Foods for Blood သွေးအားနှင့် အစားအသောက်
နမူနာမေးခွန်း တခုသာ တင်ပါမယ်။ သားဥပြွန်ကင်ဆာ အဆင့် ၃ပါရှင့် ကင်ဆာဆေးသွင်းထားတာ ၃ကြိမ်ရှိပါပီ(ပါပြီ) သွေးအဖြေ PLT 60ကျော်ဘဲရှိနေလို့ ဆေးဆက်သွင်းလို့မရသေးပါ ကင်ဆာဆရာဝန် သွေးရောဂါဆရာဝန်နဲ့ တလှည့်ဆီပြနေပေမဲ့ သွေးအဖြေကတက်မလာပါဘူရှင် သွေး PLT တက်စေမဲ့ အစားအသောက်လေးများ ညွန်ကြားပေးကြပါရှင် ပါပီ = puppy ခွေးကလေး။ ကင်ဆာနေရာမှာ ဘာကင်ဆာဖြစ်ဖြစ်၊ ဘယ်လိုဖြစ်ဖြစ် အစားအသောက်ကိုသာ ဦးစားပေး မေးကြတယ်။ ဖြေတဲ့သူတွေကလည်း ဟိုဟာတွေ မစားနဲ့၊ ဒီဟာတွေစား။ အစားအမည်တွေကလည်း ဘာလာလာ ဒါ။ မဟုတ်ပါ။ ဆောရီး။ သွေးအားဆိုတာ - - သွေးနီဥ၊ - သွေးဖြူဥ နဲ့ - သွေးမှုန်လို့ ရှိတယ်။ - ဗီတာမင်တချို့ (ဘီ-၁၂ နဲ့ စီ) ကလည်း သက်ဆိုင်တယ်။ သွေးနီဥအတွက်သာ သံဓါတ်ကြွယ်တာ စားရတယ်။ ကျန်တာတွေက ပုံမှန် အာဟာရပြည့်တဲ့ အစားအသောက်ကိုသာ စားသောက်ရမယ်။ အဆန်းတွေတော့ မဟုတ်ပါ။ တမိသားစုလုံး စားနေတာတွေ။ တကယ်အားနည်းသူကို လူနာတဦးစီအလိုက် ဆေးသို့မဟုတ် သွေး ပေးပါလိမ့်မယ်။ ဒေါက်တာတင့်ဆွေ