာ အသံထွက်နဲ့ သတ်ပုံ မှန်တိုင်းလည်း အဆင်ပြေချင်မှသာ ပြေမယ်။ နှုတ်ကျိုး၊ မျက်စိအသားကျနေတာကို မှန်အောင် ရေးရင်၊ ပြောရင်၊ ရောင်းချင်မှ ရောင်းရနိုင်တယ်။ ဝဝ်တဲံသူတွေက အမှန်ကို မသိသူ များလို့။ ဥပမာ မုံ့လို့ရေးတာကို စားစရာလို့ မထင်ကြတော့ပါ။ မြန်မာ့စွယ်စုံကျမ်းမှာက မုံ့။ စောစောက ထပ်တရာအကြောင်း တွေ့တယ်။ ထပ်တရာလို့ရေးတာက မှန်တယ်။ မှန်အောင်ရေးတတ်သူက ရှားတယ်။ ကွန်ဂရက်ကျူလေးရှင်း။ ဒါပေမဲ့ ထပ်တရာကို မှန်အောင် ရေးတဲ့သူက ( - ) မြို့ (မာ) လို့ရေးထားလို့ ထပ်တရာ မာရင်စားမကောင်းလို့ ကွန်မင့် ရေးလိုက်တယ်။  ရရစ်မပါနဲ့ ဟထိုးမပါရောဂါ ကူးစက်နေပြန်တယ်။ ကျွန်တော်တို့ တိုင်းပြည်မှာ စလောင်းရွဲ့သာ အသုံးကျတယ်။ တည်တဲ့အိုးနှုတ်ခမ်းက မညီမညာဖြစ်နေလို့။ ၁။ အာလူးကတ်သလိတ်ကြော် မှားနေတယ်။ ၂။ အာလူးကတ်သလိတ်လို့ တင်ထားတာ တခုတွေ့တယ်။ မှားနေတယ်။ အာလူးကတ်သလိတ် မှား။ အာလူးကတ်သလိပ် မှား။ အာလူးကတ်တလိပ် မှား။ အခုအ...

Social လူမှုဆက်ဆံရေးဆိုတာ

Image
ရန်ကုန်မှာ စိတ်ရှည်ပြီး အဆင်ပြေတဲ့ အဆုတ်နဲ့ရင်ခေါင်းဆရာဝန်သိချင်လို့ပါရှင် အခုလို မေးတာမျိုးကို မကြာမကြာ ဖတ်ရတယ်။ မေးကြတာ သင့်မှန်ပါတယ်။ ကျွန်တော်ဆရာဝန် လုပ်သက်က ကြာပြီ။ ကိုယ်အလုပ်တာဝန်ကျနေတဲ့နေရာမှာ မေးခွန်းထဲကလို အရည်အချင်းရှိတဲ့ဆရာဝန်ရှိသလား မေးကြရင် ကိုယ့်အမည် ပါချင်မှပါနိုင်တယ်။ ကျွန်တော်က တခါတခါ အင်မတန်စိတ်ရှည်ပြီး တခါတခါ အလွန်တိုတယ်။ နိုင်ငံရေးထဲမှာလည်း အဲလိုဘဲ။  အမြဲလိုလို စိတ်ရှည်သူမျိုးလည်း နည်းနည်းတော့ ရှိတယ်။ စာ၊ ပညာ၊ ကဗျာနယ်ပယ်မှာ အလွန်နူးညံြ့ပည့်ဝတဲ့သူတွေလည်း နည်းနည်း ရှိတယ်။ ခက်ထန်သူတွေ၊ မောက်မာသူတွေလည်း တွေ့မယ်။ နှုတ်အာ အကျင့်အရ နင့်နင့်နာနာရေးတတ်သူတွေ စိတ်ရင်းက ကောင်းတာလည်း ရှိပါမယ်။ ဥပမာတွေ မပေးတော့ပါ။ လူမှုဆက်ဆံရေးဆိုတာ အလွန်မတန် ခက်ခဲနက်နဲတယ်။ တကြိမ်တခါကြုံတာလေးနဲ့ ကောက်ချက်ချခံရတတ်တယ်။ ရှေ့ကောင်း နောက်ဆိုးမျိုးလည်း ရှိတယ်။ ဒေါက်တာတင့်ဆွေ

Pregabalin with Methylcobalamin ဆေး နှစ်မျိုးတွဲ

Image
အသက် ၃၄နှစ်အမျိုးသမီးပါ။ ရောဂါကြောင့်စိတ်ဖိစီးမှုများပြီးမအိပ်တော့လို့ပါ။ pregabalin & methylcobalamin ဆေးသောက်လျှင်အိပ်ပါတယ်။ ကြာရှည်စွာသောက်လျှင်ဘေးထွက်ဆိုးကျိုးရှိပါသလားဆရာရှင့် ကျေးဇူးပြု၍ဖြေကြားပေးပါရှင့်။ Pregabalin with Methylcobalamin ဆေး နှစ်မျိုးတွဲ အာရုံကြောကြောင့်နာခြင်း၊ တက်ခြင်း၊ စိုးရိမ်စိတ်ကဲခြင်း၊ သွေးအားနည်းခြင်း၊ အာရုံကြောထိခိုက်မိခြင်းနဲ့ ထုံနာကျဉ်နာတွေအတွက် ပေးတယ်။ ဘေးထွက်သက်ရောက်မှုများ အိပ်ချင်။ စိတ်တို၊ ကြွက်တက်၊ အားနည်း၊ မျက်စိကြည့်မကောင်း၊ သတိမထားဘဲ လုပ်ဆောင်မိခြင်း၊ အိမ်မရခြင်း။ ဒေါက်တာတင့်ဆွေ

Food puzzle စားလို့ လူကိုမဝစေတာဘာရှိလဲ

Image
မြန်မာပြည်ကလူတွေမှာ အဝလွန်တာအဖြစ်မများပါ။ ပိန်ချင်လို့ မေးကြသူတွေအများစုကလဲ ခန္ဓာကိုယ်အချိုးအစား ကျချင်လို့နဲ့ ပိုပြီးလှချင်ကြလိုဖြစ်တယ်။ အမျိုးသမီးတွေဆိုရင် အိမ်ထောက်ရက်သားကျ၊ ကလေးမွေးရပြီမှ ပိုဝလာလို့ အလေးချိန် ချချင်ကြတယ်။ ပိန်နေသူတွေ ဝချင်လို့ အရပ်ပေးဆေးနည်းနဲ့ ဒုက္ခရောက်ရသူကပိုများတယ်။  ချမ်းသာဖွံ့ဖြိုးတဲ့တိုင်းပြည်တွေမှာတော့ ကိုယ်အလေးချိန်အလွန်အကဲများတာက အမျိုးသားကျန်းမာရေး ပြဿနာကြီးဖြစ်နေတာ ကြာပါပြီ။ ကိုယ်အလေးချိန်ဟာ ကျန်းမာရေးကို သိသိသာသာသက်ရောက်တယ်။ လူမဝချင်ရင် (၁) အစားအသောက်ဂရုစိုက်ပါ၊ (၂) လေ့ကျင့်ခန်းလုပ်ပါ၊ (၃) လိုအပ်ရင်ဆေးသောက်ပါလို့သာ ဆရာဝန်တွေကပြောနိုင်တယ်။ မျိုးဗီဇအရ ဝနေတာကို ပြင်မရပါ။  ပိန်ဆေးတွေကို ရှာဖွေဖေါ်စပ်ပြီး ရောင်းတဲ့စီးပွါးရေးကလဲ အမြတ်အစွန်းကြီးမားလှတယ်။ ဆေးတိုင်းကို နိုင်ငံတိုင်းမှာ FDA ခေါ်တဲ့ ဆေးဝါးနဲ့ အစားအသောက်အာဏာပိုင်အဖွဲ့ကနေ ခွင့်ပြုချက်ရမှသာ တရားဝင်ရောင်းခွင့်ရှိတယ်။ မြန်မာနိုင်ငံလို ဥပဒေစိုးမိုးမှု အလွန်မတန် အားနည်းတဲ့နိုင်ငံများမှာသာမကပါ ကမာ္ဘ့ထိပ်တန်းနိုင်ငံတွေမှာလဲ FDA ခွင့်ပြုချက်မပါဘဲ ဆေးရောင်းတာတွေ ရှိတယ်။ 'အွန်လိုင်း' ဈေးရောင်းစနစ်ပေ...

အသီး

Image
ညစာစားပြီး စားပါမည်။ ဘာသီးဖြစ်ဖြစ် ဖြစ်နိုင်ရင် နေ့စဉ်စားပါလေ။ ထောပတ်သီးမှာ ဗီတာမင် စီ၊ အီး၊ ကေ နဲ့ ဘီ-၆ ပါတယ်။ မက်ဂနီဆီယမ်၊ ပိုဆက်ဆီယမ် ပါတယ်။ အိုမီဂါ ဖက်တီးအက်စစ် စတာတွေပါတယ်။  လူအများစားတဲ့ အသီးတိုင်းမှာ အာဟာရဓါတ်တွေ ပါတယ်။ ကင်ဆာနေရာတွေမှာ ရေးကြတာ အသီးရယ်လို့ မတွေ့ပါ။ တယောက်လာ ဒါ၊ တယောက်လာ ဒါ။ ကိုယ့်ဒေသမှာထွက်တဲ့ အသီးတိုင်း ကောင်းပါတယ်။ ရာသီပေါ်အသီးတွေ ပိုကောင်းတယ်။  ဒေါက်တာတင့်ဆွေ

D&C သားအိမ်ခြစ်ခြင်း

Image
(ကန်တော့) သားအိမ်ခြစ်ထားတာ သွေးကျဲကျဲလေးတွေ နည်းနည်း ထွက်တယ် ဆီးသွားရင်လည်း အသားဖက်(ဖတ်)လို နည်းနည်း လေးလေး လေးတွေ ပါတယ် စိုးရိမ်ရလားရှင့် ဆရာဝန်ကို မေးတာ မဟုတ်ပါ။ ဖေ့စ်ဘွတ်ပေါ်လာကတည်းက ဆရာဝန်တွေကို သိပ်အားမကိုးကြတော့ပါ။ သားအိမ်ခြစ်တာကို ဆေးစာနဲ့ Dilation and curettage (D&C) လို့ခေါ်တယ်။ သားအိမ်ထဲက တစ်ရှူး ခေါ် အသားစတွေကို ဖြစ်ထုတ်ယူတာဖြစ်တယ်။ မခြစ်မီမှာ သားအိမ်ဝကို ချဲ့ပေးရလို့ ဒီ နဲ့ စီ စာလုံး ၂ ခု ဖြစ်လာတယ်။ သားအိမ်ခြစ်ရတဲ့ ရောဂါအခြေအနေတွေ တခုမကရှိတယ်။ အများအားဖြင့် ကိုယ်ဝန်ပျက်လို့။ ကိုယ်ဝန်ပျက်တိုင်းလည်း သားအိမ်မဖြစ်ရပါ။ ဆင်းစရာတွေ မကုန်မှသာ ခစ်ပါမယ်။ အကြောင်း ၂ မျိုးရှိတယ်။ တခုက မတော်တဆ ပျက်တာ Miscarriage လို့ခေါ်တယ်။ Abortion ဆိုတာက တမင်တကာ ကိုယ်ဝန်ကို ပျက်စေတာဖြစ်တယ်။ နောက်တမျိုးက သွေးဆုံးပြီးနောက် သွေးဆင်းတာပုံမှန်မဟုတ်သူတွေကို သားအိမ်ကင်ဆာဟုတ် မဟုတ် စစ်လိုတဲ့အခါ လုပ်တယ်။ Molar pregnancy ခေါ်စပျစ်သီကိုယ်ဝန်အတွက် သားအိမ် ၂ ခါခြစ်လေ့ရှိတယ်။ ဖတ် ဖက် ဖတ်နဲ့ ဖက် မှားရေးတဲ့ မေးခွန်းတွေ အများကြီး။  ၁။ ယိုးဒယားစပန့်တွေ အအေးသား မထူမပါးဖြစ်တာမို့ အခုရာသီဥတု နဲ့ အရမ်းလိုက်ဖတ်နေရေ...

မြန်မာစကားပြေကို လျစ်လျူရှုလိုသော မြန်မာအချို့

Image
ဆရာမလက်ဟောင်း သက်လွန်ကြီးတဦးသည် ကျွန်တော့အိမ်သို့ စောစောစီးစီး ပေါက်လာပါသည်။ မိတ်ဆွေဟောင်းတဦး ဖြစ်ခဲ့ဘူး၍ သူ့ကို ကျွန်တော် ဖော်ရွေစွာ ဧည့်ခံခဲ့ပါသည်။ စကားစမြည် အနည်းငယ် ပြောကြပြီးသောအခါ သူ့လက်ပွေ့အိတ်ထဲက ပုံနှိပ်စက္ကူတခုကို ထုတ်ပြပါသည်။ တက္ကသိုလ်မောင်မောင်ကြီးရေးတဲ့ စာအုပ်ထဲကဖြစ်ပါတယ်။ ယခုအခါမှာတော့ တဦးအရေးအသား ကွယ်လွန်သွားပြီ။ တခုအရေးအသား ခြစားသွားပြီ။ မြန်မာစာသတ်ပုံကိုကို လျစ်လျူရှုလိုသော မြန်မာလူမျိုး အချို့ပေါင်း များစွာရှိပါသည်။ ဒေါက်တာတင့်ဆွေ

သူ့ကဗျာ

Image
တရံရောအခါ ဘုန်းကြီးတပါးသည် - ကျောင်းသားကလေးတယောက်က - သားရေနယ်တချပ်ကလည်း - မြန်မာ့ရိုးရာ ဟာသများ (ငွေတာရီ မဂ္ဂဇင်း) တရံရောအခါက သတ်ပုံမှန်နဲ့ ရေးသားကြပါသည်။ ယခုအခါ ဘုန်းကြီးတပါး အရေးအသားပျံတော်မူပြီ။ ကျောင်းသားကလေးတယောက် စာအမှန်ကို မသင်ရတော့။ သားရေနယ်တချပ်ပေါ်မှာ မြန်မာစာ အာဏာပိုင်တွေ ထိုင်နေတော်မူကြပြီ။ ကန်တော့ + ဆောရီး။ ဒေါက်တာတင့်ဆွေ

ရွှေတကျပ်သား

Image
၁၉၆၁ ခုနှစ် မတ်လ (၂၁) ရက်နေ့မှာ ရွှေတကျပ်သား ပြား ၁၅၀ စျေးတက်လာသည်။ ၁၉၆၁ ခုနှစ် မေလ (၁၁) ရက်နေ့မှာ တကျပ်တက်သည်။ ကွန်မင့်တခု ဦနုအစိုးရလက်​ထက်​မှ​ရွှေ​​စျေးပါ ဒီအချိန်​ကလ္ဘက်​ရည်​တခွက်​ ၂၅ပြား၊ ဒန်​​ပေါက်​တပွဲ ၂ကျပ်​ အနိမ်​့ဆုံးလစာ ၉ရကျပ် တဲ့။ မင်္ဂလာပါဆရာ ဆရာ့ရဲ့ Pure Gold အကြောင်းဖတ်လိုက်ရပါတယ်။ ၁၉၈၀ − ၁၉၈၄ က ရွှေတကျပ်သားကို မြန်မာငွေကျပ် ဘယ်လောက်ပေးရသလဲသိပါရစေ။ ကျွန်တော်မမွေးသေးပါ။ ဘယ်သူ့မေးမေး၊ internet ဘယ်နေရာမှာရှာရှာ မတွေ့လို့ပါခင်ဗျာ။ ၁၉၈၂ လောက်က ကျွန်တော်တို့ စစ်ကိုင်းဆေးရုံရောက်နေချိန်မှာ ရွှေတကျပ်သား ၃၀၀၀ ကျပ်ရှိတယ်။ မိကျောင်းစက်ဘီး တစီး တန်ဖိုးနဲ့ ညီမျှတယ်။ နောက် ၂ နှစ်လောက်နေလို့ ပုလဲရောက်တော့ ၅၀၀၀ ဖြစ်လာပြီ။ မိဘတွေလက်ထက်မှာ တကျပ်သား ၂၀၀ လောက်သာရှိတယ်။ ကျွန်တော်က ၁၉၄၈ မှာ မွေးတယ်။ သတင်းစာအရ ၁၉၆၂ ခုနှစ် မေလ ရွှေစျေး တကျပ်သား ၂၃၆ ကျပ် ၂၅ ပြား။ အဲဒီခေတ်မှာ မူလတန်းဆရာလစာ ၈၂ ကျပ်။ ၁၉၆၅ ဝန်းကျင်မှာ အောက်တန်းစာရေးနဲ့ မူလတန်းပြ လစာ ၁၂၆ ကျပ် ၁၂ ပဲ (၇၅ ပြား)။ ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့မှာ ဗခက နေဝင်းက အာဏာသိမ်းလိုက်တယ်။ ကျွန်တော်တို့ ဆေးကျောင်း (၁၉၆၅-၁၉၇၂) တက်စဉ်က အဆောင်ကြေး ၄၂ ကျပ်၊ ကျ...

Breast Lumps ရင်သားအကျိတ်မေးခွန်းများ

Image
(ကန်တော့) ၁။ မေးချင်တာလေးရှိလို့ သိတဲ့သူများဖြေပေးကြပါနော် ညီမက ၂၀၂၁ နှစ်ကုန်လောက်က ရင်သားမှာ အကျိတ်ရှိတာ သတိထားမိလို့ August 2022မှာ ဆေးခန်း သွားပြကြည့်ပါတယ် ဒေါက်တာက‌ လက်နဲ့ပဲစမ်းကြည့်ပြီး အဆီကျိတ်လို့ပြောပါတယ် ဘာမှ လုပ်စရာမလိုပဲ ခွဲဖို့လဲမလိုသေးဘူးပြောပါတယ် အကျိတ်က မနာဘဲ သေးလဲသေးသေးတော့ မခွဲဘဲနေလို့ရသေးတယ်ပြောပါတယ်။ ဒါပေမယ့် ဆေးထိုး၊ဆေးသောက်လဲ မလုပ်ရဘူးပြောပါတယ် ဒီအတိုင်းနေလဲ မပျောက်သွားဘူး ပြောပါတယ်။(အကျိတ်က ၁လုံးတည်းပါ) အခု အကျိတ်က ၂နှစ်နီးပါးလောက်ရှိပြီး ကြီးလာတယ် ရင်သားမှာဆိုတော့ ရင်သားကင်ဆာဖြစ်မှာ စိုးရိမ်လို့ပါ ပြီးတော့ တစ်ခါတလေ အကျိတ်ကမနာဘဲ အကျိတ်ရှိတဲ့ဘက်က ရင်သားက စေ့စေ့နဲ့ ထိုးပါတယ် အမြဲတမ်းမဟုတ်ပေမယ့် သတိထားမိလာဝာာ ရက်စိပ်လာပါတယ် မေးခွန်းအဆုံးထိ မကူးတော့ပါ။ ဆရာဝန်ကို မေးတာ မဟုတ်ပါ။ သူ့ညီမဖြစ်တာကို မေးတာဖြစ်ပါတယ်။ မက်စင်ဂျာ ဖတ်ပါရန်။ ၂။ ညီမရဲ့ အသားစ အ‌ ဖြေပါ ရှင် သိတဲ့ အမတို့ ညီမလေးတို့ ပြောပြပေးပါရှင် စိုးရိမ် ရလားရှင် ဆရာဝန်ကို မေးတာ မဟုတ်ပါ။ သူ့ညီမဖြစ်တာကို တခြားညီမလေးနဲ့ အမတွေကိုသာ မေးတာဖြစ်ပါတယ်။ မနေတတ်လို့ ဆရာဝန်က ဝင်ဖြေမယ်။ ဆေးစစ်ချက်တွေကို တင်တဲ့အခါ အမည်တွေ အချက်အလက...

မှန်းဖြေရင် မှားနိုင်တယ်

Image
ဆရာ ဆီးဖုံးပေါ်မာ(မှာ)အဖုလေးတွေပေါက်ပီး (ပြီး) ယားနေလို့ပါ အသက် ၂၄ နှစ်ပါဆရာ ကျား-မ မသိ။ ဖြစ်တာဘယ်လောက်ကြာ မသိ။ 24 ကို ၂၄ လို့ပြင်လိုက်တယ်။ Hi ကို ဖျက်လိုက်တယ်။  အကောင့်အမည်ဖတ်ရတာ အမျိုးသားလို့တော့ သိတယ်။ ဒါပေမဲ့ မေးခွန်းပေါင်း သောင်းခြောက်ထောင်မှာ တခါတခါ မေးသူတယောက် ဖြစ်သူတယောက်။ တခါတလေ အမျိုးသားက အမျိုးသမီးရောဂါ၊ အမျိုးသမီးက အမျိုးသားရောဂါ မေးတာတွေလာတယ်။ တချိုု့က အမျိုးသားဖြစ်ပြီး အမျိုးသမီးအမည်ယူတယ်။ တချို့ အမျိုးသမီးက အမျိုးသားအမည်သုံးတယ်။ တချို့အမည်တွေက ကျားလား မလား မသိနိုင်။ မှန်းဖြေရင် မှားကောင်း မှားနိုင်တယ်။ ဒေါက်တာတင့်ဆွေ

Cancer Questions ကင်ဆာမေးခွန်းများ

Image
၁။ ဘေလုံး spleen မှာကော ကင်ဆာဖြစ်တတ်သလားဆရာ မကြားဖူးလို့ ဘေလုံကင်ဆာဟာ အလွန်ဖြစ်ခဲတယ်။ ဘေလုံးဟာ လင်ဖက်တစ်စနစ်ကအစိတ်အပိုင်းဖြစ်လို့ လင်ဖိုးမားကင်ဆာ ဖြစ်နိုင်တယ်။ သူကနေစတာရှိတယ်။ သူ့ဆီကိုပြန့်လာတာရှိတယ်။ တချို့မှာ ဘေလုံးသွား သွေးကြောကင်ဆာ ဖြစ်နိုင်တယ်။ ၂။ ဆရာ ကင်ဆာက B17 ချို့တဲတဲ့ရောဂါလို့ ရေးတင်ထားတာဖတ်ရတယ်ဆရာ အဲဒါဟုတ်လား ဟုတ်လျှင် B17 သောက်ဆေးတို့ ထိုးဆေးတို့က မထွက်ဘူးလားသိချင်လို့ပါ ဗီတာမင် ဘီ-၁၇ ဆိုတဲ့ Amygdalin ဓါတ်ကို လေ့လာကြပါတယ်။ ကောက်ချက်က မသေချာလို့ထွက်ပါတယ်။ အဲလိုရေးခြင်းဟာ ဟောက်စ် ခေါ် ထိန့်လန့်အောင်လုပ်ထားတဲ့သတင်း အမျိုးအစားသာဖြစ်ပါတယ်။ Vitamin B17 Controversy ဗီတာမင်ဘီ-၁၇ သတင်း ဖေ့စ်ဘွတ်မှာ အတော်များများရှယ်နေကြတဲ့ပို့စ်တခုရှိတယ်။ ကင်ဆာသည် ရောဂါမဟုတ်ပါ စီးပွားရေး သက်သက်သာ ဖြစ်သည်။ Amygdalin အရင်းအမြစ် (ဗီတာမင် B17) စသဖြင့် ပါတယ်။ တွေ့ကတည်းက ပင်ရင်းကို ရှာဖတ်ထားပါတယ်။ မရေးသေးဘူးလို့ဟာ အခုတော့ ရေးပါတော့မယ်။ ၁၉၈ဝ ကျော်ကတည်းက FDA ကနေ တားမြစ်ထားတဲ့ ဆရာဝန်နည်းမဟုတ်တာတွေနဲ့ ကုသနေသူတွေက ကင်ဆာကို ဗီတာမင်ဘီ-၁၇ နဲ့ ပျောက်တယ်လို့ပြောပြီး ကုသနေကြတယ်။ ဗီတာမင်ဖြစ်ဖြစ် ဖြည့်စွက်စာဖြစ်ဖြစ် အ...

Cancers of Women Reproductive system အမျိုးသမီး မျိုးပွါးလမ်းမှာဖြစ်တဲ့ ကင်ဆာတွေ

Image
သားအိမ်ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ၊ သားဥအိမ်ကင်ဆာဖြစ်နေတဲ့သူတွေရဲ့ လက္ခဏာတွေ ပြောပြပေးလို့ရမလားရှင့်။ အားလုံးပဲကင်ဆာရောဂါဝေဒနာမှကင်းဝေးကြပါစေ ဆရာဝန်ကို မေးတာ မဟုတ်ပါ။ ကင်ဆာဆိုရင် ဆရာဝန်ကို မမေးပါ။ ကိုဗစ်ဆိုရင်လည်း ဆရာဝန်ကို မမေးကြပါ။ မြန်မာပြည်မှာ။ သားအိမ်ဝ = သားအိမ်ခေါင်း။ 1. Cancer of the uterus သားအိမ်ကင်ဆာ https://dr-tint-swe.blogspot.com/2021/04/cancer-of-uterus_23.html 2. Cancers of Women Reproductive system အမျိုးသမီး မျိုးပွါးလမ်းမှာဖြစ်တဲ့ ကင်ဆာတွေ https://dr-tint-swe.blogspot.com/2021/05/cancers-of-women-reproductive-system.html 3. Cervarix သားအိမ်ဝကင်ဆာ ကာကွယ်ဆေး https://dr-tint-swe.blogspot.com/2021/05/cervarix.html 4. Cervical Cancer & Virgins သားအိမ်ဝကင်ဆာနဲ့ အပျို https://dr-tint-swe.blogspot.com/2021/01/cervical-cancer-virgins.html 5. Cervical Cancer (1) သားအိမ်အဝ ကင်ဆာ (၁) https://dr-tint-swe.blogspot.com/2021/05/cervical-cancer-1.html 6. Cervical Cancer (2) သားအိမ်အဝ-ကင်ဆာ (၂) https://dr-tint-swe.blogspot.com/2021/05/cervical-cancer-2.html 7. Cervical ...

အမည် နာမည် နံမယ်

Image
၁။ နံမည်တလုံးရဖိုဆိုတာခက်တယ် နံမည်ပျက်ဖိုဆိုသိပ်လွယ်တယ် တုံအောက်(တုံးအောက်) ပိလိုသေချင်မှ သေမယ် လူးအောက်ပိရင်တော့ ရှင်လျှက်(ရှင်လျက်) နဲ့သေတာအတူတူဘဲ (တလုံး ရေးတာ မှန်။ နံမည်ဆိုတာ အနံ့ဆိုးတာနံမယ်လို့ ပြောတာ။ နာမည်၊ အမည်၊ အမည်နာမလို့ ရေးကြတယ်။) ၂။ ဘာမှမဖြစ်သလိုပါပဲ၊ နံမည်(နာမည်)ကြားပြီးအပ်စိုက်ဆိုတော့လန့်တာ၊ ၃။ ၅ နှစ်ဆေးနံမည်(နာမည်)လေး သိခြင်(သိချင်)လို့ပါရှင် ၄။ ဆရာရှင့် သားသားအသက်က ၄ နှစ်ပြည့်ပြီးပါပြီဆရာရှင့် သန်မချဖြစ်တာ ၁ နှစ်လောက်ရှိပါပြီဆရာ၊ အစက ထမင်းကောင်းကောင်းစားပါတယ်ရှင့်၊ အခုထမင်းကောင်းကောင်းမစားတာ ၃ ရက်ရှိပါပြီဆရာ အဲ့ဒါ ကလေးသန်ချဆေးလေးတိုက်ရမလားလို့ပါရှင်၊ တခြား ဗိုက်နာ ဗိုက်အောင့်တာမျိုးမရှိပဲ မစားချင်တာပါတဲ့ရှင့် ကျေးဇူးပြု၍ ဆေးနံမည် (ဆေးနာမည်) လေးပါပြောပေးလို့ရမလားရှင် ‌ဆေးခန်းသွားလာရ အဆင်မပြေလို့ပါရှင် ၅။ နံမယ်ဆိုတဲ့ စာလုံးပေါင်းလေး ရှင်းပြပါဆရာ။ စံရွှေမြင့်ပို့စ်အောက်မှာ မေးတာ။ ၆။ မင်္ဂလာပါ ဆရာရှင့်။ နာမယ် နဲ့ နာမည် အတူတူလား သိပါရစေရှင့်။ ၇။ ဆရာ နာမည် နဲ့ နာမ်မည် ဘယ်ဟာ အမှန်ပါလဲရှင်။ ဘယ်မှာ ရှာကြည့်ရမှန်း မသိလို့ ဆရာ့ကိုမေးလိုက်တာ။ အလုပ်ရှုပ်သလို ဖြစ်မိသွားရင် တောင်းပန်...

တဏှာ မှသည် တစ်ဏှာ သို့

Image
တဏှာကို (တစ်)ဏှာ လို့ရေးနေကြတယ်။ မြန်မာစာသတ်ပုံမှန်တွေကို မှားအောင်ပြင်တဲ့ ၁၉၈၇-၁၉၉၁ နောက်ပိုင်းမှာ (တ) မှန်သမျှ စသတ်ရမယ်လို့ ထင်ကုန်ကြတယ်။  တရားကို (တစ်)ရားလို့ရေးတာတွေရှိကြောင်း သက်သေတွေ တင်ပြခဲ့ပါတယ်။  အောက်ပါမြို့ ရွာ ရပ်ကွက် အမည်များပါ (တ) ကို စသတ်ခံရနိုင်တဲ့ အန္တရာယ်ရှိနေတယ်။  ကျောက်တလုံး (ငါန်းဇွန်မြို့နယ်)၊ ညောင်တပင် (မုံရွာမြို့)၊ တကောင်း (မန္တလေးတိုင်း)၊ တခက်ကျေးရွာ၊ တရုံကျေးရွာအုပ်စု။ တညင် (သန်လျှင်) တညောင် (မကွေးတိုင်း) တနင်္သာရီ (တနင်္သာရီတိုင်း) ကျောက်တလုံး (ငါန်းဇွန်မြို့နယ်)၊ တနယ် (ဒီပဲယင်းမြို့နယ်) တနယ် (ပုလဲမြို့နယ်)၊ တနယ်ကြီးကုန်း (ဒီပဲယင်းမြို့နယ်) တနိုင်း (ကချင်ပြည်နယ်) တမာတန်းရပ် (မုံရွာမြို့) ငတရော် (ရေစကြိုမြို့နယ်) တမာတန်းရပ် (မုံရွာမြို့) တမာတန်းရွာ (ရေစကြိုမြို့နယ်) တမာပင်ခွ (မြို့နယ်အတော်များများမှာရှိ) တမူး (စစ်ကိုင်းတိုင်း) တရုံကျေးရွာအုပ်စု တရောင်းရွာ (ရမ်းဗြဲမြို့နယ်)၊ ငတရော် (ရေစကြိုမြို့နယ်) တရော်ကျင်း (ယင်းမာပင်မြို့နယ်) တရော်တော (ဘုတလင်) တိုင်တရာ (ပုသိမ်မြို့နယ်) ထန်းတပင် (ဒီပဲယင်းမြို့နယ်) ထန်းတပင် (ပဲခူးတိုင်း) ငါ့တရော် (စစ်ကိုင်း မြိ...

Cancer ကင်ဆာလူနာများနှင့် လူနာရှင်များသို့

Image
ကင်ဆာသမားလို့ရေးတာ၊ ကင်ကင်လို့ ရေးတာတွေကို သဘော မကျပါ။ ရိုးရိုး တည့်တည့် မှန်မှန် ရေးသင့်ကြပါတယ်။  ကင်ဆာဆိုတာ အမျိုးမျိုးရှိတယ်။ အဆင့်တွေကလည်း မတူပါ။ ကင်ဆာတူ၊ အဆင်တူလည်း လူနာတယောက်နဲ့တယောက် မတူပါ။  ကိုယ့်မှာဖြစ်နေတာကိုသာ တိတိကျကျ အပိုမပါ အလိုမပါ ရေးကြရပါမယ်။  ဖေ့စ်ဘွတ်ကနေ ဆေးနည်းတွေ၊ ဓါတ်စာတွေ၊ ဖြည့်စွက်စာတွေ ပေးနေကြတာလည်း ၉၀% လောက်က မှားတယ်။ ဒေါက်တာတင့်ဆွေ

Penicillin V ပနယ်စလင် စားဆေး

Image
၁။ ဆရာခင်ဗျ ကျွန်တော့်အမျိုးသမီးက ၂၇ နှစ် လေးဘက်နာရှိပါတယ်။ အရင်က Pen V သောက်ပါတယ်။ ကိုယ်ဝန်ရှိစဉ်ကတည်းက ဖြတ်လိုက်ပါတယ်။ ယခု ကလေး ၁၁လ ရှိပါပြီ ခြေထောက်တွေပြန်ကိုက်နေလို့ပါ။ Pen V ပြန်သောက်လို့ရပါသလား။ မရရင် မည်သည့်ဆေး သောက်/လိမ်းသင့်ပါသလဲခင်ဗျာ။ ၂။ အသက် ၉နှစ်၂လ၊ မိန်းကလေး၊ လေးဘက်နာပိုး ASO 400 ပါ။ နှာခေါင်းနှစ်ဖက်လုံး အတွင်းဘက်ရှိ နှာသီးကြီးပြီး ရဲနေပါတယ်။ ပါးစပ်အတွင်းအာသီးဧ။် ဘေးဘက်တွင်လည်းအလုံးတလုံးက ကြီးနေပါတယ်။ နှာခေါင်းသွေးလည်း ၁၀ရက်အတွင်းမှာ ၂ခါလျှံပါတယ်။ နားနှာခေါင်းလည်ချောင်းအထူးကုဆရာဝန်က pen v 2 times, cevit 1time, Aribovit 1 time night ၁လ တိုက်ခိုင်းပါတယ်။ pen v  400,000 I.U ကို တလုံးတိုက်ရမှာလား၊ တခြမ်းတိုက်ရမှာလား မသဲကွဲလို့ တခြမ်းဘဲတိုက်ဖြစ်ပါတယ်။ ဆေးတိုက်တာ ၃ရက်ရှိပေမဲ့နှာခေါင်းနှင်ပါးစပ်အတွင်းရှိအသီးများမှာသေး မသွားပါ။ ဘာတွေသတိထားရမလဲ၊ ဆေးက ဘာတွေနဲ့ မတည့်ဘူး လဲသိချင်ပါတယ် ဆရာ။ ၃။ လေးဘက်နာဆေးလို့ပြောပါတယ်ဆရာ။ Side affect ရှိမရှိ သိချင်လို့ပါဆရာ။ ၄။ ASO တိုင်းတာ 350 ပါဆရာ။ Penicillin v 400,000IU ဆိုတစ်နေ့ဘယ်နှစ်လုံးသောက်ရမလဲသိချင်လို့ပါရှင့်။ Penicillin V (Phenoxymethy...

Temozolomide 100mg ဆေး

Image
၁။ ဆရာရှင့်။ Temozolomide 100mg ငါးရက်ကို ဆေးစသွင်းတဲ့နေ့က စသောက်ရပါတယ်။ အခုသောက်ပြီး သုံးလေးရက်လောက်အထိ အစာမစားချင်ဖြစ်နေပါတယ်။ ဘယ်လိုလုပ်ရမလဲဆရာရှင်။ ကျေးဇူးပါနော်။ အစာမစားချင်တာက ဆေးရဲ့ဘေးထွက်သက်ရောက်မှုဖြစ်တယ်။ စားနိုင်တာ စားပါ။ အရပ်ပြောနဲ့ ဖေ့စ်ဘွတ်မှာ ရေးနေကြတဲ့ ဟိုဟာရှောင် ဒီဟာမစားနဲ့တွေကို မယုံပါနဲ့။ ကုသပေးနေတဲ့ ဆရာဝန်က အရှောင်မခိုင်းရင် ချို-ချဉ်-စပ်-ငန်-ဖန်-ခါး စားနိုင်တယ်။ အားဆေးသောက်ချင်လည်း ရိုးရိုး ဗီတာမင်ဘီအုပ်စုဆေး သောက်နိုင်တယ်။ Cypon ဆေးရည်လည်း စားချင်စိတ်ပိုစေနိုင်တယ်။ ရှင်နဲ့ ရှင့် အသုံးပြန်တွေ့ရတယ်။ ကောင်းတယ်။ နော်လို့ရေးတာတော့ သိပ်မသင့်မှန်ပါ။ ၂။ ကျေးဇူးပြုပြီးဖြေကြားပေးပါဆရာကြီးရှင့်။ ဆေးတကြိမ်သွင်းပြီးပါပြီ။ ၂၈ ရက်နေ့ကပါ။ အခုဆေးကိုတော့ ၅လပိုင်းမှာ တကြိမ် အခုလက်ရှိ သုံးရက်သောက်ပြီးသွားပါပြီ။ ၅ရက်သောက်ရမှာမို့ ၂ရက်တော့ ကျန်ပါသေးတယ်။ ပါးစပ်ထဲမှာဘာစားစားအရသာမရှိတော့ပါဘူး။ အဲလိုပဲဖြစ်တတ်ပါလားရှင်။ ဘာ တွေလုပ်ရလဲရှင်။ ဖြစ်ဖူးတဲ့သူတွေရောရှိလားရှင်။ နည်းလမ်းလေးများရှိရင်လဲပြောပြပေးကြပါလားရှင့်။ ကျွန်တော့ကို မေးတာတော့ မဟုတ်ပါ။ Temozolomide side effects ဘေးထွက်သက်ရောက်မှုမ...

Cough and Kids ကလေး ချောင်းဆိုးခြင်း

Image
ဆရာရှင့် သမီးလေး အသက်က ၄နှစ်နဲ့၃လပါ စဖြစ်ခါစ ညဆိုအဖျားတက်ပါတယ်။ ချောင်းဆိုးပါတယ်။ ဆေးခန်းကပေးတဲ့ဆေးသောက် သက်သာလာပြီ ဆေးကုန်ရင်ပြန်ဖြစ်ပါတယ်။ ဒီနေ့ပြန်ဖြစ်လို့ထပ်ပြတာ ဆရာဝန်ကပြောပါတယ် ဒီတခါပေးတဲ့ဆေးက အပြင်းဆုံးပဲတဲ့ ပန်းနာရင်ကျပ်မျိုးရိုးရှိလားမေးပါတယ်။ မရှိပါဘူး။ ခုကဆေးတွေသောက်တော့ ချောင်းမဆိုးတော့ဘူး။ ညဆို အဖျားတက်ပါတယ်။ သွေးလွန်တုတ်ကွေး (တုပ်ကွေး) နဲ့တိုက်ဖွိုက်စစ်ပါတယ်။ မရှိပါဘူး။ ဖျားလိုက် ကောင်းလိုက်ဖြစ်နေတာ ၁၀ရက်ရှိတယ်။ သမီးလေးက ဒီအရွယ်ထိ တခါမှမဖျားဘူးတော့ အရမ်းကိုစိတ်ပူပါတယ်။ ဆရာ ဘယ်လိုပြုစုလုပ်ဆောင်ရမလဲ ဖြေပေးပါနော်။ သမီးလေးကဓာတ်ဆားရည်သောက်ပါတယ်။ ဆရာမက ချွဲထတတ်တယ်ပြောတော့ ဖျော်မတိုက်ရဲဘူးဖြစ်နေပါတယ်။ ဆေးခန်းက အငွေ့လဲပေးရှုပါတယ်။ ဆေးခန်းပြတာ ၄ခါရှိပါပြီ။ ကလေးတွေနဲ့ဆိုင်တဲ့ လင့်တွေ ပို့မယ်။ ဆိုင်တာကိုဖတ်ပြီး လိုတာကို လိုက်နာပါ။ ပန်းနာဆိုတာ မျိုးရိုးမရှိလည်း ဖြစ်တယ်။ အသက်အရွယ် မရွေးပါ။ ဓါတ်ဆားရည်ကို လိုရင်တိုက်နိုင်တယ်။ ဝမ်းပျက်တာနဲ့ အန်တာ။ ချွဲမထေစေနိုင်။ Fever First Aid အဖျားရှိသူ ရှေးဦးသူနာပြုနည်း https://dr-tint-swe.blogspot.com/2021/05/fever-first-aid.html Medicines for kids ...

Alvograstim (Filgrastim) ထိုးဆေး

Image
မဂ်လာပါ ဆရာရှင့် ဒီလက်မောင်းထိုးဆေး ၂ မျိုးက အတူပဲလာရှင့် ဆေးဆိုင်က Mega ကထုတ်တဲ့ဟာ ကုန်နေလို့ နောက်တမျိုး ပေးလာတဲ့ဟာ အာနိသင် အတူပဲလို့ ပြောပါတယ်ရှင့် အဲဒါဟုတ်သလားရှင် NHL ကီမို ၆ ကြိမ်သွင်းပြီး သွေးဖြူဉ ကျနေလို့ လက်မောင်ဆေး ထပ်သွင်းရမယ်ပြောလို့ပါရှင့် ဆေးက တံဆိပ်မတူတာ ရလာလို့ အဆင်ပြေပါမလားရှင် ပြီတော့ အဲဒီလက်မောင်းထိုးဆေးတွေက ဒိတ်လွန်ရင် သုံးရလာရှင် ဆေးရုံမှာ အဲဒီ ဒိတ် ၂ လလောက်လွန်နေတာကိုပဲ ထိုးပေးတာ တွေ့လို့ပါရှင် ဒိတ်လွန်နေတာ သုံးလို့ရလားလို့ မေးတော့ ဒိတ် ၃ လလောက်လွန်ရင် ဘာမှဖြစ်ဘူး သုံးလို့ရတယ် လို့ပဲပြောပါတယ်ရှင့် အောက်ပုံမှာ ပို့ထားတဲ့ဆေး ၂ မျိုးက အာနိသင်အတူပဲလာ း ဖြေပေးပါဦးရှင် Alvograstim (Filgrastim) Filgrastim injection is used to treat neutropenia (low white blood cells) that is caused by cancer medicines. It is a synthetic form of a substance that is naturally produced in your body called a colony stimulating factor. Filgrastim helps the bone marrow to make new white blood cells. ဆေးအမည်မတူပေမဲ့ ဆေးအတူတူသာဖြစ်တယ်။ သက်တမ်းကုန်ရက်စွဲအတွက်တော့ မပြောနိုင်ပါ။ ဆေ...

နွားကျောင်းသား

Image
• တချို့လူတွေက အတော်ဂွကျတယ် • မေးတုန်းကတော့ မေးချလိုက်တာပဲ ဖြေထားတာကို တချို့ကသာ ဖတ်ကြတယ်။ • တချို့က ပို့စ်အောက်မှာ မေးတယ်။ ဖြေရင် လာဖတ်မယ်မထင်။ ပို့စ်တွေက အခုမြင် အခုပျောက်။ • တချို့က မေးချင်ရာမေးတယ်။  • ဖြေရတာက သုတေသနစာတွေဖတ် ဘာသာပြန်ရေးရတာမျိုး။ • အတွေ့အကြုံကိုပါ တခါတခါထည့်ရေးတာလည်း ရှိတတ်တယ်။  • ကိုဗစ်ဆိုရင် ဆေးသုတေသနမလုပ်တာတွေ တော်မေးကြတယ်။ မြန်မာပြည်မှာဖြစ်နေတာကလည်း တယောက်တမျိုး။ တနေရာတမျိုး။ အာဏာရှိသူတမျိုးဆိုလမ်းညွှန် တမျိုး။ ကာကွယ်ဆေး ၂ မျိုး ၃ မျိုး။  • အရေးတကြီး အမြန်လို့ မေးပြီး လာမဖတ်သူ မနည်းပါ။  • ဖတ်ပြီး သက်တာတယ်။ ပိုဆိုးတယ် ပြန်ပြောသူက ၅% လောက်သာရှိတယ်။ အမေး မဟော်သဓာ၊ အဖြေ နွားကျောင်းသား။ ဒေါက်တာတင့်ဆွေ ၂၆-၉-၂၀၂၂

Diaper rash ဒိုင်ယာပါ လောင်ခြင်း

Image
(ကန်တော့)  ၁။ ကျမက Diaper ရောင်းတယ် Desitin Baby Diaper Rash Cream with Zinc Oxide ကိုလည်း ရောင်းသင့်။ ဟုတ်ကဲ့ပါဆရာ အဲ့ဒါတွေအကြောင်းသေချာလေ့လာပြီး တွဲလုပ်နိုင်အောင်ကြိုးစားပါ့မယ် ၂။ အဖွားရဲ့ မြီးညောင့်ရိုးအောက်ဘက် အရည်ပြားလေးတွေလန်ပြီးနီနေပါတယ် ဒိုင်ဘာဝတ်ပြီး ဒိုင်ဘာခရင်လည်း လိမ်းပါတယ် အဲ့ဒါအိပ်ယာနာဖြစ်တာလားရှင့် ဒိုင်ဘာနဲ့ထားရင် ဘယ်လိုမျိုး ကာကွယ်ရမလဲရှင့် ဖြေပေးကြပါဦးနော် ၃။ ဆရာ ကလေးကို diaper ဝတ်ပေးရင် ဘယ်လိုဆိုးကျိုးတွေရှိလဲရှင့် နိုင်ငံတိုင်းမှာ ကလေးတွေကို ဒိုင်ယာပါဝတ်ပေးပါတယ်။ လောင်တတ်တာတခုသာ သတိထားရမယ်။ လောင်တာအတွက် ဆေးလည်းရှိတယ်။ လွယ်တယ်။  ရှာရမခက်။ စျေးလည်းမကြီး။ ဒိုင်ယာပါမဝတ်တာက ပိုခက်ခဲတယ်။ မသန့်ရှင်းပါ။ Baby Wipes အစနဲ့အမြဲတွဲသုံးတာ အကောင်းဆုံးဖြစ်တယ်။ တခြား ဘာတခုမှ အပိုမလိုတော့ပါ။ ၄။ ဆရာရှင့် ကျွန်မသမီးလေးအသက် ၂ နှစ်ပါ။ သမီးလေးတင်ပါးမှာ အနီဝိုင်းလေးတွေ ပေါ်နေတာ အခု ရှေ့ဖက်ပါ ထပ်ဖြစ်လာလို့ ဘာဆေးလေးလူးပေးလို့ရလဲ သိချင်ပါတယ်ဆရာရှင့်။ အရင်ကတော့ ဒိုက်ပါဝတ်ပေးဖြစ်ပါတယ်ဆရာ။ အနီအဝိုင်းလေးတွေစပေါ်တော့ မဝတ်ပေးဖြစ်တော့ဘူးဆရာ။ သတိထားမိတာတော့ ဝကာပြီဆရာ။ ဆေးဆိုင်က ညွှန်းတာလေး လ...

Blood Cancer သွေးကင်ဆာ အသိပညာပေးလ

Image
Leukemia လူကီးမီးယား သွေးကင်ဆာ https://dr-tint-swe.blogspot.com/2022/05/leukemia.html NHL နန်းဟော့ချ်ကင်းလင်ဖိုးမား https://dr-tint-swe.blogspot.com/2021/12/nhl.html Lymphoma (လင်ဖိုးမား) ရောဂါ https://dr-tint-swe.blogspot.com/2021/04/lymphoma.html Multiple myeloma မာလတီပယ်မိုင်လိုမား https://dr-tint-swe.blogspot.com/2021/09/multiple-myeloma.html ဒေါက်တာတင့်ဆွေ

Colorectal Cancer အူမကြီးကင်ဆာ စာနာသူများ

Image
သူတို့ဆီက အဲလိုလုပ်ကြတယ်။ ဆေးပညာအရ လက်ခံအတည်ပြုထားတဲ့ ကင်ဆာစစ်ဆေးနည်း၊ ကုသနည်းတွေကိုသာ အားထားကြတယ်။ ဟိုပြောဒီပြောတွေ မရှိပါ။ ဓါတ်စာရောင်းလိုသူတွေလည်း မလာပါ။ ကင်ဆာနေရောတွေကို နေ့တိုင်း ဖတ်ပါတယ်။ အများစုက နည်းလမ်း မမှန်ပါ။  တကယ်မသိရင် ဝင်မရေးပါနဲ့။ အသက်နဲ့ မကစားရပါ။ စေတနာဆိုတာ ပညာပါမှ။ သတ်ပုံမှားတာတွေကို ပြောတာ မဟုတ်ပါ။ မှန်အောင်၊ ကောင်းအောင်၊ ကူညီရာရောက်အောင် ကြိုးစားကြပါ။  ဒေါက်တာတင့်ဆွေ

ဆနွင်း

Image
သားအိမ်ခေါင်းကင်ဆာဖြစ်လို့ သားအိမ်ထုတ်ထားရတာ ဆနွင်းသောက်လို့ ရ မရ သိချင်လို့ပါ ဆနွင်းကို ဘာအတွက် သောက်လိုသလဲ မသိပါ။ ရောဂါပျောက်လိုတာလား၊ ဆာလို့လား။ အရင်ကတည်းက သောက်နေကျဆိုရင် သောက်လိုက သောက်နိုင်။ ကင်ဆာဖြစ်နေသူတိုင်း ကိုယ်တသက်လုံးစားသောက်လာတောတွေ အနည်းဆုံး ၉၅% ဆက်ပြီး စာသောက်နိုင်ကြတယ်။ ဆနွင်းသောက်လို့ ကင်ဆာကိုတော့ ဘယ်လိုမှ (တစက်ကလေးမှ) အပြောင်းအလဲ မဖြစ်စေနိုင်။ ဒေါက်တာတင့်ဆွေ

Calcium USA High Up အရပ်ရှည်ဆေး (သို့) စိတ်မရှည်ဆေး

Image
၁။ ဆရာကျွန်မက မိန်းကလေးပါရှင့်။ အသက်က အခု ၂ဝ၁၆ ခုနှစ် ဖေဖဝါရီလမှာ ၂၉ နှစ်ပြည့်ခဲ့ပါပြီ။ အရပ်က ၅ ပေ ၁ လက်မခွဲရှိပြီး ကိုယ်အလေးချိန်ပေါင်က ၁၂၂ ပေါင်ရှိပါတယ်ရှင့်။ ကျွန်မသိချင်တာက ဈေးကွက်မှာပေါ်နေတဲ့ Height Up ဆိုတဲ့အရပ်ရှည်ဆေးက အသက် ၃ဝ ထိသောက်လို့ရတယ်လို့ ညွှန်းထားတာကြောင့် သောက်သုံးရန် သင့်မသင့် ဖြေကြားပေးစေလိုပါတယ်ရှင့်။ ကျန်းမာရေးအတွက် ဆိုးကျိုးရောဖြစ်စေနိုင်ပါသလားရှင့်။ ဈေးကွက်မှာ ကြော်ငြာတဲ့ ဈေးဗူးနမူနာပုံစံကို ဓာတ်ပုံနှင့်ပူးတွဲပေးပို့လိုက်ပါတယ်ရှင့်။ ဆရာအဆင်ပြေမှပဲဖြေပေးပါရှင့်။ ၂။ ဆရာရှင့် ကျွန်မအသက် ၂၆ ပါ။ အရပ်ပုပါတယ်။ အွန်လိုင်းမှာအရပ်ရှည်ဆေး ကြော်ငြာတွေ့လို့ စိတ်ဝင်စားမိပါတယ်။ တကယ်ပဲ ၂၆ ကျော်လဲရှည်တယ်ဆိုတာ ဟုတ်ပါသလား။ ၃ လ သောက်ရတယ် ပြောပါတယ်ဆရာ။ ဘေးထွက်ဆိုးကျိုး ရှိလားသိချင်ပါတယ်။ ဆရာအသက်ရှည်ကျန်းမာပါစေ။ အသက်တော့ရှည်ချင်ရှည်မယ်။ အရပ်တော့မရှည်နိုင်တော့ပါလို့ စိတ်တိုတိုနဲ့ဖြေခဲ့ဘူးသေးတယ်။ မေးကြလွန်းလို့ တကယ်ကို စိတ်မရှည်ပါ။ ကြော်ငြာဆေးဆိုရင်မေးပြီ။ ကြော်ငြာပါပြောရင် ဘယ်မှာဝယ်ရမလည်းမေးပြီ။ လူ့အရပ်ဆိုတာ သူ့အရိုးတည်ဆောက်ထားမှုမှာ မူတည်တယ်။ အရိုးကို ပိုခိုင်အောင်သာ ဆေးနဲ့လုပ်နိုင်တယ...

NAD မူမမှန်တာ မတွေ့ရ

Image
အူတွေနာနေလို့ဆေးခန်းသွားစစ်ထားတာလေးပါ။ ဆရာဝန်ကတော့ ဘာအဖုအကျိတ်မှမရှိပါဘူးလို့ပြောပါတယ်။ သောက်ဆေးလေးတွေညွှန်တာလေးတွေသောက်နေပါတယ်။ ပုံလေးနဲ့စာလေးတွေဖတ်ပြတတ်သူရှိရင်ကူညီပေးပါအုန်း ချစ်သူငယ်ချင်းတို့ရေ့ ဆရာဝန်ကို မေးတာ မဟုတ်ပါ။ သူ့ချစ်သူငယ်ချင်းတွေကို မေးတာ။ ဖတ်ရသလောက် NAD = မူမမှန်တာ မတွေ့ရ။ ဒေါက်တာတင့်ဆွေ

ကံတရားနှင့် ဆေးပညာ

Image
ဆေးခန်းလေးမှာ မပြည်မစုံနဲ့ လူနာတွေကို စမ်းသပ်၊ ကုသ၊ မွေးဖွားပေးခဲ့ပေမဲ့ အခုထိတော့ ဘီပိုး၊ စီပိုးနဲ့ အိတ်ချအိုင်ဗွီ မကူးစက်ပါလို့ ရေးတာရဲ့အောက်မှာ တယောက်က ဘုရားရဲ့ ကျေးဇူးတော်ကြောင့်လို့ မှတ်ချက်ရေးတယ်။ ကျွန်တော်ကတော့ ရောဂါဆိုးတဲ့ မေးခွန်းရှင်တွေကို ကံတရားလည်း အားကိုးပါလို့ ရေးလေ့ရှိတယ်။ ကျွန်တော့သက်တမ်းတလျှောက်မှာ ကံကိုယုံပြီး ဆူးပုံတွေ တကယ်နင်းခဲ့ရပါတယ်။ ဘယ်နေ့သားနဲ့ ဘယ်နေ့သမီး ယူရင် ဘာဖြစ်မလဲဆိုတာ တင်ကြတယ်။ ဖြေကြတယ်။ မဖတ်ဖြစ်ပါ။ ဆရာဝန်ကတော့ စာအနည်းဆုံး ၃ ပုဒ်ရေးထားတယ်။ ဘယ်နေ့သား ဘယ်နေ့သမီးတော့ မပါ။ Matching blood group before marriage လက်မထပ်ခင် သွေးအုပ်စု စစ်ဘို့ အရေးကြီးသလား https://dr-tint-swe.blogspot.com/2021/10/matching-blood-group-before-marriage.html Marriage Advice သီတင်းမကျွတ်ခင် ဖတ်စေချင် https://dr-tint-swe.blogspot.com/2021/10/marriage-advice.html Immunizations before marriage အိမ်ထောင်ပြုမည့် အမျိုးသမီးသူများအတွက် ကာကွယ်ဆေးများ https://dr-tint-swe.blogspot.com/2021/10/immunizations-before-marriage.html ဒေါက်တာတင့်ဆွေ

Cancer and meats အသားနဲ့မတည့်တဲ့ကင်ဆာ မမွေးသေးပါ

Image
ဒီ group ကကင်ကင်တို့ရေ အစားရှောင်ကြလားရှင့် ညီမတော့ နှာခေါင်းအရိုးကင်ဆာလို့ အဖြေထွက်ထားသူပါ အပြည်တည်တာ (ပြည်တည်တာ)တွေလဲရှိနေသေးတော့ ဘာအသားဆိုဘာအသားမှ မစားရတာငါးလရှိပါပြီ ကို့(ကိုယ့်မှာ) တော့ lin က သူများအသားစားတာကြည့်ပြီးဖြေသိမ့်ကျေနပ်နေရတယ် ပိုဆိုးတာက နှာခါင်းကနေမှ မျက်လုံးပါ ထိထားတာပါ တဖက်ဆို ကျဉ်းကျဉ်းလေးပဲမြင်ရတယ် ယောင်လဲယောင်(ရောင်လည်းရောင်) တယ် အစားများမှားကြည့်မျက်လုံးဆို ဖွင့်တောင်မရတော့ဘူး ဖစ်(ဖြစ်)နိုင်ရင် ခွဲချင်တာ နှာခေါင်းနဲ့မျက်လုံးက ခွဲစရာနေရာမရှိဘူးတဲ့ ခွဲရင် 5050 ပဲတဲ့ စိတ်တွေ တအားညစ် သောက်လိုက်ရတဲ့ဆေးတွေကလဲ လူကိုပိသတ်တော့မယ် ကင်ကင်သမားဆိုတော့ စာကရှည်သွားတယ် ကျေးဇူးပါရှင့် ကင်ဆာနေရာတခုမှာ ဖတ်ရတာ။ စာရေးတာကို ဖတ်ဖြစ်အောင် ပြင်ရတယ်။ တဖက်လို့ရေးတာ မှန်တယ်။ ကွန်ဂရက်ကျူလေးရှင်း။ ကင်ဆာလူနာတွေ အစားအစာရှောင်ရတာ အတော်ရှားတယ်။ ကိုယ်တသက်လုံးစားလာတဲ့ အသား၊ ငါး၊ ဥ၊ အသီးအရွက်၊ ပဲ အနည်းဆုံး ၉၅% စားနိုင်တယ်။ ဂေါက်ရှိသူတွေ ဝမ်းတွင်းကလီစာ မသင့်။ သွေးတိုးနဲ့ အငန် မတည့်။ ဆီးချိုနဲ့ အချို မတည့်။ အသားနဲ့မတည့်တဲ့ကင်ဆာ မမွေးသေးပါ။ processed meat လို့ခေါ်တဲ့ ပြုပြင်စီမံထားတဲ့ အသားတွေက ကျန်းမာရေ...

ဆွမ်းတကာ အပေါင်းတို့ရေ

Image
တခါတုန်းကပေါ့ သာသနာ့ဝန်ထမ်းတွေကို screening လုပ်ရစဥ် တခါက ထူးခြားတာလေး တခု သွားတွေ့တယ်။ သီလရှင် ဆရာကြီး ဆရာလေးများမှာ သွေးတိုးနေတယ် သွေးပေါင်ချိန်တက်နေတယ်ဆိုတာ တော်တော် ရှားရှားပါပဲ။ ဆရာတော် သံဃာတော်များကတော့ သက်တော်ငယ်ငယ် ကြီးကြီး အများစုက သွေးပေါင်ချိန် မြင့်တက်နေကြတာ တွေ့ရတယ်။ တချို့ကိုယ်တော်တွေများဆို ကြောက်စရာ လန့်စရာ ကောင်းလောက်အောင်ပါပဲ။ BP 280/180mmHg တို့ ဘာတို့အထိပဲ။ (ဒါလည်း ခေါင်းလေးတောင် တချက် မူးမနေဘူးနော်) 160/110 mmHg ဆိုတာလောက်ကတော့ ပြောမနေနဲ့တော့ ဆိုတာမျိုး။ ကျောင်းထိုင် ဆရာတော်တပါးနဲ့ အဲ့ဒီကွာဟချက်ကို စကားစပ်မိတော့ ဆရာတော်ကြီးက မိန့်ရှာတယ်။ ဆရာမရယ် သီလရှင်ဆရာကြီး ဆရာလေးများကတော့ ကိုယ်တိုင်ချက်ပြုတ်စားသောက်တော့ ကျန်းမာရေးနဲ့ သင့်တင့်အောင် ချင့်ချိန်ချက်တာကိုး။ ကျုပ်တို့ ကိုယ်တော်တွေကတော့ တပြည့် တကာ တကာမများ ကပ်တဲ့အတိုင်း လောင်းလှူတဲ့အတိုင်း ဘုန်းရတာဆိုတော့ဗျာ " တဲ့။ အဲ့ဒီရက်တွေမှာ ကျောင်းထိုင် ဆရာတော်ကြီးကို ဆရာ Physician ရဲ့ instruction နဲ့  Post COVID care ပေးနေတာမို့ ဘုန်းကြီးကျောင်း နေ့တိုင်းရောက်တဲ့အချိန်ပေါ့။ ဆွမ်းဘုန်းချိန်နားတဝိုက် ကျောင်းကို ရောက်သွားရင် ...

မီးဖိုညှော်ကြောင့် ကင်ဆာမဖြစ်ပါ

Image
ရင်သားမှာ ညှော်မိရာကနေ နာပြီးအကြိတ်ရှိမှန်းသိသွားတာပါ သိသိချင်း ဆရာဝန်ဆီ အားချင်းသွားတော့ ဆေး ၅ရက်စာပေးပြီး ပြန်လာခိုင်းပါတယ် အဲ့ဆရာဝန်ပေးတဲ့ဆေးသောက်တာရယ် နောက်အကြိတ်(အကျိတ်)အဖုဆို ပျောက်တဲ့ မြန်မာဆေးရယ်လိမ်းလိုက်တာ ၃ရက်အတွင်းပဲ အဲ့အဖုကသေးသေးပိစိလေးပဲရှိပြီး ပျော့ဖတ်သွားတာပါ တော်တော်ကိုသိသိသာသာကြီးကောင်းသွားတာပါ ၅ရက်ပြည့်လို့ ဆရာဝန်ဆီပြန်ပြရင် မပြောကောင်း မဆိုကောင်း ကင်ဆာမဖြစ်ပါစေနဲ့ဆုတောင်းနေရပါတယ် မဖြစ်တော့ မဖြစ်နိုင်လောက်ပါဘူးနော်အမတို့ အဲ့ဆိုချက်ချင်းကြီးပျောက်သွားရင်ရောဖြစ်နိုင်ချေရှိလားဟင် ပြောပြပါအုံးနော် အရမ်းစိတ်ပူပြီးကြောက်နေလို့ပါ အသက်က ၄၉ အမေဖြစ်တာပါ ဆရာဝန်ကို မေးတာတော့ မဟုတ်။ သူ့အမတွေကို မေးတာ။ မမေးဘဲ ဖြေရရင် မီးဖိုညှော်ကြောင့် ကင်ဆာမဖြစ်ပါ။ တခြားရောဂါတွေလည်း မဖြစ်ပါ။ ညှော်မိရင် ယာယီအောက်စီဂျင်နည်းတာကိုသာ ခံစားရမယ်။ အကောင်းဆုံးရေမွှေးကို အကြာကြီးရှိူမိရင်လည်း အတူတူဘဲ။ အောင်စီဂျင်နည်းပါမယ်။ ကင်ဆာဟုတ် မဟုတ်ကတော့ စစ်ဆေးမှသာ သိမယ်။ နို့နာလိုဖြစ်တာက ပိုးသေဆေး + အနာအရောင် သက်သာဆေးနဲ့ ကောင်းနိုင်တယ်။ ဓါတုညှော်တချို့ကတော့ ကင်ဆာဖြစ်ကောင်း ဖြစ်နိုင်တယ်။ ဒေါက်တာတင့်ဆွေ

သူတပါး

Image
အဘိဓမ္မာ ပို့ချချက် ဒေါက်တာတင့်ဆွေ

ရောင်းကောင်းပါစေ

Image
ကင်ဆာဈေးကွက်မှာ ရှေ့ဆင့်နောက်ဆင့် အမေး ၂ မျိုးနဲ့ အဖြေ ၂ မျိုးတွေ့တယ်။ ၁။ အစာအိမ်ကင်စာဖြစ်နေရင်အစာဘာတွေရှောင်ရလဲရှင့် ငါးဆန်ပြုတ် တမျိုးပဲ စားရင် ပိုကောင်းတယ် ၂။ Group ထဲမှာအစာအိမ်ကင်ဆာအဆင့်၄လွန်ကိုတိုင်းရင်း​ဆေးနဲ့​ပျောက်တဲ့သူရှိလားသိချင်ပါတယ် ငါးဆန်ပြုတ်တမျိုးပဲစားရင် ပျောက်နိုင်ပါတယ် ငှက်သိုက်၊ လင်ဇီး၊ ပိုလန်တို့ထက်တော့ တော်သေးတယ်။ ဒေါက်တာတင့်ဆွေ

Large cell lung carcinoma အဆုတ်ကင်ဆာ

Image
ဆရာရှင့် သမီးဖေဖေ CT guided needle lung biopsy လုပ်ထားတဲ့ အဖြေလေး ပြပါရစေရှင့်၊ ဖေဖေ့ရောဂါအတွက် လူနာရှင်များ သတိထားလိုက်နာသင့်တဲ့ အစားအသောက် ကျွေးမွေးစောင့်ရှောက်မှုပုံစံလေးများ ဖတ်ရှုလေ့လာလိုပါတယ်ရှင့်၊ ဆရာကြီး ကျန်းမာပါစေရှင့်၊ ကျေးဇူးတင်ပါတယ်ရှင့် ဆဲလ်အကြီးစား အမျိုးအစား အဆုတ်ကင်ဆာ။ ညာဘက် အလယ်ပိုင်းမှာရှိ။ စမ်းသပ်ကသူပေးနေတဲ့ အထူးကုဆရာဝန်တွေက အကောင်းဆုံးဆောင်ရွက်ပေးပါမယ်။ အစားအသောက် အရေးမကြီးပါ။ အောက်စာတွေကို ဘာသာမပြန်အားသေးပါ။ ဆောရီး။  Large cell anaplastic carcinoma infiltrating right middle lobe of lung Large cell lung carcinoma (LCLC) is one of several forms of non-small cell lung cancer (NSCLC). LCLC often develops in the outer regions of the lungs and tends to grow rapidly and spreads more aggressively than some other forms of lung cancer. 1 Early symptoms of LCLC mainly include shortness of breath and fatigue. What is the prognosis for large cell lung cancer? Large cell carcinoma is a type of non-small cell lung cancer. Non-small cell lung cancer (NSCLC) makes up around 80...