Posts

Showing posts from November, 2024

December Root Vegetables and Exotic Fruits Month ဒီဇင်္ဘာ သစ်ဥသစ်ဖုလ

Image
ဒီဇင်္ဘာလဟာ နိုင်ငံတကာမှာ Root Vegetables and Exotic Fruits Month အမြစ်ပါအသီးအနှံများနှင့် အရောင်အသွေးစုံ နှစ်သက်ဖွယ် အသီးများလဆိုပြီး သတ်မှတ်ထားပါတယ်။ Root vegetables ဆိုတာ သစ်ဥသစ်ဖုတွေကို ပြောတာပါ။ အမြစ်တွေထဲမှာ အစားအစာတွေ သိုလှောင်ထားတယ်။ ကာဗွန်ဟိုက်ဒရိတ်ဓါတ်တွေဖြစ်တယ်။ သကြားဓါတ်ပါဝင်တာမတူကြပါ။ Starch ကော်လိုဟာပါတယ်။ တချို့က စေးတယ်။ ရုက္ခဗေဒအလိုအရ True root အမြစ်အစစ်၊ Root-like stem အမြစ်နဲ့တူတဲ့ပင်စည်လို့ ခွဲထားတယ်။ Modified plant stem မွမ်းမံထားတာမျိုးလဲရှိသေးပါတယ်။ Shallot bulbs လိုလဲရှိတယ်။ ပိန်းဥ၊ အာတာလွတ်ဥ၊ ကန်စွန်းဥ၊ မုန်လာဥအဖြူ၊ မုန်လာဥအဝါ၊ မျောက်ဥ၊ ကြွေးဥ၊ ဂျင်း၊ ဂျင်းနု၊ ခါကြက်ဥ၊ စတဲ့ လူစားလို့ရတာတွေ အားလုံးဖြစ်ပါတယ်။ နယ်စပ်ဒေသ၊ တောင်ပေါ်ဒေသတွေမှာ ထူးဆန်းတာတွေရှိတယ်။ သကြားဓါတ်များတာတွေက ဆီးချိုသမားတွေနဲ့ မသင့်ပါ။ Eexotic fruits အရောင်အသွေးစုံနှစ်သက်ဖွယ်အသီးများ 1. Rambutan ကြက်မောက်သီး 2. Jackfruit ပိန္နဲသီး 3. Lychee လိုင်ချိစ်သီး 4. Star fruit စောင်းလျားသီး 5. Mangosteen မင်းဂွတ်သီး 6. Kumquats ကမ္ဗလာသီး 7. Durian ဒူးဒရင်းသီး၊ 8. Dragon fruit နဂါးမောက်သီး၊ 9. African cuc...

Weight Loss မင်္ဂလာပါဆရာ

Image
အမျိုးသား အသက် ၂၈ နှစ် အစာစားပီး(ပြီး) ခဏနေဗိုက်ပြန်ဆာသလိုဖြစ်နေတယ် စားသလောက်လည်း ခုနောက်ပိုင်း ဝ မလာတော့ဘူး စားပြီးလည်း ရင်ဘက်ထဲအစာနင်သလို ရင်ခံနေတယ် လွန်ခဲ့တဲ့ ၈ လလောက်က gynaecomastia ခွဲထားသေးတယ် ဘာရောဂါ ဖြစ်နိုင်မလဲ ခွဲစိတ်ထားတာနဲ့ဆိုင်လား ရောဂါရှာမရဖြစ်နေလို့ပါ ရောဂါတခုခုနဲ့တော့ မတူသေးပါ။ နင်သလိုဖြစ်တာက လည်မျိုမှာဖြစ်ပြီး ဗိုက်ကယ်နေတာက တမျိုး။ အစာအိမ်ထဲကအစာ အောက်ကိုဆင်းတာမြန်အောင် Omeprazole 20 အစာမစားခင်၊ တနေ့ ၁ ကြိမ်။ လိုသေး မေးနိုင်။ ဟုတ်ကဲ့ဆရာ ထမင်းစားပြီး ခဏနေ ဗိုက်ပြန်ဆာနေတယ် လူကနည်းနည်းပိန်သွားတယ် ဘယ်လောက်စားစားဝိတ်ကတတ်မလာတော့ဘူး စားပြီးသားအစားအစာလေကို အထဲကရောဂါပိုးက ပြန်စားနေသလားလို့ ဆရာကိုမေးကြည့်တာပါ ကျေးဇူးတင်ပါတယ်  ရောဂါရှိမရှိသိချင် ဘယ်လို စစ်ကြည့် သိနိုင်မလဲ ဆရာ အသက် ၂၈ နှစ်အရွယ်မှာ ရောဂါဆိုတာ ဖြစ်လေ့ မရှိပါ။ ကိုယ်အလေးချိန်ကျတဲံသူ တီဘီကိုသာ စဉ်းစားရတယ်။ မေးခွန်းမေးတဲ့သူနဲ့တော့ မဆိုင်လောက်ပါ ကိုယ်အလေးချိန်ကျရခြင်းအကြောင်းခံတွေစာရင်းတော့ ရေးလိုက်မယ်။ နှလုံး၊ ကျောက်ကပ်၊ အဆုတ်၊ အသဲ၊ ဆီးချို၊ လည်ပင်းကြီးဟော်မုန်းများခြင်း၊ နာတာရှည်အသက်ရှူလမ်းပိတ်ရောဂါနဲ့ ပါကင်ဆန်ရောဂါ...

Healthy Cooking Oils ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများ

Image
ဆရာတစ်ခုလောက် (တခုလောက်)မေးချင်လို့ပါ စားအုန်ဆီတွေကမကောင်ဘူး၊ ဆီးချို သွေးတိုးတက် မြန်တယ်လို့ ပြောကြလို့၊ ကျွန်တော် ပဲပိစပ်ဆီကိုပဲ စားနေတာကြာပြီ၊ဒါပေမဲ့ အခုပဲပိစပ်ဆီက ပိုဆိုးတယ်လို့ ပြောလို့ ကျွန်တော်လည်း ကိုယ့်ကိုယ်ကို ဆီးချိုသွေးတိုး အရမ်းတက်နေသလို ခံစားနေရလို့ စားရတာ သိပ်စိတ်မဖျောက်တော့ဘူးဖြစ်နေတယ်ဆရာ HACCP, ISO လက်မှတ်တွေနဲ့ထုတ်ထားလည်းစိတ်မချရဘူးလားခင်ဗျ။ ဒီလိုမေးခွန်းမျိုးကို ဆရာဝန်တယောက်အနေနဲ့ အဖြေရ အတော်ခက်တယ်။ ဆရာဝန်တွေက ဆေးသုတေသနကို အားကိုးပြီး အမှန်အမှားဖြေရတယ်။ ဆေးနည်းပေးရတယ်။ ဆေးကုပေးရပါတယ်။ မေးခွန်ပါဆီတွေရဲ့ ဆေးသုတေသနတွေ မသိပါ။ ဆောရီး။  နောက်တချက်က မြန်မာလိုရေးတဲ့စာတွေမှာ ဆေးဖြစ်ဖြစ်၊ သတင်းဖြစ်ဖြစ်၊ အစားအသောက်ဖြစ်ဖြစ် ထင်ရာရေးနေသူက အလွန်များတယ်။ ခိုင်မာတဲ့အချက်အလက်နဲ့ အဖြစ်အပျက်မှန်ကို အခြေခံသူ ရှားတယ်။ ၂၀၂၁ ခုနှစ် အောက်တိုဘာလက သတင်းတခုတွေ့တယ်။ မြန်မာနိုင်ငံမှာ ဆီစားသုံးမှု လွန်စွာများပြားနေတာကြောင့် ဆီစားသုံးမှုကို လျှော့ချပြီး ကြပ်ကြပ်မတ်မတ်နဲ့ ထိန်းသိမ်းစားသုံးကြဖို့ အာဏာသိမ်း စစ်ခေါင်းဆောင် (အာစီယံက ဖိတ်ကြားခြင်းမခံရသူ) က တိုက်တွန်းလိုက်ပါသတဲ့။ သူထောက်ပြတာက ဆီပြည်ပ...

Paclitaxel ဆေး၏ ဘေးထွက်သက်ရောက်မှုများ

သွေးဖြူဉ (သွေးဖြူဥ)တက်ဆေးထိုးပြီးရင် ရင်ဘတ်အောင့်တာမျိုးဖြစ်တတ်ပါသလား ဆရာ၊ အဖေက ပထမအကြိမ် ကီမိုသွင်းပြီး ဆယ်ရက်အကြာမှာ သွေးစစ်တော့ သွေးဖြူဉ(သွေးဖြူဥ)ကျနေလို့ Filgem ထိုးပေးလိုက်ပါတယ်၊ ညကျတော့ ရင်ဘတ်‌အောင့်ပြီး မနက် ၃ နာရီမှာ ရန်ကုန်ဆေးရုံကြီးကို အရေးပေါ်သွားရလို့ပါ ဆရာ။ အဖေက အသက် ၅၀ ပါ ဆရာ ကီမိုက Paclitaxel ပါ Paclitaxel ဆေး၏ ဘေးထွက်သက်ရောက်မှုများ Sensation of pins and needles အပ်နဲ့ထိုးဆွသလိုလိုခံစားရ၊ Mouth ulcer ပါးစပ်အနာပေါက်၊ Diarrhoea ဝမ်းပျက်၊ Arthralgia အဆစ်နာ၊ Bruising and bleeding သွေးထွက်လွယ်၊ Hair loss ဆံပင်ကျွတ်၊ Allergic reaction အလာဂျီ၊ Feeling tired မောပန်း၊ Pale skin ဖြူဖတ်ဖြူရော်။ ဒေါက်တာတင့်ဆွေ

PrEP HIV အရေးပေါ်ကာကွယ်ဆေး

Image
ဆရာခင်ဗျ HPV ကာကွယ်ဆေးဆိုတာ ဘယ်လိုမျိုးများလည်း ခင်ဗျ လူတိုင်းကောထိုးထားသင့်ပါသလား ခင်ဗျား အချိန်လေးအားရင် ပိုစ့်တခုအနေဖြင့် ဖြေကြားပေးစေလိုပါ၏။ HIV ကာကွယ်ဆေး မပေါ်သေးပါ။ ဆေးသုတေသနအဆင့်မှာသာရှိသေးတယ်။ HIV အရေးပေါ်ကာကွယ်ဆေး Tenofovir (300 mg) + Emtricitabine (200 mg) + Efavirenz (600 mg) HIV ကူးစက်ခံရမှု သံသယရှိသူတွေ ၇၂ နာရီအတွင်း PrEP or PEP ကာကွယ်ဆေးသောက်ရတယ်။ ၂၈ ရက်ကြာသောက်ပါ။ Truvada (tenofovir and emtricitabine) ဆေးအတွဲ ၁ လုံးတည်းကို တနေ့ ၁ လုံးသောက်ဘို့ဖြစ်တယ်။ အဲတာက HIV ပိုးရှိနေသူဆိုရင် တခြားဆေးနဲ့ပါတွဲပေးတဲ့ဆေးဖြစ်ပါတယ်။  Post-exposure prophylaxis (PEP) drugs ခေါ်ဆေးကို ၇၂ နာရီအတွင်းသောက်သင့်တယ်။ (PrEP) လို့လည်း ခေါ်တယ်။ လိင်မှုကနေကူးစက်မှာကို ၉၉% နဲ့ ဆေးထိုးအပ်ကနေကူးမှာကို ၇၄% ကာကွယ်မယ်။ ဆေးကိုစဉ်ဆက်မပြတ် မသောက်ရင်တော့ အဲလောက် ကာကွယ်မှုမရနိုင်ပါ။ ကွန်ဒွမ်ပါသုံးရင် ပိုစိတ်ချရပါမယ်။ သံသယဖြစ်စရာနဲ့ကြုံပြီး ဆေးလည်းသောက်နေတုံး ၃ လနေရင် ဆေးစစ်ရပါမယ်။  PrEP or PEP ကာကွယ်ဆေးသောက်လို့ Antiretrovirals တွေသွေးထဲရှိနေမယ်။ သူတို့မှာ Antibodies ခေါ် ခုခံနိုင်စွမ်း အင်တီဘော်ဒီ ထုတ်လ...

HIV Tests စစ်ဆေးနည်းများ

Image
မေးခွန်းတခုရလို့ တင်ပြပါတယ်။ မေးခွန်းကို မထည့်တော့ပါ။ (၁) WHO HIV self-testing (HIVST) နည်းကို WHO က အသိအမှတ်ပြုထားပြီးဖြစ်တယ်။ စမ်းသပ်ကရိယာတစုံမှာပါတဲ့ အပ်နဲ့ ကိုယ်တိုင် ဖေါက်စစ်ရတယ်။ ခံတွင်းကအရည်ကိုလည်း စစ်န်ိုင်တယ်။ အဖြေထွက်လာဘို့ ၁၀-၂၀ မိနစ်သာ ကြာတယ်။ Reactive အဖြေထွက်ရင် pre-exposure prophylaxis (PrEP) အရေးပေါ် ကာကွယ်ဆေးကိုလည်း WHO က အသိအမှတ်ပြုထားပြီးဖြစ်တယ်။ တခြား စစ်နည်းများ Conventional blood test သမားရိုးကျ သွေးဖေါက်စစ်နည်း ဓါတ်ခွဲခန်းမှာ စစ်ရတယ်။ တနာရီမကြာ အဖြေထွက်တယ်။ တချို့အတွက်သာ ရက်ကြာတယ်။ Conventional oral fluid test သမားရိုးကျ ခံတွင်းအရည်စစ်နည်း ဓါတ်ခွဲခန်းမှာ စစ်ရတယ်။ ရက်အနည်းငယ် ကြာမှ အဖြေရမယ်။ တချို့ ၂ ပတ်ထိကြာတယ်။ Rapid test အမြန်စစ်နည်း သွေးဖေါက်စစ်တယ်။ ၁၀ မိနစ်သာကြာတော့ အဖြေထွက်တယ်။ (၂) အမေရိကန် FDA  OraQuick In-Home HIV Test အိမ်မှာ ကိုယ်တိုင်စစ်နည်း။ ဆေးဆိုင်မှာ အလွယ်တကူဝယ်လို့ရတယ်။ HIV antibodies in oral fluid ခံတွင်းအရည်စစ်နည်းဖြစ်တယ်။  Nucleic Acid Tests (NAT) နည်းက Detect HIV viral RNA in the blood စစ်တယ်။  Serological tests နည်းက Detect HIV p...

Estrogen အီစထိုဂျင် ဟော်မုန်း (၂)

Image
သားအိမ်ထုတ်ထားပီး(ပြီး) သားဥအိမ် ၂ဖက်လုံး မထုတ်ပဲ ထားခဲ့ရင်ရော သွေးဆုံးကိုင်တတ်သေးလား ဆရာရှင့် မျိုးဥအိမ်တွေကနေ အီစထိုဂျင်ဟော်မုန်းထုတ်ပေးနေတယ်။ သွေးဆုံးခါနီးရင် ဟော်မုန်းထုတ်တာ နည်းနည်းလာတယ်။ မျိုးဥအိမ်တွေထုတ်လိုက်ရင်တော့ ဟော်မုန်း မရတော့ပါ။ ဒါပေမဲ့ ကျောကကပ်အထက်နားမျာရှိတဲ့ အဒရီနယ်လ်ဂလင်းကနေနဲ့ အဆီဆဲလ်တွေကနေလည်း နည်းနည် ထုတ်ပေးပါတယ်။ ဟော်မုန်းနည်းလာသူ၊ မရတော့သူတွေကို အီစထိုဂျင်ဟော်မုန်း အစားထုံးဆေး ပေးပါတယ်။ အိုဂျီတွေကနေသာ ညွှန်တယ်။ သဘာဝအီစထိုဂျင်လည်း စားသောက်လို့ရသေးတယ်။ အလွယ်ဆုံးက ပဲပုပ်။ Coumestan Isoflavones Lignans Stilbene Estrogen အီစထိုဂျင် ဟော်မုန်း https://dr-tint-swe.blogspot.com/2021/05/estrogen.html Isoflavones ပဲပုပ်ဆေး https://dr-tint-swe.blogspot.com/2021/11/isoflavones.html Foods high in estrogen: Benefits, examples, and side effects Food rich in isoflavones – Botanical online ဒေါက်တာတင့်ဆွေ

Aloe Vera ရှားစောင်းလက်ပပ်

Image
တဆောင်းခါး ခေါ် ဆားတောင်းခါးလို့ ရေးထာတာတွေ့တယ်။ တစောင်းပင်၊ တဇောင်းပင်၊ တစောင်းခါး၊ တစောင်းချဉ်လို့ ရေးတယ်။ ရှားစောင်း၊ ရှားစောင်းလက်ပပ်၊ ရှားလက်ဝါးပင်လို့လည်း ရှိတယ်။ Hi ဆရာ ရှားစောင်း အဝါရည် နဲ့ ငါးဆီ ဆိုပြီး လိုင်းပေါ် မှာ ကြော်ငြာ တဲ့ ပစ္စည်းတွေက တကယ်ပဲ အူလမ်းကြောင်းအတွက် ကောင်းသလားရှင် ၁။ ကြော်ငြာဆိုတာ ကြော်ငြာသာဖြစ်တယ်။ ကြော်ငြာမှာ ဆရာဝန်၊ ဒေါကတာ၊ ယူအက်စ်အေ၊ နယူးယော့လို့ပါနေနေ ကြော်ငြာ။ ကြော်ငြာဆိုတာ ပိုက်ဆံရှာတာ။ အမေရိကမှာလည်း အတူတူဘဲ။ တိုင်းပြည်အဆင့်မတူရင် ကြော်ငြာအဆင့် ငွေရှာနည်းအဆင့်တွေ မတူပါ။ ၂။ ငါးဆီ ဆိုတာ ငါးကြီးဆီလား။ ငါးတွေ လတ်လတ်ဆတ်ဆတ်ဝယ်လို့ရတယ်။ ဈေးချိုတာလည်း စားကောင်းပါတယ်။ ၃။ ရှားစောင်းလက်ပပ်ကို အိမ်မှာအိုးလေးနဲ့စိုက်ထားရင် တောထဲသွားရှာနေစရာမလိုပါ။ ၄။ ဆရာဝန်၊ ကျောင်းဆရာဆရာမတွေအတွက် Hi မလိုအပ်ပါ။ ဘုန်းတော်ကြီးတွေကိုလည်း အဲလို Hi ရေးရန် မသင့်ပါ။ Aloe Vera ရှားစောင်းလက်ပပ် ရှားစောင်းလက်ပပ် သုံးနိုင်တဲ့ရောဂါများ ၁။ Heals burns မီးပူလောင် နေလောင် ရေနွေးပူလောင် ၂။ Blood sugar ဆီးချိုကျ ၃။ Laxative ဝမ်းနုတ်ဆေး ၄။ Skin care အရေပြားကျန်းမာရေး ၅။ Breast cancer ရင်သားကင်ဆာ ၆။...

Epidermal nevus ဆိုတာ

Image
မဂ်လာပါ ဆရာရှင့် ကျမ သမီးလေးနားရွက် အနောက်(နောက်)နဲ့ နားထင်မှာ  အသက်(၈)နှစ်မှ ပေါ်လာတာပါရှင့်။  အရေပြားဆရာဝန်နှင့်ပြကြည့်တော့ epidermal nevus လို့ သတ်မှတ်ပါတယ်။လိမ်းဆေးနှင့် ထိန်းထားလို့ရတယ်ဆိုပြီး လိမ်းဆေးပေးလိုက်ပါတယ်ရှင့်။ ကျမသိချင်တာက epidermal nevus က ပွါးလားရှင့်။ မျက်နှာမှာဆိုတော့ စိတ်ပူလို့ပါ။ တခါမှအတွေ့အကြုံမရှိလို့ပါ။ ဘယ်လိုကုသလို့ရပါသလဲရှင့်။ Epidermal nevus ဆိုတာ ကင်ဆာမဟုတ်သော အရေပြားမှာဖြစ်တာတမျိုးဖြစ်တယ်။ အသက်ငယ်တုန်း တနှစ်အတွင်းမှာ ဖြစ်တာများတတယ်။ အမျိုးအစားတွေ များတယ်။ အရေပြားအထူးကုဆေးပညာအတွက်သာ သိရန်လိုတယ်။ Angora hair nevus Linear sebaceous nevus Jadassohn nevus phacomatosis ထိရောက်တဲ့ကုသနည်းရယ်လို့တော့ မရှိပါ။ ဒီအတိုင်းထားနိုင်တယ်။ အရပ်ဆေးနည်းတွေကြောင့် ပိုဆိုးစေနိုင်တယ်။ ယူအက်စ်အေမှာ ဆရာဝန်လက်မှတ်နဲ့သာရောင်းချတဲ့ Topical calcipotriol (Dovonex®) လိမ်းဆေးရှိတယ်။ တချို့ကိုတော့ လေဆာနည်း၊ ခွဲစိတ်နည်းနဲ့ ကုသရတယ်။ စာရေးတာတွေ မှန်။ ကွန်ဂရက်ကျူလေးရှင်း။ နောက် နဲ့ အနောက် ကို မှားရေးနေသူတွေ များတယ်။ ဒေါက်တာတင့်ဆွေ

Clindamycin side effects ဘေးထွက်သက်ရောက်မှုများ

Image
Clindamycin သောက်လိုက်တာ ဗိုက်ဘယ်ဘက်ခြမ်းအောင့်ပီး(ပြီး) အင်ပြင်တွေရော ယားလာလို့ပါဆရာ ဘာဆေးသောက်ရမလဲရှင် ဘေးထွက်သက်ရောက်မှုများ Nausea ပျို့ Abdominal pain ဗိုက်နာ Allergic reaction အလာဂျီ Diarrhea ဝမ်းပျက် Hives အင်ပြင် Itching ယား Arthralgia အဆစ်နာ Dark urine ဆီးအရောင်ရင့် Heartburn ရင်ပူ ပြောင်းသောက်နိုင်သည့် တခြားဆေးများ Amoxicillin  Augmentin Azithromycin  cefuroxime, ceftriaxone, and ceftazidime Doxycycline  Bactrim  ဆေးတခုခု။ ဒေါက်တာတင့်ဆွေ

Tenaxit 0.5 mg Tablet ဆေး

Image
Tenaxit ဆေးရဲ့ကောင်ကျိုးဆိုကျိုးလေးသိပါရစေ။ Flupentixol နဲ့ Melitracen ဆေး ရောထားတယ်။ Anxiety စိုးရိမ်စိတ်များခြင်း၊ Depression စိတ်ဓါတ်ကျခြင်းအမျိုးမျိုး (Apathym, Psychogenic depression, Depressive neurosses, Masked depression, Menopausal depressions) အတွက်ပေးတယ်။  Dysphoria and depression in alcoholics and drug addicts အရက်စွဲ ဆေးစွဲသူတွေမှာဖြစ်တဲ့ စိတ်ကျတာအတွက်လည်း ပေးတယ်။ လူကြီး တနေ့ ၂ ပြား။ လိုအပ်ရင် တိုးပေးမယ်။ အသက်ကြီးသူတွေ တနေ့ ၁ ပြား။ ဘေးထွက် သက်ရောက်မှုများ transient restlessness ဂနာမငြိမ်၊  insomnia အိပ်မရ။ ဒေါက်တာတင့်ဆွေ

CDC confirms first child in United States infected with bird flu ကြက်ငှက်တုပ်ကွေး

Image
၂၃-၁၁-၂၀၂၄ ယူအက်စ်အေမှာ ပဌမဆုံးသော ကလေး ကြက်ငှက်တုပ်ကွေး ကူးစက်ခံရ avian influenza H5 virus infection အမျိုးအစားဖြစ်တယ်။ ကယ်လီဖိုးနီးယားမှာ။ ဒေါက်တာတင့်ဆွေ

Dry skin အရေပြားခြောက်နေရင်

Image
၁။ ကျွန်မအသက် ၃၆ နှစ်ပါ။ အရေပြားခြောက်ပါတယ်ဆရာ။ နွေရောဆောင်းရော အမြဲခြောက်နေပါတယ်ဆရာ။ ဆောင်းဆို ပိုဆိုးပါတယ်ဆရာ။ အရေပြားက မြွေအရည်ခွင်လေးလိုလိုဖြစ်နေပါတယ်ဆရာ။ ဘာဆေးတွေ သောက်ရမလဲဆရာ။ မြွေအရေခွံလို့ ရေးရတယ်။ ၂။ ဆောင်းတွင်းမှာ အသားအရေခြောက်လို့ မျက်နှာကို သံလွင်ဆီလိမ်းလို့ရပါသလားရှင့်။ ၃။ ကျနော့် အရေပြားဟာ ခြေသလုံး၊ ပေါင်နဲ့ လက်တို့မှာ အရေပြားခြောက်ပြီး အဖတ်လေးတွေနဲ့ပက်ကြားအက်သလို အရေပြားဟာ ချောမွေ့စိုပြေခြင်းမရှိပါဘူး၊ မည်သို့လုပ်ဆောင်ရမည်ကို လမ်းညွန်ပေးပါခင်ဗျား။ (ပပ်ကြားလို့ ရေးကြတယ်။) Dry skin အရေပြားခြောက်တာကို အကြောင်းတရားအမျိုးမျိုးကနေဖြစ်စေတယ်။ တခုတည်းမကကြောင့်ဖြစ်နိုင်တယ်။ အတွင်းနဲ့ အပြင်ဆိုပြီး ကွာသေးတယ်။ အပြင်အကြောင်းခံတွေက ပိုများတယ်။ ရာသီဥတုအေးတာနဲ့ ရေငွေ့ဓါတ် နည်းတာတွေကဖြစ်စေတယ်။ အတွင်းအကြောင်းခံတွေထဲမှာ အသက်ရလာလို့၊ မျိုးရိုး၊ ရောဂါတွေ (ပန်းနာ၊ အရေပြားနာ၊ လည်ပင်းကြီးဟော်မုန်းနည်း-များရောဂါ၊ ဆီးချို)။ ဆပ်ပြာ အပြင်းစားတွေနဲ့ တွဲဖြစ်တာတွေပါတယ်။ အရေပြား စိုအောင်လုပ်တဲ့ Moisturizers ကို အသုံးမတတ်လို့လည်း ဖြစ်နိုင်တယ်။ သွေးတိုးကျဆေး၊ ကိုလက်စထောကျဆေး၊ အလာဂျီဆေးနဲ့ ဝက်ခြံဆေးတွေကနေလ...

Common Oral Mucosal Lesions ခံတွင်းပါးစပ်မှာ ဖြစ်တတ်တဲ့ ရောဂါတွေ

Image
၁။ ဒေါက်တာရှင့် ကွမ်းစားတာ နှစ်ပေါင်း ၄၀ ရှိသွားပြီ၊ ကွမ်းဆေးတွေ ထည့်စားပါတယ်၊ အခု လျှာနဲ့ ပါးစပ်မှာ အနာဖြစ်လို့ ရေသောက်တာကအစ အခက်အခဲ ဖြစ်ပါတယ်၊ ဒီနိုင်ငံ(ဘဂ်လာဒေရှ့်) က ဆရာဝန်ကို မပြတာက စကားမပြောတတ်တာ နဲ့ ဆရာဝန်တွေက စီးပွားရေးဆန်ပြီး လူနာကို လိုတာထက် ဆေးများများပေးလို့ ၆နှစ်အရင်က အလွန့်အလွန် ခံစားခဲ့ရလို့ ဆရာဝန်ဆီသွားရန် ကြောက်ပါတယ်၊ ဘာဆေးများ လိမ်းရင်ကောင်းပါ့မလဲ အကြံတောင်းပါရစေ၊ဗမာစကားပြောမဲ့သူ ဘယ်သူမှမရှိလို့ ရေးသားချက်မှာ အမှားပါရင် ခွင့်လွှတ်ပါ၊ ၂။ ဆရာ မင်္ဂလာပါရှင့် သမီးသားလေးက တနှစ် ကိုးလကျော်ပါ။ အခုသားလေးက ပါးစပ်မှာ အပူကန်နာနဲ့ လျှာလေးကွဲနေပါတယ် နို့လဲမစို့နိုင် အစားလဲကောင်းကောင်းမစားနိုင်ဘူးဖြစ်နေပါတယ် ဆရာ။ သမီး သားလေးကို ဘယ်လိုပြုစုသင့်ပါသလဲဆရာ။ သမီးကိုနည်းလမ်းလေးညွန်ပြပေးပါဦးဆရာ။ ကျေးဇူးတင်ပါတယ်။ ဆရာကျန်းမာချမ်းသာပါစေ။ ၃။ ဆရာရှင့် သမီးလေးက နှစ်နှစ် သုံးလပါရှင့်။ လျှာမှာ အကွက်ကွက်တွေက အမြဲလိုလိုဖြစ်နေပါတယ်။ ဆေးလိမ်းဆေးသောက်လည်း ခဏဘဲ ပြန်ပြန်ဖြစ်တယ်။ အကွက်ကနေပြီး လျှာတပြင်လုံးဖြစ်တယ်။ အခုသမီးလေးက အစားကောင်းကောင်းမစားဘူး။ အားဆေးလည်းစုံနေပါပြီ။ ကလေးအထူးကုပြတော့လည်း သံချခိုင်းတယ...

Ratio သင်္ချာ မှားပါစေသတည်း

Image
မြတ်စွာဘုရား ရန်ကုန်မြို့ရဲ့နာမည်ကြီး​ဆေးရုံကြီးတရုံမှာ ICU အခန်းခတ​နေ့ ၂၅ သိန်း တဲ့။ တင်ထားတာတခုဖြစ်ပါတယ်။ ကျေးဇူး + ဆောရီး။ ရှေးတုန်းကတော့ ပြည်သူ့ဆေးရုံတွေမှာ ပိုက်ဆံမပေးရပါ။ ဖဆပလ ပြည်တော်သာခေတ်ကနေ စတယ်။ ကျွန်တော် ခုနစ်တန်းကျောင်းသားဘဝ (၁၉၆၁-၆၂) လက်ကျိုးလို့ မုံရွာပြည်သူ့ဆေးရုံမှာ ဓါတ်မှန်ရိုက်ပြီး ကျောက်ပတ်တီးစည်းရတော့ မြို့နယ်ဆရာဝန်ကြီး (အိန္ဒိယကနေ ခေါ်ခန့်ထားသူ) ကို ၁၆ ကျပ်ပေးရတယ်။ ၁၉၆၂ မှာ စစ်တပ်ကအာဏာသိမ်းပြီးနောက်ကစပြီး ကျန်းမာရေးအသုံးစရိတ်တွေ နည်းနည်းလာတယ်။ ဆေးနဲ့ ဆေးပစ္စည်းတွေ ရှားရှားလာတယ်။ ပိုက်ဆံချမ်းသာသူတွေက ဆေးရုံကြီးမှာ အထူးအခွင့်အရေးရအောင် အထူးကုဆရာဝန်မကြီးကို နောက်ဆုံးပေါ် ဝတ်စုံတစုံကန်တော့လေ့ရှိကြတယ်။ ကျွန်တော်တို့ အလုပ်သင်ဆရာဝန်တွေက ညဂျူတီမှာ အရီးတောင်း လက်ဖက်ကောင်းကောင်း စားကြရတယ်။ ကျေးဇူး။ ပြင်ပဆေးခန်းတွေက ဆေးတလုံးထိုး ၃ ကျပ်၊ ၅ ကျပ်၊ တဆယ်သာယူကြတယ်။ ၁၉၈၈ ခုနှစ်မတိုင်ခင် ပြည်သူ့ဆေးရုံတွေမှာ အရက်ပျံ၊ ပတ်တီး၊ ဂွမ်း၊ ဆေးတွေ မလုံလောက်တော့ပါ။ ဒုတိယအကြိမ်အာဏာသိမ်းစစ်အစိုးရက စရိတ်မျှပေးကျန်းမာရေး ဆိုပြီးလုပ်တော့ လူနာတွေ ပိုက်ဆံပေးလာရပြီ။ ကျွန်တော်လည်း တိုင်းပြည်ကနေထွက်ပြေး...

Vesicular rash ဆိုတာ

Image
fever with vesicular rash ဆိုတာကဘယ်လိုလဲခင်ဗျ Vesicular rash ဆိုတာ အရေပြားမှာ အရည်ပြည့်နေတဲ့ အဖုသေးသေးလေးတွေ။ အလွန်သေးငယ်တဲ့ မီးလောင်ဖုနဲ့ ဆင်တယ်။ ရုတ်ရက်ထွက်လာတယ်။ ဘာ့ကြောင့်ထွက်သလဲ Infections ပိုးတခုခုဝင်လို့ chickenpox  ရေကျောက်၊  eczema နှင်းခူနာ၊  skin irritation or allergy အလာဂျီ၊  shingles ဆင်ဖြူတော်ရေယုံ၊  friction ပွတ်တိုင်မိခြင်း၊  bacterial infections ဘက်တီးရီးယားဝင်ခြင်း၊  herpes simplex ရိုးရိုးရေယုံ။ varicella-zoster virus တခြားရေယုံဗိုင်းရပ်တွေ၊ Contact dermatitis ထိမိလို့ဖြစ်ရတဲ့ အရေပြားရောင်းခြင်း ကိုယ်နဲ့ မသင့် မတည့်တာကြောင့်ဖြစ်တယ်။ Heat rash အပူကြောင့်ရာသီဥတုနဲ့ အပူချိန်ကြောင့်။ Dermatitis herpetiformis အရေပြားရောင်ခြင်းရောဂါတမျိုး dietary gluten, dermatitis herpetiformis is associated with celiac disease တွေကနေ ဆက်ဖြစ်တယ်။ အများစုသော Vesicular rash တွေက စိုးရိမ်စရာ မရှိပါ။ အလိုလိုပျောက်မယ်။ မထိ မဆိတ် မကိုင်ဘဲ ထားသင့်တယ်။ အဆင်မသင့်ရင် ဘက်တီးရီးယားပိုး ထပ်ဝင်တတ်တယ်။ Fever ကတော့ ဖျားတာ။ ပါရာစီတမော လိုမယ်။ မေးခွန်းပါလူနာ ကလေး၊ လူကြီး၊ ...

Abscess ကိန္နရာနာ နှင့် ခူနာ

Image
၁။ ပြည်တည်နာ အကြောင်းသိချင်လို့ပါဆရာ ၉ရက်ရှိပီ(ပြီ) ဆရာ  ၄ချက်ချုပ်ရပါတယ် ၂ချက်က ကောင်းလို့ ဖြည်ပေးပီး(ပြီး) နောက် ၂ချက်က ပြည်တည်နေလို့ ဆေးထည့်ပေးနေရပါတယ် ချိုင်းမှာပေါက်တာပါ အသက် ၃၆ အမျိုးသမီးပါ ၂။ မဂ်လာပါဆရာ အသက် နှစ်ဆယ့်ငါးနှစ် အမျိုးသား  ချိုင်းမှာ ၀က်ခြံပေါက်ပီး(ပြီး)အကျိတ်လိုမျိုး အလုံးတခု ကျန်ခဲ့လို့ပါဆရာ။ ပြည်နဲ့သွေးလည်းတခါ ညစ်ထုတ်လိုက်ရပါတယ် အန္တရာယ်ရှိနိုင်လားဆရာ ဆေးခန်းပြဖို့လိုမလားဆရာ ၃။ မင်္ဂလာပါ ဆရာရှင့်။ ကျွန်မအသက်က ၂၇ နှစ် အိမ်ထောင်သည်ပါ။ ယခုသားဦးကိုယ်ဝန် ၈ လကျော်ထဲမှာပါ။ ကျွန်မ သိချင်တာလေးရှိလို့ပါ ရိုင်းသွားရင် ခွင့်လွှတ်ပါဆရာ။ ကျွန်မရဲ့ဆီးခုံနဲ့ပေါင်ခြံနားမှာ အနာဖုလား အကျိတ်ဖုလားမသိ ပေါက်နေလို့ပါ။ ကိုယ်ဝန်နဲ့ဆိုတော့ ဘာဆေးသောက်ရမလဲ မသိလို့ပါဆရာ။ လောလောဆယ်တော့ ဆရာခိုဘဲ လိမ်းနေရတယ်။ အဲအဖုကနာတယ်ဆရာ ပေါင်ခြံနားဆိုတော့ အထိုင်အထလုပ်ရတာ လမ်းလျှောက်ရတာ အဆင်မပြေလို့ပါဆရာ။ ဆရာလည်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာပါစေနော်။ ပုံပါပို့တယ်။ အဲလိုနေရာမှာ ဖြစ်တတ်တဲ့ ကြွက်နို့နဲ့ မတူ၊ အနာနဲ့တူတယ်။ အရပ်ဆေးတွေမှာ ဆေးသုတေသနမရှိပါ။ ၄။ ဆရာရှင့် ကျွန်မအသက် ၂၉နှစ်။ သား ၂ယောက်အမေပါ။ မရိုမသေဆရ...

Breast Milk Supply နို့ထွက်နည်းနေရင်

Image
၂၁-၈-၂၀၁၉ နေ့ကတည်းက မေးထားတာ အခုမှသာ တွေ့ရတယ်။ ဆောရီး။ ၁။ မင်္ဂလာပါ ဆရာ ကျွန်​မအသက် ​၃၀ သားဦး​လေး​မွေးထားတာ ခုလ ၂၉ ဆို ၅လပြည့်ပါမယ်​ရှင််​ ကျွန်​မနို့ထွက်​နည်းလာလို့ပါ နို့ထွက်​များ​အောင်​ ​ရေ အို​ဗာတင်း​သောက်​ပါတယ်​ ဟင်းချိုရည်​​သောက်​ပါတယ်​ အစား​သောက်​လည်းအကုန်​စားပါတယ်​ ​ရေတ​နေ့ ၁ လီတာ​ဗူး အနည်းဆုံး၄​ဗူးကုန်​ပါတယ်​ ဒါ​ပေမဲ့အထွက်​နညး်​ပါတယ်​ ဘာ​ဆေး​သောက်​ရပါမလည်းရှင်​ ရုံးကခွင့်​စေ့လို့ပြန်​တက်​ရင်​လည်း က​လေးကို မိခင်​နို့ထွက်​နည်းလို့ နို့ဘူးကူသင့် မကူသင့် သိချင်​ပါတယ်​ရှင့် ဆရာ​ရေးတဲ့ မိခင်​နို့ထွက်​နည်းလျှင်​ဆိုတဲ့စာကိုဝင်​ဖတ်​တာ စာလုံး​ဖောင့်မတူ​လို့ဖတ်​မရဘူးရှင့် ​ဖြေကြား​ပေးပါဆရာရှင့် ဆရာ​ပြော​ပေးထားတဲ့ စာ​ဖောင့်အမှန်​ရ​အောင်​ဖတ်​တာ​လေးရှာ​တွေ့လို့ ဖတ်​ရပါပြီရှင့်။ ၂။ ဆရာအသက် ၂၅ပါ ကလေးမွေးတာ ၁၀ရက်ပဲရှိပါသေးတယ် ဘာဆေးသောက်ရင်နို့ထွက်များမလဲရှင့် နို့ထွက်နည်းနေလို့ပါ ၃။ မင်္ဂလာပါဆရာရှင့်။ ကျမပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် ၈ လပိုင်း ၂၃ ရက်နေ့က သားဦးလေး မွေးခဲ့ပါတယ်။ မွေးစကနေ ၄ လကျော်ထိ မိခင်နို့ကို ပြည့်ပြည့်စုံစုံ အားကောင်းကောင်းနဲ့ ကျမသားလေးကို တိုက်နိုင်ခဲ့ပါတယ်။  ပြီးခဲ့တဲ့ ၂ဝ၁၅ ခု...

Traveler's diarrhea ခရီးသွားဝမ်းပျက်ခြင်း

Image
(ကန်တော့) ၁။ အဲဒီ ( - ) ဆိုင်ပေါ့ ကားနားကြတုံး ပထမဆုံး ဗမာထမင်းအားပါးတရ စားလိုက်တာ ၁၀ ရက်လောက် ဝမ်းပျက်ပြီး နောက်မှာ ပြန်လာသည်အထိဆိုင်တွေ မစားရဲတော့ဘူး။ ၂။ ကျွန်တော်တို့ ၂၀၁၈ ခုနှစ်က ဧပြီလ ၂၈ မနက်မှာ ရန်ကုန်ရောက်ကြတယ်။ မန္တလေး၊ မုံရွာ၊ ပုလဲ၊ ဘုတလင် မြို့တွေအပြင် ရွာတွေကိုလည်းရောက်တယ်။ နေပြည်တော်မှာခဏနဲ့၊ ပခုက္ကူ၊ မြင်းခြံ။ ကျောက်ပန်းတောင်း၊ ပုဂံ။ ပုပ္ပါးကိုလည်း ရောက်တယ်။ အဲဒီနေရာတွေကနေ မန္တလေးကိုတခေါက်ပြန်ရောက်တော့ နေမကောင်းဖြစ်ကြတယ်။ ခရီးသွားဝမ်းပျက်လို့ ခေါ်တယ်။ ကန်တော့။  ရောက်ကတည်းက ကိုယ့်တိုင်းပြည်ကထွက်သမျှအစားအစာတွေ အကုန်စားလိုက်ကြတာ ဘာပြောကောင်းမလဲ။ ကျွေးကြသူတွေအကုန် ကျေးဇူးတင်တယ်။  နောက်တော့ ရောဂါ ဖြစ်တယ်။ သန့်စင်ခန်းခဏခဏဝင်ရတယ်။ ကန်တော့။ ကိုယ်နည်းနည်းပူတယ်။ ပျို့ချင်တယ်။ ပုလဲမှာတုန်းကတခါ အိမ်ရှင်ဆရာဝန်ကို သန်ကောင်အချိန်မှာ နိုးပြီး ဆေးတောင်းရသေးတယ်။ ဆောရီး။ ခရီးသွားဝမ်းပျက်ခြင်းဆိုတာ စားတဲ့သောက်တဲ့ထဲမှာ မသင့်တာပါသွားလို့ဖြစ်တယ်။ တကယ်တော့ ကျွန်တော်တို့ မြန်မာပြည်မှာ အသက် ၄ဝ ဝန်းကျင်အထိနေခဲ့ပြီး အပြင်မှာ ၂၈ နှစ်ကြာလို့ ကိုယ်ခန္ဓာရဲ့ ရောဂါပြီးစနစ်တွေက အဆန်းပြန်ဖြစ်နေပြီ။ ...

Hysteria ဟစ်တီးရီယား

Image
"ကတ္တီပါဖိနပ်စီး ရွှေထီးဆောင်း" ကတ္တီပါဖိနပ်စီး ရွှေထီးဆောင်း ရုပ်ရှင်ဇာတ်ကားကို ၁၉၇၁ ခုနစ်မှာ သာဓုရုပ်ရှင် ထုတ်လုပ်ရေးမှ ရိုက်ကူး တင်ဆက်ခဲ့ပါတယ်။ စာရေးဆရာ မောင်သာရရဲ့ အောင်မြင်ကျော်ကြားတဲ့ ဝတ္ထုကို ဒါရိုက်တာ မောင်ဝဏ္ဏက အဖြူအမဲရုပ်ရှင်အဖြစ် ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ ဒါရိုက်တာ မောင်ဝဏ္ဏ  ရိုက်ကူးတဲ့ ပထမဆုံး ရုပ်ရှင်ဇာတ်ကား ဖြစ်ပါတယ်။ ဟစ်တီးရီးယား (Hysteria) စိတ်ဝေဒနာရှင်တဦးရဲ့ ဘဝဖြတ်သန်းရပုံနဲ့ခံစားချက် တို့ကို ပုံဖော်ထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ မြတ်လေး ၊ မြတ်မွန် ၊ သက်နောင်၊ ကျော်မင်းနှင့် မေမြတ်ဆွေ တို့ကပါဝင် သရုပ်ဆောင် ထားပါတယ်။ Hysteria ဟစ်တီးရီယား (၂၀၁၄ ခုနှစ်က ရေးထားတာဖြစ်ပါသည်။) Hysteria အကြောင်းလေးကို သိချင်လို့ မှတ်စုလေးရေးပေးပါ။ တချို့က ဆေးပညာရောဂါနာမည် မဟုတ်ကြပါဘူးတဲ့။ အရပ်ခေါ်ပေါ့နော်။ ပိုပြီး နားလည်သိချင်တာက အိမ်ထောင်ပျက်ထားတာမျိုး၊ ရည်းစားနဲ့ ကွဲထားတာမျိုး ဖြစ်ခဲ့ဘူးသော အိမ်ထောင်မကျသေးသော အပျိုကြီးတွေမှာ ပိုပြီးတော့ အဲ့လို စရိုက်လက္ခဏာ ခပ်ကြောင်ကြောင်၊ ခပ်ဂေါက်ဂေါက်မျိုးတွေ ပိုဖြစ်တတ်ပါသလား။  ‘ဟစ်တီးရီယား’ ဟာ စိတ်ပညာသုံးဝေါဟာရအစစ်တော့ မဟုတ်ပါ။ ထိန်းမနိုင်တဲ့ စိတ်လှုပ...

Intertrigo ဆိုတာ

Image
(ပုံအတွက် ကန်တော့) ဆရာရှင့် မေးချင်လို့ပါ အသက် ၃၂နှစ်ပါ ၈လအရွယ်ကလေးငယ်လေးရှိပါတယ် ကလေး ၂လလောက်တုန်းက ရင်ဘတ်မှာ ရင်သားအောက်မှာ ပေါင်ခြံမှာ အနီစက်လေးတွေထွက်ပါတယ်  ဆရာဝန်ပြ‌တော့ cephalexin သောက်ခိုင်းပြီး mupirocin လိမ်းခိုင်းပါတယ် နှစ်ပတ်‌လိမ်းပြီး‌ သောက်ပြီးမသက်သာဘဲအများကြီးဖြစ်လာပါတယ် ပြန်ပြဖို့လုပ်တော့ ဆရာဝန်ခရီးထွက်သွားလို့ ရှိတဲ့ compound miconazole ပဲစမ်းလိမ်းကြည့်လိုက်ပါတယ် ၃ရက် လောက်အကြာမှာ လျော့လာပြီးပျောက်သွားပါတယ် ၂ပတ်လောက်လိမ်းလိုက်ပါတယ်ဆရာ သောက်ဆေးကတော့ မသောက်ပါဘူး  အဲ့တုန်းက Google မှာရှာဖတ်ကြည့်မိပါတယ်ဆရာ intertrigo လို့ထင်ပါတယ် ထင်တာပါဆရာ သေချာတော့မသိပါဘူး  ဖြစ်တုန်းက compound ဆေးပဲ ၂ပတ်လောက်လိမ်းလိုက်တာပါ ဘယ်ဆေးသေချာသောက်ပြီး လိမ်းရမလဲမသိလို့ပါဆရာ အခု  လေး ငါး လလောက်ကြာပြီးမှအနီစက်တွေ နည်းနည်းပြန်ထွက်လာလို့ပါဆရာ အမြစ်ပြတ်အောင်ဆေးသောက်လို့ရပါလားဆရာ ကျေးဇူးပြုပြီးဖြေပေးပါဦးနော် Intertrigo ဆိုတာ ကြားကျတဲ့နေရာမျိုးတွေမှာ နီရဲပြီး ယားတာ။ ရင်သားအောက်၊ ပေါင်ခြံ စတဲ့နေရာတွေမှာ ဖြစ်တယ်။ Topical treatments လိမ်းဆေးများ အသင့်အတင့်သာဖြစ်ရင် mupirocin သို့မဟုတ် bac...

အုန်းထမင်း

Image
(ကူးတင်တာ ဖြစ်ပါတယ်။) အုန်းထမင်းပူပူလေးကို အချို့က သူ့ချည်းပဲစားရတာကို ကြိုက်တတ်ကြသလို အချို့က "သကြား" လေး ဖြူးပြီးစားရတာကို ကြိုက်တတ်ကြတယ်။ အချို့ကတော့ ကြက်သားဟင်း, ဘာလချောင်ကြော်, ချဉ်ပေါင်ဟင်းချိုလေးနဲ့ စားရတာကို ကြိုက်တတ်ကြပါတယ်။ အုန်းထမင်း ချက်ဖို့အတွက် ၁- ပေါ်ဆန်းမွှေးဆန် ၂- ကြက်သွန်နီ ၃- ဆား ၄- သကြား ၅- အုန်းနို့ ၆- ဆီ အနည်းငယ်တို့ လိုအပ်ပါတယ်။ မိမိ အိမ်မှာပဲ အလွယ်တကူချက်စားလို့ရစေဖို့ ထမင်းပေါင်းအိုးနဲ့ ချက်တဲ့နည်းလေးကို ပြောပြပေးပါမယ်။ ပထမဆုံး အုန်းသီးကို ခြစ်ပြီး ရေမရောပဲ အုန်းနို့ ဦးရည် ပျစ်ပျစ်လေးကို ညှစ်ယူပြီး သီးသန့်ခွက်လေးထဲ ထည့်ထားပါ။ ကျန်တဲ့ အုန်းသီးဖပ်တွေထဲကို ရေထည့် လက်နဲ့ညှစ်ပြီး ကျန်တဲ့ အုန်းနို့ရည် ကျဲကျဲလေးကို ညှစ်ယူထားပါ။ ထမင်းပေါင်းအိုးထဲကို ဆန်ဆေး ထည့်ပါ။ ခုနက ညှစ်ထားတဲ့ အုန်းနို့ အကျဲရည်ကို ထမင်းပေါ် လက်တစ်ဆစ် မြုပ်အောင်ထည့်ပါ။ ကြက်သွန်နီ လေးစိပ်စိပ် အဖပ်လှန်ထည့်ပါ။ ဆားအနဲငယ် နဲ့ သကြား ထည့်ပြီး ထမင်းချက်ထားပါ။ ထမင်းရေခန်းပြီး နွှေးခလုတ် တက်ခါနီးမှာ ဆီ အနည်းငယ် နဲ့ အုန်းနို့ဦးရည်လေး ထည့်မွှေလိုက်ပါ။ ပီး(ပြီး)ရင် အဖုံးပြန်အုပ်ပြီး အုန်းထမင်းကို နှပ်ထာ...

Doxycycline ဒေါက်ဆီဆိုက်ကလင်း

Image
ဆရာရှင့် Doxycycline သောက်ရင် ၇ရက် လား ၁၄ရက်လားရှင့် Tetracycline (တက်ထွာဆိုက်ကလင်း) ပဋိဇီဝဆေးမျိုးဖြစ်တယ်။ (ဆစ်ဖလစ်)၊ (ရှန်ကာရွိုက်)၊ (ဂနိုးရီးယား)၊ (ကလာမိုင်ဒီးယား) ကျားအစေ့ရောင်၊ လိင်ကတဆင့် ကူးစက်ရောဂါတွေ၊ ဝက်ခြံ၊ ဆီးလမ်းပိုးဝင်တာ၊ သွားဖုံးရောင်၊ နူမိုးနီးယား၊ (လိုင်မ်း) ရောဂါ၊ အရေပြားအနာ၊ ဒေါင့်သန်းရောဂါတွေအပြင် (တိုက်ဖတ်စ်) ရောဂါ၊ ကာလဝမ်းရောဂါ၊ (ဘရူဆယ်လိုးဆစ်) တိရစ္ဆာန်-လူ ကူးစက်ရောဂါ၊ (ရစ်က်ဆီရယ်-အင်ဖက်ရှင်) ရောဂါ၊ (ကျူ) အဖျား၊ မျက်ခမ်းစပ်ရောဂါ၊ မျက်စိနာ၊ ဝမ်းကိုက်ရောဂါတွေအတွက် သုံးတယ်။ ငှက်ဖျား ကာကွယ်ဘို့ပါ သုံးနိုင်တယ်။ ကူးစက်ရောဂါအများစုအတွက် တခါသောက် 100 mg တနေ့ ၂ ကြိမ်၊ ၇-၁၄ ရက်ပေးတာများတယ်။ တချို့ကို 200 mg စပေးပြီး၊ နောက် လျှော့ပေးတယ်။ လေထဲကရတဲ့ ဒေါင့်သန်းရောဂါဆိုရင် ရက် ၆ဝ ကြာပေးတယ်။ ဘေးထွက်ဆိုးကျိုးတွေ။ ဝမ်းပျက်၊ မွေးလမ်း-စအို-အရေပြားယား၊ ပါးစပ်နာ၊ ခေါင်းကိုက်၊ မျက်စိကြည့်မကောင်း၊ အရေပြား အနီထွက်၊ အပိန့်ထွက်၊ အသက်ရှူခက်။ နေလောင်၊ မျက်စိ-အရေပြားဝါ၊ ဆီးနီ၊ ဝမ်းအရောင်ပျော့၊ အစားပျက်၊ အန်ချင်၊ အစာမကျေ၊ ဗိုက်နာ၊ အားယုတ်၊ စိတ်မကြည်၊ ဆီးနဲ။ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေကို...

Chili Pepper လူတွေက မတူကြပါ

Image
ကွန်မင့်တခု = (ငရုတ်သီး) ဗိုက်နာမှာလည်းစိုး အဲလို စိုးရိမ်သူတွေ ငရုတ်သီး မစားသင့်။ သူတို့ထဲက တချို့က အသံကြားတာနဲ ဗိုက်နာနေကြပြီ။ တချို့ကတော့ တကယ်နာမယ်။ ဆရာဝန်ရော လူနာပါ၊ လူတိုင်းမှာ ကိုယ်နဲ့ စိတ်လို့ ရှိကြတယ်။ ဓမ္မပဒ (၁) မှာ စိတ်သာလျှင် ရှေ့သွားရှိကုန်၏လို့ ဆိုထားတယ်။ အခုစာက တရားစာတော့ မဟုတ်ပါ။ ဆေးပညာမှာလည်း စိတ်ကြောင့်ရောဂါဖြစ်စေနိုင်တာတွေရှိတယ်။ စိတ်အခြေအနေ တယောက်နဲ့တယောက် မတူကြပါ။ ကလေးဖျားနေတာကို ကလေးမိခင်နဲ့ ဖခင်တို့ စိုးရိမ်ကြတာ မတူပါ။ ရောဂါတခုတည်းကို လူနာတယောက်နဲ့ နောက်တယောက်တို့ စိုးရိမ်တာခြင်း မတူကြပါ။ တခါတရံမှာ လိုတာထက် ပိုပြီးစိုးရိမ်တတ်တယ်။ တခါတရံမှာ စိတ်ကြောင့် ခံစားရတဲ့ရောဂါဝေဒနာ ပိုဆိုးတယ်။ စိတ်ကိုလေ့ကျင့်ထားသူတွေက အနာကို မြန်မြန်ပျောင်အောင် အမိန့်ပေးသလိုထိ လုပ်နိုင်စွမ်းကြတယ်။ စိတ်ပညာမှာ ‘အော်တို ဆာဂျက်ရှင်း’ လို့ ခေါ်တယ်။ ခပ်ပေါပေါ့ တင်ပြပါဦးမယ်။ ဆွေမျိုးလိုရင်းတဲ့ ရပ်ဆွေရပ်မျိုးတယောက်က သူ့သမီးတွေကို ပြောတယ်။  “ငါတော့ အိပ်မပျော်ဘူးကွာ။ လက်ဖက်လေးတရိုးလောက် စားလိုက်ဦးမယ်” တဲ့။ အရပ်ပြောတွေ ရှိတယ်။  တမာရွက်စားရင် တက်တယ်။  ဆူးပုပ်ကြီး တက်တယ်။  ခရမ်းသီး ချေ...

Coconut water and coconut milk အုန်းရည် နှင့် အုန်းနို့

Image
အုန်းသီးကနေရတာ တူတယ်။ အာဟာရတန်ဖိုး မတူပါ။ အုန်းနို့ကနေ ကယ်လိုရီ နဲ့ အဆီဓါတ် အုန်းရေ ရည်ထက် ပိုများများရမယ်။  1 cup of coconut milk အုန်းနို့ တခွက် From a carton ဂျပ်ဗူးတဗူး From a can သံဗူးတဗူး Calories: 76 Calories: 445 Protein: 0.5 grams Protein: 4.5 grams Fat: 5 grams Fat: 48 grams Carbohydrate: 7 grams Carbohydrate: 6 grams အုန်းနို့ 240 grams (g) or approximately 1 cup  calories: 552 water: 162 g protein: 5.5 g fat: 57.1 g carbohydrates: 13.3 g calcium: 38.4 milligrams (mg) potassium: 631 mg magnesium: 88.8 mg iron: 3.94 mg vitamin C: 6.72 mg 1 cup of coconut water အုန်းရေ ရည် တခွက်ကနေ Calories: 46 Protein: 2 grams Fat: 0.5 grams Carbohydrate: 9 grams မှတ်ချက် အုန်းနို့က ကယ်လိုရီနဲ့ အဆီပိုများတဲ့အတွက် လူကိုဝစေမယ်။ ကိုလက်စထော တက်စေမယ်။ ဘယ်လောက်စားသုံးသလဲအပေါ်မှာ မူတည်တယ်။ သွေးတိုးနဲ့တော့ တိုက်ရိုက် မဆိုင်ပါ။ အုန်းနို့ထဲက အဆီဓါတ်ဆိုတာ အုန်းနို့အမျိုးအစားအပေါ် မူတည်တယ်။ မတူကြပါ။ အရပ်ပြော တက်တယ်ဆိုတာနဲ့လည်း တိုက်ရိုက်သက်ဆိုင်ခြင်း မရှိပါ။ အုန်းနို့ခေါက်ဆွဲမှာ သကြားထ...

Life expectancy elsewhere အသက်ရှင်နေရနှုန်း (၂)

Image
မိတ်ဆွေ တေးဂီတသမား ဆရာဝန်တယောက်က မြန်မာပြည်က အထင်ကရ ဂီတပညာရှင်တွေ အသက်ရှည်သူတွေနဲ့ တိုသူတွေစာရင်းတခု တင်ပြထားတာ ဖတ်ရတယ်။ - ရွှေတိုင်ညွန် - သဟာယဆရာတင် - ခင်မောင်ရင် - မအေးမိ - ဂီတနက်သန် ကိုစောညိန်း - စန္ဒရား ကိုမျိုးခင် - မောင်ဆွေနွယ်  (Hla Bu) မနေ့ညက ကျွန်တော့ဦးလေးအရင်း ဆရာတော် သက်တော် ၈၈ နှစ်ကို နှမတွေက သွားကန်တော့ကြတာကို ဖတ်လိုက်ရတယ်။ ဒေါ်မြမြအေးကလည်း သီလကောင်းလို့ ဆိုပြီး မှတ်ချက်ချပါတယ်။ အသက်ရှည်တဲ့သူတဦးဦးအကြောင်း ကြားမိ ဖတ်မိတဲ့အခါ သီလကောင်းလို့ လို့ပြောလေ့ရှိကြတယ်။ တရားစာထဲမှာတော့ ဘယ်လိုကြောင့် အသက်ရှည်တယ် တိုတယ်ဆိုတာ ပါတယ်။ ဆေးပညာသုတေသနတွေလည်း အမျိုးမျိုးရှိတယ်။ လူမျိုးတိုင်းရဲ့ လူသက်တမ်း မတူကြပါ။ Life expectancy elsewhere အသက်ရှင်နေရနှုန်း Canada ကနေဒါ = 82.60 years ‎(2021) Australia သြစတေးလျ = 83.30 years ‎(2021) India အိန္ဒိယ = 67.24 years ‎(2021) USA ယူအက်စ်အေ တို့နေရတဲ့ပြည်နယ်မှာ ၆၄-၆၅ နှစ်တဲ့။ Myanmar (Burma) မြန်မာပြည်မှာ  ကျား = 68.5 နှစ်။ မ = 72.1 နှစ်။ ၂၀၂၄ အတွက် သုတေသနတခု - Hong Kong ဟောင်ကောင်= 85.63 years  Japan ဂျပန် = 84.85 years  South Korea တေ...

Ca Cx သားအိမ်ဝကင်ဆာ

Image
(ကန်တော့) ဆရာရှင့် သားအိမ်ခေါင်းကင်ဆာအကြောင်းလေး သိချင်လို့ပါရှင့်။ ခဏခဏ အကြိမ်များစွာ တင်ထားတယ်။ အသက် ကျား မ အချက်အလက်တွေ မပြောပဲမေးတဲ့သူတွေဆီ လင့် မပို့ပါ။ ဘလော့မှာသာ ဖတ်ပါရန်။ ဆေးပြားပုံသာပြမေးတာတိုင်းကို မဖြေပါ။  ဆေးစာသာ ဘာသာပြန်ခိုင်းတာလည်း မဖြေပါ။  စိုးရိမ်ရသလားသာ မေးတာကိုလည်း မဖြေပါ။  ဆရာဝန်ပြရမလား မေးတာကိုလည်း ဘယ်သူကမေးမေး မဖြေပါ။  အဲလိုမဖြေပါကြောင်း အကြိမ်ပေါင်းများစွာ တင်ပြထားပြီးပြီ။ Cervical Cancer သားအိမ်အဝကင်ဆာ https://dr-tint-swe.blogspot.com/2022/12/cervical-cancer.html Cervical Cancer (2) သားအိမ်အဝ ကင်ဆာ (၂) https://dr-tint-swe.blogspot.com/2021/05/cervical-cancer-2.html Cervical Cancer (3) သားအိမ်အဝ-ကင်ဆာ (၃) https://dr-tint-swe.blogspot.com/2021/05/cervical-cancer-3.html HPV vaccine သားအိမ်ဝကင်ဆာ ကာကွယ်ဆေး https://dr-tint-swe.blogspot.com/2021/01/hpv-vaccine.html Cervical Cancer New Guidelines သားအိမ်အဝ-ကင်ဆာ ဆေးစစ်ခြင်း အသစ်ပြဋ္ဌာန်းချက် https://dr-tint-swe.blogspot.com/2022/04/cervical-cancer-new-guidelines.html Cervical Cancer Risks သားအိမ်ဝကင်ဆ...

Global measles cases surged တကမ္ဘာလုံးမှာ ဝက်သက်ဖြစ်တာ ၂၀% များလာတယ်

Image
ကလေးငယ်တွေမှာ အဖြစ်အများဆုံး။ ကာကွယ်ဆေးရှိလျက်နဲ့ အဲလိုများလာတာဟာ လက်မခံသင့်တဲ့အချက်ဖြစ်တယ်။ ကာကွယ်ဆေးထိုးသူဦးရေပြည့်မီခြင်းမရှိတာကြောင့် အဲလိုဖြစ်တယ်။ ကာကွယ်ဆေးကို ၂ ကြိမ်ထိုးရတယ်။ ပဌမတလုံးထိုးထားရင် ၉၃% ကာကွယ်နိုင်ပြီး၊ ဒုတိယတလုံးပါထိုးထားရင် ၉၇% ကာကွယ်မယ်။ ဝက်သက် ဗိုင်းရပ်စ် လွန်ခဲ့တဲ့ နှစ် ၅၀ ကတည်းက ၈၂ နိုင်ငံမှာ ကင်းရှင်းနေပြီ။ ဒါပေမဲ့ ကာကွယ်ဆေးလက်လှမ်းမမှီတာကြောင့် ဖြစ်သူဦးရေ များလာနေတယ်။ ကိုဗစ်ဖြစ်တော့ ကာကွယ်ဆေးလုပ်ငနးပါ ရပ်တန့်ခဲ့ရတယ်။ လူနေမှုအစုတိုင်းမှာ ၉၅% အထိ ကာကွယ်ဆေးထိုးထားသင့်တယ်။ ၂၀၂၃ ခုနှစ်က တကမ္ဘာလုံးမှာ ကလေး ၈၃% သာ ထိုးထားရသေးတယ်။ ၇၄% တို့ ဒုတိယဆေးမထိုးရသေးပါ။ ကလေးပေါင်း ၂၂ သန်းရှိတယ်။ Child Immunization Chart ကလေးကာကွယ်ဆေးထိုးဇယား (အသက်အလိုက်) ကလေးအသက် ကာကွယ်ဆေးအမည် • မွေးစ BCG ဘီစီဂျီ တီဘီကာကွယ်ဆေး • မွေးစ OPV ပိုလီယို (ပ) • မွေးစ Hep B အသဲရောင် ဘီ (ပ) • မွေးစ HPV သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (မထိုးမနေရမဟုတ်) (မိန်းကလေးများသာ) • ၄ ပါတ် (၁ လ) Hep B အသဲရောင် ဘီ (ဒု) • ၆ ပါတ် (၁ လခွဲ) DPT (ဆုံဆို့-ကြက်ညှာ-မေးခိုင်) ၁၆ ပါတ် (၁ လခွဲ) OPV ပိုလီယို (ဒု) • ၆ ပါတ် (၁ လခွဲ) H...

MRCP(UK) M. Med. Sc. ဆေးပညာဘွဲ့များ

Image
အခု Post နဲ့မဆိုင်ပါဆရာ ဗဟုသုတမေးချင်လို့ပါ M Med Sc(Internal Medicine) ဆေးပညာမဟာသိပ္ပံမရပဲနဲ့ MRCP ရရင်သမားတော်ဖြစ်ပါသလားဆရာ M Med Sc (Internal Medicine) နဲ့ MRCP ဘယ်ဘွဲ့မြင့်ပါသလဲဆရာ MRCP(UK) ဘွဲ့က ယူကေကနေပေးတယ်။ Federation of the Medical Royal Colleges – the Royal College of Physicians of London, the Royal College of Physicians of Edinburgh, and the Royal College of Physicians and Surgeons of Glasgow တွေကနေ စစ်ဆေးတယ်။ Master of Medicine (MMed, MM) ဆိုတာက ဘွဲ့လွန်ဒီဂရီဖြစ်တယ်။ Master Degree Courses မြန်မာပြည်မှာ ပေးတဲ့ မာစတာ ဘွဲ့လွန်တွေ M.Med.Sc (Medicine) M.Med.Sc (Surgery) M.Med.Sc (OG) M.Med.Sc (Paediatrics) M.Med.Sc (Anaesthesiology) M.Med.Sc (Radiology) M.Med.Sc (Pathology) M.Med.Sc (Orthopaedics) M.Med.Sc (Anatomy) M.Med.Sc (Biochemistry) M.Med.Sc (Microbiology) M.Med.Sc (Physiology) M.Med.Sc (Pharmacology) M.Med.Sc (Ophthalmology) M.Med.Sc (Otorhinolaryngology) M.Med.Sc (Disease Prevention and Control) M.Med.Sc (Health Care Management) M.Med.Sc (Environmental Health) M.Med.Sc ...

Mexican turnip ပဲစိမ်းစားဥ

Image
တင်ထားတာတခု = ကိုယ့်အကြိုက် စိမ်းစားဥလေး အညာမှာတော့ ပဲစိမ်းစားဥလို့ ခေါ်ကြတယ်။  Jicama လို့ခေါ်တယ်။ ဝီကီပီးဒီယာမှာတော့ မက်ဆီကိုက လာတယ်လို့သာ ရေးထားတယ်။  Mexican turnip or potato တဲ့။ မြန်မာပြည်ကို မသိတဲ့ သုတနေရာ။ ရုက္ခဗေဒလို Pachyrhizus erosus ခေါ်တယ်။  Turnip လို့သာရေးရင် မမှန်ပါ။ အဲဒါတွေက မုန်လာဥနဲ့ နွှယ်တာတွေ။ အရောင်မျိုးစုံတွေ။ Pea family (Fabaceae) ထဲကဖြစ်လို့ ပဲအမျိုးအစားထဲမှာပါတယ်။ အရည်ရွှမ်းပြီးနည်းနည်းချိုတယ်။ သကြားဓါတ် မများပါ။ ဆီးချိုရှိသူတွေလည်း အသင့်အတင့် စားသုံးနိုင်ပါတယ်။ ယူအက်စ်အေမှာလည်း ရတယ်။ ပဲစိမ်းစားဥ စိုက်ပျိုးသူတွေ၊ ရောင်းချသူတွေနဲ့ စာသုံးသူတွေ နေကောင်းကြစေသတည်း။ ဒေါက်တာတင့်ဆွေ

Low blood pressure သွေးဖိအားနည်းခြင်း

Image
  ၁။ ဆရာ မင်္ဂလာပါရှင် အသက် ၃၃နှစ် အမျိုးသမီးပါရှင့် ကျွန်မ ယခင်က ရှမ်းပြည်တောင်ကြီးမှာနေပါတယ်ဆရာ ၂၀၂၄ခုနှစ် ၄လပိုင်းလောက်က ရန်ကုန်ကိုအလုပ်ကိစ္စနဲ့ပြောင်းလာခဲ့ပါတယ် ရာသီဥတုအပြောင်းလဲကြောင့် ချွေးထွက်များပြီး ခေါင်းမူးပါတယ်ရှင့်ဆရာ တောင်ကြီးမှာနေစဉ်က exercise လုပ်နိုင်ပေမယ့် ယခုရန်ကုန်မှာ လေ့ကျင့်ခန်းလုပ်ရင် ခေါင်းမူးပြီးလဲချင်သလိုဖြစ်လို့ လေ့ကျင့်ခန်းမလုပ်ဖြစ်ပါဘူးဆရာ ခေါင်းတအားမူးလာရင် ရေနဲ့ဓာတ်ဆားတော့သောက်ဖြစ်ပါတယ်ရှင့်ဆရာ ဒီနေ့မူးလို့ သွေးပေါင်ချိန်ကြည့်တာ အပေါ်သွေး ၆၀ အောက်သွေး ၅၀ လို့ပြောပါတယ်ရှင့် ပုံမှန်ရက်တွေဆိုရင် လူကနေ့ပိုင်းတွေ အလုပ်လုပ်ရတာ တက်ကြွလန်းဆန်းမနေဘူးဆရာ လူကအမြဲနုန်းပြီးမလန်းဆန်းဘူးဆရာ အမြဲအိပ်ချင်နေတယ် အိပ်ရေးဝလဲ အိပ်ချင်နေတယ်ရှင့် နေ့စဉ် လန်းဆန်းတက်ကြွပြီး ခေါင်းမမူးအောင် ဘယ်လိုနေထိုင်ပြုမူလုပ်ဆောင်ရမည့် နည်းလမ်းကိုသိချင်လို့ပါ ဆရာရှင့် ဆရာ့အား အစဉ်ထာဝရ လေးစားဦးတင်လျှက် (လျက်)ပါ ဆရာ ၂။ ဆရာ ကျတော် အသက်က ၃၂ပြည့်ပါပြီ။ အိမ်ထောင်သည်ပါ သွေးပေါင် မကြာကြာ ကျတတ်လိုပါခင်မျာ။ အခု ဖြစ်တာ မသက်သာပါဘူး အကျောဆေးသွင်းလိုက်မှ အနည်းငယ်သက်သာပါတယ် ဆောင်ရန်ရှောင်ရန်လေးတွေ ပြောပါဥ...