Posts

Showing posts from August, 2025

Melanoma Diagnosis မှည့်ကင်ဆာ ခွဲခြားစစ်ဆေးခြင်း

Image
အိပ်လို့မရဘူးဖစ်(ဖြစ်)နေတယ်ဆရာ လက် အတွင်းထဲ မှဲ့လိုအမှတ်သစ်အလိုလို အမဲစက်လေးတွေ့မိလို့ပါ အရင်ကသတိမထားမိပါဘူးဆရာ မှဲ့ကင်ဆာများဖြစ်နေပြီလားဆရာ ရင်ပူပြီးအိပ်မရဖြစ်နေလို့ပါ အသက် ၃၂ အမျိုးသမီး အိမ်ထောင် ရှင်ပါဆရာ ဖစ် နှင့် ကင်ဆာ အမျိုးတော်ပါသည် https://burmese-spelling.blogspot.com/2022/09/exclusive-club.html ကင်ဆာဖြစ်နေသော (ဖ) https://burmese-spelling.blogspot.com/2022/09/blog-post_506.html Moles မှဲ့ https://dr-tint-swe.blogspot.com/2021/06/moles.html ဟုတ်ကဲ့ဆရာ ခုကျွန်မလက်မှာဖြစ်နေတာမှဲ့ကင်ဆာလားဆရာ။ ကင်ဆာဟုတ်မဟုတ်ကို စနစ်တကျ စမ်းသပ်စစ်ဆေးမှသာ သိနိုင်တယ်။ Melanoma မှဲ့ကင်ဆာ https://dr-tint-swe.blogspot.com/2021/10/melanoma.html ကျေးဇူးပါ ဆရာ ဘိုင်အိုစီ လုပ်ဖို့လိုအပ်သလားဆရာ ခုတိုင်းကြည့်တာ မှဲ့က 1mm ရှိပါတယ် ခန(ခဏ) စောင့်ကြည့်ရမလားဆရာ ဖြေကြားပေးပါအုံးဆရာ။ လင့် ကို ဖတ်ပါရန်။ တနေ့လုံးငိုတညလုံးငိုထားပီး(ပြီး) အရူးမီးဝိုင်းဖစ်(ဖြစ်)နေပါတယ်ဆရာ ဆရာဝန် ၂ ယောက်ပြတာ တယောက်က မစိုးရိမ်ရဘူးပြောပါတယ် နောက်တယောက်ကစောင့်ကြည့်ပီး(ပြီး)လှီးထုတ်လိုက်ရင်ပိုကောင်းမယ်ပြောလို့ မစောင့်နိုင်တော့ပါဘူး မနက်ဖနိ(နက်...

ကျန်းမာရေးကောင်းသည့် အစားအသောက်အလေ့အကျင့် ၁၂ မျိုး

Image
ယနေ့ပင် စတင်ပါ။ 12 Healthy Eating Habits to Start Today ဒေါက်တာတင့်ဆွေ

Butter ထောပတ်

Image
မေးခွန်း = ဆရာရှင့် ဟိုးတုံးကရှိတဲ့ တူနှလက်တံဆိပ်ကကော အဆီများထောပတ်လါး အဖြေ Butter ထောပတ်ထဲမှာ ထောပတ်ဆီအမျိုးအစား ၈၀-၈၅% ပါတယ်။ စားပွဲတင်ဇွန်း ၁ ဇွန်းမှာ အဆီဓါတ် 11.5 grams ပါတယ်။ 1 tbsp (14.2 g) ကနေ 102 Calories ကယ်လိုရီ။ အဆီစုစုပေါင်း Total Fat 12 g 18% ကိုလက်စထော Cholesterol 31 mg 10% ဆိုဒီယမ် Sodium 2 mg 0% ပိုဆက်စီယမ် Potassium 3 mg 0% ပရိုတင်း Protein 0.1 g 0% ခေတ်ကောင်းတုန်းကတော့ တူနှစ်လက် ကို တူနှစ်လက် လို့ ရေးကြပါတယ်။ တူနှစ်လက်တံဆိပ်၊ တူနှစ်ချောင်း တစုံ၊ လူနှစ်ယောက်၊ ပန်းကန်နှစ်ချပ်။ ဒေါက်တာတင့်ဆွေ

အမေး အဖြေ ၂ ခု

Image
၁။ Health and Well-Being ကို မြန်မာလို ဘယ်လိုရေးရမလဲဆရာ။ အဖြေ Google translate = ကျန်းမာခြင်းနှင့်သုခ ကျွန်တော့ ဘာသာပြန် = ကျန်းမာခြင်းနှင့် ကျန်းမာစွာနေထိုင်ရခြင်း။ ၂။ အရင်က Ultrasound ဆိုတဲ့ English စကားလုံးကို 'စောင်း' လို့ ရေးတာ ဟာ 'စောင်း'တူရိယာနဲ့ မှားနိုင်လို့ 'ဆောင်း' လို့ ရေးမှ မှန်မယ်လို့ ပြောတာ တွေ့မိဖူးတယ်၊ အဲ့ဒီ 'ဆောင်း' ကျတော့ 'ဆောင်းဥတု' နဲ့ မမှားနိုင်ဘူးလား ၊ငါ မှ ငါ ဆိုတဲ့ အတ္တတွေ လို့တောင် ထင်မိပါတယ် အဖြေ Sound အသံ လို့ ၅ တန်းရောက်ရင် အသံထွက်မှန်ပါ သိပါတယ်။ ultrasound How to pronounce ultrasound  UK/ˈʌl.trə.saʊnd/  US/ˈʌl.trə.saʊnd/ How To Say Ultrasound https://www.youtube.com/watch?v=_KDeqEVQLF8 ဒေါက်တာတင့်ဆွေ

Patient safety first လူနာမျက်နှာကြည့်ကြပါ

Image
(၂၀၁၅ ခုနှစ်က ရေးထားတာ။) ကွန်မင့်တခု = On line ပေါ်မှာ ဆေးအတုကြော်ငြာတွေ ပွထနေတာဘဲဆရာ။ ပိန်ဆေးတခု Japan ဆေးစစ်စစ် 100% လို့ကြော်ငြာထားလို့ ဂျပန်ဘားကုတ်လေး တင်ပြပေးပါလို့ရေးမိတယ်။ ပစ္စည်းပေါ်က စတစ်ကာကြီးပြပေးတယ်။ မဟုတ်ဘူးလေ ဘားကုတ်ဆိုတာ ဒါမျိုးပါဆိုပြီး 49 နဲ့စတဲ့ made in Japan ဘားကုတ်တခု ပြန်ပြလိုက်တော့ ကျမရဲ့ ကွန်မန့်တွေ အကုန်ဖျက်ခံလိုက်ရတယ်။ မသိတဲ့သူတွေကတော့ ဝယ်ဘို့မေးမြန်းနေကြတယ်။ အူယားလိုက်တာ။ ထပ်မပြောရဲတော့ဘူး။ သူများစီးပွားရေး ဖျက်စီးတယ်ဆိုပြီး ဆဲခံရမှာကြောက်လို့။ ပြန်စာ အင်တာနက်ကနေ ဆေးဝယ်ယူသုံးစွဲသူတွေသိဘို့ရာ ဆေးဝါးနဲ့အစားအသောက်အာဏာပိုင်အဖွဲ့ DFA ကနေ သတိပေးချက်တွေ ထုတ်ထားပါတယ်။ အရူးလုပ်မခံရပါစေနဲ့လို့နဲ့ စထားပါတယ်။ ဆရာဝန်လက်မှတ်နဲ့သာရောင်းဘို့ သတ်မှတ်တဲ့ ဆေးတွေကို အဲလိုဝယ်ရင် ဆေးအမှန်ဟုတ်ချင်မှဟုတ်မယ်။ ဝဘ်ဆိုက်တွေထဲမှာ တရားဝင်တွေရော၊ Rogue sites အင်တွေပါရှိတယ်။ ကြည့်လိုက်ရင်တော့ တရားဝင်လိုလို၊ ပညာရှင်ဆန်သလိုလို ထင်ရပေမယ့် တကယ်မဟုတ်တာတွေ ရှိတယ်။ အဲလိုဆိုက်တွေက တရားမဝင်ဆေးတွေလည်း ရောင်းတယ်။ ဒါ့ပြင် ဆေးထဲမှာ ပါသင့်တာတွေကို နည်းပြီးဖြစ်ဖြစ် များပြီးဖြစ်ဖြစ်ပါနေနိုင်တယ်။ ဥပမာ တုပ်ကွ...

Medicine ဆေးပညာ

Image
(မြန်မာ့အွန်လိုင်းစွယ်စုံကျမ်း) ဆေးပညာသည် ရောဂါကုသခြင်း၏ အနုပညာနှင့် သိပ္ပံပညာ ဖြစ်သည်။ ဆေးပညာသည် ကျန်းမာရေး စောင့်ရှောက်မှု (health care) တလျှောက်တွင် လက်တွေ့ ကျကျပါဝင်ပြီး လူ့ကျန်းမာရေးကို ကြိုတင်ကာကွယ်ရန်နှင့် ရောဂါကုသရေးတွင် အသုံးပြုခြင်းဖြစ်သည်။ ခေတ်ပေါ်ဆေးပညာသည် ကျန်းမာရေးသိပ္ပံ (health sicence)၊ ဇီဝဆေးပညာ၊ ဆေးဝါးနည်းပညာ (medical technology) တို့ကို ရောဂါ ရှာဖွေခြင်းမှသည် ခွဲစိတ်ခြင်း၊ ဆေးဝါးပေးခြင်း စသည့် ကုသခြင်းအထိ ပါဝင်သည်။ ဆေးဝါး နည်းပညာနှင့် ဆေးခန်းနည်းစနစ် (clinical expertise) တို့သည် ခေတ်ပေါ် ဆေးပညာတွင် အမှန်အရေးကြီးသော်လည်း တကယ်အောင်မြင်ရေး အတွက်(ဝါ) [ရောဂါဝေဒနာခံစားရခြင်း] (suffering) မှ ရေရှည် လွှက်မြောက်ရေးအတွက်ဆိုလျှင် သာမန်လူသားတို့၏ စိတ်ခံစားမှု (feeling) နှင့် စာနာခြင်း (compassion) ကိုပါ ထဲ့သွင်း စဉ်းစားရမည်ဖြစ်ပြီး ဆိုလိုသည်မှာ ရောဂါကုသရေးတွင် အကြင်နာများလည်း လိုအပ်သေးသည်။ သမိုင်း ရှေးလွန်ခေတ် (prehistoric) ဆေးပညာသည် သစ်ပင်၊ တိရစာ္ဆန်အပိုင်းစနှင့် ဓါတ်သတ္တုတို့ ပါဝင်သည်။ များစွာသော အဖြစ်အပျက်များတွင် ၎င်းတို့ကို ဘုန်းကြီး၊ ဗိန္ဓောဆရာ၊ ဂိုဏ်းဆရာ တို့က ဂမ္ဗီရ နည်း...

Puberty Question အရွယ်မရောက်သေးတဲ့ မိန်းကလေး မေးခွန်း

Image
(ကန်တော့) ကျွန်တော်နားမလည်တာလေတွေ မေးချင်လို့ပါဆရာ။ ယခုမှ online ပေါ်မှာ ခဏခဏတွေ့ရတဲ့ သက်ငယ်မုဒိန်းမှုတွေမှာ တချို့အရွယ်မရောက်သေးတဲ့ မိန်းကလေးတွေမှာ ကိုယ်ဝန်ရှိတာတို့ ကြားရတယ်ဆရာ။ ကျွန်တော်မေးချင်တာက အရွယ်မရောက်သေးတဲ့ကလေးတွေမှာ ကိုယ်ဝန်ရှိနိုင်ပါ့မလားဆရာ ကျေးဇူးပြုပြီး ဖြေပေးပါဆရာ။ အဲလို အွန်လိုင်းသတင်းတွေကို ပြန်မရေးပါ။ မသေချာတာတွေ။ ရာသီလာ မျိုးဥထွက်ချိန်ကစပြီး ကိုယ်ဝန်ရနိုင်ပြီ။ မိန်းကလေးတွေ ယေဘုယျအားဖြင့် အသက် ၁၀ နှစ်ကနေ ၁၄ နှစ်မှာ အပျိုစဖြစ်ကြတယ်။ ၁၂ နှစ်ကနေ ၁၆ နှစ်ကျမှ ဖြစ်တာလည်း ရှိတယ်။ အာဖရိကန်နွယ်ဝင်အမေရိကန်မိန်းကလေးတွေက ၉ နှစ်မှာစဖြစ်ကြတယ်။  အပျိုဖြစ်စောလွန်းခြင်းဆိုတာ Precocious puberty ဖြစ်တယ်။ ဘာလို့ အဲလို တခြားမိန်းကလေးငယ်တွေထက် စောသလဲ။ အတိအကျပြောရခက်တယ်။ ဖြစ်နိုင်တာတွေတော့ ရှိပါတယ်။ - Congenital adrenal hyperplasia (CAH) ခေါ် မွေးရာပါ အဒရီနယ်ဂလင်း ပွါများနေခြင်း၊ - McCune-Albright Syndrome ဆင်ဒရုမ်း၊ - Spina bifida with hydrocephalus မွေးရာပါ ခါးရိုးဆစ်မလုံခြင်းနဲ့ ဦးနှောက်ထဲမှာ အရည်များခြင်း။ - Obesity အဝလွန်ခြင်း၊ - Social factors ဆိုရှယ်အကြောင်းခံရှိခြင်း၊ ကိုယ်လက်...

When Your Body Starts Aging Faster ဇရာဖြစ်စဉ် ဆေးသုတေသန

Image
သုတေသနအသစ်က သင့်ခန္ဓာကိုယ် ဘယ်အချိန်ကစပြီး ပိုမြန်မြန် အိုမင်းလာတယ်ဆိုတာ ဖော်ပြလိုက်ပါတယ်။  သင်ထင်ထားတာထက် ပိုစောနိုင်တယ်။ ဩဂုတ် ၂၆၊ ၂၀၂၅  Cell စာစောင်မှာ ဖော်ပြထားပါတယ်။ ယခုအချိန်ပင် သင့်ခန္ဓာကိုယ်အပိုင်းအစ အချို့သည် တခြားအစိတ်အပိုင်းများထက် အသက်အိုကြီးသွားပြီးသား ဖြစ်နိုင်သည်။ ခန္ဓာကိုယ်အစိတ်အပိုင်းများသည် အားလုံးတူညီအောင် အိုမင်းသွားသည်မဟုတ်ဘဲ တချို့ အစိတ်အပိုင်းများက တခြားထက် ပိုမိုစောစီး၍ သက်ရောက်မှုတွေ ပေါ်ထွက်လာကြောင်း တွေ့ရှိခဲ့သည်။ အိုမင်းခြင်းဆိုတာ ကားနဲ့တူတယ်။ အိုနေတဲ့ ကားတစီးရဲ့ အစိတ်အပိုင်းအချို့က ပိုမြန်မြန် ပျက်စီးသွားတတ်တယ်။ အိုမင်းနှုန်းအချိန်ဇယား မတူသည့်အချက်ကို ခွဲခြားလေ့လာခြင်းဖြင့် ပညာရှင်များသည် အိုမင်းဖြစ်စဉ်ကို ပိုမိုနက်ရှိုင်းစွာ နားလည်နိုင်ပြီး နောက်လာမည့်အချိန်တွင် အိုမင်းနှေးကွေးစေမည့် ကိရိယာများ ဖန်တီးနိုင်မည်ဟု ယူဆကြသည်။ လူအိုမင်းအပေါ် အမြင်အသစ် ခန္ဓာကိုယ်အပိုင်းအစများက ဘယ်လိုနှင့် ဘယ်အချိန်မှာ အိုမင်းသက်ရောက်သွားသည်ကို ပရိုတင်းများဖြင့် ခွဲခြားစမ်းသပ်ခဲ့သည်။ Protein များသည် လူ့ဘဝ၏ အခြေခံအုတ်မြစ်များဟု စာတမ်းထဲတွင် ရေးသားထားသည်။ သို့သော် လူသား အစိ...

ဆီးချိုပျောက်ဆေး သတင်း

Image
ဆီးချိုပျောက်ဆေး တရုပ်ပြည်မှာပေါ်ပြီလို့ တယောက်ပြီးတယောက်က တင်နေကြတယ်။ သတင်းတွေကို စိစစ်ရပါတယ်။ (၁) AI Overview အမျိုးအစား ၁ ဆီးချိုရောဂါ (T1D) အတွက် ပင်မဆဲလ်ကုထုံးတွင် မကြာသေးမီက အောင်မြင်မှုများသည် အချို့သောလူနာများတွင် အင်စူလင်ထုတ်လုပ်မှုကို ပြန်လည်ထူထောင်ရန်နှင့် အင်စူလင်လိုအပ်မှုကို လျှော့ချခြင်း သို့မဟုတ် မလိုအပ်ခြင်းကဲ့သို့သော အလားအလာများကို ပြသထားသည်။ ဤကုသမှုသည် လက်တွေ့စမ်းသပ်မှုများတွင် ရှိနေဆဲဖြစ်ပြီး FDA မှ ခွင့်ပြုချက်မရရှိသေးသော်လည်း နည်းပညာသည် ကုသမှုသစ်အတွက် မျှော်လင့်ချက်ရှိသည်။ (၂) တရုပ်သုတေသီများက စတမ်ဆဲလ်ကုထုံးကို အသုံးပြုနေသော လူနာများတွင် အမျိုးအစား ၁ နှင့် အမျိုးအစား ၂ ဆီးချိုရောဂါ နှစ်မျိုးလုံးကို အောင်မြင်စွာ ပြောင်းပြန်လှန်နိုင်ခဲ့သည်။ အမျိုးအစား ၁ ဆီးချိုရောဂါရှိသော အသက် ၂၅ နှစ်အရွယ်ရှိ အမျိုးသမီးတဦသည် ပထမဆုံးလူဖြစ်လာခဲ့သည်။ လူနာ၏ကိုယ်ပိုင်ဆဲလ်များကို pluripotent stem cells အဖြစ်ပြန်လည်ပရိုဂရမ်ပြုလုပ်ပြီး ၎င်းတို့ကို အင်စူလင်ထုတ်လုပ်သော ဆဲလ်များအဖြစ် ကွဲပြားစေကာ ပုံမှန်အင်စူလင်ထုတ်လုပ်မှုကို ပြန်လည်ရရှိစေရန် ဖြစ်သည်။ Cell ဂျာနယ်တွင် အသေးစိတ်ဖော်ပြထားသော ဤရှေ့ဆေ...

Blood Types and Paternity Determination မိဘနှင့် သားသမီးများ သွေးအုပ်စုများ

Image
၁။ ဆရာရှင့် သွေးမှာ O နဲ့ O က A ရတတ်တာလားရှင့်။ ဦးတင်လျှက်ပါ(လျက်ပါ) အခုစာထဲမှာ ရေးထားတာ မမှန်ပါ။ မိဘနှစ်ဦးက အိုသွေးဆိုရင် သူတို့သားသမီးတွေကလည်း အိုသွေးတွေသာ ဖြစ်နိုင်တယ်။ If both parents have blood group O, their child will also have blood group O. ၂။ ကလေးမအေက B သွေးဆရာ။ ကလေးက B သွေးပါဆရာ။ လူနှစ်ယောက်မှာ တယောက်က O သွေး နောက်တစ်ယောက်(တယောက်)က Ab သွေးပါဆရာ။ မွေးလာတဲ့ ကလေးက AB နဲ့ရတာလား O နဲ့လား။ ဘယ်သွေးအမျိုးစားနဲ့ ရတာလို့ သိလို့ရပါလားဆရာ။ ဇာယားကွက်ထဲကအတိုင်းဆိုရင်ဆရာ။ အမေ B ကလေး B ဆိုရင် အဖေဟာ A, B, AB, O ဖြစ်နိုင်။ B နဲ့ AB ကနေရတဲ့ကလေးက A, B, AB ဖြစ်နိုင်။ B နဲ့ O ကနေရတဲ့ကလေးက B, O ဖြစ်နိုင်။ အဲတော့ B ကလေးဟာ ၂ ယောက်လုံးနဲ့ ဖြစ်နိုင်နေ။ DNA စစ်ရန်လိုအပ်။ ၃။ မင်္ဂလာပါဆရာ။ ကျွန်တော်ရော အမျိုးသမီးပါ အိုသွေးပါဆရာ။ သမီးလေးက အေသွေးဖြစ်လို့ စိတ်ရှုပ်နေရပါတယ်ဆရာ။ ဆရာ Facebook မှာတင်ထားတာလေးတွေ့မိလို့ DNAဘယ်မှာစစ်လို့ရလဲသိချင်လို့ပါဆရာ။ ဘာတွေလိုအပ်တာလဲ ပါသိချင်တာပါဆရာ။ ဆရာရွှင်လန်းချမ်းမြေ့ပါစေ။ ၄။ ကျွန်တော့သွေးအမျိုးအစားက AB ပါ။ အမျိုးသမီးက O ပါ။ မည်သို့ဖြစ်သည်မသိ၊ သားငယ်လေး ၅နှစ်ကျော်က အခုမှ...

ကျောက်ဖရုံသီး ပရိုမိုးရှင်း

Image
မေးခွန်းတခု = ဆရာ သားဉအိမ်ရေအိတ်တည်တာ ကျောက်ဖရုံသီး ကို ထားအိပ်ရင်ရေစုပ်တာဟုတ်လဆရာ မယုံပေမယ့် fb တွေ့ နေလို့ပါဆရာ။ ပြန်စာ ရောင်းတဲ့သူက ရေးတာဖြစ်ပါမယ်။ ကျောက်ဖရုံသီးကို ရိုးရိုးတန်းတန်းရောင်းလည်း ဝယ်ကြပေမဲ့ အရောင်းမြှင့်နည်းသုံးကြတာ။ အဲလိုဘဲ ကင်ဆာဆေးဆိုပြီး ဘယ်မှာလိုက်ရှာရမှန်းမသိ၊ အရွက်အပွင့်အမည်စာလုံးပေါင်းအမှားတွေကိုလည်း ရောင်းအားမြှင့်ကြတယ်။ ဆီးချိုပျောက်ဆေးဆိုပြီးလည်း ပေါင်းပင်တွေ၊ မြက်ပင်တွေကိုလည်း ရောင်းအားမြှင့်ကြတယ်။ ကိုဗစ်ကာလတုန်းကဆို လူတိုင်းလူတိုင်းက နေ့စဉ်နေ့တိုင်းစားကြကာတွေကို ရောင်းအားမြှင့်ကြတာ ရောင်းလို့မလောက်၊ အတော်အမြတ်အစွန်းရသတဲ့။ ခေတ်ကလည်း 'မားကက်တင်း' တို့၊ 'ပရိုမိုးရှင်း' တို့၊ 'ဂရင်အိုးပင်နင်း' တို့ စာလုံးလေးတွေပါရင် အလုပ်ဖြစ်တယ်။ ရောင်းတဲ့သူတွေက 'မင်မင်' တဲ့။ ဝယ်တဲ့သူတွေက 'ကင်ကင်' တဲ့။ ဒေါက်တာတင့်ဆွေ

စဉ်းစားချင့်ချိန်မှု ကင်ဆာ

Image
မြန်မာလိုရေးထာတဲ့စာ =ကင်ဆာကြောင့် မသေနိုင်ကြတော့ပါဘူး Bagan Thar မှာ December 10, 2018 နေ့က တင်ထားတာတဲ့။ စဉ်းစားပါ ၂၀၁၈ ခုနှစ်အတွင်း တကမာ္ဘလုံးမှာ ကင်ဆာအမျိုးမျိုးကြောင့် သေဆုံးရသူပေါင်း ၉့၆ သန်းရှိခဲ့တယ်။ လူ ၆ ယောက် သေဆုံးတိုင်း ကင်ဆာကြောင့်သေဆုံးရတာ ၁ ယောက်ရှိတယ်။  အမေရိကမှာ  ၂၀၁၈ ခုနှစ်အတွင်း ကင်ဆာလူနာသစ်ပေါင်း 1,735,350 ယောက်ရှိပြီး 609,640 ယောက် သေဆုံးခဲ့တယ်။ အဖြစ်များဆုံးကင်ဆာတွေကို အစီအစဉ်အတိုင်း သည်လိုရှိတယ်။ အရင်ဆုံးရေးတာတွေက ပိုဖြစ်တယ်။ ၁။ breast cancer ရင်သားကင်ဆာ၊ ၂။ lung and bronchus cancer အဆုတ် ကင်ဆာ၊ ၃။ prostate cancer ဆီးကျိတ်ကင်ဆာ၊ ၄။ colon and rectum cancer အူမကြီး ကင်ဆာ၊ ၅။ melanoma of the skin အရေပြားကင်ဆာ၊ ၆။ bladder cancer ဆီးအိမ်ကင်ဆာ၊ ၇။ non-Hodgkin lymphoma န်းဟော့ချ်ကင်း လင်ဖိုးမား ကင်ဆာ၊ ၈။ kidney and renal pelvis cancer ကျောက်ကပ်ကင်ဆာ၊1 ၉။ endometrial cancer သားအိမ်ကင်ဆာ၊ ၁၀။ leukemia လူကီးမီးယားကင်ဆာ၊ ၁၁။ pancreatic cancer သရက်ရွက်ကင်ဆာ၊ ၁၂။ thyroid cancer လည်ပင်းကြီးကင်ဆာ၊ ၁၃။ liver cancer အသည်းကင်ဆာ။ လူဦးရေတသိန်းမှာ ၄၃၉့၂ ယောက် ကင်ဆာဖြစ်တယ်။ လူဦ...

What Happens to Your Body When You Eat Yogurt Every Day ရောဂတ် ကို နေ့တိုင်းစားသော်

Image
ရောဂတ် ဆိုတာ အလွယ်ခေါ် ဒိန်ချဉ် နဲ့ အလားတူ နွားနို့ကို ချဉ်အောင်လုပ်တားတဲ့စားစရာ ဖြစ်ပါတယ်။ • You’ll Increase Your Protein Intake ပရိုတင်းဓါတ် ပိုရမည်။ • You May Have a Healthier Gut Microbiome အူထဲနေ မိတ်ဆွေ ဘက်တီးရီးယားတွေ တိုးစေမည်။ • You’ll Increase Your Calcium Intake ကယ်လ်စီယမ်ဓါတ် ပိုရမည်။ • You May Have Healthier Blood Sugar Levels သွေးတွင်း သကြားဓါတ်ကို ကောင်းစေမည်။ • You May Feel More Satiated and Lose Weight ကျေနပ်မှုရပြီး ကိုယ်အလေးချိန်ကျစေနိုင်သည်။ • You Could Improve Bone Density and Reduce Fracture Risk အရိုးသိပ်သည်းဆ တိုးလို့ အရိုးကျိုးနိုင်ခြေ နည်းစေမည်။ • You May See Positive Changes in Heart Disease Risk Factors နှလုံးကျန်းမာရေးအတွက် ကောင်းသည်။ • You May Need to Watch Out for Added Sugars or Lactose Intolerance သတိပြုရန် - သကြားအပိုထည့်တာ သတိထားပါ။ လက်တို့စ်ဓါတ် နဲ့ မတည့်သူတွေ မသင့်ပါ။ ဒေါက်တာတင့်ဆွေ

Bitter taste in the mouth ပါးစပ်ခါးနေခြင်း

Image
ဆရာရှင့် ကျေးဇူးပြု၍ဖြေကြားပေးပါအုံးရှင့် ကျွန်မပါးစပ်တွေခါးနေတာ ၅လကျော်ရှိပီ(ပြီ) အခုပိုဆိုးလာလို့ဘယ်လို ဆက်ကုသရမလဲရှင့် ၂၀၂၃ ကအစာအိမ်ရောအူလမ်းကြောင်းလည်းမှန်ပြောင်းကြည့်ထားပါတယ် အဲ့တုန်းက အစာအိမ်နဲ့အူနဲအနည်းငယ်ယောင်ပါတယ် အဲ့လိုပြောတယ် အသည်းအနည်းငယ်ယောင်(ရောင်)တယ်ဆိုပီး(ပြီး) အစာအိမ်ပိုးအနည်းငယ်တွေ့လို့ ပိုးသတ်ဆေးတွေလည်း သောက်ပီးပါပီ(ပြီးပါပြီ) အဲ့ကနေ ၂၀၂၄ ခုနှစ် ၁၂လပိုင်းလောက်က ချောင်းဆိုးချွဲထသလိုဖြစ်ပီး(ပြီး) ပါးစပ်တွေခါးပီး အစာပျို့သလိုသီးသလိုဖြစ်ပီး(ပြီး) ချောင်းဆိုးတော့ အစာအိမ်သမားတော်ဆီသွားတော့ Gerd ဖြစ်တယ်ဆိုပီး(ပြီး) ဆေးတွေသောက်ရပါတယ် ပီးတော့ အနည်းငယ်သက်သာလိုက် ပြန်ဖြစ်လိုက်ဆိုတော့ ဆရာကြီးဆီသွားပြောတော့ Gerd ဆိုသက်သာရမှာ သူ့ဘက်က ဆေးတွေ ပေးသင့်သလောက် ပေးပီးပီ(ပြီးပြီ) ချောင်းဆိုးတာအတွက်လည်း အဆုတ်အထူးကုဆီပြရမှာဆိုပီး(ပြီး) ညွန်းတော့ အဆုတ်သမားတော်ဆီသွားတော့ X ray ရိုက်တယ် အဆုတ်မူန်တိုင်းတယ် ECG ဆွဲတယ် အဖြေကောင်းတယိပြောပါတယ် တီဗီ(တီဘီ)မရှိဘူးတဲ့ လေပြွန်အနညိးငယ်ပဲယောင်တယ်တဲ့ အဲ့ဒါနဲ့ဆေးပေးပီး(ပြီး) သောက်ခိုင်းပါတယ် ကျွန်မသောက်တယ် နောက်လည်း အရမ်းမသက်သာတော့ အဆုတ်ဆရာမဆီပြောပြတော့ အစာ...

Ulcerative colitis အူမကြီးရောင်ခြင်း

Image
မေးခွန်း = i want to know about C.O.L. now I am suffering from C.O.L . Please share your knowledge and suggestions ကျေးဇူး အထူး တင်ပါတယ်ခင်ဗျာ ဒေါက်တာ ဦးတင့်ဆွေ ပြန်စာ ဆေးပညာမှာ အတိုကောက်စာလုံးတွေကို အထူးသတိထားရတယ်။ ဆင်တူတွေလည်းရှိတယ်။ နည်းနည်းလေးလွဲတာနဲ့ ရောဂါ၊ ဆေး၊ ကုသနည်းတွေ မှားနိုင်တယ်။ COL ဟာ Ulcerative colitis လို့ ဆိုပါတယ်။ မေးတဲ့သူရဲ့ရောဂါ ဟုတ် မဟုတ် မသိပါ။ ဆေးစစ်ချက်ပါ အင်္ဂလိပ်လိုစာလုံးဖတ်ရမှာ သိမယ်။ အူမကြီးတနေရာမှာ ရောင်တဲ့ရောဂါ။ အနာလည်းပေါက်မယ်။ အူမကြီးအတွင်းလွှာမှာဖြစ်တယ်။ အစာဟောင်းအိမ်မှာလည်း ဖြစ်နိုင်တယ်။ Inflammatory bowel disease (IBD) လို့လည်း ခေါ်တယ်။ တချို့ ဆိုးတယ်။ ဆောရီး။ တချို့ ရောဂါမထဘဲ ကြာကြာနေနိုင်တယ်။ ရောဂါလက္ခဏာများ ဝမ်းပျက်။၏။ ဝမ်းထဲမှာ ပြည်နဲ့ သွေးပါနိုင်။ စအိုက သွေးကျနိုင်။ ဗိုက်နာ။ ဝမ်းအမြန်သွားချင်။ ကိုယ်အလေးချိန်ကျ။ အားယုတ်။ ဖျား။ ကလေးတွေမှာဖြစ်ရင် ဖွံ့ထွားမှုနှေး။ ဖြစ်တဲ့နေရာအလိုက် အမျိုးအစားတွေ ခွဲထားတယ်။ - Ulcerative proctitis - Left-sided colitis - Widespread colitis ကုသနည်းများ ၁။ Medications ဆေးပေးနည်း။ 5-aminosalicylic acid (5-ASA) ဆေး။ ...

Pinworm တုပ်ကောင်

Image
  (ကန်တော့) ဆရာရှင့် သမီးလေးက အသက် ၂ နှစ်နဲ့ ၅လ ပါဆရာ ဝမ်းသွားတာ တုတ်ကောင်(တုပ်ကောင်)တွေလား သန်ကောင်တွေလားတော့ သမီးမသိဘူးပါလာလို့ပါ ဆရာ ညဆိုလည်း ကလေးက မအိပ်ပါဘူး ဆရာ နေ့ခင်းလည်းမအိပ်ပါဘူးရှင့် သမီးလုပ်ရမလဲ ဖြေကြားပေးပါ ဆရာရှင့် Anal itching စအိုနေရာယားခြင်း https://dr-tint-swe.blogspot.com/2021/05/anal-itching.html Pinworm တုပ်ကောင် (သန်ကောင်) Mebendazole (Vermox) ဆေးကို တကြိမ်တည်းပေးတာနဲ့ ရတာများတယ်။ တချို့ကို ၁ ပါတ်နေတခါ၊ ဒါမှ မဟုတ် ၂ ပတ်နေတခါ ထပ်ပေးရတယ်။ တကြိမ်တည်းပေးပြီးနောက် ၃ ပတ်နေရင် တခါထပ်ပေးသင့်တယ်။ နောက် ၃ ပတ် နေရင်ရင် တခါ၊ ပေါင်း ၃ ခါပေးရတယ်။ အသက် ၂ နှစ်အောက် ဆေးတဝက်သာပေးပါ။ Albendazole ကိုလဲ အဲလို ပေးသင့်တယ်။ ဒီဆေးက ဘေးထွက်ဆိုးကျိုးနဲနဲပိုတယ်။ Pinworms သန်ကောင်က ဆီးလမ်း၊ လိင်လမ်းကိုပါ ကူးစက်တာဆိုရင် Mebendazole (Vermox) + Ivermectin (Stromectol) ဆေး ၂ မျိုး တွဲပေးရမယ်။ Albendazole Tablets ဆေးပေးနည်း • Children ကိုယ်အလေးချိန် <10 kg အောက် 200 mg တကြိမ်။ • Children ကိုယ်အလေးချိန် ≥ 10k g အထက် 400 mg တကြိမ်။ တကိုယ်ရေသန့်ရှင်းရေး လိုအပ်။ လက်ကို မကြာခဏ ဆေးပါ။ ဒေါက်တာတင့်ဆ...

Carcinoembryonic Antigen ဆိုတာ

Image
မင်္ဂလာပါ ဆရာ သူငယ်ချင်းက ရင်သားကင်ဆာဖြစ်နေလ်ု့ ဘန်ကောက်မှာပြနေနရပါတယ်ရှင် သွေးအဖြေမှာ CAE မြင့်​နေပါတယ် ရှင် CAE အဖြေကောင်းလေးရဖို့ ဆောင်ရန် ရှောင်ရန်လေး သိချင်လို့ပါ ရှင် ဒါလေး သိချင်လို့ပါ ရှင် CEA ဖြစ်ပါတယ်။ CEA မဟုတ်ပါ။ ဆေးစာတွေမှာ တလုံးတလေလွဲသွားရင် အကုန်လိုက် မှားတယ်။ Carcinoembryonic Antigen ရဲ့ အတိုကောက်စာလုံး။ တချို့ကင်ဆာတွေမှာ ရှိသင့်တာထက် မြင့်နေတယ်။ အထူးသဖြင့် colorectal cancer အူမကြီးကင်ဆာ။  တခြားအခြေအနေတချို့မှာလည်း မြင့်တယ်။ ဥပမာ ဆေးလိပ်သောက်သူ။ inflammatory bowel disease အူရောဂါ။ liver disease အသည်းရောဂါ။ Normal levels 0 and 3 ng/mL ပုံမှန်။ များလာတာတော့ မကောင်းပါ။  မများလာအောင် ဘယ်လို နေထိုင် စားသောက်လို့ရပါသလဲ ရှင် များမလာအောင် (မများလာအောင် မဟုတ်)။ ကင်ဆာကုသနည်းအတိုင်းသာ ဆက်လက်ကုသရပါမယ်။ အစားအသောက် ထူးရှောင်ရန် မလို။ ပုံမှန်သာစားသင့်။ ဒေါက်တာတင့်ဆွေ

Liver Pain အသည်းနာခြင်းအကြောင်း

Image
ရောဂါဗေဒအရ ရောဂါ ၇ မျိုးကိုတင်ပြပါမယ်။  အသည်းတည်ရှိရာ ဝမ်းဗိုက် ညာဘက် အထက်ပိုင်း နံရိုးအောက်နားမှာ နာတယ်။ အသည်းနဲ့ပတ်သက်တဲ့ ပြဿနာတွေကြောင့် ပခုံး၊ ကျော၊ အစာအိမ်နေရာတွေမှာပါ နာကျင်မှု ဖြစ်နိုင်တယ်။ ခံစားရပုံတွေဟာ ဖြစ်ရတဲ့အကြောင်းရင်းအပေါ် မူတည်ပြီး ကွဲပြားနိုင်တယ်။  လူအများစုမှ အောက်ပါလက္ခဏာတွေ တခုမဟုတ် အတူပေါင်းပြီး ခံစားရနိုင်တယ်။ ဗိုက်အထက်ပိုင်းတွင် တင်းမာနာကျင်ပြီး ဆက်တိုက်ခံစားရခြင်း။ အစာအိမ်ပြည့်နေသလို ခံစားခြင်း။ ထိထိမိမိ နာကျင်ခြင်း။ ဗိုက်အထက်ပိုင်းကို ထိတဲ့အခါ နူးညံ့စွာနာကျင်ခြင်း အသည်းနာကျင်မှု ဖြစ်စေသောအကြောင်းရင်းများ ၁။ အသည်းရောင်ခြင်း (Hepatitis) ဗိုင်းရပ်စ်ကြောင့် အဖြစ်များပေမဲ့ အချို့ ဆေးဝါးများသုံးစွဲမှုနဲ့ အရက်အလွန်အကျွံ သုံးစွဲမှုကြောင့်လည်း ဖြစ်နိုင်တယ်။ ဝမ်းဗိုက် ညာဘက် အထက်ပိုင်း နံရိုးအောက် တင်းမာပြီး နာမယ်။ အခြားလက္ခဏာများ အညိုရောင်ဆီး၊ အလွန်မောပန်းခြင်း၊ အရေပြားနှင့် မျက်လုံးအဝါရောင်ခြင်း၊ အဆစ်နာ၊ အန်ခြင်း၊ အမဲရောင်အညိုရောင် အန်ခြင်း။ ၂။ အသည်းခြောက်ခြင်း (Cirrhosis) အရက်အလွန်အကျွံ သောက်သုံးခြင်း သို့မဟုတ် အရက်မဟုတ်ဘဲ အခြားအသည်းရောဂါတွေကြောင့် ဖြစ်တတ်တယ်။...

ရင်သားကင်ဆာ ကုသနည်းသစ်များ

Image
လူနာများအတွက်ရည်ရွယ်ပြီး တင်ပြထားပါတယ်။ တိုးတက်တဲ့တိုင်းပြည်တွေမှ ဆေးပညာလည်း တိုးတက်၊ နည်းပညာတွေလည်း တိုးတက်တယ်။ တိုးတက်သိမြင်လာတာတွေကိုလည်း အများသူငါအတွက် အသိပေးတယ်၊ ကူညီတယ်။ ကျွန်တော်တို့တိုင်းပြည်မှာ - ပေါင်းမြက်တွေ၊ ဘယ်လိုက်ရှာရမှန်းမသိတဲ့ အသီးအရွက်အပွင့်တွေကို ကင်ဆာဆေးဆိုပြီး တင်နေ ရှယ်နေကြတာကို ရပ်ကြစေချင်ပါတယ်။ ဒေါက်တာတင့်ဆွေ

Papaya သင်္ဘောသီး

Image
သင်္ဘောသီးမှည့်မှာ အာဟာရဓါတ်ကောင်းတွေ ပါတယ်။ ကိုယ်ဝန်ဆောင်ကာလ အထူးသဖြင့် ပထမသုံးလပတ်တွင်း သင်္ဘောသီးစိမ်းကို ရှောင်သင့်တယ်လို့ သုတေသနတချိုု့က ဆိုပါတယ်။ သားအိမ်ကျုံ့စေနိုင်တဲ့ papain အင်ဇိုင်းပါဝင်မှုများလို့ သားအိမ်ကျုံ့စေပြီး ကိုယ်ဝန်ပျက်ကျခြင်း သို့မဟုတ် လမစေ့ဘဲ မွေးကောင်း မွေးနိုင်တယ်။ ဒါပေမဲ့ သင်္ဘောသီးမှည့်ကတော့ ဘေးကင်းပြီး ဖောလိတ်၊ ဗီတာမင်အေ နဲ့ စီအပြင် အူလမ်းကိုကောင်းစေတဲ့ အမျှင်ဓာတ်နဲ့ ပိုတက်စီယမ်တတွေက အကျိုးပြုပါတယ်။ အသီးအနှံတွေကို အပြည့်အဝရင့်မှည့်မှသာ စားသုံးသင့်တယ်။ အစေ့နှင့် အခွံတွေကို ရှောင်ကြဉ်ပါ။ ကိုယ်ဝန်ဆောင် ပညာရေးရေးတာတွေ တိတိကျကျရှိသင့်ပါတယ်။ သင်္ဘောသီးစားရင် ကိုယ်ဝန်ပျက်မယ်လို့ ရမ်းပြောနေတာတွေ မမှန်ပါ။ ဒေါက်တာတင့်ဆွေ

Special ရှယ်ဘဲ

Image
တယောက်ယောက်ကနေဖြစ်ဖြစ်၊ လူတချို့ကနေဖြစ်ဖြစ် 'ရှယ်ဘဲ' ဆိုတိုင်း စပယ်ရှယ် ခေါ် အထူးကောင်းတာ ဟုတ်ချင်မှသာ ဟုတ်ပါမယ်။ လူတွေ အကြိုက် မတူကြပါ။ အစားအသောက်၊ အရောင်အဆင်း၊ အဆင်တန်းဆာ စတာတွေ မတူကြပါ။ တယောက်ယောက်ကနေ ဦးအောင်ပြောတဲ့နောက်ကို မစူးမစမ်းမဆင်ခြင်ဘဲ လိုက်တဲ့သူတွေကလည်း များတယ်။ 'ရှယ်' ဆိုရင် ပြီးပြီတဲ့။ အစားအသောက်ဆိုရင် ကျန်းမာရေးနဲ့ညီညွတ်မှသာ ကောင်းတယ်လို့ ပြောနိုင်တယ်။ တယောက်ယောက်ကနေဖြစ်ဖြစ်၊ လူတချို့ကနေဖြစ်ဖြစ် ရှယ်ဘဲ ဆိုတိုင်း မကောင်းပါ။ ဘယ်အကြောင်းအရာကိုမဆို လေ့လာမှု၊ ဆန်းစစ်မှုကို အခြေခံပြီး ဆိုးတယ်၊ ကောင်းတယ်၊ သင့်တယ် အကဲဖြတ်သင့်ပါတယ်။ လေ့လာသူ၊ ဆန်းစစ်သူကိုယ်တိုင်ကလည်း အခြေခံလောက်တော့ အသိသုတရှိရပါလိမ့်မယ်။ ကျွန်တော်တို့လူမျိုး အများစုရဲ့ ကြီးမားလှတဲ့ အားနည်းချက်ကြီးက အခြေခံမကောင်းတာ၊ အကြောင်းအရာတိုင်းရဲ့ သင်ပုန်းကြီးမပိုင်တာ။ သံယောင်လိုက်ပြီး ရမ်းသမ်းပြောဆိုတာတွေ သတိပြုကြစေချင်ပါတယ်။ မြင်းထိန်းငတာတွေ မဖြစ်သင့်ကြပါ။ 'ရှယ်' ဆိုတိုင်း ကောင်းလို့ကတော့ မြန်မာပြည်မှာ ကင်ဆာတောင် မရှိလောက်တော့ပါ။  ဒေါက်တာတင့်ဆွေ

Cooking oils စားသုံးဆီများ

Image
  စားသုံးဆီ အများစုကနေ ကယ်လိုရီ ၁၂၀ ရတယ်။ ဟင်းခပ်ဇွန်း (13.6 g - 14 g) ကနေ ရတာဖြစ်တယ်။ • Olive oil သံလွင်ဆီ 119 calories • Canola oil ကင်နိုလာဆီ 124 calories • Vegetable oil ဟင်းသီးဟင်းရွက်ဆီ 120 calories, • Coconut oil အုန်းဆီ 117 calories • Sesame oil နှမ်းဆီ 120 calories • Peanut oil မြေပဲဆီ 119 calories • Sunflower oil နေကြာဆီ 120 calories • Palm oil စားအုန်းဆီ 120 calories Canola oil ကင်နိုလာဆီ ဆိုတာ canola plant (rapeseed) ကနေထုတ်တယ်။ အဝါရောင်ပန်းပွင့်။ Vegetable oil ဟင်းသီးဟင်းရွက်ဆီ ဆိုတာ အသီး၊ အစေ့အဆံနဲ့ အခွံမာသီးတွေကနေ ထုတ်တယ်။ နှလုံးအတွက် အကောင်းဆုံးစားသုံဆီ • avocado oil ထောပတ်သီးဆီ  • extra-virgin olive oil သံလွင်ဆီ လူအများဆုံးသုံနေသည့် စားသုံဆီ  • olive oil သံလွင်ဆီ • avocado oil ထောပတ်သီးဆီ • sesame oil နှမ်းဆီ • safflower oil နေကြာဆီ • Canola oil ကင်နိုလာဆီ The best oils for frying ကြော်လို့အကောင်းဆုံးဆီ • vegetable oil ဟင်းသီးဟင်းရွက်ဆီ • canola oil ကင်နိုလာဆီ • peanut oil မြေပဲဆီ • corn oil ပြောင်းဆီ The unhealthiest...

Olive Oil သံလွင်ဆီ ကျန်းမာရေးအကျိုးများ

Image
  ၁။ ရောင်ရမ်းမှုကို တားဆီးသည့် အကျိုးရှိ။ ၂။ ဆီးချို အမျိုးအစား ၂ ကို ကာကွယ်ကောင်း ကာကွယ်နိုင်။ ၃။ အသက် ပိုရှည်စွာ နေထိုင်ကျန်းမာရန် အထောက်အကူဖြစ်ကောင်းဖြစ်နိုင်။ သတိထားရန်များ သံလွင်သောက်လျှင် ကောင်းသည်ဟူသောအဆိုအတွက် ဆေးသုတေသန မခိုင်လုံပါ။ အစာမရှိဘဲ သောက်လျှင် အစာချေ အဆင်မပြေမှု ဖြစ်နိုင်။ ထမင်းစားပွဲဇွန်း တဇွန်းလျှင် ကယ်လိုရီ ၁၁၉ ပါဝင်သောကြောင့် ကယ်လိုရီ များသည်။ နေ့ရက်ကြာလာလျှင် အလေးချိန်တက်နိုင်။ နေ့စဉ် မည်မျှ သုံးသင့်သနည်း အတိအကျသတ်မှတ်ထားသော သုံးစွဲပမာဏ မရှိသော်လည်း အများစု သုတေသနများတွင် ၇ မီလီလီတာမှ ၅၀ မီလီလီတာအထိ၊ သို့မဟုတ် ထမင်းစားပွဲဇွန်း ၀.၅ မှ ၃.၅ ဇွန်းအထိ သုံးစွဲသူများတွင် ကျန်းမာရေး အကျိုးကျေးဇူး တွေ့ရသည်။ သုတေသနအချို့အရ နေ့စဉ် ထမင်းစားပွဲဇွန်း ၀.၅ မှ ၂ ဇွန်းအထိ သုံးစွဲပါက နှလုံးရောဂါနှင့် ဆီးချိုဖြစ်ရမည့် အန္တရာယ်ကို လျော့ချနိုင်သည်။ အဆီဓာတ်သည် နေ့စဉ် ကယ်လိုရီ၏ ၂၀ ရာခိုင်နှုန်းမှ ၃၅ ရာခိုင်နှုန်း အထိ ပါဝင်သင့်သည်။  သံလွင်ဆီ တဇွန်းတွင် ကယ်လိုရီ ၁၁၉ ပါဝင်သဖြင့် ကယ်လိုရီအများဆုံး အစားအစာတမျိုး ဖြစ်သည်။ ကယ်လိုရီ များလွန်းလျှင် မကောင်း။ ကိုယ်အလေးချိန်တိုးမည်။ အစားအ...

ကိုယ့်အသက်ကိုပြောရဲသူများ ဖြစ်ကြပါစေသတည်း

Image
ကျွန်တော် ကျန်းမာရေးမေးတာတွေကို ဖြေနေတာ ၁၅ နှစ်ရှိပြီ။ အစောပိုင်းနှစ်တွေမှာ မေးခွန်းတွေက အတော် အဆင်မပြေပါ။ နေမကောင်းတဲ့သူ (မေးတဲ့သူ ဟုတ်ချင်မှ ဟုတ်တယ်) အသက်၊ ကျား၊ မ ထည့်မရေးကြပါ။ ဆရာဝန်က ဖြေလို့မရ။ ပြန်မေးပြန်တော့လည်း အသက်၊ ကျား၊ မ စုံအောင်မပါပြန်။ အခုစာက နှစ်ပတ်လည်စာ။ ပြီးခဲ့တဲ့တနှစ်အတွင်းမှာလည်း အသက်မပြောပဲမေးတဲ့အရေအတွက် နည်းမသွားခဲ့ပါ။ ကလေး လူကြီးမသိရတော့ ဆေးအလေးချိန် မှားနိုင်တယ်။ မြန်မာလူမျိုးတွေ ကိုယ့်ကို ကုသပေးနေတဲ့ ဆရာဝန်ကို ကိုယ့်အသက်ပြောရဲတဲ့ သတ္တိမွေးကြစေချင်တယ်။ ဆေးရုံမှတ်တမ်းဆိုတာ ဖေ့စ်ဘွတ် ပရိုဖိုင်း မဟုတ်ပါ။ လူအမည် မလိုပါ။ ၂၀၂၃-၂၀၂၄-၂၀၂၅ ရောက်တော့ နည်းနည်း တော်လာပါတယ်။ သိပ်အရေးမကြီးလှတဲ့ အရပ်နဲ့ ကိုယ်အလေးချိန်တွေ ပါလာတယ်။ သား နဲ့ သမီး လို့ ရေးတာတိုင်းကို မေးတဲ့သူလား သူ့သားသမီးလားကတော့ ထပ်မေးနေရတုန်း။ အသက်၊ ရက်တွေကို ၁-၂-၃-၄ နဲ့မရေးသူက ၈၀% လောက်ရှိတယ်။ 1-2-3-4 အတွ။ အဲဒါကလည်း ဖေါင့်ရောဂါ။ ဗျ၊ ဗျာ၊ ရှင်၊ ရှင့် စာလုံးတွေ ပျောက်ပြီး နော် တဲ့။ အလင်းပြပါ တဲ့။ ဂွကျတယ်။ ဖြေပေးလို့ ရမလားတဲ့။ ဆရာဝန်ကို ရောဂါသိရင်ဖြေပေးပါတဲ့။ ကျောင်းတွေမှာ လက်တာရိုက်တင်း ခေါ် စာရေးနည်း မြန်မာစာမှာ ...

Human Brain and Emotion ချစ်တာနဲ့ မေတ္တာ ဘယ်ကလာသလဲ

Image
  ဝါခေါင်လပြည့်နေ့ဟာ မေတ္တာအခါတော်နေ့လို့ သိရတယ်။ မေတ္တာအကြောင်း ဆေးပညာရှုဒေါင့်က ရေးပါရစေ။ ဆရာရှင့် ကျွန်မသိချင်တာကို ဆရာကသိနေသလို အချိန်ကိုက်တင်ပေးလိုက်သလိုပါ။ မိခင်က သားသမီးကို ချစ်တဲ့စိတ်က ဆေးပညာအလိုဆို ဘယ်နေရာကနေ လှုံ့ဆော်လာတာလဲရှင်။ မေးခွန်းမေးတာ အမှားပါရင် ခွင့်လွှတ်ပါရှင်။ စိတ်လှုပ်ရှားမှုတွေကို ဆေးစာနဲ့ဆို Emotions အီမိုးရှင်းတွေလို့ခေါ်တယ်။ ချစ်စိတ်၊ ကြောက်စိတ်၊ ဒေါသစိတ်၊ လိင်စိတ်တွေ အကြုံးဝင်တယ်။ ဦးနှောက်ရဲ့ Limbic system လင်းဘစ်စနစ်ကနေလုပ်ဆောင်ပါတယ်။ Temporal lobe နားထင်ပိုင်းမှာရှိတယ်။ ဦးနှောက် နေရာအမျိုးမျိုးကနေ စိတ်လှုပ်ရှားမှုတွေကို ဖြစ်စေတယ်။ Amygdala နေရာက အဓိကကျတယ်။ သူ့ဆီကို မှတ်မိခြင်းနဲ့ သတိထားခြင်း အချက်ပြတွေလာတယ်။ အဲတာတွေကို ပရောဆက်စ်ဇင်း ခေါ် ဆက်တိုက်ဖြစ်စဉ်တွေ လုပ်ပေးတယ်။ Hippocampus ဟစ်ပိုသဲလ်မတ်စ် နဲ့လည်းဆိုင်တယ်။ Hippocampus ဟစ်ပိုသဲလ်မတ်စ်က မှတ်ထားနိုင်စွမ်းနဲ့ဆိုင်တယ်။ ဘယ်နဲ့ညာရှိတယ်။ အဲတာပျက်သွားသူ ဘာတခုမှ မမှတ်မိတော့ပါ။ ဟစ်ပိုသဲလ်မတ်စ်ကနေ Amygdala ဆီ အချက်ပြတွေ ပို့ပေးတယ်။ အရင်က အတွေ့အကြုံ မှတ်ဉာဏ်ကို အသုံးပြုတယ်။ Prefrontal Cortex နဖူးနားက ဦးနှောက်န...

Magnesium မက်ဂနီဆီယမ်ဓါတ်ဆား

Image
မက်ဂနီဆီယမ်ဟာ စတုတ္ထအများဆုံးဓါတ်ဆားဖြစ်တယ်။ လူ့ခန္ဓာကိုယ်ထဲမှာ ပရိုဆင်းဓါတ်နဲ့တွဲရှိနေတဲ့ မက်ဂနီဆီယမ် ဓါတ်ဆား စုစုပေါင်း ၃၇၅ဝ ရှိတယ်။ အင်ဇိုင်းမ်ပေါင်း ၃ဝဝ မှာ သူပါမှဖြစ်တယ်။ နည်းနေတာ မကောင်းဘူး။ မက်ဂနီဆီယမ် နည်းရင်ဘာဖြစ်သလဲနဲ့ မက်ဂနီဆီယမ်ကြွယ်ဝတဲ့အစားအစာတွေကို ရေးပါမယ်။ 1. Muscle Cramps And Spasms ကြွက်တက်တာ၊ ကြွက်သားနာတာတွေဖြစ်မယ်။ 2. Cravings For Chocolate ချောကလက်ကို အတင်းစားချင်နေမယ်။ (သူများတိုင်းပြည်မှာပါ။) 3. Anxiety စိုးရိမ်စိတ်ကဲနေမယ်။ 4. Insomnia အိပ်မရဖြစ်မယ်။ 5. Constipation ဝမ်းချုပ်မယ်။ 6. High Blood Pressure သွေးတိုးမယ်။ 7. Headache And Migraine ခေါင်းကိုက်မယ်။ မိုင်ဂရင်းဖြစ်နိုင်တယ်။ 8. Irregular Heartbeat နှလုံးခုန်မူမမှန်ဖြစ်မယ်။ 9. Acid Reflux အက်စစ်ဓါတ်အထက်ဆန်မယ်။ Magnesium မက်ဂနီဆီယမ်ပေါကြွယ်သည့်စားစရာများ 1. Brazil Nuts ဘရာဇီးလ်အစေ့အဆံ 2. Halibut ဟယ်လီဗတ် ပင်လယ်ငါး 3. Cocoa ကိုကိုး 4. Rice Bran ဖွဲနု 5. Cashews သီဟိုဠ်စေ့ 6. Quinoa ပင်လယ်စာတမျိုး 7. Pumpkin Seeds ဖရုံစေ့ 8. Almonds ဗာဒံ (မက်မွန်) စေ့ 9. Spinach ဟင်းနုနွယ်ရွက် သုတေသနက တခြားတိုင်းပြည်မှာဖြစ်လို့ သ...

Shin bone ညို့သကျည်း

Image
ဆရာခင်ဗျ ဒီနေ့ကလေးတစ်ယောက်(တယောက်)ကမေးလိုက်တာလေး မဖြေတတ်လို့ပါ သူမေးတာက tibia လို့ခေါ်တဲ့ ခြေသလုံးရိုး ကို မြန်မာတွေ ညို့သကျည်း လို့ခေါ်တယ်လေတဲ့ ဘာဖြစ်လို့ ညို့သကျည်းခေါ်တာလဲ တဲ့။ ကျွန်တော်ပဲ ဗဟုသုတ နည်းလို့လားမသိဘူး မဖြေနိုင်ပါဘူး ကူညီဖြေပေးပါဦး ဆရာခင်ဗျ လေးစားလျက်။  ညို့သကျည်း = ခြေသလုံး၏ရှေ့ဘက်ပိုင်း။ ခန္ဓာဗေဒအခေါ်တွေ တိတိကျကျရှိတယ်။ Leg ခြေသလုံးပိုင်း (ဒူးကနေ ခြေဖဝါးအထိ) Shin ဆိုတာ ခြေသလုံးရဲ့ ရှေ့ပိုင်း အရိုးမာမာကို အရေပြားဖုံးထားတဲ့နေရာ။ ညို့သကျည်း။ Tibia ဆို ခြေသလုံးတွင်းထဲမှာရှိတဲ့ ပိုပြီးကြီးတဲ့ (အတွင်းဘက်လည်းကျတဲ့) အရိုး။  tibia = shin bone ညို့သကျည်းရိုး။ စကားလုံးတိုင်းကို ဘာ့ကြောင့်ခေါ်သလဲ၊ ရေးသလဲ လိုက်ရတာ တချို့စာလုံးတွေကို လိုက်လို့မရနိုင်ပါ။ အစဉ်အဆက်သုံးစွဲလာတာတွေဖြစ်တယ်။ စစ်စစ်ပေါက်ပေါက်လိုက်ရ လွဲတတ်သေးတယ်။ ဥပမာ  'အရိုး' ဆိုတာ ရိုးသားလို့ ခေါ်တာ မဟုတ်။ 'သွေး' ဆိုတာ ဒါးသွေးကျောက်မှာ ထက်အောင်သွေးထားတာ မဟုတ်။ 'ညို့သကျည်း' ကို 'ညို့သူကြီး' လို့ မရေးရ။ 'ခြေထောက်' ကို 'ခြေဒေါက်' လို့ မရေးရ။ ဒေါက်တာတင့်ဆွေ

Group Discussion အုပ်စုလိုက်ဆွေးနွေးပွဲ

Image
ကွန်မင့်တခု = ဆရာ ဒီ Group ထဲမှာ ရှိနေရင် အရမ်းကောင်းမှာပဲဗျာ။ ဒီ Group ထဲမှာ ဆရာလို လူ လမ်းပြပေးမယ့် ဆရာတွေ အများကြီး လိုအပ်နေတယ်။ ဟုတ်။ ကျေးဇူး။ ကျွန်တော်က ဘယ် ဂရု ထဲမှ မပါပါ။ နိုင်ငံရေး၊ ကျန်းမာရေး အစုတွေထဲမှာလည်း မပါ။ စကားနဲ့ပြောဆိုဆွေးနွေးရတာက သိပ်အဆင်မပြေလှပါ။ သက်သေအထောက်အထား တင်ပြရခက်တယ်။ ရမ်းပြောတာ မှန်ခဲတယ်။ လက်ဖက်ရည်ဆိုင် ထိုင်တာတောင် စကားပြောဖက်လည်း ရွေးကြရပါတယ်။ လက်ဖက်ရည်ဆိုင်မှာကလည်း ပေါ့ပေါ့ပါးပါးသာပြောကြလေ့ရှိတယ်။ အသိပညာ၊ သုတအတွက် ဆောင်ရွက်နေကြသူတွေကို အားပေးတယ်။ ကျွန်တော် အတန်အသင့်တတ်သိတဲ့ နိုင်ငံရေး၊ ကျန်းမာရေးနဲ့ မြန်မာစာအပါဝင် သုတဘာသာရပ်ကို အလေးအနက်ထားတဲ့ အစုတွေကနေ ဖိတ်ရင်တော့ တတ်သိတာလေး ဆွေးနွေးချင်ပါတယ်။ ကျန်းမာရေး ဂရုတွေမှာတော့ အဆင်မပြေပါ။ အရပ်ပြောတွေ၊ အထင်တွေ၊ အမှားတွေ၊ ဆေးရောင်းတာတွေသာ တွေ့ရတယ်။  ကိုယ်ဝန်ဆောင်ဂရုမှာ ကလေးလေထမယ်ဆိုတာချည်းပြောနေကြလို့ လေဥဂရုလို့ သတ်မှတ်လိုက်တယ်။ ကင်ဆာဂရုစုတွေမှာတော့ စာလုံးပေါင်းသတ်ပုံတွေ သွက်သွက်ခါအောင်မှားလို့ သွားမဖတ်တော့။ သူတို့ကလည်း မလာမခံတော့ဘူးထင်ပါရဲ့။ သူများတိုင်းပြည်တွေမှာ ကျန်းမာရေးအတွက် နည်းလမ်းမျိုးစုံနဲ့ လူနာတွေအတွ...

ကိုယ်အလေးချိန် တိုးခြင်း နည်းခြင်းနဲ့ အစားအစာ

Image
ပုံနဲ့အတူ တင်ထားတဲ့စာ = မုန့်ညှင်းချဉ်။ ဝိတ်ချမယ်ဆိုပီးဆီမပါတဲ့ ဟင်းလေးချက်လိုက်တာ။ စားကောင်းလွန်းလို့ထမင်း ၂ပန်းကန်ကုန်သွားတယ် (NooNဒေသထွက်အစားအစာ) ပုံအတွက် ကျေးဇူး။ မုန်ညင်းချဉ်လို့ရေးရ။ ထမင်းက သင့်တာထက်များသွားရင် ကိုယ်အလေးချိန်တိုးစေနိုင်တယ်။ ဆီမပါဆိုတဲ့ အရေးအသားတွေကို နေ့တိုင်း တွေ့ရတယ် ကောင်းတော့ ကောင်းပါရဲ့ ဖက်ရှင်လုပ်သလိုဖြစ်နေတယ်။ ဖက်ရှင်အဝတ်အစားဆိုတာ ဖက်ရှင်ပြပွဲမှာသာ သင့်တယ်။ နေ့စဉ်နေ့တိုင်းတော့ လူအများဝတ်စားသလိုသာ သင့်တယ်။ လူတွေ ဆီ၊ အဆီအသင့်အတင့်လိုကြတယ်။ ဆီနဲ့ အဆီ ကောင်းတာကိုတော့ ရွေးရတယ်။ ဆီနည်းလွန်းရင် အသေားအရေခြောက်တယ်။ ဗီတာမင် အေ နဲ့ ဒီ အတွက် ဆီမရှိတာ မကောင်းပါ။ ကိုယ်အလေးချိန် တိုးခြင်း နည်းခြင်းနဲ့ အစားအစာအကြောင်းအချုပ်ကို တင်ပြပါမယ်။ (၁) အလေးချိန်လျော့ခြင်းနှင့် အစာအမျိုးအစား ပဲမျိုးစုံ၊ မတ်ပဲ၊ ပဲအမျိုးမျိုး (Fibre ကောင်းသော အရင်းအမြစ်လည်း ဖြစ်၏) ငါး၊ အဆီနည်း အသားနှင့် ငှက်သား။ ကြက်ဥ။ နို့၊ ချဉ်ဖတ်နို့၊ ချိစ်ကဲ့သို့ အဆီနည်း သို့မဟုတ် အဆီမပါ သောက်စရာနှင့် စားစရာ နို့ထွက်ကုန်များ။ (၂) အလေးချိန်တက်ရန် အကျိုးရှိသည့် အစာများ ပရိုတင်း (Proteins) = အဆီနည်းအသား၊ ငှက်သား၊ ငါး...

ရင်သားကင်ဆာ လွတ်မြောက်သူများ

Image
  ထပ်ဖြစ်ခြင်းကို တားဆီးရန် သင့်တွင် အစွမ်းရှိကြောင်း သင်သိပါသလား။  သက်သေပြထားသော ခံယူချက်နှင့် ဆေးဝါးပေါင်းစပ်မှုသည် ရင်သားကင်ဆာ အစောပိုင်းအဆင့်တွင် မည်သို့ပြန်လည်ကောင်းမွန်လာမည်ကို လေ့လာပါ။ မှတ်ရန် သူတို့ဆီမှာ ရင်သားကင်ဆာအပါအဝင် ကင်ဆာမျိုးစုံအတွက် ဆေးသုနေသတွေအရ ကာကွယ်နည်း၊ စစ်ဆေးနည်း၊ ကုသနည်းနဲ့ ကုသပြီး ပြန်မဖြစ်အောင်ပြုလုပ်နည်းတွေကို တင်ကြပါတယ်။ မြန်မာပြည်မှာက ထင်ရာရေးတင်နေသူတွေက များတယ်။ လွဲတာ၊ မှားတာကို ကြိုက်နေသူတွေက ကူးတင်ကြတယ်။ အလိမ်ခံချင်သူတွေကတည်း မရှား။ အလွဲ၊ အမှား၊ အလိမ်၊ အညာ၊ အတုတွေကို ပြင်ကြပါရန်။ ပညာရှာနည်း၊ ပညာပေးနည်းသာမက စဉ်းစားတွေးခေါ်တဲ့ အမှားတွေကို အရင်ပြင်ရမယ်။ ဒေါက်တာတင့်ဆွေ

ဖ ဖရုံပေါ တို့ယာတော

Image
ကျွန်တော်က ဖရုံရွက်ကို ဗူးရွက်ထက် ကြိုက်တယ်။ ဗူးရွက်လည်း စားပါတယ်။ ဖရုံညွန့်နဲ့ ဖရုံပွင့်ကို ပိုကြိုက်တယ်။ ကောင်းတယ်။ အစားအသောက်မှာ လူတွေက အကြိုက်မတူကြပါ။ အရာရာရွေးချယ်တာလည်း မတူကြပါ။ လူတွေ အကြိုက်မတူခြင်းဟာ ပုံမှန်ဖြစ်စဉ်သာ။ စားကောင်းတာကိုသာ စားမှသာ ပုံမှန်။ စားကောင်းတာတွေကို ဟိုဟာက ကင်ဆာဖြစ်၊ ဒီဟာက ကင်ဆာပျောက်လို့ရေးတာတိုင်းက မှားတယ်။ အရပ်ဆေးနည်းတွေ တင်ကြတယ်။ စာလုံးပေါင်းရေးတာခက်၊ ဘယ်လိုက်ရှာရမှန်းမသိတာတွေ။ ဆေးသုတေသနလည်း မရှိ။  မြက်ပင်မျိုး၊ ပေါင်းပင်မျိုးတွေ။ လူကြိုက်ကတော့ များတယ်။ မှားတယ်။ ကျွန်တော်က ကင်ဆာ ပို့စ်တွေ၊ ကင်ဆာ ဂရုတွေ၊ ကင်ဆာ ပေ့ချ်တွေနဲ့ မတည့်။ အသိ၊ သုတ၊ အတွေး မှန်ကန်ကြပါစေသတည်း။ အတွေးအမြင်ကင်ဆာ ပျောက်ပါစေသတည်း။ ဒေါက်တာတင့်ဆွေ

Prediabetes ဆီးချိုမတိုင်မီအဆင့်ရှိသူများ

Image
ဆီးချိုမတိုင်မီအဆင့်ရှိသူများထဲမှ တချို့သည် တချိန်ချိန်တွင် ဆီးချိုဖြစ်လာမည်ဖြစ်သော်လည်း၊ ဘယ်လောက်ကြာမှဖြစ်မလဲဆိုတာ၊ လူနာတဦးချင်းစီအခြေအနေအပေါ် မူတည်၍ ကာလမတူနိုင်ပါ။  ခန့်မှန်းချက်အရ ဆီးချိုမတိုင်မီအဆင့်ရှိသူများထဲမှ ၁၅% မှ ၃၀% ခန့်သည် ၅ နှစ်အတွင်း အမျိုးအစား (၂) ဆီးချိုရောဂါဖြစ်လာပြီး၊ တသက်တာအတွင်း ၇၀% ခန့်အထိ ဖြစ်နိုင်သည်။  သို့သော် အလေးချိန်လျော့ချခြင်း၊ လေ့ကျင့်ခန်းများ တိုးချဲ့ခြင်းကဲ့သို့ နေထိုင်ကျင့်စဉ်များ ပြောင်းလဲခြင်းဖြင့် နောက်ကျစေနိုင်သည်။  ဆီးချိုအဖြစ် တိုးတက်သွားနိုင်စေသည့် အချက်များ Lifestyle နေထိုင်မှုပုံစံ  ကိုယ်အလေးချိန် ၅–၇% ခန့် လျော့ချပြီး တပတ်လျှင် အနည်းဆုံး မိနစ် ၁၅၀ ခန့် လေ့ကျင့်ခန်းပြုလုပ်ပါက ဆီးချိုဖြစ်နိုင်ချေကို ၆၀% ခန့် အထိ လျော့ချနိုင်သည်။ Risk Factors အန္တရာယ်ပေးနိုင်သည့် အချက်များ  မိသားစုထဲတွင် ဆီးချိုနောက်ခံရှိသူများ ကိုယ်ဝန်ဆောင်စဉ်တွင် ဆီးချိုဖြစ်ဖူးသူများ မျိုးဥအိမ်တွင် အရည်အိတ်များရှိခြင်းရောဂါ (Polycystic ovary syndrome) ရှိသူများ။ ပြုလုပ်သင့်သည့်များ အလေးချိန်အနည်းငယ်ပင် လျော့ချခြင်းက အဓိကအရေးပါသည်။ တပတ်လျှင် အနည်းဆုံး မိ...

COCONUT LIME FISH SOUP RECIPE အုန်းနို့ ငါးဟင်းရည်

Image
ပါဝင်ပစ္စည်းများ  သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း။ ငရုတ်ပွအနီ ၁ တောင့်၊ ပါးပါးလှီးထားပါ။ ကြက်သွန်ဖြူ ၂ မွှာ နုတ်နုတ်စင်းထားပါ။ ကြက်သွန်နီ ၁ လုံးကို ပါးပါးလှီးထားပါ။ အလတ်စားမုန်လာဥနီ ပါးပါးလှီးထားပါ။ အာလူးအလတ် ၁ လုံး၊ ပါးပါးလှီးထားပါ။ အုန်းနို့ ၁၄ အောင်စ။ ငါး သို့မဟုတ် ဟင်းသီးဟင်းရွက် Broth ဟင်းရည် ၂ ခွက်။ ငါးဖြူအသားလွှာ ၁ပေါင် (ကော့ဒ်ငါး၊ ငမုတ်၊ သို့မဟုတ် တီလာပီယားငါး) ကို အတုံးလိုက်။ သံပရာရည် စားပွဲတင်ဇွန်း ၁ ဇွန်း။ သံပရာသီး ၁ လုံး။ အရသာအတွက် ဆားနှင့် ငရုတ်ကောင်း။ လတ်ဆတ်သော နံနံပင် သို့မဟုတ် ပင်စိမ်း။ ဒေါက်တာတင့်ဆွေ

ကျန်မာရေးနှင့်ညီညွတ်သော အစားအစာ

Image
(နေ့လယ်စာနှင့် ညစာ) Carbs ခေါ် ကဇီဓါတ် (ကာဘွန်ဟိုက်ဒရိတ်) ရစေသည့် အစားအစာ (ဆန်၊ ဂျုံ၊ ပြောင်း) = ၁/၄ လေးပုံတပုံ။ Protein ပရိုတင်းဓါတ်ရစေသည့် အသား၊ ငါး၊ ဥနှင့် ပဲ = ၁/၄ လေးပုံတပုံ။ Vegetables အသီးအရွက်များ = ၁/၂ တဝက်။ ဒေါက်တာတင့်ဆွေ

Indoor Plants for Clean Air

Image
လေသန့်စေရန် အိမ်ထဲ အခန်းထဲမှာ စိုက်ထားသင့်သောအပင်များ ဒေါက်တာတင့်ဆွေ

Blood Pressure သွေးဖိအားအကြောင်း

Image
(ရေးထာတာ ၉ နှစ်တိတိကဖြစ်ပါသည်။) Category | Systolic (mmHg) | Diastolic (mmHg) Normal | Less than 120 | Less than 80 ပုံမှန်။ Elevated | 120-129 | Less than 80 များ။ High blood pressure (Hypertension) Stage 1 | 130-139 | 80-89 သွေးတို အဆင့် ၁။ High blood pressure (Hypertension) Stage 2 | 140 or higher | 90 or higher သွေးတိုး အဆင့် ၂။ သွေးဖိအားကို ဘာတွေကနေသက်ရောက်သလဲ  အသက် ၅၅ နှစ်ထက်ငယ်သူတွေထဲမှာ ယောက်ျားတွေကပိုပြီး သွေးဖိအားများတာတွေ့ရတယ်။ အမျိုးသမီးတွေမှာ သွေးဆုံးပြီးနောက် တက်လာတာတွေ့ရတယ်။ သွေးတိုးကြောင့် ဆက်ဖြစ်တဲ့ နောက်ဆက်တွဲရောဂါရသူတွေထဲမှာ အမျိုးသမီးဦးရေက ပိုနည်းတာတွေ့ရတယ်။ အဲလိုကွာခြားမှုတွေရှိပေမယ့် သွေးတိုးကို ကာကွယ်မှုနဲ့ ကုသနည်းတွေမှာ ယောက်ျားမိန်းမကွာခြားမှုမရှိပါ။ အသက်ကြီးသူတွေနဲ့ အသက် ၅၀ ကျော်သူတွေမှာ ပုံမှန်သွေးဖိအားရဲ့ သွေးဖိအား ဂဏန်းနှစ်မျိုးမှာ Systolic ခေါ် အထက်ဂဏန်းများခြင်းကနေ နှလုံးရောဂါကိုရစေတယ်။ အထက်သွေးဖိအားလာရင် သွေးလွှတ်ကြောလေးတွေရဲ့နံရံတွေတင်းမာလာစေတယ်။ Plaque ခေါ် အပြားလွှာ ဖြစ်လာစေနိုင်တယ်။ အဲတာကြောင့် နှလုံးရောဂါနဲ့ သွေးကြောရောဂါတွေဖြစ်စေနိုင်တယ်။ အရပ်ရ...