Cancer often requires more than one treatment ကင်ဆာကုသနည်းဆိုတာ
ကုသနည်းတမျိုးတည်းနဲ့ မလုံလောက်ပါ။ ၂၇-၃-၂၀၂၄ နေ့ထွက် ဆေးပညာသတင်းဖြစ်ပါတယ်။ ခီမိုသာရာပီနည်းနဲ့ ခွဲစိတ်ကုသနည်းတွေ လိုနိုင်တယ်။ ဝေလမင်းသမီး Kate Middleton ကိတ်ရဲ့ ကင်ဆာသတင်းကို အခြေခံရေးသားထားပါတယ်။ မင်းသမီးက သူဟာ ခွဲစိတ်ကုသမှုအပြင် ကာကွယ်မှုအနေနဲ့ ခီမိုသာရာပီလုပ်နေရတယ်လို့ ၂၀၂၄ ခုနှစ် မတ်လထဲမှာ ထုတ်ပြောခဲ့တယ်။ အဲလိုကုသနည်းကို adjuvant therapy လို့ခေါ်တယ်။ ခွဲစိတ်တာအပြင် ဆက် တွဲလုပ်ရတဲ့ ကင်ဆာကုသနည်း တခုခုကို ဆိုလိုတယ်။ ကင်ဆာကုသနည်းတွေ အမျိုးမျိုးရှိတယ်။ Surgery ခွဲစိတ်ကုသနည်း၊ Chemotherapy ခီမိုသာရာပီနည်း၊ radiotherapy ဓါတ်ကင်နည်း၊ immunotherapy အင်မြူနိုသာရာပီနည်းနဲ့ hormonal therapy ဟော်မုန်းပေးနည်း။ ဘယ်လိုလူနာကို ဘယ်ကုသနည်းတွေပေးမလဲဆိုတာ ကင်ဆာအမျိုးအစား၊ ကင်ဆာအဆင့်၊ ပြန့်နေပြီလား စတဲ့အချက်တွေအရ ရွေးရတယ်။ အကြမ်းအားဖြင့် - ၁။ solid tumors – or visible tumors မျက်စိနဲ့ မြင်တွေ့နိုင်တဲ့ အစိုင်အခဲ အကျိတ် အလုံး။ ခွဲစိတ်ထုတ်ပေးမယ်။ ဥပမာ မျိုးဥအိမ်ကင်ဆာဆိုရင် မျိုးဥအိမ်တွေ + သားအိမ် + သားအိမ်ပြွန်တွေကို ထုတ်မယ်။ တချို့ကိုတော့ ဘေလုံး၊ အူသိမ်၊ အသဲတို့ကိုပါ ထုတ်ရတယ်။ ၂။ liquid tumors အရည်ကင်ဆ...