Beer အလိမ်အညာဘေးက ဝေးကြပါစေသတည်း
အခုပဲတွေ့ပြန်တယ်။ ဘီယာထဲမှာပါတဲ့ ဓါတ်တမျိုးက အသည်းနဲ့ အူမကြီးကင်ဆာအကျိတ်တွေကို သတ်နိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ တဲ့။ အဲလို မဟုတ်ကဟုတ်က အလွဲအမှားသတင်းတွေ ခဏခဏထွက်တယ်။ အရက်ရောင်းချင်သူတွေက ရေးခိုင်းတာတွေ။ ဘီယာသမိုင်းဟာ ဘီစီ ၅၀၀၀ ကတည်းကလို့ အီဂျစ်ကရတဲ့ အထောက်အထားတွေက ဆိုပါတယ်။ အဲလိုသာ မှန်မယ်ဆိုရင် ကမာ္ဘမှာ ကင်ဆာရောဂါ ပေါ်လာစရာအကြောင်း မရှိလောက်ပါ။ ကင်ဆာပဌမဆုံးလူနာကို ၁၇၇၅ ခုနှစ်မှာ ဗြိတိသျှခွဲစိတ်ဆရာဝန် ဒေါက်တာ Percivall Pott ပါစီဗယ်လ်ပေါ့က တွေ့ပါတယ်။ ယောက်ျားကပ်ပယ်အိပ်ကင်ဆာ။ ကန်တော့။ ဘီယာထဲဖြစ်ဖြစ် ဝိုင်ထဲဖြစ်ဖြစ် ထန်းရေထဲဖြစ်ဖြစ် အယ်လ်ကိုဟော ပါတယ်။ နည်းတာများတာနဲ့ တခြားဟာတွေပါ မပါသာ ကွာတယ်။ အယ်လ်ကိုဟောနဲ့ ကင်ဆာဆက်စပ်မှု အခိုင်အမာရှိတယ်။ Carcinogens ကာစီနိုဂျင်လို့ ခေါ်တယ်။ ၂၀၀၉ ခုနှစ်စာရင်းတွေအရ အမေရိကမှာ ကင်ဆာနဲ့သေဆုံးသူ ၁၉၅၀၀ ယောက်ထဲက ၃့၅% ဟာ အရက်နဲ့ ဆက်နေကြတယ်။ ဆောရီး။ Head and neck cancer ဦးခေါင်းပိုင်းနှင့် လည်ပင်းပိုင်းကင်ဆာဟာ အရက် အသင့်အတင့်သောက်သူတွေမှာ ၁့၈ ဆ ပိုဖြစ်ကြတယ်။ များများသောက်သူတွေမှာ ၅ ဆပိုတယ်။ Esophageal cancer အစာမျိုပြွန်ကင်ဆာ ၁့၃ ဆ နဲ့ ၅ ...