Rash ယားနာပုံစံက ပွေးကွက်လိုပုံမျိုးဖြစ်ပြီး
သမီးအသက်က ၂၉ ပါ သမီးအရေပြားယားယံတဲ့ဝေဒနာခံစားနေရပါတယ် ပေါင်နှင့် အတွင်းခံဝတ်တဲ့နေရာအပါအဝင် ခြေထောက်မှာလဲ အနည်းငယ်ရှိနေပါတယ် ယားနာပုံစံက ပွေးကွက်လိုပုံမျိုးဖြစ်ပြီး ဆေးလိမ်းပြီး၂ ရက်လောက်ကြလျှင် အရေခွံလေးတွေလန်သွားပြီးခဏ သက်သာသွားပါတယ် နောက်ရက်အနည်းငယ်ကျရင် ပြန်ယားလာပါတယ်ဆရာရှင့် နီးစပ်ရာဆရာဝန်နှင့် ဆေးပြတော့ သောက်ဆေးနှင့် zaricort လိမ်းဆေးပေးပါတယ် အရှင်း ပျောက်မသွားလို့ သမီးကို ဆေးလေးပြောပြပေးပါရှင် လိုအပ်လို့ ဆေးသောက်ရမယ်ဆိုလဲသောက်ပါမယ်ရှင့် ဖြစ်နေတာ ၁ နှစ်လောက်ရှိပါပြီဆရာ ပွေး၊ ယားနာ၊ ဖန်းဂတ်၊ အလာဂျီ၊ နှင်းခူ မတူကြပါ။ ဆေးနည်းလည်း တခြားစီ။ မေးတဲံသူ ဘာဖြစ်နေ မသိသေးပါ။ ရောဂါစာအားလုံး ဘလော့မှာ ဖတ်နိုင်တယ်။ Ringworm ပွေး https://dr-tint-swe.blogspot.com/2021/05/ringworm.html Fungus မိုးစိုစို မှိုသတိထား https://dr-tint-swe.blogspot.com/2021/08/fungus.html Scabies ယားနာ (ဝဲ) https://dr-tint-swe.blogspot.com/2021/05/scabies.html Hives အင်ပြင်ထွက်ခြင်း https://dr-tint-swe.blogspot.com/2020/12/hives.html Dermatitis ပျောက်နိုင်ခဲတဲ့ အရေပြားအနာ https://dr-tint-swe.blogspot.com/2020/12/dermatiti...